သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿမိဳ႕ႀကီးေတြမွာ စက္သုံးဆီေတြ အကန႔္အသတ္နဲ႔ ေရာင္းခ်


ဧၿပီလ ၁၉ ရက္၊ စက္သံုးဆီရဖို႔ ေစာင့္ဆုိင္းတန္းစီေနတဲ့ ကားတန္းကို ေတြ႔ရစဥ္။ (ဓာတ္ပံု-ေနမ်ဳိးလင္း)


[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံက ရန္ကုန္ၿမိဳ႕အျပင္ တျခားၿမိဳ႕ေတြမွာလည္း စက္သုံးဆီေတြကို အကန႔္အသတ္ နဲ႔သာ ဝယ္ယူေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရခိုင္ျပည္နယ္မွာဆိုရင္ စက္သုံးဆီ နည္းပါးေနတာေၾကာင့္ ျပတ္လတ္မႈမရွိေအာင္ ဆီေတြကို အကန႔္အသတ္နဲ႔ ေရာင္းခ်ေနရတယ္လို႔ စက္သုံးဆီလုပ္ငန္းရွင္မ်ားအသင္းက ေျပာပါတယ္။ အခုလိုစက္သုံးဆီေတြ ေဈးတက္တာအျပင္ လိုသေလာက္ ဝယ္မရတာေၾကာင့္ ေဒသခံေတြ သြားလာေရးခက္ခဲေနၾကပါတယ္။ မႏၲေလး၊ စစ္ေတြ၊ ဖားကန႔္စတဲ့ေဒသေတြဘက္က စက္သုံးဆီအေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ျမန္မာႏို္င္ငံက စက္သံုးဆီ အေရာင္းဆိုင္ေတြမွာ ဓါတ္ဆီ၊ ဒီဇယ္ဆီေတြ ႐ွားပါးျပတ္လပ္ေနတာေၾကာင့္ ေစ်းေတြႀကီးေနသလို လိုသေလာက္ဝယ္မရဘဲ ျဖစ္ေနပါတယ္။ ရခိုင္ျပည္နယ္ မွာ ေလာေလာဆယ္ စက္သံုးဆီေတြ နည္းပါးေနတာေၾကာင့္ အကန္႔အသတ္နဲ႔ ေရာင္းခ်ေပးေနရတယ္လို႔ ရခိုင္ျပည္နယ္စက္သံုးဆီလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ဦးသန္းလႈိင္က ေျပာျပပါတယ္။

“အကန္႔အသတ္နဲ႔ေရာင္းေနပါတယ္ခင္ဗ်ာ။ ရန္ကုန္ကတက္လာတဲ့ ေဘာက္ဆာေတြလည္း ရွိတယ္ေလ။ ေလာေလာဆယ္ က်ေနာ္တုိ႔ ဒီမွာရွိတဲ့ ဆီေတြကို တဦးတေယာက္က ဝယ္ ေလွာင္ၿပီးေတာ့ ကစားတာမ်ိဳးမျဖစ္ေအာင္ ပံုးဆြဲ ခြက္ဆြဲေတြကို မေရာင္းေတာ့ဘူးေပါ့ေနာ္၊ ဆိုင္ကယ္တစီးဆိုရင္ ငါးေထာင္ဖို႔ေလာက္ တရက္ လံုေလာက္ေအာင္၊ ကားဆိုရင္လည္း၂ ေသာင္းဖိုးေလာက္ဖို႔ေပါ့ေနာ္။ အဲလိုေလး ေရာင္းေပးပါတယ္ခင္ဗ်ာ။”

ေမာ္ေတာ္ဆိုင္ကယ္ကို အဓိက အားထားစီးၾကတဲ့ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္မွာဆိုလည္း စက္သံုးဆီ ျပတ္လပ္တာေတြေၾကာင့္ တခ်ိဳ႕ဆိုင္ေတြ ပိတ္ထားရသလို ဖြင့္ထားတဲ့ ဆိုင္ေတြမွာလည္း တန္းစီၿပီးေတာ့ အကန္႔အသတ္နဲ႔သာ ဝယ္ယူေနရတယ္လို႔ ဖားကန္႔ေဒသခံတဦးျဖစ္တဲ့ ကိုေနာင္လတ္ ကေျပာပါတယ္။

