သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးအကျဉ်းသူတွေအတွက် ဟောလီဝုဒ်အကျော်အမော်တွေပါလာဖို့လှုပ်ရှားမှု


မန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို သတ္တိရှိရှိတွန်းလှန်မှုကြောင့် အကျဉ်းကျခံနေရတဲ့ အမျိုးသမီးထုနဲ့အတူရှိနေကြောင်း ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး Kirsten Vangsness က ပြောကြားလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေကို ဂုဏ်ပြု ရေးသားထားတဲ့ သူ့ရဲ့အိတ်ဖွင့်ပေးစာကိုလည်း ယူကျူဗွီဒီယိုကနေ ကိုယ်တိုင်ဖတ်ပြခဲ့တာပါ။

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို သတ္တိရှိရှိတွန်းလှန်မှုကြောင့် အကျဉ်းကျခံနေရတဲ့ အမျိုးသမီးထုနဲ့အတူရှိနေကြောင်း ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး Kirsten Vangsness က ပြောကြားလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေကို ဂုဏ်ပြု ရေးသားထားတဲ့ သူ့ရဲ့အိတ်ဖွင့်ပေးစာကိုလည်း ယူကျူဗွီဒီယိုကနေ ကိုယ်တိုင်ဖတ်ပြခဲ့တာပါ။ အခုလို မြန်မာစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ နာမည်ကျော် ဟောလီးဝုဒ် အနုပညာရှင်တွေ ဘာကြောင့်ပါဝင်လာကြသလဲ။ ဘယ်လောက်ထိ ထိရောက်မှုရှိသလဲ။ အရင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးမှာ ကမ္ဘာကျော်အနုပညာရှင်တွေ ပါဝင်ခဲ့ကြတဲ့အခြေအနေ နဲ့ အခုကန်ပိမ်းလှုပ်ရှားမှုအခြေအနေဘယ်လို ကွာခြားမှုတွေရှိနေလဲ။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်လက်တင်ပြမှာပါ။

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို သတ္တိရှိရှိတွန်းလှန်မှုကြောင့် အကျဉ်းကျခံနေရတဲ့ အမျိုးသမီးထုနဲ့အတူရှိနေကြောင်း ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး Kirsten Vangsness က ပြောကြားလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေကို ဂုဏ်ပြု ရေးသားထားတဲ့ သူ့ရဲ့အိတ်ဖွင့်ပေးစာကိုလည်း ယူကျူဗွီဒီယိုကနေ ကိုယ်တိုင်ဖတ်ပြခဲ့တာပါ။ အခုလို မြန်မာစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ နာမည်ကျော် ဟောလီးဝုဒ် အနုပညာရှင်တွေ ဘာကြောင့်ပါဝင်လာကြသလဲ။ ဘယ်လောက်ထိ ထိရောက်မှုရှိသလဲ။ အရင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးမှာ ကမ္ဘာကျော်အနုပညာရှင်တွေ ပါဝင်ခဲ့ကြတဲ့အခြေအနေ နဲ့ အခုကန်ပိမ်းလှုပ်ရှားမှုအခြေအနေဘယ်လို ကွာခြားမှုတွေရှိနေလဲ။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်လက်တင်ပြမှာပါ။


ဒါကတော့ အမေရိကန်ပြည်ထောင်စုမှာ လူသိများတဲ့ Criminal Minds ဇာတ်လမ်းတွဲထဲက မင်းသမီး Kirsten Vangsness ကနေ- မြန်မာနိုင်ငံက အံ့သြစရာကောင်းလောက်အောင် ရဲရင့်ပြီး ကြံကြံခိုင်နိုင်တဲ့ ညီအမတွေနဲ့ အတူ ရှိနေကြောင်းနဲ့ မြန်မာအမျိုးသမီးတွေရဲ့ ရဲရင့်မှုတွေကို တကမ္ဘာလုံးက မြင်တွေ့နေရတယ်ဆိုတဲ့အကြောင်းရေးသားထားတဲ့ ညီအမများသို့ဆိုတဲ့သူရဲ့အိတ်ဖွင့်ပေးစာကို ဖတ်ပြနေတာပါ။

