သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆာၿမိဳ႕နယ္ဘက္ တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီ ရဟတ္ယာဥ္နဲ႔တိုက္ 


မေကြးတုိင္း၊ ေဆာၿမိဳ႕နယ္အတြင္းက ဧၿပီလ ၁၄ ရက္မွာ တိုက္ပြဲျဖစ္ပြါးခဲ့တဲ့ ၾကခတ္၊ ဖိုလယ္နဲ႔ ေပါက္ေတာေက်းရြာမ်ား။ (MIMU)


[[Zawgyi/Unicode]]


မေကြးတိုင္းေဒသႀကီး ေဆာၿမိဳ႕နယ္ထဲမွာေတာ့ သႀကၤန္အက်ေန႔ျဖစ္တဲ့ ဒီေန႔မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီ တပ္ေတြ တိုက္ပြဲျဖစ္ေနၿပီး စစ္ေကာင္စီက ရဟတ္ယာဥ္နဲ႔ပစ္ခတ္တဲ့အထိ တိုက္ပြဲေတြျပင္းထန္ေနပါတယ္။ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြလည္း ေဘးလြတ္ရာ ထြက္ေျပး ပုန္းခိုေနၾကရပါတယ္။ ေနအိမ္ေတြ မီးရႈိ႕ခံထားရတဲ့ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာ လည္း ေဆးဝါးအကူအညီေတြ လိုအပ္ေနပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

မေကြးတိုင္းေဒသႀကီး ေဆာၿမိဳ႕နဲ႔ ၆ မိုင္ခန႔္သာကြာေဝးတဲ့ ၾကခတ္၊ ဖိုလယ္၊ ေပါက္ေတာ ေက်း႐ြာေတြအနီးမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ဧၿပီ ၁၃ ရက္ကတည္းက တိုက္ပြဲေတြ ျဖစ္ေနတာပါ။ ဒီကေန႔ ဧၿပီ ၁၄ ရက္ သႀကၤန္အက်ေန႔ မနက္ပိုင္းမွာ တိုက္ပြဲေတြျပင္းထန္ေနတဲ့ ၾကခတ္၊ ဖိုလယ္၊ ေပါက္ေတာ ေက်း႐ြာေတြအနီးကို စစ္ေကာင္စီက ရဟတ္ယာဥ္ေတြနဲ႔ ေလေၾကာင္းကေန ပစ္ခတ္ တိုက္ခိုက္ခဲ့ပါတယ္။ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေဆာေဒသခံကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“တိုက္ပြဲကျပင္းထန္တယ္။ မေန႔က ဖိုလယ္မေရာက္ခင္ ရန္သူ႔စစ္ေၾကာင္းကိုတားဆီးလို႔ ဖိုလယ္႐ြာထဲ ဝင္သြားတဲ့အခ်ိန္မွာ က်ေနာ္တို႔ ဝိုင္းဝန္းပိတ္ဆို႔ထားတယ္ဗ်။ ပိတ္ဆို႔ထားေတာ့ မနက္ ၆ နာရီကစၿပီး ၂ ဘက္အျပန္အလွန္ ပစ္ခတ္ၾကတယ္။ ဟိုဘက္က လက္နက္ႀကီး လက္နက္ငယ္နဲ႔ ျပန္ပစ္တယ္ေပါ့။ အဲ့လိုေတြျဖစ္ေနတယ္။ အဓိက တိုက္ပြဲျပင္းထန္တာလည္းပါတယ္။ ပိတ္ဆို႔ခံလိုက္ရတဲ့အတြက္ ဘယ္မွာမွ ထြက္ေပါက္မရွိေတာ့ဘူး။ သူတို႔က ႐ြာကို Cover လုပ္ၿပီး ပစ္တယ္ေပါ့။ ပစ္တဲ့အခါက် ေတာ့ က်ေနာ္တို႔က ပတ္ခ်ာလည္ ႐ြာကိုပိတ္ထားလိုက္တယ္။ ႐ြာကို ပိတ္ၿပီး အထဲကို ဝင္စီးဖို႔လုပ္တဲ့အခ်ိန္မွာ သူတို႔ စစ္ေၾကာင္း တေၾကာင္းလုံးကို ဝင္စီးဖို႔လုပ္တာဗ်။ က်ေနာ္တို႔ ဝင္စီးမယ့္အခ်ိန္မွာ ေလေၾကာင္းပစ္ကူလာၿပီး နာရီဝက္ေလာက္ ပစ္ခတ္သြားတယ္။ Mi35 နဲ႔ စက္ေသနတ္နဲ႔ပစ္တယ္။ ေနာက္ၿပီး ေရာ့ကတ္ေတြနဲ႔ Mi35 မွာ တပ္ဆင္ထားတဲ့ ေရာ့ကတ္ေတြနဲ႔ ထုတယ္။”

