သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပူတာအိုဘက္မွာ ေလာင္စာဆီနဲ႔ စားကုန္ေဈးႏႈန္းေတြတက္ေန 


ျမန္မာ့ေန႔စဥ္စားသံုးကုန္ေစ်းျမင္ကြင္း။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကခ်င္လက္နက္ကိုင္ KIA တို႔ ေန႔တိုင္းနီးပါး တိုက္ပြဲျဖစ္ေနတဲ့အတြက္ လမ္းပမ္းဆက္သြယ္ေရး ျပတ္ေတာက္ေနၿပီး စက္သုံးဆီအပါအဝင္ စားေသာက္ကုန္ေတြ အဆမတန္ ေဈးတက္ေနပါ တယ္။ ၾကာသပေတးေန႔ကဆိုရင္ ပူတာအိုမွာ ဓာတ္ဆီတဂါလံကို က်ပ္ ၄၀,၀၀၀ ေလာက္ ေပးဝယ္ေနရၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပိုတဲ့သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

ပူတာအိုၿမိဳ႕နယ္ထဲမွာ စစ္တပ္နဲ႔ KIA တို႔ၾကား တိုက္ပြဲျဖစ္ေနတာ တလနီးပါးရွိလာၿပီး နယ္ေျမလုံၿခံေရးအရဆိုၿပီး ႏွစ္ဘက္စလုံးက လမ္းပန္းဆက္သြယ္ေရးကို အသီးသီး ျဖတ္ေတာက္ထားတဲ့အတြက္ စက္သုံးဆီအပါအဝင္ အေထြေထြ ကုန္ပစၥည္းေတြပါ ေဈးတက္ေနပါတယ္။ ၾကာသပေတးေန႔ကဆိုရင္ ဓာတ္ဆီတလီတာကို က်ပ္ ၁၀,၀၀၀ ေက်ာ္သြားၿပီလို႔ စက္သုံးဆီေရာင္းခ်တဲ့ ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ဆီသယ္တဲ့ကိစၥက ျမစ္ႀကီးနားကေန ပူတာအိုကိုသယ္တဲ့အခ်ိန္က်ေတာ့ ၾကားထဲမွာ ျမန္မာစစ္တပ္ဘက္နဲ႔ ဒီ KIA တို႔ PDF တို႔နဲ႔က တိုက္ပြဲျဖစ္ႏိုင္တဲ့အတြက္ေၾကာင့္ ျပည္သူလူထုကို မထိေစခ်င္လို႔ PDF နဲ႔ KIA အဖြဲ႔ကေတာ့ ဒီလမ္းကို အသုံးျပဳခြင့္ ခဏပိတ္လိုက္တဲ့အတြက္ေၾကာင့္ (စက္သုံး) ဆီေတြေရာ စားနပ္ရိကၡာေတြပါ သယ္မရတဲ့ အေနအထားမွာ ရွိတယ္ခင္ဗ်။ ဒီသတင္းကို ႀကိဳသိတဲ့တခ်ိဳ႕က်ေတာ့လည္း ဆီဝယ္ေလွာင္ထားတဲ့သူေတာ့ရွိတာေပါ့။ အခုေတာ့ ဒီေန႔ တရက္တည္းကို တလီတာမျပည့္ဘူးေပါ့။ ပြိဳင့္ 75 လီတာေလာက္ရွိတဲ့ဟာကို တလီတာ မျပည့္တျပည့္ကို ခန႔္မွန္း ဒီေန႔ တရက္တည္းကို ၁၀,၀၀၀ က်တယ္။ တဂါလံကို (က်ပ္) ၄၀,၀၀၀ နည္းနည္းေက်ာ္မယ္။”

ပူတာအိုၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA ၊ ေဒသကာကြယ္ေရး PDF တပ္ဖြဲ႕ေတြၾကား ပစ္ခတ္မႈေတြရွိေနၿပီး လူဦးေရ ၅,၀၀၀ ထက္မနည္း စစ္ေဘးေရွာင္ေနရပါတယ္။ စက္သုံးဆီနဲ႔အတူ စားနပ္ရိကၡာ ျပတ္လပ္မႈေတြ လည္း ရွိေနတာပါ။

