သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ ႏိုင္ငံတကာသံေရးတမန္အခင္းအက်င္း 


ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္တို႔ ေနျပည္ေတာ္ သံတမန္ခန္းမမွာ ေတြ႔ဆံုၾကစဥ္။ (ဇန္နဝါရီ ၇၊ ၂၀၂၂/ ဓာတ္ပံု စစ္ေကာင္စီျပန္ၾကားေရးအဖြဲ႔)

[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီရဲ႕ သံတမန္ေရးနယ္ပယ္မွာ အာရွနဲ႔ ဥေရာပႏိုင္ငံတခ်ိဳ႕ဟာ သံတမန္ဆက္ဆံေရး အဆင့္ႏွိမ့္ခ်ေနၾကလာသလို တဘက္မွာလည္း NUG ကို ျမန္မာျပည္သူေတြရဲ႕ တရားဝင္ကိုယ္စားလွယ္အျဖစ္ လက္ခံဆက္ဆံမႈ ပိုၿပီးတိုးလာတယ္လို႔ ၿဗိတိန္အေျခစိုက္ Buram Campaign UK ကဗြီအိုေအကို ေျပာပါတယ္။ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ျမန္မာနဲ႔ သံတမန္ဆက္ ဆံေရး အဆင့္ ေလ်ာ့ခ်ေနၾကတာဟာ ႏိုင္ငံတခုခ်င္းစီရဲ႕ သေဘာထားပဲျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။ မအင္ၾကင္းႏိုင္က အေသးစိတ္ တင္ျပေပးထားပါတယ္။

ၿဗိတိန္အပါအဝင္ ႏိုင္ငံျခားတိုင္းျပည္တခ်ိဳ႕ဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ သူတို႔သံ႐ုံးေတြမွာ သံအမတ္ရာထူးေနရာေတြကို သံ႐ုံးတာဝန္ခံေတြအျဖစ္အဆင့္ေလ်ာ့ခ်လာၾကတာ၊ ဒါမွမဟုတ္ လစ္လပ္သြားတဲ့ သံအမတ္ေတြေနရာမွာ အသစ္ခန႔္အပ္တာမ်ိဳးမလုပ္ေတာ့တာ စတဲ့ သံတမန္ေရးအရ အဆင့္ေလွ်ာ့ခ်တာကိုၾကည့္ရင္ စစ္ေကာင္စီဟာ သံတမန္ေရးအရ အထီးက်န္မႈ ႀကီးထြားလာတာကို မီးေမွာင္ထိုးျပေနတယ္လို႔ ႏိုင္ငံတကာသတင္းေတြမွာ ေဖၚျပခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လက ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီးအသစ္အျဖစ္ ခန႔္အပ္ခံရတဲ့ Pete Vowles ဟာ ၾသဂုတ္လေႏွာင္းပိုင္းမွာ ျမန္မာႏိုင္ငံကို သြားေရာက္တာဝန္ထမ္းေဆာင္ခဲ့တာပါ။ သူ႔ရဲ႕ ၿဗိတိန္သံအမတ္ႀကီးအျဖစ္ခန႔္အပ္လႊာအတြက္ စစ္ေကာင္စီက အႀကိမ္ႀကိမ္ေမတၱာရပ္ခံခဲ့ေပမယ့္ သံအမတ္ႀကီး Pete Vowles ကေတာ့ ေနျပည္ေတာ္သြားၿပီး စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေတြ႔ဆုံေပးအပ္ခဲ့ျခင္းမရွိပါဘူး။ ဒီႏွစ္ ေဖေဖၚဝါရီလေႏွာင္းပိုင္းမွာ ေဒသဆိုင္ရာညႇိႏိႈင္းေဆြးေႏြးပြဲေတြအတြက္ ျမန္မာႏိုင္ငံကေန ေခတၱခဏထြက္ခြာခဲ့တဲ့ သံအမတ္ႀကီး Pete Vowles ကို ျပည္တြင္း ျပန္ဝင္ဖို႔ စစ္ေကာင္စီက ျငင္းပယ္ခဲ့ပါတယ္။ ဒါ့အျပင္ ၿဗိတိန္ႏိုင္ငံျခားေရးဌာန တရားဝင္ အြန္လိုင္းစာမ်က္ႏွာမွာ သူ႔ရဲ႕တာဝန္အဆင့္ကို သံအမတ္ႀကီးအစား ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံ႐ုံးယာယီတာဝန္ခံအျဖစ္ ေျပာင္းလဲထားပါတယ္။ ဒါေတြဟာ သံတမန္ေရးေနာက္ကြယ္က အေျခအေနေတြျဖစ္တယ္လို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားေနတဲ့ Burma Campaign UK ရဲ႕ အမႈေဆာင္ၫြန္ၾကားေရးမႉး Mark Farmaner က ဗြီအိုေအကို အခုလိုေျပာပါတယ္။

