သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

NLD နဲ႔ SNLD ကို စစ္ေကာင္စီ ေ႐ြးေကာ္ပြဲေကာ္မရွင္သတိေပး 


ေနျပည္ေတာ္မွာရွိတဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္႐ံုး


[[Zawgyi/Unicode]]

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD နဲ႔ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD တို႔ကို ပါတီစာရင္းစစ္ေဆးမႈခံယူဖို႔ ပ်က္ကြက္တာေၾကာင့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ အေရးယူသြားရလိမ့္မယ္လို႔ စစ္ေကာင္စီခန႔္ ေ႐ြးေကာက္ပြဲေကာ္မရွင္က သတိေပးခ်က္ ထုတ္ျပန္ပါတယ္။ SNLD ဘက္ကေတာ့ ဒါဟာ လုပ္ထုံးလုပ္နည္းနဲ႔ မညီၫြတ္ဘူးလို႔ တုံ႔ျပန္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီး ျပန္လည္ဖြဲ႔ထားတဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ပါတီေတြရဲ႕ေငြစာရင္းကို စစ္ေဆးမယ္ဆိုၿပီး ထုတ္ျပန္ခဲ့တဲ့ေနာက္ NLD ပါတီနဲ႔ SNLD ပါတီေတြက သတ္မွတ္ရက္မွာ စစ္ေဆးခံယူမႈမရွိဘူးဆိုၿပီး ထုတ္ျပန္ပါတယ္။ မတ္လ ၉ ရက္ေန႔အထိ ေနာက္ဆုံးထားၿပီး လာေရာက္ စစ္ေဆးမခံဘူးဆိုရင္ေတာ့ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ေကာ္မရွင္က သတိေပးထားပါတယ္။ SNLD ရွမ္းတိုင္းရင္သားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အေထြေထြအတြင္းေရးမႉး စိုင္းလိတ္ကေတာ့ ေကာ္မရွင္ရဲ႕လုပ္ရပ္ဟာ လုပ္ထုံးလုပ္နည္းနဲ႔မညီဘူးလို႔ ေခ်ပေျပာဆိုပါတယ္။

“က်ေနာ္တို႔က သူတို႔ဆီသြားၿပီး အစစ္ေဆးခံဖို႔ အဆင္မေျပဘူး၊ လုပ္ငန္းသေဘာသဘာဝအရဆိုလို႔ရွိရင္ ေငြစာရင္းစစ္ေဆးတယ္ဆိုတာက ဒီအစစ္ေဆးခံမယ့္အဖြဲ႔တည္ေနရာအထိ လာၿပီးေတာ့မွစစ္ေဆးရမွာေပါ့။ အဲဒါက လုပ္ထုံးလုပ္နည္းလို႔ က်ေနာ္တို႔နားလည္တယ္။ အဲလိုမွမဟုတ္ဘဲ လာၿပီးအစစ္ေဆးခံလွည့္ပါဆိုတာမ်ိဳးကေတာ့ အျပစ္တစုံတရာရွိလို႔ သြားၿပီး အစစ္ေဆးခံရမယ့္သေဘာေပါ့။ အဲဒါကို က်ေနာ္တို႔လက္သင့္မခံႏိုင္ပါဘူး။ က်ေနာ္တို႔မွာ ႐ုံးဖြင့္ထားတာ ရွိတယ္။ စာရင္းဇယားေတြ အမွန္အကန္ေတြရွိတယ္။ လိုအပ္ရင္႐ုံးကိုလာစစ္ေဆးပါ။ အဲလိုဆို က်ေနာ္တို႔ အဆင္သင့္ေပါ့ေနာ္။ သူတို႔ဆင့္ေခၚမႈအရ ဘယ္ေနရာဘယ္မွာ သြားအစစ္ခံပါဆိုတာမ်ိဳး ဆိုတာကို က်ေနာ္တို႔ လက္သင့္ခံမွာမဟုတ္ပါဘူး။ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒမွာ ဆင့္ေခၚရင္လာရမယ္။ အစစ္ေဆးခံရမယ္ဆိုတာမ်ိဳး ေရးထားတာမေတြ႔ပါဘူး။ အဲဒါေၾကာင့္မို႔ သူတို႔ဆုံးျဖတ္ခ်က္ေပၚမူတည္တယ္။ က်ေနာ္တို႔က က်ေနာ္တို႔ရပ္တည္မႈကို ဘယ္လိုမွေျပာင္းလဲမွာမဟုတ္ပါဘူး။”

