သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာ မီးရှို့ခံရတဲ့ မှတ်တမ်းရုပ်ပုံတွေ ထွက်ပေါ်လာ 


စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဖေဖေါ်ဝါရီ ၇ ရက်၊ ၂၀၂၂ က မီးရှို့ဖျက်စီးခဲ့ပုံ ဂြိုဟ်တုကပေးပို့ထားတဲ့မြင်ကွင်း ( Planet Labs PBC )
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဖေဖေါ်ဝါရီ ၇ ရက်၊ ၂၀၂၂ က မီးရှို့ဖျက်စီးခဲ့ပုံ ဂြိုဟ်တုကပေးပို့ထားတဲ့မြင်ကွင်း ( Planet Labs PBC )


[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း၊ ဘင် ကျေးရွာက နေအိမ်တော်တော်များများ စစ်ကောင်စီတပ်တွေ မီးရှို့ ဖျက်ဆီးခဲ့တဲ့ ဂြိုဟ်တု မှတ်တမ်းဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေ ဖေဖော်ဝါရီလဆန်းက လက်ခံရရှိထားတာကို ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

အဲဒီ မှတ်တမ်းဓာတ်ပုံတွေကို အမေရိကန် Planet Labs ကုမ္ပဏီနဲ့ အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ NASA တို့က မှတ်တမ်းတင်ထားတာပါ။ မြန်မာစစ်တပ် အာဏာရယူပြီးနောက်ပိုင်း သူတို့ကို လက်နက်ကိုင် ခုခံတိုက်ခိုက်တဲ့ဒေသက အိုးအိမ် အများအပြား မီးရှို့ခံနေရပြီး ဒီနှစ်အတွင်း ရွာပေါင်း ၁၀၀ ကျော် မီးရှိုခံခဲ့ရတဲ့အကြောင်းနဲ့ ဘင်ကျေးရွာလည်း အပါအဝင် ဖြစ်တဲ့ အကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်နောက်ပိုင်း အရပ်သားတွေရဲ့နေအိမ် ၅,၅၀၀ ကျော် စစ်တပ်က မီးရှို့ တာခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုပြီး မကြာသေးခင် သီတင်းပတ်တွေအထိ ရွာတွေ ဆက်တိုက် မီးရှို့ခံနေရတယ်လို့လည်း ပြောဆိုနေပါတယ်။

ဒါဟာ မြန်မာစစ်တပ်ရဲ့ လူတွေကြောက်လန့်အောင် ရက်စက်ခြိမ်းခြောက်တဲ့ စစ် ဆင်ရေးဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။ လက်နက်ကိုင်ဆန့်ကျင်တဲ့လှုပ်ရှားမှု ရှိနေတဲ့နေရာမှာ နေထိုင်သူအားလုံးဟာ သူပုန်ကိုထောက်ခံတဲ့ ရန်သူတွေလို့ စစ်တပ်က သတ်မှတ်နေတဲ့အကြောင်း ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မုံရွာ-ယာကြီး-ကလေး၀ ကားလမ်းဘေးက တောင်တွင်းချောင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မကြာသေးခင် မတ်လ ပထမပတ်အတွင်း တိုက်ပွဲတွေ ဖြစ်ခဲ့တာကို ဗွီအိုအေက အတည်ပြုရရှိထားပါတယ်။

အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒေသခံ PDF လက်နက်ကိုင်အဖွဲ့တွေကို ပြန်လည်အပြစ်ဖို့နေပါ တယ်။

မင်းကင်းမြို့နယ်ထဲက ရွာပေါင်း ၃၅ ရွာထက်မနည်းရှိတဲ့ တောင်တွင်းချောင်အရပ်ဘက်ကို စစ်ကောင်စီတပ်တွေ စဝင်လာခဲ့တဲ့ မတ်လနောက်ပိုင်း ရွာပေါင်းထက်ဝက်ကျော်က ဒေသခံ ရာနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]








============

XS
SM
MD
LG