သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္းစိန္ေထာင္တြင္း ႏိုင္/က်ဥ္းတခ်ိဳ႕ သုံးရက္ၾကာအစာငတ္ခံဆႏၵျပ 


Insein Prison Overview

[[Zawgyi/Unicode]]

အက်ဥ္းက်ေနေပမယ့္ စစ္အာဏာရွင္ဆန႔္က်င္ေရးစိတ္ဓါတ္ကို စြန႔္လႊတ္မွာမဟုတ္ဘူးဆိုတာ ျပသတဲ့အေနနဲ႔ အင္းစိန္ေထာင္ထဲက ႏိုင္ငံေရးအက်ဥ္းတခ်ိဳ႕ ေဖေဖာ္ဝါရီ ၁၂ ရက္ကေန ဒီေန႔ အထိ ၃ ရက္ၾကာ ဘာမွမစားဘဲ အစာငတ္ခံဆႏၵျပခဲ့ၾကပါတယ္။ ေဖေဖာ္ဝါရီ ပထမပတ္ကလည္း ေထာင္ကေပးတဲ့ အစားအေသာက္ေတြမယူဘဲ ဆႏၵျပခဲ့ၾကၿပီး ၿပီးခဲ့တဲ့ ၃ ရက္ကေတာ့ လုံးဝ အစာမစားဘဲ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

အင္းစိန္ေထာင္မွာ အက်ဥ္းက်ေနၾကတဲ့ ႏိုင္ငံေရးအက်ဥ္းသားတခ်ိဳ႕ ျပည္ေထာင္စုေန႔ ေဖေဖာ္ ဝါရီ ၁၂ ရက္ေန႔ကေန ၃ ရက္ၾကာ ဘာအစားအေသာက္မွ မစားဘဲ အစာငတ္ခံဆႏၵျပခဲ့ၾကပါတယ္။ အက်ဥ္းေထာင္ထဲ ေရာက္ေနေပမယ့္ စစ္အာဏာရွင္ဆန႔္က်င္ေရးစိတ္ဓါတ္ကို စြန႔္လႊတ္မွာ မဟုတ္ဘူးဆိုတာ ျပသတဲ့အေနနဲ႔ ဆႏၵျပလႈပ္ရွားသူေတြနဲ႔ ဆက္ႏြယ္ေနတဲ့ အဖြဲ႔အစည္း ေတြက ေၾကညာခ်က္ေတြ ထုတ္ျပန္ထားၾကပါတယ္။ ၃ ရက္အတြင္း ဆႏၵျပသူေတြဟာ ေရကလြဲလို႔ ဘာမွ မစားမေသာက္ဘဲ ဆႏၵျပၾကတယ္လို႔ အင္းစိန္ေထာင္တြင္းက ႏိုင္ငံေရးအက်ဥ္းသားေတြရဲ႕ ေရွ႕ေနတဦးက ဗြီအိုေအကို ေျပာျပပါတယ္။

“အခုဒီ Hunger strike ကေတာ့ အျပည့္အဝ အစာအငတ္ခံ ဆႏၵျပတယ္ေပါ့ေလ၊ လုံးဝ ေရကလြဲၿပီးေတာ့ အစားအစာလုံးဝ စားသုံးမႈမျပဳတဲ့ လႈပ္ရွားမႈတခု လုပ္ၾကတယ္၊ ၁၂ ရက္ကေန ၁၃-၁၄ သုံးရက္၊ ၇၂ နာရီ လုပ္ေနတယ္လို႔ အၾကမ္းဖ်င္း သိထားပါတယ္။”

အခုလို အင္းစိန္ေထာင္တြင္း အစာငတ္ခံဆႏၵျပမႈကို ေထာင္အာဏာပိုင္ေတြဘက္က တရားဝင္ သတင္းထုတ္ျပန္တာမရွိတဲ့အတြက္ အက်ဥ္းသားအေရအတြက္ ဘယ္ေလာက္ ပါဝင္ဆႏၵျပတယ္ဆိုတာေတာ့ သူ႔အေနနဲ႔မသိရဘူးလို႔လည္း ေရွ႕ေနက ေျပာပါတယ္။