“ဒီမွာက ဆိုင္ေတြ တခ်ို႕ပိတ္ထားတယ္၊ တခ်ိဳ႕ကလည္း တန္းစီၿပီးေစာင့္ေနတာရွိတယ္၊ ဓာတ္ဆီေပါ့ေနာ္ ဒီမွာကေတာ့ ဓာတ္ဆီအသံုးမ်ားတယ္ဆိုေတာ့ ဓာတ္ဆီ ၁ လီတာကို ၂,၃၀၀ ေလာက္ေတာ့ ျဖစ္ေနၿပီဗ်ာ၊ ေလာေလာဆယ္ေတာ့ လံုလံုေလာက္ေလာက္ေတာ့ မရၾကဘူးဗ်ာ။ တခ်ိဳ႕ ဆိုင္ကယ္ေတြက်ေတာ့ အနည္းဆံုးကေတာ့ ငါးေထာင္ဖိုး၊ တေသာင္းဖိုး ေပါ့ေနာ္၊ ကားကေတာ့ အနည္းဆံုးအမ်ားဆံုး ငါးေသာင္းဖိုး အဲလိုေတာ့ ေပးေနၾကတယ္ဗ်ာ။”

မႏၱေလးၿမိဳ႕မွာဆိုရင္လည္း ပိုက္ဆံရွိရင္ေတာင္ စက္သံုးဆီဝယ္လို႔ မရတဲ့အေၾကာင္း မႏၱေလး ေဒသခံတဦးကေျပာပါတယ္။ ေစ်းကလည္း ဓါတ္ဆီ ၁ ဂါလံကို အနည္းဆံုး ၁ ေသာင္းေက်ာ္ေစ်းျဖစ္ေနပါတယ္။

“စက္သံုးဆီက ဒီလိုကြာ၊ ပိုက္ဆံရွိလို႔ ေပးဝယ္လည္းလိုသေလာက္မရဘူး၊မရတာက မ်ားတယ္။ အခုကဘယ္လိုလဲဆိုေတာ့ ၉၂ ဆိုရင္ ၁ ေသာင္းေက်ာ္သြားၿပီကြာ၊ ၉၅ ဆိုရင္လည္း ၁ ေသာင္း တေတာင္ေလာက္ ေရာက္သြားၿပီေလ။”

ဆိုင္ကယ္ေတြအမ်ားဆံုးအသံုးျပဳၿပီး အလုပ္လုပ္ကိုင္ေနရတဲ့ မႏၱေလးျမိဳ႕မွာ တေန႔တာ လုပ္အားခရဲ႕ တဝက္ေလာက္ကို ဆီဖိုးသံုးေနရတယ္လို႔ မႏၱေလး ေဒသခံတဦးကေျပာပါတယ္။

“အရင္ အလုပ္သမားတေယာက္က တေန႔တေသာင္းရမယ္ဆိုရင္ တကယ့္တကယ္ ဆီေစ်းတက္ရင္ သူ႔ရဲ႕လုပ္အားခ တဝက္ေလာက္ကေတာ့ ပါသြားမွာေပါ့၊ တေန႔ နွစ္ေထာင္ကေန ေလးေထာင္ေလာက္ ဆိုရင္ေတာ့ ၿပီးၿပီေပါ့။ လုပ္အားခေတြက မတက္ဘူး။ တေန႔ ေလးေထာင္ပါသြားရင္ ေျခာက္ေထာင္ေလာက္ပဲ က်န္ေတာ့မွာေပါ့၊ အဲေတာ့ သူူတို႔ရဲ႕စားဝတ္ေနေရးကလည္း ပိုၿပီးေတာ့ ခက္ခဲသြားမွာေပါ့ေနာ္။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း တျဖည္းျဖည္းစက္သံုးဆီေစ်းေတြ တက္ေနတာ အခုဆို အာဏာမသိမ္းခင္ကထက္ ၂ ဆေက်ာ္ ေစ်းတက္ေနပါတယ္။ သယ္ယူပို႔ေဆာင္ေရးအတြက္ မ႐ွိ မျဖစ္လိုအပ္တဲ့ စက္သံုးဆီေစ်းေတြႀကီးျမင့္ေနတာေၾကာင့္ ကုန္ေစ်းႏႈန္းေတြလည္း လိုက္တက္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ တင္သြင္းထားတဲ့ စက္သံုးဆီ အလံုအေလာက္႐ွိပါတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။