အခုလို မြန်မာ့အရေးမှာ လူသိများတဲ့ အမေရိကန် အနုပညာရှင်ပါဝင်လာခြင်းအားဖြင့် အမေရိကန်အပါအဝင် နိုင်ငံတကာ အနေနဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့လှုပ်ရှားမှုမှာ ပိုမိုအလေးပေးဆောင်ရွက်လာစေဖို့ကို အထောက်အကူဖြစ်စေကြောင်း Letters2Sisters ကမ်ပိန်းလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေတဲ့ အမေရိကန်အခြေစိုက် Campaign for a New Myanmar ရဲ့ပြောခွင့်ရ Michael Haack က ဗွီအိုအေကို ပြောပါတယ်။

"ကမ်ပိန်းလှုပ်ရှားမှု ရဲ့ အဓိကအကြောင်းအရင်းကတော့- အမေရိကန်ပြည်ထောင်စုက လူတွေရဲ့ အသိစိတ်ထဲမှာ မြန်မာနိုင်ငံကိစ္စကို ဆက်လက်ရှိနေဖို့ပါ။ သတင်းသံသရာထဲ ဝင်လိုက်ထွက်လိုက်ဖြစ်နေတော့ ဒီနည်းလမ်းနဲ့ မြန်မာ့အရေးမှာ သွေးမအေးအောင်ထိန်းထားဖို့ပါ။ နောက်တခုက ပံ့ပိုးပေးတဲ့အပိုင်းပါ။ ကျနော်တို့ သိနေတဲ့ လူတွေ အရမ်းခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေရချိန်မှာ တတ်နိုင်သလောက် အားပေးစကားပြောတာပါ။ Kirsten ဟာ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အကြောင်းကို ကြားသိရတဲ့အခါမှာ စိတ်လှုပ်ရှားခံစားမိပြီး သူကိုယ်တိုင် တခုခုလုပ်ပေးချင်တဲ့ဆန္ဒရှိခဲ့တာပါ။ ဒါကြောင့် အခုလို စာရေးသားပေးပို့ခဲ့တာပါ။ အခုလို စည်းလုံးညီညွတ်မှုကိုပြသတာ၊ ဒုက္ခရောက်နေတဲ့သူတွေအပေါ် ဂရုစိုက်မှု၊ ကိုယ်ချင်းစာတရားရှိမှုကို အခြားသူတွေက ထုတ်ဖေါ်ပြသတာဟာ ကောင်းမွန်တဲ့လုပ်ရပ်လို့ ကျနော်မြင်ပါတယ်။"

