သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္း သတင္းသမားမ်ား သတင္းရယူေရး ခက္ခဲလာ


Myanmar Press Freedom

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံတြင္း သတင္းလုပ္ငန္းလုပ္ကိုင္ေနတဲ့ သတင္းသမားေတြဟာ သတင္းရယူခြင့္ကန႔္သတ္ခံရတာ ၿခိမ္းေျခာက္ခံရတာေတြ ႀကဳံေနရတယ္လို႔ ျပည္တြင္းသတင္းသမားေတြက ေျပာပါတယ္။ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ ဖမ္းဆီးခံရတဲ့သတင္းသမား ၁၄၀ ေက်ာ္အထိရွိခဲ့ၿပီး ဒါဟာ ႏွစ္ေပါင္း ၃၀ အတြင္း သတင္းသမားေတြ ဖိႏွိပ္ခံရမႈ စံခ်ိန္တင္ျဖစ္ခဲ့တာလို႔လည္း ISP ျမန္မာ့ မဟာဗ်ဴဟာနဲ႔ေလ့လာေရးအင္စတီက်ဳက ထုတ္ျပန္ထားပါတယ္။ ရန္ကုန္က သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံတြင္း သတင္းသမားေတြဖိႏွိပ္ခံရမႈဟာ ႏွစ္ ၃၀ ေက်ာ္အတြင္း စံခ်ိန္တင္ျဖစ္ေနတယ္လို႔ ISP က ထုတ္ျပန္သလိုပဲ၊ ျမန္မာႏိုင္ငံဟာ ကမာၻေပၚမွာ သတင္းလြတ္လပ္ခြင့္မရွိဆုံး အဆိုးဆုံးငါးႏိုင္ငံအထိကို ထိုးက်သြားတယ္လို႔ RSF နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႕ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းသမားေတြ ဖမ္းဆီးႏွိပ္ကြပ္ခံရတာ၊ ျပည္တြင္း သတင္းမီဒီယာအဖြဲ႕အစည္းေတြ လြတ္လြတ္လပ္လပ္ရပ္တည္ႏိုင္ဖို႔အားနည္းလာတဲ့အေျခအေနေတြက အဓိကျဖစ္ပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက သတင္းသမားအခ်ိဳ႕ ဖမ္းဆီးခံရတာ ထြက္ေျပးတိမ္းေရွာင္ရတာေတြရွိၿပီး သတင္းလြတ္လပ္ခြင့္ေတြ က်ဆင္းလာေနတယ္လို႔ သတင္းစာဆရာဦးျမင့္ေက်ာ္က ဗြီအိုေအကို ေျပာပါတယ္။

“သတင္းလြတ္လပ္ခြင့္က ဖမ္းဆီးခံရတာေတြရွိမယ္၊ အသက္ရႈံးတာေတြရွိမယ္၊ ပိတ္သိမ္းခံရတဲ့ သတင္းဌာနေတြ ရွိမယ္၊ သတင္းအရည္အေသြးကို ၾကည့္ရင္လည္း အားလုံးက အက်ဖက္ကို ဦးတည္ေနတယ္။ က်လည္းက်ေနဆဲေပါ့ေနာ္၊ ဆိုေတာ့ သတင္းလြတ္လပ္ခြင့္အတြက္ေရာ၊ သတင္းရယူေနတဲ့သူေတြ အမ်ားျပည္သူေတြအတြက္ အားလုံးကမေကာင္းတဲ့ အက်ိဳးဆက္ေတြပဲေပါ့ေနာ္၊ ဒီေနရာမွာ ႏိုင္ငံေရအာဏာတခုခုကို ထိန္းခ်ဳပ္မယ့္သူေတြကေတာ့ သတင္းကိုပိတ္ပင္ဖို႔ တားဆီးဖို႔အတြက္ လုပ္ၾကတယ္။ သို႔ေပမယ့္ တကယ္တမ္း အက်ိဳးသက္ေရာက္မႈကေတာ့ လူအမ်ားစုနဲ႔ သတင္းရယူတဲ့ သူေတြေရာ ဒီသတင္း ေလာကမွာရွိတဲ့သူေတြအားလုံးေရာ ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြပဲ ခံစားရတယ္လို႔ က်ေနာ္ျမင္တယ္။”

အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံဟာ ကမာၻေပၚမွာ သတင္းမီဒီယာသမားေတြကို ဖမ္းဆီးေထာင္ခ်တာ အမ်ားဆုံးႏိုင္ငံျဖစ္လာတယ္လို႔လည္း သတင္းသမားမ်ား ကာကြယ္ ေစာင့္ေရွာက္ေရးအဖြဲ႔ (CPJ) ရဲ႕ ၂၀၂၁ ခုႏွစ္ ဇူလိုင္လ ထုတ္ျပန္ခ်က္မွာ ေရးသားထားတာကို ေတြ႔ရပါတယ္။

လက္ရွိမွာလည္း စစ္ေကာင္စီက သတင္းသမားေတြကို ဖမ္းဆီးေထာင္ခ်တာေတြ ဒီကေန႔အထိ ရွိေနေသးတယ္လို႔ သတင္းစာဆရာ ဦးျမင့္ေက်ာ္က ေျပာပါတယ္။

“ဆိုးေနဆဲလို႔ပဲ ေျပာရမယ္။ ဖမ္းဆီးမႈေတြက ဆက္ရွိေနတုန္းပဲ။ ဖမ္းဆီးခံထားရတဲ့ သတင္း သမားေတြလည္း တျဖည္းျဖည္းနဲ႔ တိုးလာတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ တႀကိမ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတဲ့ထဲမွာ ၃၆ ေယာက္ေလာက္အထိ က်သြားၿပီးေတာ့ အခုအဲဒီေနာက္ပိုင္းမွာတခါ ျပန္ၿပီးေတာ့မ်ားလာတာ။ အခုဆိုရင္ ၅၀ ေက်ာ္ ၆၀ နီးနီးေလာက္ ျပန္ေရာက္လာတာေပါ့ေနာ္။ ဒီကိန္းဂဏန္းကေတာ့ အျမင့္ဆုံးထင္တယ္။ ၿပီးခဲ့တဲ့ တႏွစ္တာအတြင္းမွာ အျမင့္ဆုံးဆိုတာ ဖမ္းဆီးခံထားရတဲ့ ျပစ္ဒဏ္က်ခံထားရတဲ့ ကိန္းဂဏန္းေပါ့ေနာ္။ ေနာက္တခုကေတာ့ ေသဆုံးမႈေတြလည္း ပထမဆုံးရွိလာတယ္။ ဒီဇင္ဘာ ဇန္နဝါရီ ေလာက္ထဲမွာ ဒါေတြကလည္း သတင္းလြတ္လပ္ခြင့္ရဲ႕ ၫြန္းတဲ့ကိန္းေတြမွာ ဒီေသဆုံးမႈေတြက ႀကီးႀကီးမားမား အက်ိဳးသက္ေရာက္မႈ ႐ွိႏိုင္တယ္လို႔ ထင္တယ္။”

သတင္းမီဒီယာသမားတဦးျဖစ္တဲ့ မမ်ိဳးမ်ိဳးေအးကလည္း အာဏာသိမ္းၿပီးေနာက္ သတင္းရယူပိုင္ခြင့္ ဆုံးရႈံးလာသလို သတင္းသမားေတြရဲ႕ လုံၿခဳံေရးဟာလည္း ဆိုး႐ြားတဲ့အေျခအေနမွာ ရွိေနတယ္လို႔ ေျပာပါတယ္။