ဒါေပမယ့္ လက္ရွိမွာေတာ့ စက္သံုးဆီအေရာင္းဆုိင္ေတြမွာ အလံုအေလာက္မ႐ွိတာေၾကာင့္ မဝယ္ႏိုင္၊ ေစ်းႏႈန္းႀကီးျမင့္တဲ့ အေျခအေနျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မြို့ကြီးတွေမှာ စက်သုံးဆီတွေ အကန့်အသတ်နဲ့ ရောင်းချ


မြန်မာနိုင်ငံက ရန်ကုန်မြို့အပြင် တခြားမြို့တွေမှာလည်း စက်သုံးဆီတွေကို အကန့်အသတ် နဲ့သာ ဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် စက်သုံးဆီ နည်းပါးနေတာကြောင့် ပြတ်လတ်မှုမရှိအောင် ဆီတွေကို အကန့်အသတ်နဲ့ ရောင်းချနေရတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ အခုလိုစက်သုံးဆီတွေ ဈေးတက်တာအပြင် လိုသလောက် ဝယ်မရတာကြောင့် ဒေသခံတွေ သွားလာရေးခက်ခဲနေကြပါတယ်။ မန္တလေး၊ စစ်တွေ၊ ဖားကန့်စတဲ့ဒေသတွေဘက်က စက်သုံးဆီအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဓါတ်ဆီ၊ ဒီဇယ်ဆီတွေ ရှားပါးပြတ်လပ်နေတာကြောင့် ဈေးတွေကြီးနေသလို လိုသလောက်ဝယ်မရဘဲ ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ် မှာ လောလောဆယ် စက်သုံးဆီတွေ နည်းပါးနေတာကြောင့် အကန့်အသတ်နဲ့ ရောင်းချပေးနေရတယ်လို့ ရခိုင်ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းလှိုင်က ပြောပြပါတယ်။

“အကန့်အသတ်နဲ့ရောင်းနေပါတယ်ခင်ဗျာ။ ရန်ကုန်ကတက်လာတဲ့ ဘောက်ဆာတွေလည်း ရှိတယ်လေ။ လောလောဆယ် ကျနော်တို့ ဒီမှာရှိတဲ့ ဆီတွေကို တဦးတယောက်က ဝယ် လှောင်ပြီးတော့ ကစားတာမျိုးမဖြစ်အောင် ပုံးဆွဲ ခွက်ဆွဲတွေကို မရောင်းတော့ဘူးပေါ့နော်၊ ဆိုင်ကယ်တစီးဆိုရင် ငါးထောင်ဖို့လောက် တရက် လုံလောက်အောင်၊ ကားဆိုရင်လည်း၂ သောင်းဖိုးလောက်ဖို့ပေါ့နော်။ အဲလိုလေး ရောင်းပေးပါတယ်ခင်ဗျာ။”

မော်တော်ဆိုင်ကယ်ကို အဓိက အားထားစီးကြတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာဆိုလည်း စက်သုံးဆီ ပြတ်လပ်တာတွေကြောင့် တချို့ဆိုင်တွေ ပိတ်ထားရသလို ဖွင့်ထားတဲ့ ဆိုင်တွေမှာလည်း တန်းစီပြီးတော့ အကန့်အသတ်နဲ့သာ ဝယ်ယူနေရတယ်လို့ ဖားကန့်ဒေသခံတဦးဖြစ်တဲ့ ကိုနောင်လတ် ကပြောပါတယ်။

