သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဗိုလ်ချုပ်နှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင်သုံးဦး အမေရိကန် ဒဏ်ခတ်အရေးယူ 


စစ်ကောင်စီ ဗိုလ်ချုပ်နှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင်သုံးဦး အမေရိကန် ဒဏ်ခတ်အရေးယူကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကြေညာချက် (U.S. Department of the Treasury)
စစ်ကောင်စီ ဗိုလ်ချုပ်နှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင်သုံးဦး အမေရိကန် ဒဏ်ခတ်အရေးယူကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကြေညာချက် (U.S. Department of the Treasury)


[[Zawgyi/Unicode]]

စစ်ကောင်စီ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ ကာကွယ်ရေးနည်းပညာဌာန အကြီးအကဲ ဗိုလ်မှူးချုပ်ကိုကိုဦး၊ နေပြည်တော် စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့အပြင် စစ်ကောင်စီရဲ့ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်၊ စီးပွားရေး လုပ်ငန်းရှင် သုံးဦးနဲ့ သူတို့ပိုင် စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုက ဒီကနေ့ ဒဏ်ခတ်အရေးယူူလိုက်ပါတယ်။

International Gateways Group of Company Limited ပိုင်ရှင် ဦးနိုင်ထွဋ်အောင်၊ Myanmar Chemical & Machinery ကုမ္ပဏီပိုင်ရှင် ဦးအောင်လှိုင်ဦး၊ မြန်မာ့စီးပွားရေးရဲ့ ကာကွယ်ရေးကဏ္ဍမှာ လုပ်ကိုင်နေသူ ဦးစစ်တိုင်းအောင်တို့ဟာ စစ်ကောင်စီ ကို လက်နက်ခဲယမ်းနဲ့ စစ်ပစ္စည်းတွေ ပေးသွင်းနေတယ်ဆိုပြီး ဒဏ်ခတ်အရေးယူတာပါ။

ဖော်ပြပါပုဂ္ဂိုလ်တွေရဲ့ ကုမ္ပဏီတွေအပြင် Htoo Group of Companies နဲ့ Asia Green Development Bank Ltd တို့လည်း ဒဏ်ခတ်အရေးယူခံရတဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်တွေ၊ သူတို့နဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေ၊ သူတို့ကို ပံ့ပိုးကူညီတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်နေတာဖြစ်ပါတယ်။

#MyanmarMilitaryCoup #USSanctions #voaburmese #စစ်အာဏာသိမ်းမှု #ဒဏ်ခတ်အရေးယူူမှု #ဗွီအိုအေမြန်မာပိုင်း

====================

[[Unicode]]







XS
SM
MD
LG