“ညီမတို႔ သတင္းသမားေတြအေနနဲ႔ အာဏာမသိမ္းခင္နဲ႔ စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ ပိုၿပီးေတာ့ ခက္ခဲသြားတာေပါ့၊ အာဏာရွင္နဲ႔ ပတ္သတ္တဲ့ သတင္းေတြ ကို ေရးလို႔ရွိ ရင္ သူတို႔က ၿခိမ္းေျခာက္တာေတြ အဲလိုမ်ိဳး တရားစြဲဆိုတာေတြ ရွိတယ္။ အရင္နဲ႔ စာရင္ လုံၿခဳံမႈရွိတယ္လို႔လည္း မခံစားရဘူး၊ ကိုယ့္ပါကို တစ္ေယာက္ တည္းေနရင္ေတာင္မွ သူတို႔က ဘယ္ကလာၿပီး စြပ္စြဲမလဲ၊ လူမႈကြန္ယက္မွာ တခုခုတင္လိုက္လို႔ရွိရင္လည္း သူတို႔က ေစာင့္ၾကည့္ေနမလားေပါ့ေလ။ အဲလိုမ်ိဳး သူတို႔နဲ႔ ပတ္သက္တဲ့ သတင္းေတြကိုေရးလိုက္ရင္ ဥပမာ ျဖန႔္လိုက္လိုရွိရင္ သူတို႔က လာၿပီးေတာ့ ၿခိမ္းေျခာက္မလား တရားစြဲမလား အဲလိုစိုးရိမ္ေနရတယ္။”

ျမန္မာနိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက ဒီကေန႔အထိ ဖမ္းဆီးခံရတဲ့ သတင္း သမား ၁၄၀ ေက်ာ္နဲ႔ ေသဆုံးသူ ၃ ဦး အထိရွိခဲ့တယ္လို႔ RSF က ထုတ္ျပန္ထားပါတယ္။ လက္ရွိအခ်ိန္မွာ ဖမ္းဆီးခံထားရတဲ့ သတင္းသမား ၅၈ ဦးအထိက်န္ရွိေနၿပီး အဲဒီထဲက ၁၉ ဦးမွာ ေထာင္ဒဏ္ ခ်မွတ္ ခံထားရပါတယ္။ က်န္ရွိေနတဲ့ သတင္းသမားေတြကို အျမန္ဆုံးျပန္လႊတ္ေပးေစခ်င္တယ္လို႔ သတင္းသမားတဦးျဖစ္တဲ့ မမ်ိဳးမ်ိဳးေအးက ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔မွာ ေတာင္းဆိုပါတယ္။

“ညီမတို႔က သတင္းမီဒီယာသမားေတြျဖစ္တဲ့အတြက္ ကိုယ့္အလုပ္ကို လုပ္ေနတာေပါ့ေလ၊ ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး သတင္းေတြေရးေနတာကို အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးေတာ့ ၿခိမ္းေျခာက္တာေတြ ဖမ္းဆီးတာေတြ အဲလိုမ်ိဳး မလုပ္ေစခ်င္ဘူး။ ၿပီးေတာ့ ဖမ္းဆီးထားတဲ့သတင္းသမားေတြကိုလည္း ျပန္လႊတ္ေပးေစခ်င္တယ္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ သတင္းသမားေတြကို ဖမ္းဆီးေထာင္ခ်တာသာမက သတင္းမီဒီယာ ၁၁ ခုကိုလည္း လုပ္ငန္းလိုင္စင္႐ုပ္သိမ္းထားပါတယ္။ သတင္းသမားအမ်ားအျပားလည္း ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ ျပည္တြင္းမွာပဲ သတင္းရယူ သတင္းလုပ္ငန္းလုပ္ကိုင္ေနသူေတြရွိေနေသးေပမယ့္လည္း၊ အမ်ားစုကေတာ့ သိုသိုသိပ္သိပ္နဲ႔ လုပ္ငန္းလုပ္ေနရၾကရတာပါ။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


