သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားေတြအတြက္ အနိမ့္ဆုံးလုပ္အားခ တိုးျမွင့္သတ္မွတ္ေရး အဆင္မေျပေသး


လိႈင္သာယာစက္မႈဇုန္ အထည္ခ်ဳပ္စက္႐ံုမွာ အလုပ္လုပ္ေနၾကတဲ့ျမန္မာအလုပ္သမားမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာအလုပ္သမားေတြအတြက္ တရက္တာ အနိမ့္ဆုံးလုပ္ခလစာ ၄,၈၀၀ က်ပ္ကေန ျပင္ဆင္သတ္မွတ္ေတာ့မယ္လို႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာေပမဲ့ ျမန္မာ အလုပ္သမားဌာနဘက္ေတာ့ လတ္တေလာမွာ လုပ္ခလစာနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်တာ မရွိေသးေၾကာင္း ေျပာပါတယ္။ လစာတိုးေပးဖို႔ကိစၥဆိုတာ လက္ရွိအေျခအေနမွာ သူတို႔အေနနဲ႔ ႀကီးမားတဲ့စိန္ေခၚမႈျဖစ္ေနေၾကာင္းလည္း အလုပ္သမားေရးဌာန အရာရွိက ေျပာလိုက္တာပါ။ ရန္ကုန္က ေပးပို႔ထားတဲ့သတင္းကို ကိုဝင္းခန္႔ေမာင္က တင္ျပေပးထားပါတယ္။

အေထြေထြကုန္ေစ်းႏႈန္းျမင့္တက္လာမႈေၾကာင့္ အနိမ့္ဆုံးလုပ္ခလစာ တရက္ ၄,၈၀၀ က်ပ္ကို ၈,၀၀၀ က်ပ္အထိတိုးေပးဖို႔ စက္မႈဇုံအလုပ္သမားေတြက ေတာင္းဆိုေနေပမဲ့ ျမန္မာ အလုပ္သမားေရး ဌာနဘက္ကေတာ့ ဒီကိစၥကို သူတို႔အေနနဲ႔ လက္ငင္းဆုံးျဖတ္ေပးဖို႔ အစီအစဥ္မရွိေသးေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။ စီးပြားေရး ေကာင္းစြာ မလည္ပတ္ေသးတဲ့အတြက္ လစာတိုးေပးဖို႔ဆိုတာ ႀကီးမားတဲ့ စိန္ေခၚမႈျဖစ္ေနတယ္လို႔ အလုပ္သမားေရးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ ဦးၫြန႔္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

"ဘယ္အေျခခံအဖြဲ႕အစည္းက ဘယ္ၿမိဳ႕နယ္ အဖြဲ႕အစည္းက ၈,၀၀၀ တို႔ ၉,၀၀၀ တို႔ေျပာလို႔ ဒီလို က်ေနာ္တို႔ ေဆာင္႐ြက္သြားမွာမဟုတ္ပါဘူး။ လက္ရွိလည္း ဒီဟာကို ေဆာင္႐ြက္ ဖို႔ အေျခအေန မရွိေသးဘူး။ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ေျပာထားတာရွိတယ္၊ တိုင္းျပည္ရဲ႕စီးပြားေရး ေကာင္းမြန္ေအာင္ေဆာင္႐ြက္ၿပီးမွပဲ အစိုးရဝန္ထမ္းေတြ လစာတိုးဖို႔၊ တဘက္ကလည္း ပုဂၢလိကက႑မွာရွိတဲ့ အလုပ္သမားေတြရဲ႕ အေျခခံလစာေတြကို ျမႇင့္ တင္ေပးဖို႔ဆိုၿပီး ဒီလိုေျပာထားတာ ရွိပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ လက္ရွိႏိုင္ငံအေျခအေနအရ စီးပြားေရးေကာင္းေအာင္ လုပ္ေနဆဲ ဒီအေျခအေနပဲရွိတယ္။ ဒါေၾကာင့္ လက္တေလာမွာ မူလသတ္မွတ္ထားတဲ့ ႏႈန္းကေန ေနာက္ႏႈန္းတခုကို က်ေနာ္တို႔ေျပာင္းဖို႔၊ တိုးတက္ဖို႔ဆိုတာ အရမ္းႀကီးမားတဲ့ စိန္ေခၚမႈ ျဖစ္ပါတယ္။"

စီးပြားေရး တိုးတက္လာမယ့္အခ်ိန္ကို မွန္းဆၿပီး လက္တေလာမွာ လုပ္ခလစာကိစၥကို ေဆြးေႏြးေနျခင္းပဲျဖစ္တယ္လို႔ သူကေျပာပါတယ္။ အထည္ခ်ဳပ္၊ အိတ္ခ်ဳပ္ ဒီလုပ္ငန္းေတြမွာ ကုန္အမွာေတြ က်ဆင္းေနသလို တက္မွာလည္း ေဒၚလာေငြလဲလွယ္ႏႈန္းေၾကာင့္ ကုန္ၾကမ္းေစ်းတက္တာနဲ႔ ႀကဳံေနရတယ္လို႔ အၿမဲတမ္းအတြင္းဝန္ ဦးၫြန႔္ဝင္းက ေျပာပါတယ္။

