သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ေ႐ြး/ေကာ္မွာ ALD ပါတီ ေငြစာရင္းစစ္ေဆးခံမည္မဟုတ္


[[Zawgyi/Unicode]]

ရခိုင္ ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ALD ပါတီအေနနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ပါတီစာရင္းဇယားေတြအစစ္ေဆးခံရမယ္ဆိုတာကို လက္မခံႏိုင္ဘူးလို႔ ျငင္းပယ္လိုက္ပါတယ္။ အခုလက္ရွိ ေကာ္မရွင္ဟာ ေ႐ြးေကာက္ပြဲအစိုးရက ဖြဲ႔ထားတာမဟုတ္ဘဲ အာဏာသိမ္းစစ္ေကာင္စီက ဖြဲ႕ေပးထားတာေၾကာင့္လို႔ ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔တာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရခိုင္ ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ALD ပါတီကို မတ္လ ၁၀ ရက္ေန႔ ေနာက္ဆုံးထားၿပီး ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ ပါတီစာရင္းဇယားေတြ လာေရာက္အစစ္ခံဖို႔ သက္ဆိုင္ရာအာဏာပိုင္ကအေၾကာင္းၾကားထားတာပါ။ ALD အေနနဲ႔ ေကာ္မရွင္ကိုသြားေရာက္အစစ္အေဆးမခံဘူးလို႔ ပါတီအေနနဲ႔ ဆုံးျဖတ္လိုက္တဲ့အေၾကာင္း ALD ပါတီ ေျပာခြင့္ရ ဦးျမတ္ထြန္းက ေျပာပါတယ္။

“ျပန္ၿပီးေတာ့ အေၾကာင္းမၾကားရေသးဘူး။ က်ေနာ္တို႔က မတ္လ ၁၀ ရက္ေန႔မွာ သူတို႔ဆီကို လာေရာက္ရမယ္။ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးမွာ စစ္ေဆးခံရမယ္ဆိုၿပီးေတာ့ စာမွာ ပါရွိတယ္။ က်ေနာ္တို႔က ျပန္ၿပီးေတာ့ အေၾကာင္းမၾကားရေသးဘူး။ ဒါေပမယ့္ အစည္းအေဝးမွာေတာ့ ဆုံးျဖတ္ခ်က္ ခ်ထားတယ္။ ပါတီကို အေရးယူမယ္ဆိုရင္လည္း ဘာမွ မတတ္ႏိုင္ဘူးေပါ့၊ သူူတို႔ကလည္း သူတို႔ လုပ္ပိုင္ခြင့္နဲ႔ သူတို႔ လုပ္တာကို၊ က်ေနာ္တို႔ပါတီကေတာ့ သြားေရာက္ၿပီးေတာ့ စစ္ေဆးမခံဘူးလို႔ ဆုံးျဖတ္ထားပါတယ္။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အာဏာသိမ္းၿပီးေနာက္ပိုင္း အသစ္ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ပါတီေတြရဲ႕ ေငြစာရင္းဇယားေတြကို စစ္ေဆးေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာ စစ္ေကာင္စီက ဖြဲ႔စည္းထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ျဖစ္တာေၾကာင့္ အယုံအၾကည္မရွိဘူးလို႔ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (ALD) ပါတီေျပာခြင့္ရ ဦးျမတ္ထြန္းက ေျပာပါတယ္။

“ပါတီစာရင္းဇယားနဲ႔မွတ္တမ္းမွတ္ရာေတြ စစ္ေဆးတာကေတာ့ အရင္တုန္းကလည္း က်ေနာ္တို႔ စစ္ေဆးခံတာေတြ ဘာေတြ မရွိပါဘူး။ အခုခါ က်ေနာ္တို႔ကို လာ ေရာက္စစ္ေဆးမယ္ဆိုေတာ့ က်ေနာ္တို႔ကလည္း အခု UECက ေ႐ြးေကာက္ တင္ေျမွာက္ခံထားရတဲ့အစိုးရရဲ႕ UEC မဟုတ္ေတာ့ အဲဒါကို နည္းနည္းေျပာခ်င္တယ္။ ေ႐ြးေကာက္ခံၿပီးေတာ့တက္လာတဲ့ အစိုးရဆိုရင္ေတာ့ က်ေနာ္တို႔က ရတယ္၊ အခုက ဒီလို ပုံစံႀကီးဆိုေတာ့ အစပိုင္းကလည္း ေ႐ြးေကာက္ခံအစိုးရရဲ႕ UEC မဟုတ္ေတာ့ အယုံၾကည္လည္းမရွိပါဘူးဆိုတာ ေျပာခ်င္ပါတယ္။”

