သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္မႏၲေလးနဲ႔ၿမိဳ႕တခ်ိဳ႕  ႏွစ္ေျခာက္လုံးအထိမ္းအမွတ္ လွ်ပ္တျပက္ဆႏၵျပ


၂ ေျခာက္လံုးသပိတ္ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပၾကသူမ်ား။ (ေဖေဖၚဝါရီ ၂၂ ၂၀၁၆/ဓာတ္ပံု-GSCB)


[[Zawgyi/Unicode]]

၂၂ ရက္ ၂ လ ၂၀၂၂ ခုႏွစ္၊ ဒီေန႔မွာ စစ္အာဏာရွင္ဆန႔္က်င္တဲ့အေနနဲ႔ ျပန္လည္စု႐ုန္း ၂ ေျခာက္လုံး စည္ကားသပိတ္ ဆိုၿပီး ဆႏၵျပပြဲေတြ ရန္ကုန္ၿမိဳ႕အပါအဝင္ ၿမိဳ႕တခ်ိဳ႕မွာ လုပ္ခဲ့ၾကပါတယ္။ လုံၿခဳံေရးတင္းၾကပ္ထားတာေၾကာင့္ တခ်ိဳ႕ေနရာေတြမွာ ေပ်ာက္ၾကားသပိတ္ပုံစံနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။ မုံ႐ြာၿမိဳ႕မွာ စစ္ေကာင္စီက ကားနဲ႔ဝင္တိုက္ လူစုခြဲခဲ့သလို ဆႏၵျပပြဲေတြမွာ ပါဝင္တယ္ဆိုၿပီး ဖမ္းဆီးခံရသူတခ်ိဳ႕ရွိပါတယ္။ ၂ ေျခာက္လုံး အထိမ္းအမွတ္ ရန္ကုန္၊ မႏၲေလးနဲ႔ မုံ႐ြာၿမိဳ႕ စတဲ့ၿမိဳ႕ေတြက အေျခအေနေတြ စုစည္းထားတဲ့ ရန္ကုန္ကေပးပို႔တဲ့သတင္း မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

ဒီေန႔ ျပကၡဒိန္မွာ ၂ ေျခာက္လုံးစုံတဲ့ ထူးျခားတဲ့ေန႔မွာ ျပန္လည္စု႐ုန္း ၂ ေျခာက္လုံး ဆိုၿပီး စစ္အာဏာသိမ္းမႈ ဆန႔္က်င္သူတခ်ိဳ႕ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕တေနရာမွာ လူငယ္ေတြဦးေဆာင္ၿပီး စည္ကားသပိတ္ကို လုပ္ခဲ့ၾကတာမွာ လူထုကလည္းပါဝင္ခဲ့တယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္ခဲ့သူတဦးက ေျပာျပပါတယ္။

"က်ေနာ္တို႔က ဒါ စည္ကားသပိတ္ပဲေလဗ်။ လူထုကိုလမ္းေပၚ ဆြဲတင္ၾကည့္တယ္။ တင္ၾကည့္တဲ့အခါမွာ ပုံမွန္ထြက္ေနတဲ့ သပိတ္အင္အားစုေတြကလုပ္ေပမယ့္ ပတ္ဝန္းက်င္မွာရွိေနတဲ့ လူထုပါဝင္လာတဲ့ႏႈန္းကိုလည္း က်ေနာ္တို႔ ခံစားရတယ္ေပါ့။ လူ ၆ ေယာက္မွာ အက်ႌအျဖဴေပၚမွာ အကၡရာ ၂ ႐ိုက္ထားတယ္။ ႐ိုက္တဲ့အက်ႌေတြကိုဝတ္ၿပီးေတာ့ သနပ္ခါးလူးတာေတြ၊ ၿပီးေတာ့ ခေမာက္ေတြေဆာင္းတယ္။ ၿပီးရင္ ေတာ္လွန္ေရးပန္းေတြ ကိုင္ၿပီးေတာ့ က်ေနာ္တို႔ ခ်ီတက္ၾကတယ္ေပါ့။ ခ်ီတက္ၿပီးေတာ့ ေႂကြးေၾကာ္သံတိုင္ၿပီးေတာ့ ေပ်ာက္ၾကားသပိတ္ဆင္ႏႊဲခဲ့ပါတယ္။ အားလုံးပဲ ေဘးကင္းကင္းနဲ႔ေတာ့ ၿပီးသြားပါတယ္ဗ်။"

၂ ေျခာက္လုံး စည္ကားသပိတ္မွာ ဦးထုပ္၊ ခေမာက္ေဆာင္းတာ၊ မ်က္ႏွာမွာ သနပ္ခါး ပါးကြက္ၾကားလိမ္းတာနဲ႔ လက္ထဲမွာ ပန္းကိုင္ၿပီး ဒီလႈပ္ရွားမႈမွာ လူထုပါဝင္လာဖို႔ လူမႈကြန္ယက္ေတြေပၚမွာ ေဆာ္ၾသမႈေတြ ရွိခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကလည္း ဒီေန႔ လုံၿခဳံေရးကို အရင္ေန႔ေတြထက္ ပိုၿပီး ျမင္သာ ထင္သာခ်ထားပါတယ္။ ဒီၾကားထဲက ဒီေန႔ဆႏၵျပခဲ့တဲ့ အေနအထားကို ဆႏၵျပလူငယ္တဦးက ခုလိုေျပာပါတယ္။