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ မှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာဖမ်းဆီးခံရတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိနေကြောင်း Sisters2Sisters ကမ်ပိန်းလှုပ်ရှားမှုမှာပါဝင်နေသူဖြစ်တဲ့ ကာလီဖိုးနီးယားပြည်နယ် Stand Ford တက္ကသိုလ်က ဘွဲ့လွန် နိုင်ငံတကာမူဝါဒရေးရာဘာသာရပ်ကို သင်ကြားနေသူ မမီမီခန့်က ဗွီအိုအေကို ပြောပါတယ်။ ဒါတွေကို နိုင်ငံတကာသိအောင် ထုတ်ဖေါ်တဲ့ ရည်ရွယ်ချက်အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ မြန်မာအမျိုးသမီးတွေ ရဲရဲရင့်ရင့်ပါဝင်နေကြတဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်တဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူတွေဆီကို စာရေးသားပေးပို့တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်တယ်လို့ မမီမီခန့်က အခုလို ရှင်းပြပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိ အမျိုးသမီးတွေအနေနဲ့ အဓိကကြုံနေရတဲ့ ဖိနှိပ်ခံရမှုတွေ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ခံရမှုတွေ၊ ပြီးတော့ကျတော့ စစ်အစိုးရကနေပြီးတော့ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်တာမျိုးတွေရှိတယ်။ ပြီးလို့ရှိရင် အခုဆိုလို့ရှိရင် တယ်လီဂရမ်မှာဆိုလို့ရှိရင် စစ်အစိုးရဘက်က အကောင့်တွေကနေပြီးတော့ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကို တိုက်ခိုက်တာတွေ ရှိတယ်။ အဲလိုမျိုးပေါ့နော်..အဓိက ကတော့ အမျိုးသမီးတွေအနေနဲ့ သီးသန့်ကြုံရတဲ့ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံတွေ၊ ပြီးလို့ရှိရင် တခြားအခက်အခဲတွေကို awareness တက်လာဖို့ လှုပ်ရှားတဲ့ ကမ်ပိန်း တခုဖြစ်တယ်။ အဓိက ကတော့ အခု တော်လှန်ရေးထဲမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ အရေးကြီးတဲ့ ကဏ္ဍကိုပေါ့နော်-မီးမောင်းထိုးပြချင်တဲ့ ရည်ရွယ်ချက်လည်း ရှိသလို တော်လှန်ရေးထဲမှာပဲ ဆက်ပြီးတော့ အမျိုးသမီးတွေ သီးသန့်ကြုံရတဲ့ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရမှုတွေနဲ့ တခြားအခက်အခဲတွေပေါ့နော်-ဥပမာဆိုလို့ရှိရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အခက်အခဲတွေရှိမယ်။ အဲလိုအခက်အခဲတွေကိုလည်း မီးမောင်းထိုးပြချင်တဲ့ ကမ်ပိန်းတခုဖြစ်ပါတယ်။”

ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး Kirsten Vangsness ပါဝင်တဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူတွေဆီ စာရေးသားပေးပို့တဲ့ လှုပ်ရှားမှုမျိုးကို အရင် စစ်အစိုးရလက်ထက် နှစ်ပေါင်းများစွာ နေအိမ်အကျဉ်းချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာလှုပ်ရှားမှုမှာ ကမ္ဘာကျော် ထိပ်တန်းအနုပညာရှင်တချို့ပါဝင်ခဲ့ကြတာပါ။ အဲဒီတုန်းက အချိန်နဲ့ ဒီတကြိမ် လှုပ်ရှားမှုမှာ ဟောလီးဝုဒ်က အနုပညာရှင်တွေပါဝင်လာအောင် စည်းရုံးတဲ့ အခြေအနေ ဘယ်လိုကွာခြားချက်တွေရှိနေပါသလဲ။ Michael Haack က အခုလိုတုံ့ပြန်ပါတယ်။

"အရမ်းကောင်းတဲ့ မေးခွန်းပါ။ ပြောချင်တာက အခုလှုပ်ရှားမှုအခြေအနေက အဲဒီတုန်းက အခြေအနေနဲ့မတူပါဘူး။ အကြောင်းအရာ ကွဲပြားပါတယ်။ အရင်ကမ်ပိန်းလှုပ်ရှားမှုတုန်းက ဟောလီးဝုဒ်က တကယ့်နာမည်ကြီးတွေ ပါဝင်ခဲ့ပါတယ်။ အခုတကြိမ်မှာလည်း အလားတူလုပ်ဆောင်ဖို့ ကြိုးစားတာပါ။ ဒါပေမယ့် ဒီတကြိမ်မှာက အရင်လို ဒေါ်အောင်ဆန်းစုကြည် ပုဂ္ဂိုလ်တဦးကိုပဲ လုံးလုံးအာရုံစိုက်လုပ်ဆောင်တာ မဟုတ်ပါဘူး။ အခြားနိုင်ငံတနိုင်ငံရဲ့ အကူးအပြောင်းမှာ မျိုးဆက်တခုရဲ့ ပါဝင်မှုကို အာရုံစိုက်တာပါ။ ဒါကြောင့် အရင်ကထက် ပိုပြီး တိုးတက်လာတယ်လို့ ကျနော်မြင်ပါတယ်။"