အနိမ့္ဆုံးလုပ္ခလစာသတ္မွတ္ခ်က္ကို တရက္တာ အလုပ္ခ်ိန္ ၈ နာရီအတြက္ ၄,၈၀၀ က်ပ္အျဖစ္ ၂၀၁၈ ခုႏွစ္မွာ NLD အစိုးရက ေျပာင္းလဲသတ္မွတ္ခဲ့တာပါ။ အခု စစ္ေကာင္စီ လက္ထက္မွာေတာ့ အေထြေထြကုန္ေစ်းႏႈန္းေတြ အဆမတန္တက္လာသလို ကမာၻ႔စီးပြား အက်ပ္အတည္းကိုလည္း ရင္ဆိုင္ရတာေၾကာင့္ အလုပ္သမားေတြက လစာတိုးေပးဖို႔ ေတာင္းဆိုလာၾကပါတယ္။ တရက္လုပ္ခ ၄,၈၀၀ က်ပ္ကေန တိုးေပးဖို႔အတြက္လည္း စက္႐ုံတြင္း ဆႏၵျပ ေတာင္းဆိုမႈေတြလည္း အမ်ားအျပား ရွိေနတာပါ။

နာမည္ႀကီး Adidas ဖိနပ္ေတြခ်ဳပ္ေပးေနတဲ့ Myanmar Pou Chen (ျမန္မာေပါင္ခ်ိန္) မွာ စက္႐ုံမွာ တရက္လုပ္ခကို ၈,၀၀၀ က်ပ္ တိုးေတာင္းတဲ့အတြက္ အလုပ္သမား ၂၆ ေယာက္ အလုပ္ထုတ္ခံထားရပါတယ္။ လက္ရွိမွာ သူ႔တို႔အားလုံးက အလုပ္သမား ၫႊန္ၾကားေရး ဦးစီးဌာနမွာ အမႈရင္ဆိုင္ေနရတာပါ။ သူတို႔ကို အလုပ္ျပန္ခန႔္ေပးဖို႔ Adidas လုပ္ငန္းဘက္ က ေတာင္းဆိုထားေပမဲ့ ျမန္မာေပါင္ခ်ိန္ဘက္ကေတာ့ လက္မခံေသးပါဘူး။ အမႈရင္ဆိုင္ေနတဲ့ ျမန္မာေပါင္ခ်ိန္စက္႐ုံက အလုပ္သမားတဦးက အခုလိုေျပာပါတယ္။

"ညီမတို႔ ဒီလုပ္ငန္းခြင္ထဲ ျပန္ဝင္ဖို႔အတြက္ အစြမ္းကုန္ လုပ္ေဆာင္ေနတယ္။ Adidas ဘက္ကလည္း စုံစမ္းေနတဲ့အခ်ိန္မွာလည္း သူတို႔က Adidas ကို အေရးမလုပ္ဘူးဆိုတဲ့ပုံစံမ်ိဳးနဲ႔ လုပ္ေနတာေပါ့။ အဲဒါမ်ိဳးေတြလည္း ဆက္ၿပီးေတာ့ မလုပ္ေဆာင္ဖို႔၊ အလုပ္သမားေတြ အေရးအတြက္ အလုပ္သမားဝန္ႀကီးဌာနဘက္ကလည္း လုပ္ခလစာတိုးေပးမယ္ ဆိုတဲ့အတြက္လည္း အမ်ားႀကီး ေမွ်ာ္လင့္ထားပါတယ္။"

ျမန္မာေပါင္ခ်ိန္စက္႐ုံက အလုပ္သမားေတြ အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတာကို New York Times သတင္းစာႀကီးက ၿပီးခဲ့တဲ့ ရက္ပိုင္းထဲမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ကမာၻ႔ ဖလားမွာ အားကစားသမားေတြဝတ္တဲ့ ဂ်ာစီအက်ႌကို ျမန္မာႏိုင္ငံက အလုပ္သမားေတြက တရက္လုပ္ခ ၂ ေဒၚလာေက်ာ္ေလးနဲ႔ ခ်ဳပ္လုပ္ေပးခဲ့တာလို႔ ေရးသားေဖာ္ျပခဲ့တာပါ။