"က်ေနာ္တို႔ျမင္ေနရတာကေတာ့ ၿဗိတိန္အစိုးရအေနနဲ႔ စီးပြားေရးအရ ပစ္မွတ္ထား ပိတ္ဆို႔အေရးယူမႈအသစ္ေတြအတြက္ ခိုင္မာတဲ့ရပ္တည္ခ်က္မရွိတာေတာင္ စစ္ေကာင္စီကို ျမန္မာႏိုင္ငံရဲ႕ တရားဝင္ ကိုယ္စားလွယ္အျဖစ္ အသိအမွတ္ျပဳဖို႔ေတာ့ တြန႔္ဆုတ္ေနတာပါ။ အဲဒါရဲ႕ တစိတ္တပိုင္းအေနနဲ႔ သူတို႔ သံအမတ္ႀကီး ခန႔္အပ္လႊာကို ေပးအပ္တာမ်ိဳး မလုပ္ခ်င္ပါဘူး။ သံအမတ္အသစ္ ခန႔္အပ္တယ္ ဆိုရင္ ႏိုင္ငံေတာ္အႀကီးအကဲ ကို ေတြ႔ဆုံၿပီး တရားဝင္လက္ခံတဲ့အေနနဲ႔ ခန႔္အပ္လႊာကို ေပးအပ္ရတာပါ။ ဒါေၾကာင့္ စစ္ေကာင္စီက ၿဗိတိန္သံအမတ္ႀကီးအသစ္ေရာက္လာတဲ့အခ်ိန္မွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို လာေရာက္ေတြ႕ဆုံၿပီး ခန႔္အပ္လႊာေပးအပ္ရမယ္လို႔ ေျပာေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿဗိတိန္ဘက္က ဒါကို မလုပ္ခ်င္ပါဘူး။ ေဆာ္ဒီအာေရဗ် ႏိုင္ငံပဲ ပထမဆုံးလုပ္ခဲ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ ဒါေၾကာင့္ အာရွနဲ႔ဥေရာပ အစိုးရေတြက ဒါေတြကို ေရွာင္ရွားဖို႔ သူတို႔သံအမတ္ေတြကို သက္တမ္းတိုးလိုက္တာ ဒါမွမဟုတ္ သံတမန္ေရးအရ အဆင့္နိမ့္လိုက္တာ မ်ိဳးေတြပဲကို လုပ္ေဆာင္ခဲ့ၾကပါတယ္။"

ဒါေတြဟာ စစ္ေကာင္စီနဲ႔ သံတမန္ေရး တိုက္ပြဲေနာက္ကြယ္က ျဖစ္ရပ္ေတြလို ေျပာရမွာျဖစ္သလို ႏိုင္ ငံအမ်ားအျပားဟာလည္း စစ္ေကာင္စီက ဗီဇာမေပးတာေၾကာင့္ သူတို႔ကိုယ္စားျပဳသံတမန္ေတြ ဗီဇာရဖို႔ ႐ုန္းကန္ေနရတာ္လို႔ Mark Farmaner ကဆိုပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာရွိတဲ့ သံ႐ုံးေတြမွာ ဝန္ထမ္းေတြ အားနည္းေနတယ္လို႔လည္း သူက ေျပာပါတယ္။

တဖက္မွာလည္း ေမလ ၁၂-၁၃ ရက္ေန႔ထိ အေမရိကန္ျပည္ေထာင္စုမွာျပဳလုပ္ခဲ့တဲ့ အေမရိကန္-အာဆီယံထိပ္သီးစည္းေဝးပြဲနဲ႔ တိုက္ဆိုင္ၿပီး ေရာက္ရွိလာတဲ့ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကို အေမရိကန္အစိုးရ အဆင့္ျမင့္အရာရွိေတြ၊ လႊတ္ေတာ္အမတ္ေတြအပါအဝင္ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah တို႔က ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့ရလာဒ္ကိုေတာ့ Mark Farmaner က အခုလိုသုံးသပ္ပါတယ္။