ခုလိုအစာငတ္ခံဆႏၵျပေနၾကတဲ့ ေက်ာင္းသားေတြက သူတို႔ဆႏၵျပရတဲ့ ရည္႐ြယ္ခ်က္ကို သူတို႔နဲ႔ဆက္ႏြယ္တဲ့ အဖြဲ႕အစည္းေတြကေန သတင္းစကားပါး ေၾကညာခ်က္ေတြ ထုတ္ျပန္ထားၾကပါတယ္။ အဓိကကေတာ့ စစ္အုပ္စုအေနနဲ႔ ျပည္သူေတြအေပၚ လက္နက္ႀကီးငယ္သုံး သတ္ျဖတ္ ၿဖိဳခြဲတာ၊ ေသာင္းခ်ီတဲ့သူေတြကို ဖမ္းဆီးခ်ဳပ္ေႏွာင္တာေတြလုပ္ၿပီး ၿပီးခဲ့တဲ့ ၁ ႏွစ္အတြင္း ႏိုင္ငံေရး ယုံၾကည္ခ်က္ပ်က္သြားေအာင္ႀကိဳးစားခဲ့တယ္လို႔ သူတို႔ေၾကညာခ်က္မွာ ထုတ္ျပန္ထားပါတယ္။ အဲဒီလို ယုံၾကည္ခ်က္ေတြကို အၾကမ္းနည္းနဲ႔ ေဖ်ာက္ဖ်က္ဖို႔ ႀကိဳးစားေပမဲ့ မရႏိုင္ဘူးဆိုတာ ျပသခ်က္တဲ့အေနနဲ႔ ခုလို ကိုယ့္ကိုကိုယ္ အဟာရျဖတ္ၿပီး ဆႏၵျပရတာျဖစ္တယ္လို႔ ေျပာထားပါတယ္။ သူတို႔အေနနဲ႔ မတရားမႈတိုင္းအတြက္ ေျပာဆို ေဆြးေႏြး ညႇိဳႏႈိင္းမႈ မလုပ္ဘူးဆိုတာကိုလည္း ျပသတာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢရဲ႕ သတင္းျပန္ၾကားေရးတာဝန္ခံ ကိုေအာင္ေကာင္းဆက္က ေျပာပါတယ္။

“သူတို႔ရဲ႕ ႏိုင္ငံေရးရပ္တည္ခ်က္၊ ႏိုင္ငံေရးခံယူခ်က္ ခိုင္မာပုံကို ျပသတဲ့ပုံစံမ်ိဳးလို႔ က်ေနာ္ကျမင္တယ္။ ေပးပို႔တဲ့စာအရဆိုရင္ (၁) အခ်က္ စစ္အာဏာရွင္က သူတို႔ကို နံရံေတြနဲ႔ဖမ္းခ်ဳပ္ ထားေပမယ့္ သူတို႔ရဲ႕ စစ္အာဏာရွင္ ဆန႔္က်င္ေရးစိတ္ဓာတ္က ေသဆုံးသြားမွာ မဟုတ္ဘူးေပါ့ေနာ္။ သူတို႔အေနနဲ႔ စစ္အာဏာရွင္ကို ဆက္ၿပီးေတာ့ ေတာ္လွန္ေနဦးမွာ ျဖစ္တယ္ဆိုတာ။ ေနာက္တခ်က္ကေတာ့ ျပည္သူကို အၾကမ္းဖက္ သတ္ျဖတ္ေနတဲ့ စစ္အုပ္စုနဲ႔ မေဆြးေႏြးလိုဘူးဆိုတဲ့ ပုံစံမ်ိဳးေပါ့ေနာ္ ဒီႏွစ္ခ်က္ကို ျပသလိုတဲ့ရည္႐ြယ္ခ်က္နဲ႔ အစာအငတ္ခံၿပီးေတာ့ ေတာ္လွန္ေနဦးမယ္ဆိုတာ တခ်က္ေပါ့ေနာ္။”