“ဒီမှာက ဆိုင်တွေ တချို့ပိတ်ထားတယ်၊ တချို့ကလည်း တန်းစီပြီးစောင့်နေတာရှိတယ်၊ ဓာတ်ဆီပေါ့နော် ဒီမှာကတော့ ဓာတ်ဆီအသုံးများတယ်ဆိုတော့ ဓာတ်ဆီ ၁ လီတာကို ၂,၃၀၀ လောက်တော့ ဖြစ်နေပြီဗျာ၊ လောလောဆယ်တော့ လုံလုံလောက်လောက်တော့ မရကြဘူးဗျာ။ တချို့ ဆိုင်ကယ်တွေကျတော့ အနည်းဆုံးကတော့ ငါးထောင်ဖိုး၊ တသောင်းဖိုး ပေါ့နော်၊ ကားကတော့ အနည်းဆုံးအများဆုံး ငါးသောင်းဖိုး အဲလိုတော့ ပေးနေကြတယ်ဗျာ။”

မန္တလေးမြို့မှာဆိုရင်လည်း ပိုက်ဆံရှိရင်တောင် စက်သုံးဆီဝယ်လို့ မရတဲ့အကြောင်း မန္တလေး ဒေသခံတဦးကပြောပါတယ်။ ဈေးကလည်း ဓါတ်ဆီ ၁ ဂါလံကို အနည်းဆုံး ၁ သောင်းကျော်ဈေးဖြစ်နေပါတယ်။

“စက်သုံးဆီက ဒီလိုကွာ၊ ပိုက်ဆံရှိလို့ ပေးဝယ်လည်းလိုသလောက်မရဘူး၊မရတာက များတယ်။ အခုကဘယ်လိုလဲဆိုတော့ ၉၂ ဆိုရင် ၁ သောင်းကျော်သွားပြီကွာ၊ ၉၅ ဆိုရင်လည်း ၁ သောင်း တတောင်လောက် ရောက်သွားပြီလေ။”

ဆိုင်ကယ်တွေအများဆုံးအသုံးပြုပြီး အလုပ်လုပ်ကိုင်နေရတဲ့ မန္တလေးမြို့မှာ တနေ့တာ လုပ်အားခရဲ့ တဝက်လောက်ကို ဆီဖိုးသုံးနေရတယ်လို့ မန္တလေး ဒေသခံတဦးကပြောပါတယ်။

“အရင် အလုပ်သမားတယောက်က တနေ့တသောင်းရမယ်ဆိုရင် တကယ့်တကယ် ဆီဈေးတက်ရင် သူ့ရဲ့လုပ်အားခ တဝက်လောက်ကတော့ ပါသွားမှာပေါ့၊ တနေ့ နှစ်ထောင်ကနေ လေးထောင်လောက် ဆိုရင်တော့ ပြီးပြီပေါ့။ လုပ်အားခတွေက မတက်ဘူး။ တနေ့ လေးထောင်ပါသွားရင် ခြောက်ထောင်လောက်ပဲ ကျန်တော့မှာပေါ့၊ အဲတော့ သူူတို့ရဲ့စားဝတ်နေရေးကလည်း ပိုပြီးတော့ ခက်ခဲသွားမှာပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းစက်သုံးဆီဈေးတွေ တက်နေတာ အခုဆို အာဏာမသိမ်းခင်ကထက် ၂ ဆကျော် ဈေးတက်နေပါတယ်။ သယ်ယူပို့ဆောင်ရေးအတွက် မရှိ မဖြစ်လိုအပ်တဲ့ စက်သုံးဆီဈေးတွေကြီးမြင့်နေတာကြောင့် ကုန်ဈေးနှုန်းတွေလည်း လိုက်တက်နေပါတယ်။ မြန်မာနိုင်ငံမှာ တင်သွင်းထားတဲ့ စက်သုံးဆီ အလုံအလောက်ရှိပါတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ စက်သုံးဆီအရောင်းဆိုင်တွေမှာ အလုံအလောက်မရှိတာကြောင့် မဝယ်နိုင်၊ ဈေးနှုန်းကြီးမြင့်တဲ့ အခြေအနေဖြစ်နေပါတယ်။
==============

XS
SM
MD
LG