ရခိုင္ျပည္နယ္အတြင္း ဩဇာႀကီးတဲ့ ရခိုင္အမ်ိဳးသားပါတီ ANP ပါတီကေတာ့ အာဏာသိမ္းခါစ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ကတည္းက ပါတီစာရင္းဇယားေတြ ေကာ္မရွင္မွာ စစ္ေဆးခံခဲ့ၿပီးၿပီလို႔ သိရပါတယ္။

ျမန္မာတျပည္လုံးနဲ႔ဆိုရင္ေတာ့ အာဏာသိမ္းခံရတဲ့အစိုးရအဖြဲ႔ရဲ႕ပါတီ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD နဲ႔ ရွမ္းျပည္နယ္မွာ ဩဇာအႀကီးဆုံးပါတီ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီပါတီတို႔ကလည္း ေကာ္မရွင္မွာသြားၿပီး ပါတီစာရင္းဇယားစစ္ေဆးဖို႔ဆိုတာကို မလိုက္နာခဲ့ပါဘူး။ ဒီပါတီႏွစ္ခုအေနနနဲ႔ မတ္လ ၉ ရက္ေန႔အထိ ေနာက္ဆုံးထားၿပီး လာေရာက္အစစ္ေဆးမခံဘူးဆိုရင္ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒနဲ႔အေရးယူသြားမယ္လို႔ ေကာ္မရွင္က သတိေပးထားပါတယ္။

ဘယ္လို သတိေပးပါေစ သူတို႔အေနနဲ႔ ေကာ္မရွင္ကိုသြားၿပီး ပါတီစာရင္းဇယားအစစ္ခံဖို႔မရွိဘူးလို႔ SNLD အေထြေထြအတြင္းေရးမႉးစိုင္းလိတ္က ေျပာပါတယ္။

“မသိပါဘူးဗ်ာ။ ေ႐ြးေကာ္က ဘယ္လိုအေၾကာင္းျပန္ဦးမလဲ၊ သူတို႔ အမိန႔္ထုတ္ ထားၿပီးသားပဲ၊ ၉ ရက္ေန႔ကို။ က်ေနာ္တို႔ကလည္း ဆုံးျဖတ္ထားၿပီးသားပဲေလ၊ သြားအစစ္မခံဘူး။ ဒီေန႔ ေက်ာ္ၿပီးမွ ဆုံးျဖတ္မွာေပါ့။ ဒီေန႔မေက်ာ္ဘဲနဲ႔ ဆုံးျဖတ္လို႔ မရေလာက္ပါဘူး၊ က်ေနာ္တို႔ သေဘာထားကေတာ့ အရင္ဆုံးျဖတ္ထားတဲ့အတိုင္းပါပဲ၊ မေျပာင္းပါဘူးဗ်။”

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီအေနနဲ႔ကေတာ့ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္မွာ ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုဥကၠ႒ေတြျဖစ္တဲ့ ဦးဝင္းျမင့္နဲ႔ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔အပါအဝင္ ပါတီဗဟိုအလုပ္ အမႈေဆာင္ အေယာက္ ၂၀ နီးပါးအဖမ္းခံထားရတာ၊ ေနာက္ၿပီး ပါတီစာရင္းေတြ ကိုင္တြယ္ေဆာင္႐ြက္ေနတဲ့ ပါတီ ဘ႑ာေရးမႉးတဦးျဖစ္တဲ့ ဦးသိန္းဦးကိုလည္း ဖမ္းဆီးခံထားရတာအျပင္ စာရင္းေတြထိန္းသိမ္းထားတဲ့ ပါတီ႐ုံးခ်ဳပ္ကိုလည္း ဖ်က္ဆီးခံရတာမို႔ ပါတီေငြစာရင္းစစ္ေဆးခံဖို႔ဆိုတာ အခက္အခဲအမ်ားႀကီးရွိတယ္ လို႔ အမည္မေဖာ္လိုတဲ့ ပါတီ လူလတ္ပိုင္းေခါင္းေဆာင္တဦးက ဗြီအိုေအကိုေျပာဆိုထားတာရွိပါတယ္။