အထည္ခ်ဳပ္စက္႐ုံေတြမွာ အလုပ္သမား အခြင့္အေရး ခ်ိဳးေဖာက္ခံရတဲ့ကိစၥေတြလည္း အမ်ားအျပား ျဖစ္ေပၚေနပါတယ္။ ရန္ကုန္ အင္းစိန္ဇုံ (၃) က Cotton Textile Garment စက္႐ုံဟာ အလုပ္သမားေတြကို ေပးရမဲ့ ကြၽမ္းက်င္ေၾကးကို ျဖတ္ေတာက္ခဲ့ပါတယ္။ ဒါေၾကာင့္ ႏိုဝင္ဘာလထဲမွာ အဲဒီစက္႐ုံက အလုပ္သမား ၁,၀၀၀ ေက်ာ္က ဆႏၵျပ ေတာင္းဆိုခဲ့ၾကတာပါ။

တႏိုင္ငံလုံးက အထည္ခ်ဳပ္လုပ္ငန္းေတြမွာ လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သမားက အခုႏွစ္ ေအာက္တိုဘာလကုန္အထိ ၄၁၀,၀၀၀ ေက်ာ္ရွိၿပီး ႏိုင္ငံျခားသားက ၂,၆၀၀ ေက်ာ္ရွိတယ္လို႔ အစိုးရအလုပ္သမား ဌာနဘက္က ေျပာပါတယ္။
#MyanmarPouChen #Adidas #ျမန္မာအထည္ခ်ဳပ္ #လစာတုိးေတာင္း #တေန႔ႏွစ္ေဒၚလာ #ဦးညြန္႔ဝင္း #ျမန္မာေပါင္ခ်ိန္ #အင္းစိန္ဇံု(၃) #ျမန္မာ့စီးပြါးေရး

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

မြန်မာအလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်သတ်မှတ်ရေး အဆင်မပြေသေး

မြန်မာအလုပ်သမားတွေအတွက် တရက်တာ အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ ကျပ်ကနေ ပြင်ဆင်သတ်မှတ်တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပေမဲ့ မြန်မာ အလုပ်သမားဌာနဘက်တော့ လတ်တလောမှာ လုပ်ခလစာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတာ မရှိသေးကြောင်း ပြောပါတယ်။ လစာတိုးပေးဖို့ကိစ္စဆိုတာ လက်ရှိအခြေအနေမှာ သူတို့အနေနဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေကြောင်းလည်း အလုပ်သမားရေးဌာန အရာရှိက ပြောလိုက်တာပါ။ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် အနိမ့်ဆုံးလုပ်ခလစာ တရက် ၄,၈၀၀ ကျပ်ကို ၈,၀၀၀ ကျပ်အထိတိုးပေးဖို့ စက်မှုဇုံအလုပ်သမားတွေက တောင်းဆိုနေပေမဲ့ မြန်မာ အလုပ်သမားရေး ဌာနဘက်ကတော့ ဒီကိစ္စကို သူတို့အနေနဲ့ လက်ငင်းဆုံးဖြတ်ပေးဖို့ အစီအစဉ်မရှိသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။ စီးပွားရေး ကောင်းစွာ မလည်ပတ်သေးတဲ့အတွက် လစာတိုးပေးဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတယ်လို့ အလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

"ဘယ်အခြေခံအဖွဲ့အစည်းက ဘယ်မြို့နယ် အဖွဲ့အစည်းက ၈,၀၀၀ တို့ ၉,၀၀၀ တို့ပြောလို့ ဒီလို ကျနော်တို့ ဆောင်ရွက်သွားမှာမဟုတ်ပါဘူး။ လက်ရှိလည်း ဒီဟာကို ဆောင်ရွက် ဖို့ အခြေအနေ မရှိသေးဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ပြောထားတာရှိတယ်၊ တိုင်းပြည်ရဲ့စီးပွားရေး ကောင်းမွန်အောင်ဆောင်ရွက်ပြီးမှပဲ အစိုးရဝန်ထမ်းတွေ လစာတိုးဖို့၊ တဘက်ကလည်း ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာတွေကို မြှင့် တင်ပေးဖို့ဆိုပြီး ဒီလိုပြောထားတာ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လက်ရှိနိုင်ငံအခြေအနေအရ စီးပွားရေးကောင်းအောင် လုပ်နေဆဲ ဒီအခြေအနေပဲရှိတယ်။ ဒါကြောင့် လက်တလောမှာ မူလသတ်မှတ်ထားတဲ့ နှုန်းကနေ နောက်နှုန်းတခုကို ကျနော်တို့ပြောင်းဖို့၊ တိုးတက်ဖို့ဆိုတာ အရမ်းကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။"