"အာဆီယံမွာ မူဝါဒမရွိပါဘူး။ အဖြဲ႕ဝင္ႏိုင္ငံတခုခ်င္းစီအလိုက္မွာ လုံးဝကြဲျပားတဲ့ ခ်ဥ္းကပ္မႈေတြနဲ႔ ကြဲျပားတဲ့မူဝါဒေတြကိုပဲ လိုလားေနၾကၿပီး အာဆီယံ အဖြဲ႕အေနနဲ႔ ရႈပ္ေထြးေနတာပါ။ အခုလို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတႏိုင္ငံအေနနဲ႔ NUG ဝန္ႀကီးတဦးကို ေတြ႕ဆုံတဲ့ကိစၥမွာ အမ်ားျပည္သူသိေအာင္သတင္းထုတ္ျပန္တာဟာ တကယ္ကို ထင္ရွားတဲ့ ျဖစ္ရပ္လို႔ က်ေနာ္ျမင္ပါတယ္။ ဒါ့အျပင္ အေမရိကန္ျပည္ေထာင္စုမွာ NUG ဝန္ႀကီး ေဒၚဇင္မာေအာင္အေနနဲ႔ အဆင့္ျမင့္အစိုးရအရာရွိေတြ၊လႊတ္ေတာ္အမတ္ေတြနဲ႔ ေတြ႕ဆုံမႈေတြကို လူအမ်ားသိေအာင္ ထုတ္ျပန္ေၾကညာမႈေတြဟာ တကယ့္ကို ထူးျခားပါတယ္။

ဒါေပမယ့္လည္း ဒီျဖစ္ရပ္ေတြဟာ အလိုအေလ်ာက္ တရားဝင္အသိအမွတ္ျပဳတယ္ဆိုတာမ်ိဳး ဦးတည္ သြားတယ္လိုေတာ့ က်ေနာ္မထင္ပါဘူး။ တဖက္မွာလည္း အျခားနည္းလမ္းနဲ႔ အသိအမွတ္ျပဳတယ္လို႔ ေျပာႏိုင္ပါတယ္။ NUG ကိုအစိုးရတရပ္ဆိုတာထက္ ျမန္မာျပည္သူေတြရဲ႕တရားဝင္ကိုယ္စားလွယ္အျဖစ္ ႏိုင္ငံတကာဘက္က အသိအမွတ္ျပဳမႈ ပိုၿပီးမ်ားလာတာေတြ႕ရပါတယ္။ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြးအေျဖရွာဖို႔ဆိုရင္ NUG ဟာ မပါမျဖစ္ထည့္သြင္းရမယ့္အစိတ္အပိုင္းအျဖစ္ ပိုၿပီးအသိအမွတ္ျပဳလာၾကပါတယ္။ ဒါဟာ အရင္ စစ္အာဏာရွင္ လက္ထက္မွာရွိခဲ့တဲ့ NCGUB အေဝးေရာက္အမ်ိဳးသားၫႊန႔္ေပါင္းအစိုးရအေျခအေနထက္ ႏိုင္ငံတကာေထာက္ခံမႈ ပိုၿပီးရရွိထားျဖစ္ပါတယ္။ တကယ့္ကို ပိုမိုေကာင္းမြန္တဲ့ အေျခအေနျဖစ္ပါတယ္။ စစ္တပ္ကို ဆန႔္က်င္တဲ့ေနရာမွာ ခိုင္ခိုင္ခံခံ စနစ္တက် စုစုစည္းစည္းနဲ႔ အားေကာင္းတဲ့ အင္အားစုအျဖစ္ရွိေနတဲ့အခ်က္ဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းအတြက္ ျမန္မာစစ္ေကာင္စီအစား NUG ကို အျခားေ႐ြးခ်ယ္စရာတခုရွိေနတာဟာ အရမ္းအေရးႀကီးပါတယ္။"