"က်ေနာ္တို႔ သတိေတာ့ထားရတာေပါ့ဗ်။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဘက္က ဒီေန႔မွာ ပုံမွန္ထက္ကို ပတ္ကားအရမ္းမ်ားတယ္။ အရပ္ဝတ္ေတြ အရမ္းမ်ားတယ္။ ၿပီးရင္ က်ေနာ္တို႔ေခၚထားတဲ့ Call ပုံစံအတိုင္းေပါ့။ ဦးထုပ္ေတြေဆာင္းတယ္။ သူတို႔ဘက္က ေရာေယာင္ၿပီးပါဝင္လာတာမ်ိဳးေတြ ရွိတယ္။ ဒါေပမယ့္လည္း လူထုရဲ႕ရင္ထဲမွာ ေတာ္လွန္ေရးစိတ္က ရွိၿပီးသားဆိုေတာ့ က်ေနာ္ထင္တဲ့အတိုင္းပါပဲ။ က်ေနာ္တို႔ သပိတ္ႀကီးထြက္လာတဲ့အခ်ိန္မွာ လက္ခုတ္တီးႀကိဳဆိုၾကတယ္။ တခ်ိဳ႕ဆို ေျပးလာၾကတယ္ေပါ့ေနာ္။ ဘတ္စ္ကားမွတ္တိုင္မွာ ေစာင့္ေနတဲ့သူေတြလည္း ေျပးလာၿပီးေတာ့ ဝန္းရံၾကတယ္။ ေနာက္ဆုံးပိတ္ ကားေတြကအစ သူ႔ဟာသူ အလိုအေလ်ာက္ လာၿဖိဳခြင္းရင္ေတာင္မွ ကန႔္လန႔္ပိတ္ေပးထားတဲ့ အေနအထားေတြမွာ သူတို႔ပါဝင္ေပးထားတာဗ်။ အဲလိုမ်ိဳးေတြေတာင္ က်ေနာ္တို႔ေတြ႕ရတဲ့အတြက္ စစ္ေကာင္စီဘက္ကို က်ေနာ္တို႔က ဒီတခါလည္း အရႈိက္တည့္တည့္ကို ထိထိမိမိနဲ႔လုပ္ႏိုင္ခဲ့တယ္လို႔ ေျပာခ်င္ပါတယ္ဗ်။"

စည္ကားသပိတ္လုပ္ဖို႔ ဆႏၵျပသူေတြ ေဆာ္ၾသထားတဲ့ မႏၲေလးၿမိဳ႕မွာလည္း ဒီကေန႔ စစ္ေကာင္စီတပ္ေတြက လုံၿခဳံေရး တိုးျမင့္ထားသလို လမ္းေတြတစ္ေလွ်ာက္ အရပ္ဝတ္ေတြနဲ႔ေရာ ယူနီေဖာင္းေတြနဲ႔ပါ လွည့္လည္ေနၾကတယ္လို႔ မႏၲေလးၿမိဳ႕ ေဒသခံတဦးက ေျပာပါတယ္။

"အရင္ ပုံမွန္ေန႔ေတြထက္ေတာ့ မ်ားတယ္ဗ်။ အရင္ဆိုရင္ အစစ္အေဆးက မနက္တပိုင္းေလာက္ပဲ အခုဆိုရင္ အဲ့တစ္ေနရာကိုစစ္ရင္ တစ္ေနကုန္နီးပါးေလာက္ စစ္တာဗ်။ အစစ္အေဆးကေတာ့ အရင္ေန႔ေတြထက္ ၾကပ္တယ္ဗ်။ ယူနီေဖာင္းေတြနဲ႔ေရာ အရပ္ဝတ္ေတြနဲ႔ေရာ ရဲကားႀကီးေတြနဲ႔ ရပ္ၿပီးေတာ့ စစ္တယ္ေပါ့၊ စစ္ကားေတြနဲ႔ေရာ ရပ္ၿပီးေတာ့ စစ္တယ္။ သနပ္ခါးလိမ္းထားတဲ့သူေတြကို ဖ်က္ခိုင္းတယ္လို႔ေတာ့ ၾကားတယ္ဗ်။"

မနက္ အေစာပိုင္းမွာ မႏၲေလး သံဃာ့သမဂၢဆရာေတာ္ေတြက တြန္းလွန္ခ်မယ့္ ဆြမ္းခံႂကြသပိတ္ဆိုၿပီး ၂ ေျခာက္ လုံးေန႔ အထိမ္းအမွတ္ ဆြမ္းခံရင္း စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပခဲ့ၾကပါတယ္။