စစ္ေကာင္စီက အသစ္ဖြဲ႔စည္းထားတဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ ျမန္မာႏိုင္ ငံအတြင္းက ပါတီေတြရဲ႕ေငြစာရင္းေတြကို စစ္ေဆးေနတာျဖစ္ပါတယ္။ ႏိုင္ငံေရးပါတီ ၉၂ ပါတီရွိတဲ့အနက္ လက္ရွိမွာေတာ့ ၇၅ ပါတီကို စစ္ေဆးမႈေတြ ေဆာင္႐ြက္ၿပီးၿပီလို႔ ေကာ္မရွင္ဘက္က ထုတ္ျပန္ ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စစ်ကောင်စီ ရွေး/ကော်မှာ ALD ပါတီ ငွေစာရင်းစစ်ဆေးခံမည်မဟုတ်

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစာရင်းဇယားတွေအစစ်ဆေးခံရမယ်ဆိုတာကို လက်မခံနိုင်ဘူးလို့ ငြင်းပယ်လိုက်ပါတယ်။ အခုလက်ရှိ ကော်မရှင်ဟာ ရွေးကောက်ပွဲအစိုးရက ဖွဲ့ထားတာမဟုတ်ဘဲ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့ပေးထားတာကြောင့်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပါတီစာရင်းဇယားတွေ လာရောက်အစစ်ခံဖို့ သက်ဆိုင်ရာအာဏာပိုင်ကအကြောင်းကြားထားတာပါ။ ALD အနေနဲ့ ကော်မရှင်ကိုသွားရောက်အစစ်အဆေးမခံဘူးလို့ ပါတီအနေနဲ့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ALD ပါတီ ပြောခွင့်ရ ဦးမြတ်ထွန်းက ပြောပါတယ်။

“ပြန်ပြီးတော့ အကြောင်းမကြားရသေးဘူး။ ကျနော်တို့က မတ်လ ၁၀ ရက်နေ့မှာ သူတို့ဆီကို လာရောက်ရမယ်။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ စစ်ဆေးခံရမယ်ဆိုပြီးတော့ စာမှာ ပါရှိတယ်။ ကျနော်တို့က ပြန်ပြီးတော့ အကြောင်းမကြားရသေးဘူး။ ဒါပေမယ့် အစည်းအဝေးမှာတော့ ဆုံးဖြတ်ချက် ချထားတယ်။ ပါတီကို အရေးယူမယ်ဆိုရင်လည်း ဘာမှ မတတ်နိုင်ဘူးပေါ့၊ သူူတို့ကလည်း သူတို့ လုပ်ပိုင်ခွင့်နဲ့ သူတို့ လုပ်တာကို၊ ကျနော်တို့ပါတီကတော့ သွားရောက်ပြီးတော့ စစ်ဆေးမခံဘူးလို့ ဆုံးဖြတ်ထားပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတွေရဲ့ ငွေစာရင်းဇယားတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဖြစ်တာကြောင့် အယုံအကြည်မရှိဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီပြောခွင့်ရ ဦးမြတ်ထွန်းက ပြောပါတယ်။

“ပါတီစာရင်းဇယားနဲ့မှတ်တမ်းမှတ်ရာတွေ စစ်ဆေးတာကတော့ အရင်တုန်းကလည်း ကျနော်တို့ စစ်ဆေးခံတာတွေ ဘာတွေ မရှိပါဘူး။ အခုခါ ကျနော်တို့ကို လာ ရောက်စစ်ဆေးမယ်ဆိုတော့ ကျနော်တို့ကလည်း အခု UECက ရွေးကောက် တင်မြှောက်ခံထားရတဲ့အစိုးရရဲ့ UEC မဟုတ်တော့ အဲဒါကို နည်းနည်းပြောချင်တယ်။ ရွေးကောက်ခံပြီးတော့တက်လာတဲ့ အစိုးရဆိုရင်တော့ ကျနော်တို့က ရတယ်၊ အခုက ဒီလို ပုံစံကြီးဆိုတော့ အစပိုင်းကလည်း ရွေးကောက်ခံအစိုးရရဲ့ UEC မဟုတ်တော့ အယုံကြည်လည်းမရှိပါဘူးဆိုတာ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ဩဇာကြီးတဲ့ ရခိုင်အမျိုးသားပါတီ ANP ပါတီကတော့ အာဏာသိမ်းခါစ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ပါတီစာရင်းဇယားတွေ ကော်မရှင်မှာ စစ်ဆေးခံခဲ့ပြီးပြီလို့ သိရပါတယ်။