လက္ရွိ ျမန္မာနဲ႔ သံတမန္ဆက္ဆံေရး အဆင့္ေလ်ာ့ခ်ေနၾကတဲ့ အေနာက္ ႏိုင္ငံေတြထဲမွာ ၾသစေၾတးလ်၊ နယူးဇီလန္၊ ဒိန္းမတ္၊ ဂ်ာမနီ၊ အစၥေရး၊ အီတလီနဲ႔ အာရွထဲမွာေတာ့ ေတာင္ကိုရီးယားပါဝင္ပါတယ္။ သူတို႔သံ႐ုံးေတြမွာ သံအမတ္ႀကီးေတြအစား သံ႐ုံးတာဝန္ခံ သို႔မဟုတ္ သံ႐ုံးအႀကီးအကဲေတြအျဖစ္ အဆင့္ေလ်ာ့ခ်ခဲ့ၾကသလို၊ အဆင့္ေလ်ာ့ခ်ဖို႔ လုပ္ေနၾကတယ္လို႔ ဆိုပါတယ္။ ၾသစေၾတးလ်ဘက္က သံတမန္ဆက္ဆံေရးအဆင့္ေလ်ာ့ခ်လိုက္တဲ့ အေၾကာင္းအရင္းကိုေတာ့ ၾသစေၾတးလ် ဆိုင္ရာ NUG ကိုယ္စားလွယ္ ေဒါက္တာထြန္းေအာင္ေ႐ႊက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“၂၀၂၁ ေပါ့ေနာ္၊ ဧပရယ္နဲ႔ေမမွာ သူက public hearing ေတြလုပ္တယ္ဗ်။ အစိုးရဌာနေတြကိုလည္း လုပ္တယ္။ လႊတ္ေတာ္ၾကားနာမႈေတြ လုပ္တယ္ေပါ့ေနာ္။ လုပ္ၿပီးေတာ့ မႏွစ္က ဂၽြန္လမွာ လႊတ္ေတာ္ကေန အစိုးရကို အစီရင္ခံစာတေစာင္ေပးတယ္။ အဲဒီမွာ အဲဒီမွာ recondmandation အားလံုး ၁၃ ခ်က္လား၊ ၁၄ ခ်က္လားပါတယ္ဗ်။ အဲဒီမွာ တခုက ဘာလဲဆိုေတာ့ ၾသစေၾတးလ်အစိုးရအေနနဲ႔ေတာ့ ကိုယ့္ရဲ႕အမ်ဳိးသားအက်ဳိးစီးပြါးအရ စစ္အုပ္စုနဲ႔ေတာ့ အဆက္အသြယ္မျပတ္ထားဖို႔ေတာ့ လိုအပ္တယ္ဆိုတာ သူတို႔သေဘာတူတယ္။ သို႔ေသာ္ ၾသစေၾတးလ်ရဲ႕ထိေတြ႔ဆက္ဆံမႈေတြသည္ စစ္အုပ္စုကို တရားဝင္သြားေစမယ့္ အေနအထားမ်ဳိးေတြ မလုပ္ရဘူး၊ minimum engagement ပဲရွိရမယ္။ ဒီ engagement ကလည္း legitimate လုပ္လုိက္တဲ့ဟာမ်ဳိး မျဖစ္ေစရဘူးဆိုတာမ်ုိး သေဘာထားေပးတယ္ေပါ့ေနာ္။ အဲဒီေတာ့ က်ေနာ္တို႔ NUG က လူႀကီးေတြနဲ႔ ၊ CRPH ကလူႀကီးေတြနဲ႔ ၾသစေၾတးလ်အစိုးရရဲ႕တာဝန္ရွိတဲ့လူေတြ၊ လႊတ္ေတာ္က တာဝန္ရွိတဲ့လူေတြေတြ႔ေတာ့လည္း သူတို႔က ဒီအခ်က္ကိုအၿမဲေျပာတယ္ဗ်။ ဒါ့ေၾကာင့္လည္း သူတို႔က လက္ရွိသံအမတ္ႀကီးခရီးစဥ္ တာဝန္ထမ္းေဆာင္မႈ ၿပီးတဲ့အခါမွာ next term ကိုေတာ့ downgrade လုပ္မယ္ဆိုတာ နဂိုရ္ထဲက စဥ္းစားခ်က္ရွိမယ္လို႔ထင္ပါတယ္။

စစ္ေကာင္စီကို ထိုးႏွက္ခ်က္တခုကေတာ့ ဥေရာပသမဂၢႏိုင္ငံေတြအေနနဲ႔ ျမန္မာႏိုင္ငံအတြက္ သံအမတ္ႀကီးေတြ ခန႔္အပ္ေစလႊတ္တာမ်ိဳးမလုပ္ဖို႔ အလြတ္သေဘာတူညီခ်က္ရထားေၾကာင္း ဘရပ္ဆဲလ္အေျခစိုက္ သံတမန္အသိုင္းအဝိုင္းက ဆိုပါတယ္။