“ဆီက ေသေရးရွင္ေရး အဲဒီေလာက္အထိမဟုတ္ဘူး အဓိက စားနပ္ရိကၡာ စကားေျပာလိမ့္မယ္။ အခုက်ေနာ္တို႔သုံးေနတဲ့ ပဲဆီတို႔၊ ဆားတို႔၊ ေဆးဝါးတို႔ ဒါေတြဆို ျပတ္လပ္လို႔မွမရတာ ဒါေတြျပတ္လပ္ၿပီဆိုရင္ ျပည္သူလူထု တအားဒုကၡေရာက္တယ္ ေရာ။ အရင္ကနဦးကလည္း ကုန္ေၾကာင္းေလွ်ာက္ေနတဲ့ အေလ့အထရွိတာကို ေဒသခံေတြက၊ ဆီကဘယ္လိုျဖစ္လဲဆိုေတာ့ ဟိုးေလးတေၾကာ္ေၾကာ္ ျဖစ္သြားတဲ့အခါက် လူတိုင္းရဲ႕လက္ထဲမွာ အနည္းနဲ႔အက်ဥ္းေတာ့ ရွိၾကတယ္။”

စက္သုံးဆီေဈးက ကခ်င္ျပည္နယ္ရဲ႕ တျခားၿမိဳ႕နယ္ေတြမွာလည္း အခုရက္ပိုင္းအတြင္း ပုံမွန္ထက္ ပိုတက္ေနတာပါ။ ကခ်င္ ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕မွာ ၾကာသပေတးေန႔က ေအာက္တိန္း 95 တလီတာကို ၁,၉၇၅ က်ပ္နဲ႔ ပရီမီယံဒီဇယ္က ၁,၈၂၀ က်ပ္၊ ဝိုင္းေမာ္ၿမိဳ႕မွာ ေအာက္တိန္း တလီတာကို ၁,၉၆၀က်ပ္နဲ႔ ပရီမီယံဒီဇယ္က ၁,၈၃၅ က်ပ္ရွိပါတယ္။

သြားလာရခက္ခဲတဲ့ စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕၊ မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕နဲ႔ မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕နယ္ေတြမွာေတာ့ ေအာက္တိန္း တလီတာကို ၁,၉၅၀ နဲ႔ ၁,၉၉၅ က်ပ္ ဝန္းက်င္ရွိပါတယ္။

ရန္ကုန္မွာေတာ့ ေအာက္တိန္း 95 တလီတာကို ၁,၇၇၀ က်ပ္နဲ႔ ပရီမီယံဒီဇယ္ကေတာ့ ၁,၇၀၀ က်ပ္ရွိပါတယ္။ ရန္ကုန္၊ မႏၲေလး ကေဈးႏႈန္းေတြနဲ႔ တျခား ျမန္မာျပည္အထက္ပိုင္းၿမိဳ႕ေတြရဲ႕ ေဈးႏႈန္းေတြကေတာ့ တလီတာကို က်ပ္ ၂၀၀ ေလာက္ ကြာေနတာ ပါ။ ဒါကေတာ့ လမ္းပမ္းဆက္သြယ္ေရးနဲ႔ နယ္ေျမအေျခအေနေၾကာင့္လို႔ ျမန္မာႏိုင္ငံ စက္သုံးဆီ တင္သြင္းျဖန႔္ျဖဴးေရးအသင္းက ဦးဝင္းျမင့္က ေျပာပါတယ္။

“ကခ်င္က သြားေရးလာေရးကိစၥေတြနဲ႔ျဖစ္တာ၊ ကခ်င္ဘက္က်ေတာ့ သူက အဖြဲ႔ အစည္းေတြနဲ႔ သြားေရးလာေရးက နည္းနည္းေလး shortage ျဖစ္ေနတာ။ ေဒၚလာေဈးကေတာ့ နည္းနည္းက်တယ္ ဒီရက္ထဲမွာ၊ ေဒၚလာေဈးက်ေတာ့ ဆီေဈးက နည္းနည္း က်ရမွာေပါ့၊ ဒါေပမဲ့ ႏိုင္ငံျခား (စက္သုံးဆီ) ေဈးတက္တာ ပိုမ်ားတယ္ေလ၊ မ်ားေတာ့ ဆီေဈးတက္တယ္။ ဒါေပမဲ့ အကိုတို႔ ဒီမွာ ေရာင္းတဲ့ေဈးက ဒီေန႔ႏိုင္ငံျခားေဈး၊ ေဒၚလာေဈးနဲ႔ တြက္လိုက္မယ္ဆိုရင္ ျဖစ္ေပၚတဲ့ အရင္းေဈးေအာက္ကို ေရာက္ေနပါတယ္။ အကိုတို႔ အကုန္လုံး လိုက္မတက္ဘူး။”