မြန်မာတပြည်လုံးနဲ့ဆိုရင်တော့ အာဏာသိမ်းခံရတဲ့အစိုးရအဖွဲ့ရဲ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းပြည်နယ်မှာ ဩဇာအကြီးဆုံးပါတီ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီတို့ကလည်း ကော်မရှင်မှာသွားပြီး ပါတီစာရင်းဇယားစစ်ဆေးဖို့ဆိုတာကို မလိုက်နာခဲ့ပါဘူး။ ဒီပါတီနှစ်ခုအနေနနဲ့ မတ်လ ၉ ရက်နေ့အထိ နောက်ဆုံးထားပြီး လာရောက်အစစ်ဆေးမခံဘူးဆိုရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အရေးယူသွားမယ်လို့ ကော်မရှင်က သတိပေးထားပါတယ်။

ဘယ်လို သတိပေးပါစေ သူတို့အနေနဲ့ ကော်မရှင်ကိုသွားပြီး ပါတီစာရင်းဇယားအစစ်ခံဖို့မရှိဘူးလို့ SNLD အထွေထွေအတွင်းရေးမှူးစိုင်းလိတ်က ပြောပါတယ်။

“မသိပါဘူးဗျာ။ ရွေးကော်က ဘယ်လိုအကြောင်းပြန်ဦးမလဲ၊ သူတို့ အမိန့်ထုတ် ထားပြီးသားပဲ၊ ၉ ရက်နေ့ကို။ ကျနော်တို့ကလည်း ဆုံးဖြတ်ထားပြီးသားပဲလေ၊ သွားအစစ်မခံဘူး။ ဒီနေ့ ကျော်ပြီးမှ ဆုံးဖြတ်မှာပေါ့။ ဒီနေ့မကျော်ဘဲနဲ့ ဆုံးဖြတ်လို့ မရလောက်ပါဘူး၊ ကျနော်တို့ သဘောထားကတော့ အရင်ဆုံးဖြတ်ထားတဲ့အတိုင်းပါပဲ၊ မပြောင်းပါဘူးဗျ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် ပါတီဗဟိုအလုပ် အမှုဆောင် အယောက် ၂၀ နီးပါးအဖမ်းခံထားရတာ၊ နောက်ပြီး ပါတီစာရင်းတွေ ကိုင်တွယ်ဆောင်ရွက်နေတဲ့ ပါတီ ဘဏ္ဍာရေးမှူးတဦးဖြစ်တဲ့ ဦးသိန်းဦးကိုလည်း ဖမ်းဆီးခံထားရတာအပြင် စာရင်းတွေထိန်းသိမ်းထားတဲ့ ပါတီရုံးချုပ်ကိုလည်း ဖျက်ဆီးခံရတာမို့ ပါတီငွေစာရင်းစစ်ဆေးခံဖို့ဆိုတာ အခက်အခဲအများကြီးရှိတယ် လို့ အမည်မဖော်လိုတဲ့ ပါတီ လူလတ်ပိုင်းခေါင်းဆောင်တဦးက ဗွီအိုအေကိုပြောဆိုထားတာရှိပါတယ်။

စစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မြန်မာနိုင် ငံအတွင်းက ပါတီတွေရဲ့ငွေစာရင်းတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ၉၂ ပါတီရှိတဲ့အနက် လက်ရှိမှာတော့ ၇၅ ပါတီကို စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးပြီလို့ ကော်မရှင်ဘက်က ထုတ်ပြန် ထားပါတယ်။
==============

XS
SM
MD
LG