စီးပွားရေး တိုးတက်လာမယ့်အချိန်ကို မှန်းဆပြီး လက်တလောမှာ လုပ်ခလစာကိစ္စကို ဆွေးနွေးနေခြင်းပဲဖြစ်တယ်လို့ သူကပြောပါတယ်။ အထည်ချုပ်၊ အိတ်ချုပ် ဒီလုပ်ငန်းတွေမှာ ကုန်အမှာတွေ ကျဆင်းနေသလို တက်မှာလည်း ဒေါ်လာငွေလဲလှယ်နှုန်းကြောင့် ကုန်ကြမ်းဈေးတက်တာနဲ့ ကြုံနေရတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်ကို တရက်တာ အလုပ်ချိန် ၈ နာရီအတွက် ၄,၈၀၀ ကျပ်အဖြစ် ၂၀၁၈ ခုနှစ်မှာ NLD အစိုးရက ပြောင်းလဲသတ်မှတ်ခဲ့တာပါ။ အခု စစ်ကောင်စီ လက်ထက်မှာတော့ အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန်တက်လာသလို ကမ္ဘာ့စီးပွား အကျပ်အတည်းကိုလည်း ရင်ဆိုင်ရတာကြောင့် အလုပ်သမားတွေက လစာတိုးပေးဖို့ တောင်းဆိုလာကြပါတယ်။ တရက်လုပ်ခ ၄,၈၀၀ ကျပ်ကနေ တိုးပေးဖို့အတွက်လည်း စက်ရုံတွင်း ဆန္ဒပြ တောင်းဆိုမှုတွေလည်း အများအပြား ရှိနေတာပါ။

နာမည်ကြီး Adidas ဖိနပ်တွေချုပ်ပေးနေတဲ့ Myanmar Pou Chen (မြန်မာပေါင်ချိန်) မှာ စက်ရုံမှာ တရက်လုပ်ခကို ၈,၀၀၀ ကျပ် တိုးတောင်းတဲ့အတွက် အလုပ်သမား ၂၆ ယောက် အလုပ်ထုတ်ခံထားရပါတယ်။ လက်ရှိမှာ သူ့တို့အားလုံးက အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှာ အမှုရင်ဆိုင်နေရတာပါ။ သူတို့ကို အလုပ်ပြန်ခန့်ပေးဖို့ Adidas လုပ်ငန်းဘက် က တောင်းဆိုထားပေမဲ့ မြန်မာပေါင်ချိန်ဘက်ကတော့ လက်မခံသေးပါဘူး။ အမှုရင်ဆိုင်နေတဲ့ မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားတဦးက အခုလိုပြောပါတယ်။

"ညီမတို့ ဒီလုပ်ငန်းခွင်ထဲ ပြန်ဝင်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်နေတယ်။ Adidas ဘက်ကလည်း စုံစမ်းနေတဲ့အချိန်မှာလည်း သူတို့က Adidas ကို အရေးမလုပ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ လုပ်နေတာပေါ့။ အဲဒါမျိုးတွေလည်း ဆက်ပြီးတော့ မလုပ်ဆောင်ဖို့၊ အလုပ်သမားတွေ အရေးအတွက် အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း လုပ်ခလစာတိုးပေးမယ် ဆိုတဲ့အတွက်လည်း အများကြီး မျှော်လင့်ထားပါတယ်။"

မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာကို New York Times သတင်းစာကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ ဖလားမှာ အားကစားသမားတွေဝတ်တဲ့ ဂျာစီအင်္ကျီကို မြန်မာနိုင်ငံက အလုပ်သမားတွေက တရက်လုပ်ခ ၂ ဒေါ်လာကျော်လေးနဲ့ ချုပ်လုပ်ပေးခဲ့တာလို့ ရေးသားဖော်ပြခဲ့တာပါ။

အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေလည်း အများအပြား ဖြစ်ပေါ်နေပါတယ်။ ရန်ကုန် အင်းစိန်ဇုံ (၃) က Cotton Textile Garment စက်ရုံဟာ အလုပ်သမားတွေကို ပေးရမဲ့ ကျွမ်းကျင်ကြေးကို ဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် နိုဝင်ဘာလထဲမှာ အဲဒီစက်ရုံက အလုပ်သမား ၁,၀၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

တနိုင်ငံလုံးက အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားက အခုနှစ် အောက်တိုဘာလကုန်အထိ ၄၁၀,၀၀၀ ကျော်ရှိပြီး နိုင်ငံခြားသားက ၂,၆၀၀ ကျော်ရှိတယ်လို့ အစိုးရအလုပ်သမား ဌာနဘက်က ပြောပါတယ်။
#MyanmarPouChen #Adidas #မြန်မာအထည်ချုပ် #လစာတိုးတောင်း #တနေ့နှစ်ဒေါ်လာ #ဦးညွန့်ဝင်း #မြန်မာပေါင်ချိန် #အင်းစိန်ဇုံ(၃) #မြန်မာ့စီးပွါးရေး
====================

XS
SM
MD
LG