ကမာၻ႔ေရနံေဈးဟာလည္း ဥေရာပအေရွ႕ပိုင္းမွာ စစ္ေရးပဋိပကၡ စတင္လာတဲ့အတြက္ ေရနံစိမ္းတစည္ကို အေမရိကန္ေဒၚလာ ၁၀၀ အထိ ေန႔ခ်င္းညခ်င္းေရာက္သြားပါတယ္။ ဒီအေျခအေနေတြေၾကာင့္ ျပည္တြင္းမွာ စက္သုံးဆီကို ႀကိဳတင္ဝယ္ယူ သိုေလွာင္ထားသူေတြရွိေနၿပီး ေဈးႏႈန္းေတြ ဘယ္ေလာက္ထိ ထပ္တက္ႏိုင္သလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမယ္လို႔ စက္သုံးဆီေရာင္းခ်တဲ့ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

#MyanmarMilitaryCoup #Putao #KIA #voaburmese #ကခ်င္ #ပူတာအို #စစ္အာဏာသိမ္းမႈ #ဗြီအိုေအျမန္မာပိုင္း

===================

[[Unicode]]

ပူတာအိုဘက်မှာ လောင်စာဆီနဲ့ စားကုန်ဈေးနှုန်းတွေတက်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA တို့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေတဲ့အတွက် လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေပြီး စက်သုံးဆီအပါအဝင် စားသောက်ကုန်တွေ အဆမတန် ဈေးတက်နေပါ တယ်။ ကြာသပတေးနေ့ကဆိုရင် ပူတာအိုမှာ ဓာတ်ဆီတဂါလံကို ကျပ် ၄၀,၀၀၀ လောက် ပေးဝယ်နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပိုတဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ပူတာအိုမြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တို့ကြား တိုက်ပွဲဖြစ်နေတာ တလနီးပါးရှိလာပြီး နယ်မြေလုံခြံရေးအရဆိုပြီး နှစ်ဘက်စလုံးက လမ်းပန်းဆက်သွယ်ရေးကို အသီးသီး ဖြတ်တောက်ထားတဲ့အတွက် စက်သုံးဆီအပါအဝင် အထွေထွေ ကုန်ပစ္စည်းတွေပါ ဈေးတက်နေပါတယ်။ ကြာသပတေးနေ့ကဆိုရင် ဓာတ်ဆီတလီတာကို ကျပ် ၁၀,၀၀၀ ကျော်သွားပြီလို့ စက်သုံးဆီရောင်းချတဲ့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဆီသယ်တဲ့ကိစ္စက မြစ်ကြီးနားကနေ ပူတာအိုကိုသယ်တဲ့အချိန်ကျတော့ ကြားထဲမှာ မြန်မာစစ်တပ်ဘက်နဲ့ ဒီ KIA တို့ PDF တို့နဲ့က တိုက်ပွဲဖြစ်နိုင်တဲ့အတွက်ကြောင့် ပြည်သူလူထုကို မထိစေချင်လို့ PDF နဲ့ KIA အဖွဲ့ကတော့ ဒီလမ်းကို အသုံးပြုခွင့် ခဏပိတ်လိုက်တဲ့အတွက်ကြောင့် (စက်သုံး) ဆီတွေရော စားနပ်ရိက္ခာတွေပါ သယ်မရတဲ့ အနေအထားမှာ ရှိတယ်ခင်ဗျ။ ဒီသတင်းကို ကြိုသိတဲ့တချို့ကျတော့လည်း ဆီဝယ်လှောင်ထားတဲ့သူတော့ရှိတာပေါ့။ အခုတော့ ဒီနေ့ တရက်တည်းကို တလီတာမပြည့်ဘူးပေါ့။ ပွိုင့် 75 လီတာလောက်ရှိတဲ့ဟာကို တလီတာ မပြည့်တပြည့်ကို ခန့်မှန်း ဒီနေ့ တရက်တည်းကို ၁၀,၀၀၀ ကျတယ်။ တဂါလံကို (ကျပ်) ၄၀,၀၀၀ နည်းနည်းကျော်မယ်။”

ပူတာအိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA ၊ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေရှိနေပြီး လူဦးရေ ၅,၀၀၀ ထက်မနည်း စစ်ဘေးရှောင်နေရပါတယ်။ စက်သုံးဆီနဲ့အတူ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ လည်း ရှိနေတာပါ။

“ဆီက သေရေးရှင်ရေး အဲဒီလောက်အထိမဟုတ်ဘူး အဓိက စားနပ်ရိက္ခာ စကားပြောလိမ့်မယ်။ အခုကျနော်တို့သုံးနေတဲ့ ပဲဆီတို့၊ ဆားတို့၊ ဆေးဝါးတို့ ဒါတွေဆို ပြတ်လပ်လို့မှမရတာ ဒါတွေပြတ်လပ်ပြီဆိုရင် ပြည်သူလူထု တအားဒုက္ခရောက်တယ် ရော။ အရင်ကနဦးကလည်း ကုန်ကြောင်းလျှောက်နေတဲ့ အလေ့အထရှိတာကို ဒေသခံတွေက၊ ဆီကဘယ်လိုဖြစ်လဲဆိုတော့ ဟိုးလေးတကြော်ကြော် ဖြစ်သွားတဲ့အခါကျ လူတိုင်းရဲ့လက်ထဲမှာ အနည်းနဲ့အကျဉ်းတော့ ရှိကြတယ်။”

