သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU-KNLA (PC) ဥက္ကဋ္ဌ စောထော့လေးနဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံ (ဓာတ်ပုံ-တပ်မတော်သတင်းပြန်ကြားရေး)
[[Zawgyi/Unicode]]
================
[[Unicode]]
စစ်ကောင်စီဥက္ကဋ္ဌ KNU ငြိမ်းချမ်းရေးကောင်စီနဲ့တွေ့ဆုံဆွေးနွေး
ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU-KNLA (PC) ဥက္ကဋ္ဌ စောထော့လေးနဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ပြည်ထောင်စုအကျိုးကို ကြည့်ပြီးဆောင်ရွက်ရမယ့်အခြေအနေတွေ၊ ငြိမ်းချမ်းရေးရဖို့ လိုအပ်တဲ့အရေးအကြီးတဲ့အကြောင်းတွေနဲ့ ပြည်နယ်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်စဉ်းစားဆောင်ရွက်ဖို့ လိုအပ်တဲ့ အခြေအနေတွေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးကိစ္စတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ KN
U-KNLA (PC) ကလည်း ပါတီစုံဒီမိုကရေစီကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်အခြေခံတဲ့ ပြည်ထောင်စု စနစ်တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေကို ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို တင်ပြခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
#MyanmarPeaceTalks #MyanmarEthnics #VOABurmese #ငြိမ်းချမ်းရေးဆွေးနွေးပွဲ #စစ်ကောင်စီဥက္ကဋ္ဌ #စောထော့လေး #မင်းအောင်လှိုင် #ဗွီအိုအေ
================
XS
SM
MD
LG