မြန်မာပြည်တွင်းသတင်းသမားများ သတင်းရယူရေးခက်ခဲလာ

မြန်မာနိုင်ငံတွင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းသမားတွေဟာ သတင်းရယူခွင့်ကန့်သတ်ခံရတာ ခြိမ်းခြောက်ခံရတာတွေ ကြုံနေရတယ်လို့ ပြည်တွင်းသတင်းသမားတွေက ပြောပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရတဲ့သတင်းသမား ၁၄၀ ကျော်အထိရှိခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း သတင်းသမားတွေ ဖိနှိပ်ခံရမှု စံချိန်တင်ဖြစ်ခဲ့တာလို့လည်း ISP မြန်မာ့ မဟာဗျူဟာနဲ့လေ့လာရေးအင်စတီကျုက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း သတင်းသမားတွေဖိနှိပ်ခံရမှုဟာ နှစ် ၃၀ ကျော်အတွင်း စံချိန်တင်ဖြစ်နေတယ်လို့ ISP က ထုတ်ပြန်သလိုပဲ၊ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့်မရှိဆုံး အဆိုးဆုံးငါးနိုင်ငံအထိကို ထိုးကျသွားတယ်လို့ RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေ ဖမ်းဆီးနှိပ်ကွပ်ခံရတာ၊ ပြည်တွင်း သတင်းမီဒီယာအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ်ရပ်တည်နိုင်ဖို့အားနည်းလာတဲ့အခြေအနေတွေက အဓိကဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သတင်းသမားအချို့ ဖမ်းဆီးခံရတာ ထွက်ပြေးတိမ်းရှောင်ရတာတွေရှိပြီး သတင်းလွတ်လပ်ခွင့်တွေ ကျဆင်းလာနေတယ်လို့ သတင်းစာဆရာဦးမြင့်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“သတင်းလွတ်လပ်ခွင့်က ဖမ်းဆီးခံရတာတွေရှိမယ်၊ အသက်ရှုံးတာတွေရှိမယ်၊ ပိတ်သိမ်းခံရတဲ့ သတင်းဌာနတွေ ရှိမယ်၊ သတင်းအရည်အသွေးကို ကြည့်ရင်လည်း အားလုံးက အကျဖက်ကို ဦးတည်နေတယ်။ ကျလည်းကျနေဆဲပေါ့နော်၊ ဆိုတော့ သတင်းလွတ်လပ်ခွင့်အတွက်ရော၊ သတင်းရယူနေတဲ့သူတွေ အများပြည်သူတွေအတွက် အားလုံးကမကောင်းတဲ့ အကျိုးဆက်တွေပဲပေါ့နော်၊ ဒီနေရာမှာ နိုင်ငံရေအာဏာတခုခုကို ထိန်းချုပ်မယ့်သူတွေကတော့ သတင်းကိုပိတ်ပင်ဖို့ တားဆီးဖို့အတွက် လုပ်ကြတယ်။ သို့ပေမယ့် တကယ်တမ်း အကျိုးသက်ရောက်မှုကတော့ လူအများစုနဲ့ သတင်းရယူတဲ့ သူတွေရော ဒီသတင်း လောကမှာရှိတဲ့သူတွေအားလုံးရော ဆိုးရွားတဲ့ အကျိုးဆက်တွေပဲ ခံစားရတယ်လို့ ကျနော်မြင်တယ်။”

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချတာ အများဆုံးနိုင်ငံဖြစ်လာတယ်လို့လည်း သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (CPJ) ရဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ဒီကနေ့အထိ ရှိနေသေးတယ်လို့ သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါတယ်။

“ဆိုးနေဆဲလို့ပဲ ပြောရမယ်။ ဖမ်းဆီးမှုတွေက ဆက်ရှိနေတုန်းပဲ။ ဖမ်းဆီးခံထားရတဲ့ သတင်း သမားတွေလည်း တဖြည်းဖြည်းနဲ့ တိုးလာတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ထဲမှာ ၃၆ ယောက်လောက်အထိ ကျသွားပြီးတော့ အခုအဲဒီနောက်ပိုင်းမှာတခါ ပြန်ပြီးတော့များလာတာ။ အခုဆိုရင် ၅၀ ကျော် ၆၀ နီးနီးလောက် ပြန်ရောက်လာတာပေါ့နော်။ ဒီကိန်းဂဏန်းကတော့ အမြင့်ဆုံးထင်တယ်။ ပြီးခဲ့တဲ့ တနှစ်တာအတွင်းမှာ အမြင့်ဆုံးဆိုတာ ဖမ်းဆီးခံထားရတဲ့ ပြစ်ဒဏ်ကျခံထားရတဲ့ ကိန်းဂဏန်းပေါ့နော်။ နောက်တခုကတော့ သေဆုံးမှုတွေလည်း ပထမဆုံးရှိလာတယ်။ ဒီဇင်ဘာ ဇန်နဝါရီ လောက်ထဲမှာ ဒါတွေကလည်း သတင်းလွတ်လပ်ခွင့်ရဲ့ ညွန်းတဲ့ကိန်းတွေမှာ ဒီသေဆုံးမှုတွေက ကြီးကြီးမားမား အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ ထင်တယ်။”