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီအေနနဲ႔ကေတာ့ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္မွာ ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုဥကၠ႒ေတြျဖစ္တဲ့ ဦးဝင္းျမင့္နဲ႔ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔အပါအဝင္ ပါတီဗဟိုအလုပ္အမႈေဆာင္ အေယာက္ ၂၀ နီးပါးအဖမ္းခံထားရတာ၊ ေနာက္ၿပီး ပါတီစာရင္းေတြ ကိုင္တြယ္ေဆာင္႐ြက္ေနတဲ့ ပါတီ ဘ႑ာေရးမႉးတဦးျဖစ္တဲ့ ဦးသိန္းဦးကိုလည္း ဖမ္းဆီးခံထားရတာအျပင္ စာရင္းေတြထိန္းသိမ္းထားတဲ့ ပါတီ႐ုံးခ်ဳပ္ကို လည္း ဖ်က္ဆီးခံရတာမို႔ ပါတီေငြစာရင္းစစ္ေဆးခံဖို႔ဆိုတာ အခက္အခဲအမ်ားႀကီးရွိတယ္လို႔ အမည္မေဖာ္လိုတဲ့ ပါတီ လူလတ္ပိုင္းေခါင္းေဆာင္တဦးက ဗြီအိုေအကိုေျပာပါတယ္။ ဒီလိုအခက္အခဲေတြရွိေနတာကို သိသိနဲ႔ စစ္ေဆးခံဖို႔အတြက္ လုပ္ေဆာင္တာကိုက ပါတီကို ဖ်က္သိမ္းႏိုင္ေအာင္ တမင္ဖန္တီးတာသက္သက္ပဲလို႔ အဲဒီ ပါတီေခါင္းေဆာင္က ဗြီအိုေအကို ေျပာပါတယ္။

ႏိုင္ငံေရးပါတီမ်ားမွတ္ပံုတင္ျခင္းဆုိင္ရာ ဥပေဒမ်ား
ႏိုင္ငံေရးပါတီမ်ားမွတ္ပံုတင္ျခင္းဆုိင္ရာ ဥပေဒမ်ား

ဒါ့အျပင္ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အမ်ားစု အဖမ္းခံထားရတဲ့အတြက္ ပါတီလုပ္ငန္းအရပ္ရပ္အတြက္ ပါတီဗဟိုအလုပ္ေကာ္မတီဆိုတာဖြဲ႔ၿပီး ေဆာင္႐ြက္ေနသလို အဲဒီအဖြဲ႔ဝင္အားလုံးကလည္း လက္ရွိမွာ တိမ္းေရွာင္ေနၾကရတာပါ။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထုတ္ျပန္ခ်က္အရ ပ်က္ကြက္ခဲ့တဲ့ ပါတီႏွစ္ခုကို တည္ဆဲ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္တဲ့ ဥပေဒပါ ပုဒ္မ ၂၄ (က) အရ လာမယ့္ မတ္လ ၉ ရက္ေန႔ ေနာက္ဆုံးထား အစစ္ေဆးခံဖို႔နဲ႔ ထပ္မံ ပ်က္ကြက္ရင္ ပုဒ္မ ၂၄ (ဂ) (ဃ) (င) စတာတို႔နဲ႔ အဆင့္ဆင့္အေရးယူဖို႔လုပ္သြားမယ္လို႔ ပါဝင္ပါတယ္။