ေဖေဖာ္ဝါရီ ၁ ရက္ကေန ၆ ရက္ေန႔အထိလည္း အခု အဟာရျဖတ္ အစာငတ္ခံ ဆႏၵျပသူေတြအပါအဝင္ ႏိုင္ငံေရးအက်ဥ္းသား ၂၀၀ ေလာက္ဟာ ေထာင္ကေပးတဲ့ အစားအေသာက္ေတြကို မစားဘဲ ဆႏၵျပခဲ့ၾကပါတယ္။ မိသားစုေတြက ေထာင္ဝင္စာေပးပို႔တဲ့ အစားအေသာက္ေတြကိုပဲ သူတို႔စားခဲ့ၾကတယ္လို႔ ေရွ႕ေနတခ်ိဳ႕က ေျပာပါတယ္။ အဲဒီဆႏၵျပမႈကို ေထာင္အာဏာပိုင္ေတြဘက္က ခုခ်ိန္ထိ တုံ႔ျပန္အေရးယူတာ မရွိဘူးလို႔ မိသားစုဝင္ေတြက ေျပာပါတယ္။ သူတို႔ ဆႏၵျပေနစဥ္ ေထာင္အာဏာပိုင္ေတြက အစားအေသာက္ တခ်ိဳ႕လာေပးတယ္လို႔လည္း ေရွ႕ေနတခ်ိဳ႕က ေျပာျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

အင်းစိန်ထောင်တွင်း နိုင်/ကျဉ်းတချို့ သုံးရက်ကြာအစာငတ်ခံဆန္ဒပြ

အကျဉ်းကျနေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓါတ်ကို စွန့်လွှတ်မှာမဟုတ်ဘူးဆိုတာ ပြသတဲ့အနေနဲ့ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းတချို့ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ဒီနေ့ အထိ ၃ ရက်ကြာ ဘာမှမစားဘဲ အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ပထမပတ်ကလည်း ထောင်ကပေးတဲ့ အစားအသောက်တွေမယူဘဲ ဆန္ဒပြခဲ့ကြပြီး ပြီးခဲ့တဲ့ ၃ ရက်ကတော့ လုံးဝ အစာမစားဘဲ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အင်းစိန်ထောင်မှာ အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ပြည်ထောင်စုနေ့ ဖေဖော် ဝါရီ ၁၂ ရက်နေ့ကနေ ၃ ရက်ကြာ ဘာအစားအသောက်မှ မစားဘဲ အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။ အကျဉ်းထောင်ထဲ ရောက်နေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓါတ်ကို စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ ပြသတဲ့အနေနဲ့ ဆန္ဒပြလှုပ်ရှားသူတွေနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်း တွေက ကြေညာချက်တွေ ထုတ်ပြန်ထားကြပါတယ်။ ၃ ရက်အတွင်း ဆန္ဒပြသူတွေဟာ ရေကလွဲလို့ ဘာမှ မစားမသောက်ဘဲ ဆန္ဒပြကြတယ်လို့ အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“အခုဒီ Hunger strike ကတော့ အပြည့်အဝ အစာအငတ်ခံ ဆန္ဒပြတယ်ပေါ့လေ၊ လုံးဝ ရေကလွဲပြီးတော့ အစားအစာလုံးဝ စားသုံးမှုမပြုတဲ့ လှုပ်ရှားမှုတခု လုပ်ကြတယ်၊ ၁၂ ရက်ကနေ ၁၃-၁၄ သုံးရက်၊ ၇၂ နာရီ လုပ်နေတယ်လို့ အကြမ်းဖျင်း သိထားပါတယ်။”

အခုလို အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုကို ထောင်အာဏာပိုင်တွေဘက်က တရားဝင် သတင်းထုတ်ပြန်တာမရှိတဲ့အတွက် အကျဉ်းသားအရေအတွက် ဘယ်လောက် ပါဝင်ဆန္ဒပြတယ်ဆိုတာတော့ သူ့အနေနဲ့မသိရဘူးလို့လည်း ရှေ့နေက ပြောပါတယ်။

