သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တူရကီတရား႐ုံးတခုမွာ ျမန္မာစစ္ေကာင္စီကိုစြဲခ်က္တင္ဖို႔ ႀကိဳးပမ္း


တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ (ဝဲဘက္ထိပ္အစြန္/ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

စစ္ေကာင္စီကို ရာဇဝတ္မႈနဲ႔ တူရကီႏိုင္ငံ Istanbul ၿမိဳ႕က အစိုးရ ေရွ႕ေန႐ုံးမွာ အမႈ တင္မယ္လို႔ “ျမန္မာႏိုင္ငံ တာဝန္ခံမႈစီမံခ်က္” လို႔ အဓိပၸါယ္ရတဲ့ Myanmar Accountability Project, MAP အဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကတည္းက တိုင္းျပည္အတြင္းမွာ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္ မႈေတြကို ႏိုင္ငံျပင္ပတရား႐ုံးမွာတင္တဲ့ ပထမဆုံးအမႈ ျဖစ္ပါတယ္လို႔ အမ္ေအပီ အဖြဲ႔ ညႊန္ၾကားေရးမႉး Chris Gunness က ေျပာပါတယ္။ အမႈက ေရၾကည္အိုင္စစ္ေၾကာေရးစခန္းမွာ ႀကဳံခဲ့ရတဲ့ ႏွိပ္စက္ညႇင္းပန္းမႈေတြနဲ႔ ဆက္စပ္ေနပါတယ္။

ညွဥ္းပန္း ႏွိပ္စက္သူေတြရဲ႕ နာမည္ေတြကို အမ္ေအပီအဖြဲ႔က တရား႐ုံးကို ပို႔ေပးမွာ ျဖစ္ၿပီး ႏိုင္ငံတကာ ရဲတပ္ဖြဲ႔က သူတို႔ကိုဖမ္းဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။ တာဝန္ရွိသူေတြကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အပါအဝင္ တရားမဝင္ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီအဖြဲ႔ဝင္ေတြ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
ကေလး ၂၆ ေယာက္အပါအဝင္ လူေပါင္း ၃၂၅ ေယာက္ကို ေသသည္အထိ ညႇဥ္းပန္း ႏွိပ္စက္ခဲ့တယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက ထုတ္ျပန္ထားတာပါ။ ဒီႏွစ္အကုန္မွာ ျပင္သစ္နဲ႔ အေရွ႕အာရွ ေဒသမွာလည္း အမႈတင္မယ္လို႔ အမ္ေအပီ အဖြဲ႔က ေျပာပါတယ္။

Australia ႏိုင္ငံမွာေတာ့ ယူကရိန္း အာဖဂန္နဲ႔ ျမန္မာ ဒုကၡသည္အေရး လႈပ္ရွားေနၾကတဲ့သူေတြဟာ လႊတ္ေတာ္နဲ႔ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးကို ေတြ႔ဆုံၿပီး လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီ ပိုမို ေပးအပ္ေရးကိစၥရပ္ေတြကို တင္ျပခဲ့ပါတယ္။ အဲဒီလို ေတြ႔ဆုံခဲ့ရာမွာ ၾသစေၾတးလ် ႏိုင္ငံဆိုင္ရာ အင္န္ယူဂ်ီ ကိုယ္စားလွယ္ ေဒါက္တာ ထြန္းေအာင္ေ႐ႊလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

တူရကီတရားရုံးတခုမှာ မြန်မာစစ်ကောင်စီကိုစွဲချက်တင်ဖို့ ကြိုးပမ်း

စစ်ကောင်စီကို ရာဇဝတ်မှုနဲ့ တူရကီနိုင်ငံ Istanbul မြို့က အစိုးရ ရှေ့နေရုံးမှာ အမှု တင်မယ်လို့ “မြန်မာနိုင်ငံ တာဝန်ခံမှုစီမံချက်” လို့ အဓိပ္ပါယ်ရတဲ့ Myanmar Accountability Project, MAP အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက တိုင်းပြည်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတွေကို နိုင်ငံပြင်ပတရားရုံးမှာတင်တဲ့ ပထမဆုံးအမှု ဖြစ်ပါတယ်လို့ အမ်အေပီ အဖွဲ့ ညွှန်ကြားရေးမှူး Chris Gunness က ပြောပါတယ်။ အမှုက ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ကြုံခဲ့ရတဲ့ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ ဆက်စပ်နေပါတယ်။

ညှဉ်းပန်း နှိပ်စက်သူတွေရဲ့ နာမည်တွေကို အမ်အေပီအဖွဲ့က တရားရုံးကို ပို့ပေးမှာ ဖြစ်ပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့က သူတို့ကိုဖမ်းဖို့လည်း တောင်းဆိုလိုက်ပါတယ်။ တာဝန်ရှိသူတွေကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကလေး ၂၆ ယောက်အပါအဝင် လူပေါင်း ၃၂၅ ယောက်ကို သေသည်အထိ ညှဉ်းပန်း နှိပ်စက်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ထားတာပါ။ ဒီနှစ်အကုန်မှာ ပြင်သစ်နဲ့ အရှေ့အာရှ ဒေသမှာလည်း အမှုတင်မယ်လို့ အမ်အေပီ အဖွဲ့က ပြောပါတယ်။

Australia နိုင်ငံမှာတော့ ယူကရိန်း အာဖဂန်နဲ့ မြန်မာ ဒုက္ခသည်အရေး လှုပ်ရှားနေကြတဲ့သူတွေဟာ လွှတ်တော်နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးကို တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီ ပိုမို ပေးအပ်ရေးကိစ္စရပ်တွေကို တင်ပြခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံခဲ့ရာမှာ သြစတြေးလျ နိုင်ငံဆိုင်ရာ အင်န်ယူဂျီ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

================

XS
SM
MD
LG