သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့ကြီးတွေမှာ စက်သုံးဆီတွေ အကန့်အသတ်နဲ့ ရောင်းချ


ဧပြီလ ၁၉ ရက်၊ စက်သုံးဆီရဖို့ စောင့်ဆိုင်းတန်းစီနေတဲ့ ကားတန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-နေမျိုးလင်း)
ဧပြီလ ၁၉ ရက်၊ စက်သုံးဆီရဖို့ စောင့်ဆိုင်းတန်းစီနေတဲ့ ကားတန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-နေမျိုးလင်း)


[[Zawgyi/Unicode]]


မြန်မာနိုင်ငံက ရန်ကုန်မြို့အပြင် တခြားမြို့တွေမှာလည်း စက်သုံးဆီတွေကို အကန့်အသတ် နဲ့သာ ဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် စက်သုံးဆီ နည်းပါးနေတာကြောင့် ပြတ်လတ်မှုမရှိအောင် ဆီတွေကို အကန့်အသတ်နဲ့ ရောင်းချနေရတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ အခုလိုစက်သုံးဆီတွေ ဈေးတက်တာအပြင် လိုသလောက် ဝယ်မရတာကြောင့် ဒေသခံတွေ သွားလာရေးခက်ခဲနေကြပါတယ်။ မန္တလေး၊ စစ်တွေ၊ ဖားကန့်စတဲ့ဒေသတွေဘက်က စက်သုံးဆီအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဓါတ်ဆီ၊ ဒီဇယ်ဆီတွေ ရှားပါးပြတ်လပ်နေတာကြောင့် ဈေးတွေကြီးနေသလို လိုသလောက်ဝယ်မရဘဲ ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ် မှာ လောလောဆယ် စက်သုံးဆီတွေ နည်းပါးနေတာကြောင့် အကန့်အသတ်နဲ့ ရောင်းချပေးနေရတယ်လို့ ရခိုင်ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းလှိုင်က ပြောပြပါတယ်။

“အကန့်အသတ်နဲ့ရောင်းနေပါတယ်ခင်ဗျာ။ ရန်ကုန်ကတက်လာတဲ့ ဘောက်ဆာတွေလည်း ရှိတယ်လေ။ လောလောဆယ် ကျနော်တို့ ဒီမှာရှိတဲ့ ဆီတွေကို တဦးတယောက်က ဝယ် လှောင်ပြီးတော့ ကစားတာမျိုးမဖြစ်အောင် ပုံးဆွဲ ခွက်ဆွဲတွေကို မရောင်းတော့ဘူးပေါ့နော်၊ ဆိုင်ကယ်တစီးဆိုရင် ငါးထောင်ဖို့လောက် တရက် လုံလောက်အောင်၊ ကားဆိုရင်လည်း၂ သောင်းဖိုးလောက်ဖို့ပေါ့နော်။ အဲလိုလေး ရောင်းပေးပါတယ်ခင်ဗျာ။”

မော်တော်ဆိုင်ကယ်ကို အဓိက အားထားစီးကြတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာဆိုလည်း စက်သုံးဆီ ပြတ်လပ်တာတွေကြောင့် တချို့ဆိုင်တွေ ပိတ်ထားရသလို ဖွင့်ထားတဲ့ ဆိုင်တွေမှာလည်း တန်းစီပြီးတော့ အကန့်အသတ်နဲ့သာ ဝယ်ယူနေရတယ်လို့ ဖားကန့်ဒေသခံတဦးဖြစ်တဲ့ ကိုနောင်လတ် ကပြောပါတယ်။

“ဒီမှာက ဆိုင်တွေ တချို့ပိတ်ထားတယ်၊ တချို့ကလည်း တန်းစီပြီးစောင့်နေတာရှိတယ်၊ ဓာတ်ဆီပေါ့နော် ဒီမှာကတော့ ဓာတ်ဆီအသုံးများတယ်ဆိုတော့ ဓာတ်ဆီ ၁ လီတာကို ၂,၃၀၀ လောက်တော့ ဖြစ်နေပြီဗျာ၊ လောလောဆယ်တော့ လုံလုံလောက်လောက်တော့ မရကြဘူးဗျာ။ တချို့ ဆိုင်ကယ်တွေကျတော့ အနည်းဆုံးကတော့ ငါးထောင်ဖိုး၊ တသောင်းဖိုး ပေါ့နော်၊ ကားကတော့ အနည်းဆုံးအများဆုံး ငါးသောင်းဖိုး အဲလိုတော့ ပေးနေကြတယ်ဗျာ။”