အာဆီယံအဖြဲ႕ဝင္ ၁၀ ႏိုင္ငံထဲမွာ လက္ရွိျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးေနရာေတြမွာ အသစ္ျပန္ၿပီးခန႔္အပ္တာမ်ိဳးမလုပ္ေတာ့တဲ့ ႏိုင္ငံေတြကေတာ့- ဘ႐ူႏိုင္း၊ ဖိလစ္ပိုင္၊ ထိုင္းနဲ႔ မေလးရွားတို႔ျဖစ္တယ္လို႔ Nakki Asia သတင္းစာမွာေဖာ္ျပပါတယ္။။ ဘ႐ူႏိုင္းကေတာ့ ဒီႏွစ္အေစာပိုင္းမွာ သံအမတ္ႀကီးအသစ္ခန႔္အပ္ၿပီး ျမန္မာႏိုင္ငံကို ေစလႊတ္ခဲ့ေပမယ့္ သံအမတ္ခန႔္အပ္လႊာအသစ္ စစ္ေကာင္စီကို မေပးအပ္ခင္မွာ သံအမတ္ႀကီးအသစ္က ရာထူးကေနႏုတ္ထြက္သြားၿပီး သူ႔ေအာက္က ဒုသံအမတ္ကို သံ႐ုံးတာဝန္ခံအျဖစ္ ခန႔္အပ္ခဲ့တယ္လို႔ ဆိုပါတယ္။

အခုလို သံတမန္ဆက္ဆံေရး အဆင့္ေလ်ာ့ခ်ေနတာေတြနဲ႔ ပတ္သက္လို႔ေတာ့ ႏိုင္ငံတခုခ်င္းစီရဲ႕ သေဘာထားပဲျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကတုံ႔ျပန္ေျပာၾကားထားပါတယ္။ စစ္ေကာင္စီအေနနဲ႔ မူလရွိတဲ့ ႏိုင္ငံျခားေရးမူဝါဒေတြအတိုင္း ဆက္လက္ရပ္တည္မွာျဖစ္သလို၊ လိုအပ္ရင္ လိုအပ္သလို သံတမန္ေရးတုန႔္ျပန္မႈေတြလုပ္မယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့ပါတယ္။

#MyanmarMilitaryCoup #MyanmarDiplomacy #VOABurmese

==================

[[Unicode]]

စစ်ကောင်စီနဲ့ နိုင်ငံတကာသံရေးတမန်အခင်းအကျင်း

မြန်မာစစ်ကောင်စီရဲ့ သံတမန်ရေးနယ်ပယ်မှာ အာရှနဲ့ ဥရောပနိုင်ငံတချို့ဟာ သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချနေကြလာသလို တဘက်မှာလည်း NUG ကို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် လက်ခံဆက်ဆံမှု ပိုပြီးတိုးလာတယ်လို့ ဗြိတိန်အခြေစိုက် Buram Campaign UK ကဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနဲ့ သံတမန်ဆက် ဆံရေး အဆင့် လျော့ချနေကြတာဟာ နိုင်ငံတခုချင်းစီရဲ့ သဘောထားပဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ် တင်ပြပေးထားပါတယ်။