တည္ဆဲ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ဥပေဒပါ ပုဒ္မ ၂၄(ဂ) ကေတာ့ ေကာ္မရွင္ၫႊန္ၾကားခ်က္မလိုက္နာတဲ့ပါတီကို ပထမဆုံးအေနနဲ႔ ပါတီလႈပ္ရွားမႈေတြကို ၃ ႏွစ္ထိ ယာယီရပ္ဆိုင္းႏိုင္တဲ့ ပုဒ္မ ျဖစ္ပါတယ္။ ပုဒ္မ ၂၄ (ဃ) ကေတာ့ ဒီလို အျပစ္ေပးတာကိုမွ ထပ္မံ မလိုက္နာရင္ ပါတီလုပ္ငန္းအားလုံးကို ကာလသတ္မွတ္ခ်က္နဲ႔ ရပ္ဆိုင္းဖို႔လုပ္ႏိုင္တဲ့ပုဒ္မပါ။ ပုဒ္မ ၂၄ (င) ကေတာ့ ပါတီကိုအၿပီးတိုင္ ဖ်က္သိမ္းပစ္ႏိုင္တဲ့ အမိန႔္ခ်မွတ္ႏိုင္တဲ့ ဥပေဒပုဒ္မျဖစ္ပါတယ္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူဦးရဲထြန္းကေတာ့ ေကာ္မရွင္ဘက္က ေၾကညာခ်က္နဲ႔ပတ္သက္လို႔ ဒီလိုအေရးပါတဲ့ ပါတီႏွစ္ရပ္ကို ဖ်က္ဖို႔ လိုလားမွာမဟုတ္ဘူးလို႔ သူ႔အျမင္ေျပာပါတယ္။

“ပူးေပါင္းေဆာင္႐ြက္မႈမျပဳဘူးဆိုေတာ့ အစစ္ေဆးမခံဘူးဆိုတဲ့ သေဘာပဲ ရွိတာေပါ့။ ဒါနဲ႔ပတ္သက္လို႔က ဥပေဒအရက ဘယ္လိုသတ္မွတ္ထားလဲ။ မေျပာႏိုင္ဘူးေပါ့။ က်ေနာ္မွန္းၾကည့္တာကေတာ့ ႏိုင္ငံေရးအရ မဖ်က္သိမ္းေစခ်င္ဘူး။ UEC အေနနဲ႔တတ္ႏိုင္သေလာက္ ပါေစခ်င္တာေပါ့။ အဓိကအားျဖင့္က NLD နဲ႔ SNLD ပါပဲ။ နည္းနည္းေတာ့ႏိုင္ငံေရးအရ တြက္ခ်က္မယ္ထင္ပါတယ္။ အေရးယူတဲ့ကိစၥမွာေလ။ တတ္ႏိုင္သမွ် ပါေစခ်င္တယ္။ သူတို႔လုပ္မယ့္ေ႐ြးေကာက္ပြဲမွာေလ။ ပါေစခ်င္ေတာ့ ဒီၾကားထဲ မတရားသျဖင့္ ဖ်က္သိမ္းလိုက္တာမ်ိဳး အျဖစ္မခံခ်င္ဘူး။”

လက္ရွိမွာ ႏိုင္ငံေရးပါတီ ၉၂ ပါတီရွိတဲ့အနက္ ၇၅ ပါတီကို စစ္ေဆးမႈေတြ ေဆာင္႐ြက္ၿပီးၿပီလို႔ ေကာ္မရွင္ဘက္က ထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

NLD နဲ့ SNLD ကို စစ်ကောင်စီ ရွေးကော်ပွဲကော်မရှင်သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ကို ပါတီစာရင်းစစ်ဆေးမှုခံယူဖို့ ပျက်ကွက်တာကြောင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ အရေးယူသွားရလိမ့်မယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က သတိပေးချက် ထုတ်ပြန်ပါတယ်။ SNLD ဘက်ကတော့ ဒါဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ပြန်လည်ဖွဲ့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတွေရဲ့ငွေစာရင်းကို စစ်ဆေးမယ်ဆိုပြီး ထုတ်ပြန်ခဲ့တဲ့နောက် NLD ပါတီနဲ့ SNLD ပါတီတွေက သတ်မှတ်ရက်မှာ စစ်ဆေးခံယူမှုမရှိဘူးဆိုပြီး ထုတ်ပြန်ပါတယ်။ မတ်လ ၉ ရက်နေ့အထိ နောက်ဆုံးထားပြီး လာရောက် စစ်ဆေးမခံဘူးဆိုရင်တော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ အရေးယူသွားမယ်လို့ ကော်မရှင်က သတိပေးထားပါတယ်။ SNLD ရှမ်းတိုင်းရင်သားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကတော့ ကော်မရှင်ရဲ့လုပ်ရပ်ဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ချေပပြောဆိုပါတယ်။