တိုက္ပြဲေၾကာင့္ ၾကခတ္၊ ဖိုလယ္၊ ေပါက္ေတာ ေက်း႐ြာေတြက ေထာင္နဲ႔ခ်ီတဲ့ ေက်း႐ြာသားေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရ ပါတယ္။ ေလေၾကာင္းကေန ပစ္ခတ္တဲ့အတြက္ ႐ြာသားေတြ ေဘးလြတ္ရာ ထြက္ေျပးေနၾကရတဲ့ အေျခအေနကို ေဒသခံတဦး က အခုလိုေျပာပါတယ္။

“လာတာက ၁ စီးထဲလာတယ္။ ပစ္တာက ၅ ႀကိမ္ ၆ ႀကိမ္ ေလာက္ပစ္ပါတယ္။ ပစ္တာက ေတာ္ေတာ္ႀကီးကိုပစ္တယ္။ ပစ္တာ က က်ေနာ္တို႔႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းမွာလည္း ပစ္ပါတယ္။ အခု စစ္ေဘးေရွာင္ေတြရွိေနတဲ့ ေတာစပ္ထဲကိုလည္း ပစ္ပါ တယ္။ ႐ြာထဲေတြကိုလည္း ပစ္ပါတယ္။ က်ေနာ္တို႔႐ြာ ေတာင္ဘက္က ေပါက္ေတာ႐ြာ ဘုန္းႀကီးေက်ာင္းဝင္းထဲကိုလည္း လက္နက္ႀကီးက်ည္ေတြက်ပါတယ္။ ၾကခတ္၊ ေပါက္ေတာ၊ ဖိုလယ္ အဲ့႐ြာေတြ အကုန္ေျပးေနရတယ္။ အခုေျပးေနရတာ ေလာေလာဆယ္ လူဦးေရ ၁,၅၀၀ အထက္မွာ ရွိပါတယ္။ နီးစပ္ရာ ေတာေတာင္ေတြထဲပဲ ေျပးေနရတာ။ က်ေနာ္တို႔မွာဆိုရင္ ေနပူတဲ့ရာသီကျဖစ္ျပန္ အရိပ္အာဝါသကမရွိ မတရားဒုကၡေရာက္ပါတယ္။ စစ္ေဘးေရွာင္ေတြဆိုရင္ အရိပ္အာဝါသမရွိ ေတာေတာင္ထဲဆိုေတာ့ ေျခာက္ခမ္းတဲ့ရာသီဆိုေတာ့ ေရေတြကလည္းမရွိ ျပႆနာေတြက အမ်ိဳးမ်ိဳးျဖစ္ေနပါတယ္။”

ေဆာၿမိဳ႕နဲ႔ကပ္လ်က္ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာလည္း ဧၿပီ ၇ ရက္ကတည္းက ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီ တို႔ တိုက္ပြဲေတြျဖစ္ေနၿပီး ေက်း႐ြာ ၅ ႐ြာထက္မနည္းက ေနအိမ္ေတြကို စစ္ေကာင္စီက မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းကို နယ္ေျမရွင္းလင္းခဲ့စဥ္ တစူးေက်း႐ြာကို ဧၿပီ ၁၂ ရက္က လက္နက္ႀကီးေတြ ပစ္ခတ္ခဲ့လို႔ တစူးေက်း႐ြာသား ၈ ဦး လက္နက္ႀကီး ထိမွန္ ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းနဲ႔ ေဆာၿမိဳ႕မွာ ေလေၾကာင္းကေနပစ္ခတ္ၿပီး တိုက္ပြဲေတြ ျဖစ္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက တစုံတရာ သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