ဗြိတိန်အပါအဝင် နိုင်ငံခြားတိုင်းပြည်တချို့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့သံရုံးတွေမှာ သံအမတ်ရာထူးနေရာတွေကို သံရုံးတာဝန်ခံတွေအဖြစ်အဆင့်လျော့ချလာကြတာ၊ ဒါမှမဟုတ် လစ်လပ်သွားတဲ့ သံအမတ်တွေနေရာမှာ အသစ်ခန့်အပ်တာမျိုးမလုပ်တော့တာ စတဲ့ သံတမန်ရေးအရ အဆင့်လျှော့ချတာကိုကြည့်ရင် စစ်ကောင်စီဟာ သံတမန်ရေးအရ အထီးကျန်မှု ကြီးထွားလာတာကို မီးမှောင်ထိုးပြနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့ Pete Vowles ဟာ သြဂုတ်လနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်တာဝန်ထမ်းဆောင်ခဲ့တာပါ။ သူ့ရဲ့ ဗြိတိန်သံအမတ်ကြီးအဖြစ်ခန့်အပ်လွှာအတွက် စစ်ကောင်စီက အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ပေမယ့် သံအမတ်ကြီး Pete Vowles ကတော့ နေပြည်တော်သွားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံပေးအပ်ခဲ့ခြင်းမရှိပါဘူး။ ဒီနှစ် ဖေဖေါ်ဝါရီလနှောင်းပိုင်းမှာ ဒေသဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲတွေအတွက် မြန်မာနိုင်ငံကနေ ခေတ္တခဏထွက်ခွာခဲ့တဲ့ သံအမတ်ကြီး Pete Vowles ကို ပြည်တွင်း ပြန်ဝင်ဖို့ စစ်ကောင်စီက ငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံခြားရေးဌာန တရားဝင် အွန်လိုင်းစာမျက်နှာမှာ သူ့ရဲ့တာဝန်အဆင့်ကို သံအမတ်ကြီးအစား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းလဲထားပါတယ်။ ဒါတွေဟာ သံတမန်ရေးနောက်ကွယ်က အခြေအနေတွေဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့မြင်နေရတာကတော့ ဗြိတိန်အစိုးရအနေနဲ့ စီးပွားရေးအရ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုအသစ်တွေအတွက် ခိုင်မာတဲ့ရပ်တည်ချက်မရှိတာတောင် စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုဖို့တော့ တွန့်ဆုတ်နေတာပါ။ အဲဒါရဲ့ တစိတ်တပိုင်းအနေနဲ့ သူတို့ သံအမတ်ကြီး ခန့်အပ်လွှာကို ပေးအပ်တာမျိုး မလုပ်ချင်ပါဘူး။ သံအမတ်အသစ် ခန့်အပ်တယ် ဆိုရင် နိုင်ငံတော်အကြီးအကဲ ကို တွေ့ဆုံပြီး တရားဝင်လက်ခံတဲ့အနေနဲ့ ခန့်အပ်လွှာကို ပေးအပ်ရတာပါ။ ဒါကြောင့် စစ်ကောင်စီက ဗြိတိန်သံအမတ်ကြီးအသစ်ရောက်လာတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံပြီး ခန့်အပ်လွှာပေးအပ်ရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗြိတိန်ဘက်က ဒါကို မလုပ်ချင်ပါဘူး။ ဆော်ဒီအာရေဗျ နိုင်ငံပဲ ပထမဆုံးလုပ်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် အာရှနဲ့ဥရောပ အစိုးရတွေက ဒါတွေကို ရှောင်ရှားဖို့ သူတို့သံအမတ်တွေကို သက်တမ်းတိုးလိုက်တာ ဒါမှမဟုတ် သံတမန်ရေးအရ အဆင့်နိမ့်လိုက်တာ မျိုးတွေပဲကို လုပ်ဆောင်ခဲ့ကြပါတယ်။"

ဒါတွေဟာ စစ်ကောင်စီနဲ့ သံတမန်ရေး တိုက်ပွဲနောက်ကွယ်က ဖြစ်ရပ်တွေလို ပြောရမှာဖြစ်သလို နိုင် ငံအများအပြားဟာလည်း စစ်ကောင်စီက ဗီဇာမပေးတာကြောင့် သူတို့ကိုယ်စားပြုသံတမန်တွေ ဗီဇာရဖို့ ရုန်းကန်နေရတာ်လို့ Mark Farmaner ကဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ သံရုံးတွေမှာ ဝန်ထမ်းတွေ အားနည်းနေတယ်လို့လည်း သူက ပြောပါတယ်။

တဖက်မှာလည်း မေလ ၁၂-၁၃ ရက်နေ့ထိ အမေရိကန်ပြည်ထောင်စုမှာပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံထိပ်သီးစည်းဝေးပွဲနဲ့ တိုက်ဆိုင်ပြီး ရောက်ရှိလာတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတွေ၊ လွှတ်တော်အမတ်တွေအပါအဝင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တို့က တွေ့ဆုံဆွေးနွေးခဲ့တဲ့ရလာဒ်ကိုတော့ Mark Farmaner က အခုလိုသုံးသပ်ပါတယ်။