စက်သုံးဆီဈေးက ကချင်ပြည်နယ်ရဲ့ တခြားမြို့နယ်တွေမှာလည်း အခုရက်ပိုင်းအတွင်း ပုံမှန်ထက် ပိုတက်နေတာပါ။ ကချင် ပြည်နယ်၊ ဗန်းမော်မြို့မှာ ကြာသပတေးနေ့က အောက်တိန်း 95 တလီတာကို ၁,၉၇၅ ကျပ်နဲ့ ပရီမီယံဒီဇယ်က ၁,၈၂၀ ကျပ်၊ ဝိုင်းမော်မြို့မှာ အောက်တိန်း တလီတာကို ၁,၉၆၀ကျပ်နဲ့ ပရီမီယံဒီဇယ်က ၁,၈၃၅ ကျပ်ရှိပါတယ်။

သွားလာရခက်ခဲတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မကွေးတိုင်း၊ ချောက်မြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာတော့ အောက်တိန်း တလီတာကို ၁,၉၅၀ နဲ့ ၁,၉၉၅ ကျပ် ဝန်းကျင်ရှိပါတယ်။

ရန်ကုန်မှာတော့ အောက်တိန်း 95 တလီတာကို ၁,၇၇၀ ကျပ်နဲ့ ပရီမီယံဒီဇယ်ကတော့ ၁,၇၀၀ ကျပ်ရှိပါတယ်။ ရန်ကုန်၊ မန္တလေး ကဈေးနှုန်းတွေနဲ့ တခြား မြန်မာပြည်အထက်ပိုင်းမြို့တွေရဲ့ ဈေးနှုန်းတွေကတော့ တလီတာကို ကျပ် ၂၀၀ လောက် ကွာနေတာ ပါ။ ဒါကတော့ လမ်းပမ်းဆက်သွယ်ရေးနဲ့ နယ်မြေအခြေအနေကြောင့်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရေးအသင်းက ဦးဝင်းမြင့်က ပြောပါတယ်။

“ကချင်က သွားရေးလာရေးကိစ္စတွေနဲ့ဖြစ်တာ၊ ကချင်ဘက်ကျတော့ သူက အဖွဲ့ အစည်းတွေနဲ့ သွားရေးလာရေးက နည်းနည်းလေး shortage ဖြစ်နေတာ။ ဒေါ်လာဈေးကတော့ နည်းနည်းကျတယ် ဒီရက်ထဲမှာ၊ ဒေါ်လာဈေးကျတော့ ဆီဈေးက နည်းနည်း ကျရမှာပေါ့၊ ဒါပေမဲ့ နိုင်ငံခြား (စက်သုံးဆီ) ဈေးတက်တာ ပိုများတယ်လေ၊ များတော့ ဆီဈေးတက်တယ်။ ဒါပေမဲ့ အကိုတို့ ဒီမှာ ရောင်းတဲ့ဈေးက ဒီနေ့နိုင်ငံခြားဈေး၊ ဒေါ်လာဈေးနဲ့ တွက်လိုက်မယ်ဆိုရင် ဖြစ်ပေါ်တဲ့ အရင်းဈေးအောက်ကို ရောက်နေပါတယ်။ အကိုတို့ အကုန်လုံး လိုက်မတက်ဘူး။”

ကမ္ဘာ့ရေနံဈေးဟာလည်း ဥရောပအရှေ့ပိုင်းမှာ စစ်ရေးပဋိပက္ခ စတင်လာတဲ့အတွက် ရေနံစိမ်းတစည်ကို အမေရိကန်ဒေါ်လာ ၁၀၀ အထိ နေ့ချင်းညချင်းရောက်သွားပါတယ်။ ဒီအခြေအနေတွေကြောင့် ပြည်တွင်းမှာ စက်သုံးဆီကို ကြိုတင်ဝယ်ယူ သိုလှောင်ထားသူတွေရှိနေပြီး ဈေးနှုန်းတွေ ဘယ်လောက်ထိ ထပ်တက်နိုင်သလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ စက်သုံးဆီရောင်းချတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

#MyanmarMilitaryCoup #Putao #KIA #voaburmese #ကချင် #ပူတာအို #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

===================

XS
SM
MD
LG