ခုလိုအစာငတ်ခံဆန္ဒပြနေကြတဲ့ ကျောင်းသားတွေက သူတို့ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကို သူတို့နဲ့ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေကနေ သတင်းစကားပါး ကြေညာချက်တွေ ထုတ်ပြန်ထားကြပါတယ်။ အဓိကကတော့ စစ်အုပ်စုအနေနဲ့ ပြည်သူတွေအပေါ် လက်နက်ကြီးငယ်သုံး သတ်ဖြတ် ဖြိုခွဲတာ၊ သောင်းချီတဲ့သူတွေကို ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ပြီး ပြီးခဲ့တဲ့ ၁ နှစ်အတွင်း နိုင်ငံရေး ယုံကြည်ချက်ပျက်သွားအောင်ကြိုးစားခဲ့တယ်လို့ သူတို့ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီလို ယုံကြည်ချက်တွေကို အကြမ်းနည်းနဲ့ ဖျောက်ဖျက်ဖို့ ကြိုးစားပေမဲ့ မရနိုင်ဘူးဆိုတာ ပြသချက်တဲ့အနေနဲ့ ခုလို ကိုယ့်ကိုကိုယ် အဟာရဖြတ်ပြီး ဆန္ဒပြရတာဖြစ်တယ်လို့ ပြောထားပါတယ်။ သူတို့အနေနဲ့ မတရားမှုတိုင်းအတွက် ပြောဆို ဆွေးနွေး ညှိုနှိုင်းမှု မလုပ်ဘူးဆိုတာကိုလည်း ပြသတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုအောင်ကောင်းဆက်က ပြောပါတယ်။

“သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးခံယူချက် ခိုင်မာပုံကို ပြသတဲ့ပုံစံမျိုးလို့ ကျနော်ကမြင်တယ်။ ပေးပို့တဲ့စာအရဆိုရင် (၁) အချက် စစ်အာဏာရှင်က သူတို့ကို နံရံတွေနဲ့ဖမ်းချုပ် ထားပေမယ့် သူတို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးစိတ်ဓာတ်က သေဆုံးသွားမှာ မဟုတ်ဘူးပေါ့နော်။ သူတို့အနေနဲ့ စစ်အာဏာရှင်ကို ဆက်ပြီးတော့ တော်လှန်နေဦးမှာ ဖြစ်တယ်ဆိုတာ။ နောက်တချက်ကတော့ ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့ မဆွေးနွေးလိုဘူးဆိုတဲ့ ပုံစံမျိုးပေါ့နော် ဒီနှစ်ချက်ကို ပြသလိုတဲ့ရည်ရွယ်ချက်နဲ့ အစာအငတ်ခံပြီးတော့ တော်လှန်နေဦးမယ်ဆိုတာ တချက်ပေါ့နော်။”

ဖေဖော်ဝါရီ ၁ ရက်ကနေ ၆ ရက်နေ့အထိလည်း အခု အဟာရဖြတ် အစာငတ်ခံ ဆန္ဒပြသူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက်ဟာ ထောင်ကပေးတဲ့ အစားအသောက်တွေကို မစားဘဲ ဆန္ဒပြခဲ့ကြပါတယ်။ မိသားစုတွေက ထောင်ဝင်စာပေးပို့တဲ့ အစားအသောက်တွေကိုပဲ သူတို့စားခဲ့ကြတယ်လို့ ရှေ့နေတချို့က ပြောပါတယ်။ အဲဒီဆန္ဒပြမှုကို ထောင်အာဏာပိုင်တွေဘက်က ခုချိန်ထိ တုံ့ပြန်အရေးယူတာ မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့ ဆန္ဒပြနေစဉ် ထောင်အာဏာပိုင်တွေက အစားအသောက် တချို့လာပေးတယ်လို့လည်း ရှေ့နေတချို့က ပြောပြပါတယ်။
==========

XS
SM
MD
LG