"အာဆီယံမှာ မူဝါဒမရှိပါဘူး။ အဖွဲ့ဝင်နိုင်ငံတခုချင်းစီအလိုက်မှာ လုံးဝကွဲပြားတဲ့ ချဉ်းကပ်မှုတွေနဲ့ ကွဲပြားတဲ့မူဝါဒတွေကိုပဲ လိုလားနေကြပြီး အာဆီယံ အဖွဲ့အနေနဲ့ ရှုပ်ထွေးနေတာပါ။ အခုလို အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ NUG ဝန်ကြီးတဦးကို တွေ့ဆုံတဲ့ကိစ္စမှာ အများပြည်သူသိအောင်သတင်းထုတ်ပြန်တာဟာ တကယ်ကို ထင်ရှားတဲ့ ဖြစ်ရပ်လို့ ကျနော်မြင်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်အနေနဲ့ အဆင့်မြင့်အစိုးရအရာရှိတွေ၊လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမှုတွေကို လူအများသိအောင် ထုတ်ပြန်ကြေညာမှုတွေဟာ တကယ့်ကို ထူးခြားပါတယ်။

ဒါပေမယ့်လည်း ဒီဖြစ်ရပ်တွေဟာ အလိုအလျောက် တရားဝင်အသိအမှတ်ပြုတယ်ဆိုတာမျိုး ဦးတည် သွားတယ်လိုတော့ ကျနော်မထင်ပါဘူး။ တဖက်မှာလည်း အခြားနည်းလမ်းနဲ့ အသိအမှတ်ပြုတယ်လို့ ပြောနိုင်ပါတယ်။ NUG ကိုအစိုးရတရပ်ဆိုတာထက် မြန်မာပြည်သူတွေရဲ့တရားဝင်ကိုယ်စားလှယ်အဖြစ် နိုင်ငံတကာဘက်က အသိအမှတ်ပြုမှု ပိုပြီးများလာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးအဖြေရှာဖို့ဆိုရင် NUG ဟာ မပါမဖြစ်ထည့်သွင်းရမယ့်အစိတ်အပိုင်းအဖြစ် ပိုပြီးအသိအမှတ်ပြုလာကြပါတယ်။ ဒါဟာ အရင် စစ်အာဏာရှင် လက်ထက်မှာရှိခဲ့တဲ့ NCGUB အဝေးရောက်အမျိုးသားညွှန့်ပေါင်းအစိုးရအခြေအနေထက် နိုင်ငံတကာထောက်ခံမှု ပိုပြီးရရှိထားဖြစ်ပါတယ်။ တကယ့်ကို ပိုမိုကောင်းမွန်တဲ့ အခြေအနေဖြစ်ပါတယ်။ စစ်တပ်ကို ဆန့်ကျင်တဲ့နေရာမှာ ခိုင်ခိုင်ခံခံ စနစ်တကျ စုစုစည်းစည်းနဲ့ အားကောင်းတဲ့ အင်အားစုအဖြစ်ရှိနေတဲ့အချက်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် မြန်မာစစ်ကောင်စီအစား NUG ကို အခြားရွေးချယ်စရာတခုရှိနေတာဟာ အရမ်းအရေးကြီးပါတယ်။"

လက်ရှိ မြန်မာနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျော့ချနေကြတဲ့ အနောက် နိုင်ငံတွေထဲမှာ သြစတြေးလျ၊ နယူးဇီလန်၊ ဒိန်းမတ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီနဲ့ အာရှထဲမှာတော့ တောင်ကိုရီးယားပါဝင်ပါတယ်။ သူတို့သံရုံးတွေမှာ သံအမတ်ကြီးတွေအစား သံရုံးတာဝန်ခံ သို့မဟုတ် သံရုံးအကြီးအကဲတွေအဖြစ် အဆင့်လျော့ချခဲ့ကြသလို၊ အဆင့်လျော့ချဖို့ လုပ်နေကြတယ်လို့ ဆိုပါတယ်။ သြစတြေးလျဘက်က သံတမန်ဆက်ဆံရေးအဆင့်လျော့ချလိုက်တဲ့ အကြောင်းအရင်းကိုတော့ သြစတြေးလျ ဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဗွီအိုအေကို အခုလိုပြောပါတယ်။