“ကျနော်တို့က သူတို့ဆီသွားပြီး အစစ်ဆေးခံဖို့ အဆင်မပြေဘူး၊ လုပ်ငန်းသဘောသဘာဝအရဆိုလို့ရှိရင် ငွေစာရင်းစစ်ဆေးတယ်ဆိုတာက ဒီအစစ်ဆေးခံမယ့်အဖွဲ့တည်နေရာအထိ လာပြီးတော့မှစစ်ဆေးရမှာပေါ့။ အဲဒါက လုပ်ထုံးလုပ်နည်းလို့ ကျနော်တို့နားလည်တယ်။ အဲလိုမှမဟုတ်ဘဲ လာပြီးအစစ်ဆေးခံလှည့်ပါဆိုတာမျိုးကတော့ အပြစ်တစုံတရာရှိလို့ သွားပြီး အစစ်ဆေးခံရမယ့်သဘောပေါ့။ အဲဒါကို ကျနော်တို့လက်သင့်မခံနိုင်ပါဘူး။ ကျနော်တို့မှာ ရုံးဖွင့်ထားတာ ရှိတယ်။ စာရင်းဇယားတွေ အမှန်အကန်တွေရှိတယ်။ လိုအပ်ရင်ရုံးကိုလာစစ်ဆေးပါ။ အဲလိုဆို ကျနော်တို့ အဆင်သင့်ပေါ့နော်။ သူတို့ဆင့်ခေါ်မှုအရ ဘယ်နေရာဘယ်မှာ သွားအစစ်ခံပါဆိုတာမျိုး ဆိုတာကို ကျနော်တို့ လက်သင့်ခံမှာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ဆင့်ခေါ်ရင်လာရမယ်။ အစစ်ဆေးခံရမယ်ဆိုတာမျိုး ရေးထားတာမတွေ့ပါဘူး။ အဲဒါကြောင့်မို့ သူတို့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်။ ကျနော်တို့က ကျနော်တို့ရပ်တည်မှုကို ဘယ်လိုမှပြောင်းလဲမှာမဟုတ်ပါဘူး။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင် အယောက် ၂၀ နီးပါးအဖမ်းခံထားရတာ၊ နောက်ပြီး ပါတီစာရင်းတွေ ကိုင်တွယ်ဆောင်ရွက်နေတဲ့ ပါတီ ဘဏ္ဍာရေးမှူးတဦးဖြစ်တဲ့ ဦးသိန်းဦးကိုလည်း ဖမ်းဆီးခံထားရတာအပြင် စာရင်းတွေထိန်းသိမ်းထားတဲ့ ပါတီရုံးချုပ်ကို လည်း ဖျက်ဆီးခံရတာမို့ ပါတီငွေစာရင်းစစ်ဆေးခံဖို့ဆိုတာ အခက်အခဲအများကြီးရှိတယ်လို့ အမည်မဖော်လိုတဲ့ ပါတီ လူလတ်ပိုင်းခေါင်းဆောင်တဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီလိုအခက်အခဲတွေရှိနေတာကို သိသိနဲ့ စစ်ဆေးခံဖို့အတွက် လုပ်ဆောင်တာကိုက ပါတီကို ဖျက်သိမ်းနိုင်အောင် တမင်ဖန်တီးတာသက်သက်ပဲလို့ အဲဒီ ပါတီခေါင်းဆောင်က ဗွီအိုအေကို ပြောပါတယ်။