ဒီတကြိမ် မြန်မာ့အရေးကိစ္စမှာ ဟောလီးဝုဒ်အနုပညာရှင်တွေပါဝင်ကူညီအောင်ဆောင်ရွက်ဖို့အတွက် စည်းရုံးလှုပ်ရှားမှုမှာ အရင်အခြေအနေနဲ့မတူပဲ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုလည်း မမီမီခန့်က ပြောပါတယ်။

CBS ရုပ်သံကနေ ထုတ်လွှင့်တဲ့ Criminal Minds ဇာတ်လမ်း ရဲ့ ဇာတ်ဆောင် မင်းသမီးတဦးလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ Kirsten Vangsness က မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူတွေနဲ့ တသားတည်းရှိနေကြောင်း ရေးသားပေးပို့တဲ့စာကို ကိုယ်တိုင်ဖတ်ကြားထားတဲ့ ဗွီဒီယိုကို မတ်လ ၂၈ ရက်နေ့က ဆိုရှယ်မီဒီယာတွေမှာ စတင် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ အခုလို ကမ်ပိန်းလှုပ်ရှားမှုရဲ့ ထိရောက်မှု အတိုင်းအတာနဲ့ ပတ်သက်လို့ Michael Haack ကိုမေးကြည့်တော့-

"ဘယ်လောက်ထိ ထိရောက်မှုရှိသလဲဆိုတာမျိုး ဒီလိုကမ်ပိန်လှုပ်ရှားမှုကို ချက်ချင်းတိုင်းတာလို့မရပါဘူး။ ဒါပေမယ့် သေချာတဲ့အချက် အနည်းငယ်ရှိပါတယ်။ ပထမတချက်က ထောင်ထဲမှာရှိနေတဲ့သူတွေကို ပစ်မထားပဲ စောင့်ကြည့်နေကြပြီး အားပေးစကားပြောဆိုမှုဟာ သူတို့အတွက် ခွန်အားဖြစ်စေတဲ့ အချက်ပါ။ ဒါကိုလည်း လူတွေက အသိအမှတ်ပြုလေးစားကြပါတယ်။ ဒုတိယအချက်ကတော့ မြန်မာ့အရေး ပိုမိုသိရှိ ဆောင်ရွက်လာအောင်ဖြစ်ပါတယ်။"

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူတွေဆီ စာရေးသားပေးပို့တဲ့ နိုင်ငံတကာလှုပ်ရှားမှုကို Campaign for a New Myanmar၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု (GM4MD)၊ လူ့အခွင့်အရေး လှုပ်ရှားမှုစင်တာ၊ Myanmar Youth for Democracy၊ နဲ့ Sisters2Sisters တို့ ပူးပေါင်းအကောင်အထည်ဖေါ်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအကျဉ်းထောင်တွေကို စောင့်ကြည့်လေ့လာနေတဲ့ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၁၄ လလောက်က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၀၀၀၀ ရှိနေတယ်လို့ ဆိုပါတယ်။အကျဉ်းသားအများစုဟာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ ထိန်းသိမ်းခံထားရကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ့သမိုင်းမှာ တနှစ်လောက်နီးပါးအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် အများဆုံးဖြစ်တယ်လို့လည်းဆိုပါတယ်။
အေအေပီပီ ရဲ့ အနီးကပ် စောင့်ကြည့်လေ့လာမှုတွေအရ ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ တရက်ကို သံသယရှိသူ အနည်းဆုံး အယောက် ၂၀ နှုန်းနဲ့ ဖမ်းဆီးနေကြောင်း ရေးသားထားပါတယ်။

#MyanmarPoliticalPrisoner #FemalePoliticalPrisoners #Women #VOABurmese #KirstenVangsness #MichaelHaack #မီမီခန့် #မြန်မာနိုင်ငံရေးအကျဉ်းသူ #ဗွီအိုအေ

-----------------------




















XS
SM
MD
LG