လက္ရွိမွာ ေဒသခံေတြက ေက်း႐ြာေတြကိုစြန႔္ခြါၿပီး ေဘးလြတ္ရာ တိမ္းေရွာင္ေနရသလို ေဆးဝါးအကူအညီေတြ လိုအပ္ေန တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“တခ်ိဳ႕ေတြက ေျပးရင္းလႊားရင္းနဲ႔ အားနည္းၿပီး အားေဆးမရွိေတာ့တာ။ အားနည္းတဲ့ကေလးေတြေပါ့ အခုက ဝမ္းပ်က္ဝမ္းေလ်ာ ေလ။ ဝမ္းပ်က္ဝမ္းေလ်ာတို႔ ကေလးေတြက ေျပးရေတာ့ အပူမိၿပီးမွ ေခြၽးငုတ္တာတို႔ အဲ့လိုဟာေတြျဖစ္ေနတာ။ အဖိုးႀကီး အဖြား ႀကီးအိုေတြ မ်က္စိမႈန္တဲ့သူေတြက်ေတာ့ အားေဆးေတြပါ လိုအပ္ေနတာ အားနည္းတဲ့ အဖိုးႀကီးအို အဖြားႀကီးအိုေတြက အမ်ိဳးသမီးေတြက အမ်ိဳးသားေတြေကာေပါ့။ အမ်ိဳးသမီးေတြၾကေတာ့ သူတို႔ေဝယာဝစၥေတြနဲ႔ ကိုက္ညီတဲ့ဟာေတြေပါ့။”

ေပါက္ၿမိဳ႕နယ္နဲ႔ ေဆာၿမိဳ႕နယ္ေတြကို တျခားၿမိဳ႕ေတြကေန ေဆးဝါး အစားအေသာက္နဲ႔ အဝတ္အထည္ေတြ သယ္ေဆာင္တာကို စစ္ေကာင္စီက တင္းၾကပ္ စစ္ေဆးေနၿပီး ခြင့္ျပဳခ်က္ အကန႔္အသတ္နဲ႔သာ သယ္ယူခြင့္ေပးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]

ဆောမြို့နယ်ဘက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ရဟတ်ယာဉ်နဲ့တိုက်

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲမှာတော့ သြင်္ကန်အကျနေ့ဖြစ်တဲ့ ဒီနေ့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပစ်ခတ်တဲ့အထိ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။ နေအိမ်တွေ မီးရှို့ခံထားရတဲ့ ပေါက်မြို့နယ် တောင်ပိုင်းမှာ လည်း ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မကွေးတိုင်းဒေသကြီး ဆောမြို့နဲ့ ၆ မိုင်ခန့်သာကွာဝေးတဲ့ ကြခတ်၊ ဖိုလယ်၊ ပေါက်တော ကျေးရွာတွေအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဧပြီ ၁၃ ရက်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒီကနေ့ ဧပြီ ၁၄ ရက် သြင်္ကန်အကျနေ့ မနက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကြခတ်၊ ဖိုလယ်၊ ပေါက်တော ကျေးရွာတွေအနီးကို စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဆောဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲကပြင်းထန်တယ်။ မနေ့က ဖိုလယ်မရောက်ခင် ရန်သူ့စစ်ကြောင်းကိုတားဆီးလို့ ဖိုလယ်ရွာထဲ ဝင်သွားတဲ့အချိန်မှာ ကျနော်တို့ ဝိုင်းဝန်းပိတ်ဆို့ထားတယ်ဗျ။ ပိတ်ဆို့ထားတော့ မနက် ၆ နာရီကစပြီး ၂ ဘက်အပြန်အလှန် ပစ်ခတ်ကြတယ်။ ဟိုဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ ပြန်ပစ်တယ်ပေါ့။ အဲ့လိုတွေဖြစ်နေတယ်။ အဓိက တိုက်ပွဲပြင်းထန်တာလည်းပါတယ်။ ပိတ်ဆို့ခံလိုက်ရတဲ့အတွက် ဘယ်မှာမှ ထွက်ပေါက်မရှိတော့ဘူး။ သူတို့က ရွာကို Cover လုပ်ပြီး ပစ်တယ်ပေါ့။ ပစ်တဲ့အခါကျ တော့ ကျနော်တို့က ပတ်ချာလည် ရွာကိုပိတ်ထားလိုက်တယ်။ ရွာကို ပိတ်ပြီး အထဲကို ဝင်စီးဖို့လုပ်တဲ့အချိန်မှာ သူတို့ စစ်ကြောင်း တကြောင်းလုံးကို ဝင်စီးဖို့လုပ်တာဗျ။ ကျနော်တို့ ဝင်စီးမယ့်အချိန်မှာ လေကြောင်းပစ်ကူလာပြီး နာရီဝက်လောက် ပစ်ခတ်သွားတယ်။ Mi35 နဲ့ စက်သေနတ်နဲ့ပစ်တယ်။ နောက်ပြီး ရော့ကတ်တွေနဲ့ Mi35 မှာ တပ်ဆင်ထားတဲ့ ရော့ကတ်တွေနဲ့ ထုတယ်။”

