သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရားလႊတ္ေတာ္ေရွ႕ေန ေဒၚရြက္ႏုေအာင္ ဖမ္းဆီးခံရ 


 တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ လူသိမ်ားတဲ့ ေ႐ွ႕ေနတေယာက္ျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန
ေဒၚ႐ြက္ႏုေအာင္ ဧၿပီ ၂၇ ရက္ေန႔ ညေနပိုင္းက မႏၱေလးၿမိဳ႕မွာ ဖမ္းဆီးခံခဲ့ရပါတယ္။
NLD အစိုးရလက္ထက္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ အမႈ႐ုံးခ်ိန္းေတြအတြက္ အိုးဘိုေထာင္တြင္း သြားေရာက္ အမႈလိုက္ၿပီး ခုလိုဖမ္းခံခဲ့ရတာျဖစ္တယ္လို႔သိရပါတယ္။ အဖမ္းခံရတာနဲ႔ပတ္သက္လို႔ ေဒၚ႐ြက္ႏုေအာင္နဲ႔ ရင္းႏွီးသူ တေယာက္က ခုလိုေျပာျပပါတယ္။

“ညကျဖစ္မယ္။ မေန႔က က်ေနာ္နဲ႔စကားေျပာေသးတယ္။ ညက ပါသြားတာလို႔ေျပာတယ္။ အတိအက်ေတာ့မသိဘူး။ အစပိုင္းကတည္းက သူက ေရွာင္ေနရတယ္ေျပာတယ္။ စၿပီး ဆႏၵျပတာမွာပါတဲ့ေန႔ကတည္းက သူတို႔က စာရင္းေတြလုပ္ထားတာ။ ဆႏၵျပတဲ့ထဲပါခဲ့လို႔ ရန္ကုန္ကေရွ႕ေနတေယာက္ကို ေနျပည္ေတာ္မွာ အမႈစစ္ရင္းဖမ္းသလိုေပါ့။”

တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ဟာ ေဒါက္တာေဇာ္ျမင့္ေမာင္အေပၚ ေ႐ြးေကာက္ပြဲဆုိင္ရာဥပေဒ က်ဴးလြန္တယ္ဆိုတဲ့ အမႈနဲ႔ အဂတိလိုက္စားမႈေတြ၊ NLD အစိုးရလက္ ထက္ မႏၲေလးတိုင္း လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီး ဦးဇာနည္ေအာင္ရဲ႕ အမႈေတြအျပင္ NLD ပါတီ နာယက ဦးဝင္းထိန္ရဲ႕ အမႈေတြအတြက္လည္း လိုက္ပါေဆာင္႐ြက္ေပးေနသူ ျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္တုန္းက ျမန္မာႏိုင္ငံမွာ အမ်ားစိတ္ဝင္စားခဲ့ၾကတဲ့ အသက္ ၂ ႏွစ္ေက်ာ္ မိန္းကေလးငယ္ေလး ဗစ္တိုးရီးယား လိင္ပိုင္းဆုိင္ရာ က်ဴးလြန္ခံရတ့ဲအမႈမွာ ေဒၚ႐ြက္ႏုေအာင္ဟာ အမႈလုိက္ေပးခဲ့သူ ေ႐ွ႕ေနတေယာက္ျဖစ္ပါတယ္။ ေ႐ွ႕ေနေဒၚ႐ြက္ႏုေအာင္ကို ဘာေၾကာင့္ ဖမ္းဆီးတယ္ဆုိတာေတာ့ ခုခ်ိန္ထိ အတိအက် မသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

==================

#MyanmarMilitaryCoup #MyanmarLawyers #voaburmese #စစ္အာဏာသိမ္းမႈ #ေဒၚရြက္ႏုေအာင္ #ဗီြအိုေအျမန္မာပိုင္း

=============

[[Unicode]]

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ လူသိများတဲ့ ရှေ့နေတယောက်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ
ဒေါ်ရွက်နုအောင် ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမှုရုံးချိန်းတွေအတွက် အိုးဘိုထောင်တွင်း သွားရောက် အမှုလိုက်ပြီး ခုလိုဖမ်းခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ အဖမ်းခံရတာနဲ့ပတ်သက်လို့ ဒေါ်ရွက်နုအောင်နဲ့ ရင်းနှီးသူ တယောက်က ခုလိုပြောပြပါတယ်။

“ညကဖြစ်မယ်။ မနေ့က ကျနော်နဲ့စကားပြောသေးတယ်။ ညက ပါသွားတာလို့ပြောတယ်။ အတိအကျတော့မသိဘူး။ အစပိုင်းကတည်းက သူက ရှောင်နေရတယ်ပြောတယ်။ စပြီး ဆန္ဒပြတာမှာပါတဲ့နေ့ကတည်းက သူတို့က စာရင်းတွေလုပ်ထားတာ။ ဆန္ဒပြတဲ့ထဲပါခဲ့လို့ ရန်ကုန်ကရှေ့နေတယောက်ကို နေပြည်တော်မှာ အမှုစစ်ရင်းဖမ်းသလိုပေါ့။”

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ ဒေါက်တာဇော်မြင့်မောင်အပေါ် ရွေးကောက်ပွဲဆိုင်ရာဥပဒေ ကျူးလွန်တယ်ဆိုတဲ့ အမှုနဲ့ အဂတိလိုက်စားမှုတွေ၊ NLD အစိုးရလက် ထက် မန္တလေးတိုင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်ရဲ့ အမှုတွေအပြင် NLD ပါတီ နာယက ဦးဝင်းထိန်ရဲ့ အမှုတွေအတွက်လည်း လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ အများစိတ်ဝင်စားခဲ့ကြတဲ့ အသက် ၂ နှစ်ကျော် မိန်းကလေးငယ်လေး ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့အမှုမှာ ဒေါ်ရွက်နုအောင်ဟာ အမှုလိုက်ပေးခဲ့သူ ရှေ့နေတယောက်ဖြစ်ပါတယ်။ ရှေ့နေဒေါ်ရွက်နုအောင်ကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာတော့ ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

==================

XS
SM
MD
LG