မန္တလေးမြို့မှာဆိုရင်လည်း ပိုက်ဆံရှိရင်တောင် စက်သုံးဆီဝယ်လို့ မရတဲ့အကြောင်း မန္တလေး ဒေသခံတဦးကပြောပါတယ်။ ဈေးကလည်း ဓါတ်ဆီ ၁ ဂါလံကို အနည်းဆုံး ၁ သောင်းကျော်ဈေးဖြစ်နေပါတယ်။

“စက်သုံးဆီက ဒီလိုကွာ၊ ပိုက်ဆံရှိလို့ ပေးဝယ်လည်းလိုသလောက်မရဘူး၊မရတာက များတယ်။ အခုကဘယ်လိုလဲဆိုတော့ ၉၂ ဆိုရင် ၁ သောင်းကျော်သွားပြီကွာ၊ ၉၅ ဆိုရင်လည်း ၁ သောင်း တတောင်လောက် ရောက်သွားပြီလေ။”

ဆိုင်ကယ်တွေအများဆုံးအသုံးပြုပြီး အလုပ်လုပ်ကိုင်နေရတဲ့ မန္တလေးမြို့မှာ တနေ့တာ လုပ်အားခရဲ့ တဝက်လောက်ကို ဆီဖိုးသုံးနေရတယ်လို့ မန္တလေး ဒေသခံတဦးကပြောပါတယ်။

“အရင် အလုပ်သမားတယောက်က တနေ့တသောင်းရမယ်ဆိုရင် တကယ့်တကယ် ဆီဈေးတက်ရင် သူ့ရဲ့လုပ်အားခ တဝက်လောက်ကတော့ ပါသွားမှာပေါ့၊ တနေ့ နှစ်ထောင်ကနေ လေးထောင်လောက် ဆိုရင်တော့ ပြီးပြီပေါ့။ လုပ်အားခတွေက မတက်ဘူး။ တနေ့ လေးထောင်ပါသွားရင် ခြောက်ထောင်လောက်ပဲ ကျန်တော့မှာပေါ့၊ အဲတော့ သူူတို့ရဲ့စားဝတ်နေရေးကလည်း ပိုပြီးတော့ ခက်ခဲသွားမှာပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းစက်သုံးဆီဈေးတွေ တက်နေတာ အခုဆို အာဏာမသိမ်းခင်ကထက် ၂ ဆကျော် ဈေးတက်နေပါတယ်။ သယ်ယူပို့ဆောင်ရေးအတွက် မရှိ မဖြစ်လိုအပ်တဲ့ စက်သုံးဆီဈေးတွေကြီးမြင့်နေတာကြောင့် ကုန်ဈေးနှုန်းတွေလည်း လိုက်တက်နေပါတယ်။ မြန်မာနိုင်ငံမှာ တင်သွင်းထားတဲ့ စက်သုံးဆီ အလုံအလောက်ရှိပါတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ စက်သုံးဆီအရောင်းဆိုင်တွေမှာ အလုံအလောက်မရှိတာကြောင့် မဝယ်နိုင်၊ ဈေးနှုန်းကြီးမြင့်တဲ့ အခြေအနေဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]










ဆိုငျကယျတှအေမြားဆုံးအသုံးပွုပွီး အလုပျလုပျကိုငျနရေတဲ့ မန်တလေးမွို့မှာ တနေ့တာ လုပျအားခရဲ့ တဝကျလောကျကို ဆီဖိုးသုံးနရေတယျလို့ မန်တလေး ဒသေခံတဦးကပွောပါတယျ။



==============

XS
SM
MD
LG