“၂၀၂၁ ပေါ့နော်၊ ဧပရယ်နဲ့မေမှာ သူက public hearing တွေလုပ်တယ်ဗျ။ အစိုးရဌာနတွေကိုလည်း လုပ်တယ်။ လွှတ်တော်ကြားနာမှုတွေ လုပ်တယ်ပေါ့နော်။ လုပ်ပြီးတော့ မနှစ်က ဂျွန်လမှာ လွှတ်တော်ကနေ အစိုးရကို အစီရင်ခံစာတစောင်ပေးတယ်။ အဲဒီမှာ အဲဒီမှာ recondmandation အားလုံး ၁၃ ချက်လား၊ ၁၄ ချက်လားပါတယ်ဗျ။ အဲဒီမှာ တခုက ဘာလဲဆိုတော့ သြစတြေးလျအစိုးရအနေနဲ့တော့ ကိုယ့်ရဲ့အမျိုးသားအကျိုးစီးပွါးအရ စစ်အုပ်စုနဲ့တော့ အဆက်အသွယ်မပြတ်ထားဖို့တော့ လိုအပ်တယ်ဆိုတာ သူတို့သဘောတူတယ်။ သို့သော် သြစတြေးလျရဲ့ထိတွေ့ဆက်ဆံမှုတွေသည် စစ်အုပ်စုကို တရားဝင်သွားစေမယ့် အနေအထားမျိုးတွေ မလုပ်ရဘူး၊ minimum engagement ပဲရှိရမယ်။ ဒီ engagement ကလည်း legitimate လုပ်လိုက်တဲ့ဟာမျိုး မဖြစ်စေရဘူးဆိုတာမျိုး သဘောထားပေးတယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့ NUG က လူကြီးတွေနဲ့ ၊ CRPH ကလူကြီးတွေနဲ့ သြစတြေးလျအစိုးရရဲ့တာဝန်ရှိတဲ့လူတွေ၊ လွှတ်တော်က တာဝန်ရှိတဲ့လူတွေတွေ့တော့လည်း သူတို့က ဒီအချက်ကိုအမြဲပြောတယ်ဗျ။ ဒါ့ကြောင့်လည်း သူတို့က လက်ရှိသံအမတ်ကြီးခရီးစဉ် တာဝန်ထမ်းဆောင်မှု ပြီးတဲ့အခါမှာ next term ကိုတော့ downgrade လုပ်မယ်ဆိုတာ နဂိုရ်ထဲက စဉ်းစားချက်ရှိမယ်လို့ထင်ပါတယ်။

စစ်ကောင်စီကို ထိုးနှက်ချက်တခုကတော့ ဥရောပသမဂ္ဂနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအတွက် သံအမတ်ကြီးတွေ ခန့်အပ်စေလွှတ်တာမျိုးမလုပ်ဖို့ အလွတ်သဘောတူညီချက်ရထားကြောင်း ဘရပ်ဆဲလ်အခြေစိုက် သံတမန်အသိုင်းအဝိုင်းက ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲမှာ လက်ရှိမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနေရာတွေမှာ အသစ်ပြန်ပြီးခန့်အပ်တာမျိုးမလုပ်တော့တဲ့ နိုင်ငံတွေကတော့- ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားတို့ဖြစ်တယ်လို့ Nakki Asia သတင်းစာမှာဖော်ပြပါတယ်။။ ဘရူနိုင်းကတော့ ဒီနှစ်အစောပိုင်းမှာ သံအမတ်ကြီးအသစ်ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပေမယ့် သံအမတ်ခန့်အပ်လွှာအသစ် စစ်ကောင်စီကို မပေးအပ်ခင်မှာ သံအမတ်ကြီးအသစ်က ရာထူးကနေနုတ်ထွက်သွားပြီး သူ့အောက်က ဒုသံအမတ်ကို သံရုံးတာဝန်ခံအဖြစ် ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သံတမန်ဆက်ဆံရေး အဆင့်လျော့ချနေတာတွေနဲ့ ပတ်သက်လို့တော့ နိုင်ငံတခုချင်းစီရဲ့ သဘောထားပဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတုံ့ပြန်ပြောကြားထားပါတယ်။ စစ်ကောင်စီအနေနဲ့ မူလရှိတဲ့ နိုင်ငံခြားရေးမူဝါဒတွေအတိုင်း ဆက်လက်ရပ်တည်မှာဖြစ်သလို၊ လိုအပ်ရင် လိုအပ်သလို သံတမန်ရေးတုန့်ပြန်မှုတွေလုပ်မယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

#MyanmarMilitaryCoup #MyanmarDiplomacy #VOABurmese

XS
SM
MD
LG