တိုက်ပွဲကြောင့် ကြခတ်၊ ဖိုလယ်၊ ပေါက်တော ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ကျေးရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရ ပါတယ်။ လေကြောင်းကနေ ပစ်ခတ်တဲ့အတွက် ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ အခြေအနေကို ဒေသခံတဦး က အခုလိုပြောပါတယ်။

“လာတာက ၁ စီးထဲလာတယ်။ ပစ်တာက ၅ ကြိမ် ၆ ကြိမ် လောက်ပစ်ပါတယ်။ ပစ်တာက တော်တော်ကြီးကိုပစ်တယ်။ ပစ်တာ က ကျနော်တို့ရွာ ဘုန်းတော်ကြီးကျောင်းမှာလည်း ပစ်ပါတယ်။ အခု စစ်ဘေးရှောင်တွေရှိနေတဲ့ တောစပ်ထဲကိုလည်း ပစ်ပါ တယ်။ ရွာထဲတွေကိုလည်း ပစ်ပါတယ်။ ကျနော်တို့ရွာ တောင်ဘက်က ပေါက်တောရွာ ဘုန်းကြီးကျောင်းဝင်းထဲကိုလည်း လက်နက်ကြီးကျည်တွေကျပါတယ်။ ကြခတ်၊ ပေါက်တော၊ ဖိုလယ် အဲ့ရွာတွေ အကုန်ပြေးနေရတယ်။ အခုပြေးနေရတာ လောလောဆယ် လူဦးရေ ၁,၅၀၀ အထက်မှာ ရှိပါတယ်။ နီးစပ်ရာ တောတောင်တွေထဲပဲ ပြေးနေရတာ။ ကျနော်တို့မှာဆိုရင် နေပူတဲ့ရာသီကဖြစ်ပြန် အရိပ်အာဝါသကမရှိ မတရားဒုက္ခရောက်ပါတယ်။ စစ်ဘေးရှောင်တွေဆိုရင် အရိပ်အာဝါသမရှိ တောတောင်ထဲဆိုတော့ ခြောက်ခမ်းတဲ့ရာသီဆိုတော့ ရေတွေကလည်းမရှိ ပြဿနာတွေက အမျိုးမျိုးဖြစ်နေပါတယ်။”

ဆောမြို့နဲ့ကပ်လျက် ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း ဧပြီ ၇ ရက်ကတည်းက ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တို့ တိုက်ပွဲတွေဖြစ်နေပြီး ကျေးရွာ ၅ ရွာထက်မနည်းက နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ပေါက်မြို့နယ်တောင်ပိုင်းကို နယ်မြေရှင်းလင်းခဲ့စဉ် တစူးကျေးရွာကို ဧပြီ ၁၂ ရက်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ တစူးကျေးရွာသား ၈ ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းနဲ့ ဆောမြို့မှာ လေကြောင်းကနေပစ်ခတ်ပြီး တိုက်ပွဲတွေ ဖြစ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

လက်ရှိမှာ ဒေသခံတွေက ကျေးရွာတွေကိုစွန့်ခွါပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရသလို ဆေးဝါးအကူအညီတွေ လိုအပ်နေ တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တချို့တွေက ပြေးရင်းလွှားရင်းနဲ့ အားနည်းပြီး အားဆေးမရှိတော့တာ။ အားနည်းတဲ့ကလေးတွေပေါ့ အခုက ဝမ်းပျက်ဝမ်းလျော လေ။ ဝမ်းပျက်ဝမ်းလျောတို့ ကလေးတွေက ပြေးရတော့ အပူမိပြီးမှ ချွေးငုတ်တာတို့ အဲ့လိုဟာတွေဖြစ်နေတာ။ အဖိုးကြီး အဖွား ကြီးအိုတွေ မျက်စိမှုန်တဲ့သူတွေကျတော့ အားဆေးတွေပါ လိုအပ်နေတာ အားနည်းတဲ့ အဖိုးကြီးအို အဖွားကြီးအိုတွေက အမျိုးသမီးတွေက အမျိုးသားတွေကောပေါ့။ အမျိုးသမီးတွေကြတော့ သူတို့ဝေယာဝစ္စတွေနဲ့ ကိုက်ညီတဲ့ဟာတွေပေါ့။”

ပေါက်မြို့နယ်နဲ့ ဆောမြို့နယ်တွေကို တခြားမြို့တွေကနေ ဆေးဝါး အစားအသောက်နဲ့ အဝတ်အထည်တွေ သယ်ဆောင်တာကို စစ်ကောင်စီက တင်းကြပ် စစ်ဆေးနေပြီး ခွင့်ပြုချက် အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

============

XS
SM
MD
LG