သတင်းမီဒီယာသမားတဦးဖြစ်တဲ့ မမျိုးမျိုးအေးကလည်း အာဏာသိမ်းပြီးနောက် သတင်းရယူပိုင်ခွင့် ဆုံးရှုံးလာသလို သတင်းသမားတွေရဲ့ လုံခြုံရေးဟာလည်း ဆိုးရွားတဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။

“ညီမတို့ သတင်းသမားတွေအနေနဲ့ အာဏာမသိမ်းခင်နဲ့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပိုပြီးတော့ ခက်ခဲသွားတာပေါ့၊ အာဏာရှင်နဲ့ ပတ်သတ်တဲ့ သတင်းတွေ ကို ရေးလို့ရှိ ရင် သူတို့က ခြိမ်းခြောက်တာတွေ အဲလိုမျိုး တရားစွဲဆိုတာတွေ ရှိတယ်။ အရင်နဲ့ စာရင် လုံခြုံမှုရှိတယ်လို့လည်း မခံစားရဘူး၊ ကိုယ့်ပါကို တစ်ယောက် တည်းနေရင်တောင်မှ သူတို့က ဘယ်ကလာပြီး စွပ်စွဲမလဲ၊ လူမှုကွန်ယက်မှာ တခုခုတင်လိုက်လို့ရှိရင်လည်း သူတို့က စောင့်ကြည့်နေမလားပေါ့လေ။ အဲလိုမျိုး သူတို့နဲ့ ပတ်သက်တဲ့ သတင်းတွေကိုရေးလိုက်ရင် ဥပမာ ဖြန့်လိုက်လိုရှိရင် သူတို့က လာပြီးတော့ ခြိမ်းခြောက်မလား တရားစွဲမလား အဲလိုစိုးရိမ်နေရတယ်။”

မြန်မာနိင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒီကနေ့အထိ ဖမ်းဆီးခံရတဲ့ သတင်း သမား ၁၄၀ ကျော်နဲ့ သေဆုံးသူ ၃ ဦး အထိရှိခဲ့တယ်လို့ RSF က ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၅၈ ဦးအထိကျန်ရှိနေပြီး အဲဒီထဲက ၁၉ ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။ ကျန်ရှိနေတဲ့ သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ သတင်းသမားတဦးဖြစ်တဲ့ မမျိုးမျိုးအေးက ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ တောင်းဆိုပါတယ်။

“ညီမတို့က သတင်းမီဒီယာသမားတွေဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကို လုပ်နေတာပေါ့လေ၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သတင်းတွေရေးနေတာကို အကြောင်းအမျိုးမျိုးပြပြီးတော့ ခြိမ်းခြောက်တာတွေ ဖမ်းဆီးတာတွေ အဲလိုမျိုး မလုပ်စေချင်ဘူး။ ပြီးတော့ ဖမ်းဆီးထားတဲ့သတင်းသမားတွေကိုလည်း ပြန်လွှတ်ပေးစေချင်တယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာသာမက သတင်းမီဒီယာ ၁၁ ခုကိုလည်း လုပ်ငန်းလိုင်စင်ရုပ်သိမ်းထားပါတယ်။ သတင်းသမားအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပြည်တွင်းမှာပဲ သတင်းရယူ သတင်းလုပ်ငန်းလုပ်ကိုင်နေသူတွေရှိနေသေးပေမယ့်လည်း၊ အများစုကတော့ သိုသိုသိပ်သိပ်နဲ့ လုပ်ငန်းလုပ်နေရကြရတာပါ။
==============

XS
SM
MD
LG