ဒါ့အပြင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အများစု အဖမ်းခံထားရတဲ့အတွက် ပါတီလုပ်ငန်းအရပ်ရပ်အတွက် ပါတီဗဟိုအလုပ်ကော်မတီဆိုတာဖွဲ့ပြီး ဆောင်ရွက်နေသလို အဲဒီအဖွဲ့ဝင်အားလုံးကလည်း လက်ရှိမှာ တိမ်းရှောင်နေကြရတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရ ပျက်ကွက်ခဲ့တဲ့ ပါတီနှစ်ခုကို တည်ဆဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ ဥပဒေပါ ပုဒ်မ ၂၄ (က) အရ လာမယ့် မတ်လ ၉ ရက်နေ့ နောက်ဆုံးထား အစစ်ဆေးခံဖို့နဲ့ ထပ်မံ ပျက်ကွက်ရင် ပုဒ်မ ၂၄ (ဂ) (ဃ) (င) စတာတို့နဲ့ အဆင့်ဆင့်အရေးယူဖို့လုပ်သွားမယ်လို့ ပါဝင်ပါတယ်။

တည်ဆဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေပါ ပုဒ်မ ၂၄(ဂ) ကတော့ ကော်မရှင်ညွှန်ကြားချက်မလိုက်နာတဲ့ပါတီကို ပထမဆုံးအနေနဲ့ ပါတီလှုပ်ရှားမှုတွေကို ၃ နှစ်ထိ ယာယီရပ်ဆိုင်းနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။ ပုဒ်မ ၂၄ (ဃ) ကတော့ ဒီလို အပြစ်ပေးတာကိုမှ ထပ်မံ မလိုက်နာရင် ပါတီလုပ်ငန်းအားလုံးကို ကာလသတ်မှတ်ချက်နဲ့ ရပ်ဆိုင်းဖို့လုပ်နိုင်တဲ့ပုဒ်မပါ။ ပုဒ်မ ၂၄ (င) ကတော့ ပါတီကိုအပြီးတိုင် ဖျက်သိမ်းပစ်နိုင်တဲ့ အမိန့်ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူဦးရဲထွန်းကတော့ ကော်မရှင်ဘက်က ကြေညာချက်နဲ့ပတ်သက်လို့ ဒီလိုအရေးပါတဲ့ ပါတီနှစ်ရပ်ကို ဖျက်ဖို့ လိုလားမှာမဟုတ်ဘူးလို့ သူ့အမြင်ပြောပါတယ်။

“ပူးပေါင်းဆောင်ရွက်မှုမပြုဘူးဆိုတော့ အစစ်ဆေးမခံဘူးဆိုတဲ့ သဘောပဲ ရှိတာပေါ့။ ဒါနဲ့ပတ်သက်လို့က ဥပဒေအရက ဘယ်လိုသတ်မှတ်ထားလဲ။ မပြောနိုင်ဘူးပေါ့။ ကျနော်မှန်းကြည့်တာကတော့ နိုင်ငံရေးအရ မဖျက်သိမ်းစေချင်ဘူး။ UEC အနေနဲ့တတ်နိုင်သလောက် ပါစေချင်တာပေါ့။ အဓိကအားဖြင့်က NLD နဲ့ SNLD ပါပဲ။ နည်းနည်းတော့နိုင်ငံရေးအရ တွက်ချက်မယ်ထင်ပါတယ်။ အရေးယူတဲ့ကိစ္စမှာလေ။ တတ်နိုင်သမျှ ပါစေချင်တယ်။ သူတို့လုပ်မယ့်ရွေးကောက်ပွဲမှာလေ။ ပါစေချင်တော့ ဒီကြားထဲ မတရားသဖြင့် ဖျက်သိမ်းလိုက်တာမျိုး အဖြစ်မခံချင်ဘူး။”

လက်ရှိမှာ နိုင်ငံရေးပါတီ ၉၂ ပါတီရှိတဲ့အနက် ၇၅ ပါတီကို စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးပြီလို့ ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်ရှင်။

==============

XS
SM
MD
LG