မုံ႐ြာၿမိဳ႕မွာေတာ့ ဒီကေန႔မနက္ အာ႐ုံတက္ခ်ိန္ ၃ နာရီေက်ာ္ေလာက္ကတည္းက စစ္ေကာင္စီတပ္ေတြက လုံၿခဳံေရးတင္းၾကပ္ထားၿပီး ဆႏၵျပအဖြဲ႔ေတြထြက္အလာကို ကင္းပုန္းဝပ္ၿပီး ေစာင့္ေနတာမ်ိဳး ေတြ ရွိတယ္လို႔ မုံ႐ြာၿမိဳ႕လူထုသပိတ္တိုက္ပြဲ ဦးေဆာင္ေကာ္မတီက ေခါင္းေဆာင္ ကိုအာကူးက ေျပာပါတယ္။ ဒီကေန႔မနက္ အေစာပိုင္းမွာ မုံ႐ြာပင္မသပိတ္နဲ႔အတူ မုံ႐ြာၿမိဳ႕နယ္ အေျခခံေက်ာင္းသားမ်ား သမဂၢ၊ မုံ႐ြာလူငယ္မ်ားအစည္းအ႐ုံးနဲ႔ ရပ္ကြက္ေနျပည္သူေတြ ပူးေပါင္းၿပီး ေက်ာကၠာလမ္း၊ သာစည္လမ္း၊ ဗႏၶဳလမ္း၊ ေပ ၈၀ လမ္းနဲ႔ ဗိုလ္တေထာင္လမ္းတို႔မွာ စစ္အာဏာရွင္ဆန႔္က်င္ေရး စာ႐ြက္ေတြ ျဖန႔္က်ဲတာ၊ ပန္းေတြက်ဲတာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ မနက္ ၅ နာရီေလာက္က လုပ္တဲ့ ဗိုလ္တစ္ေထာင္လမ္း လႈပ္ရွားမႈမွာ စစ္ေကာင္စီတပ္ေတြက သပိတ္အဖြဲ႔ဝင္တခ်ိဳ႕ကို ကားနဲ႔တိုက္ၿပီး ၿဖိဳခြင္းဖမ္းဆီးဖို႔ လုပ္ခဲ့ေပမယ့္ အဖမ္းခံရတာမရွိခဲ့ဘူးလို႔ မုံ႐ြာၿမိဳ႕လူထုသပိတ္တိုက္ပြဲ ဦးေဆာင္ေကာ္မတီက ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုအာကူးက ေျပာပါတယ္။

"အာဇာနည္လမ္းကိုသြားဖို႔ လုပ္တဲ့အခ်ိန္မွာ အဲ့ဒါမွာ လုံၿခဳံေရးက တင္းၾကပ္ေနတယ္။ သူတို႔က ေပ ၈၀ လမ္းေပါ့ေနာ္ အဲ့မွာ က်ဲခဲ့တယ္။ အဲမွာ က်ဲတဲ့ခါမွာ အေနာက္ကေန အိမ္စီးကားနဲ႔ လိုက္ၿပီးေတာ့ တိုက္တယ္။ တိုက္တဲ့အခါမွာ လက္နက္ေတာ့ မပါဘူးတဲ့။ သူတို႔ေျပာၾကားခ်က္အရေပါ့ေနာ္။ သူတို႔ကို ကားနဲ႔တိုက္ၿပီး ကားထဲကေန လူတေယာက္ က လက္နဲ႔လွမ္းဆြဲၿပီးေတာ့ ဒ႐ြတ္တိုက္ ေခၚသြားတယ္။ အဲ့ဒီမွာ ကံေကာင္းခ်င္ေတာ့ သူတို႔ကားက စက္ခြၽတ္ယြင္းသြားတာလား၊ ဘီးေပါက္တာလားမသိဘူး။ ကားက ေခ်ာက္ထဲထိုးက်သြားတယ္။ အဲ့ေဘးက လမ္းေခ်ာက္ထဲေပါ့။ အဲ့မွာ တေယာက္က နီးစပ္ရာ ရပ္ကြက္ထဲဝင္ေျပးလိုက္တယ္။ အိမ္ေတြကို အကူအညီေတာင္းတဲ့အခါမွာ အိမ္ေတြက လက္မခံခဲ့ဘူးေပါ့။ ေနာက္က က်န္ခဲ့တဲ့တေယာက္က ကိုယ္ဝန္ေဆာင္သည္အမ်ိဳးသမီးဗ်။ ကိုယ္ဝန္ေဆာင္သည္ အမ်ိဳးသမီးက လမ္းမွာ လမ္းႀကဳံတဲ့ဆိုင္ကယ္ကို သူ႔ကိုတင္ေခၚဖို႔ အကူအညီေတာင္းတယ္။ သူတက္လိုက္တဲ့အခ်ိန္ မွာ သူ႔လက္ထဲက ႏွင္းဆီပန္းေတြကို ျမင္ၿပီးေတာ့ မလိုက္ခဲ့နဲ႔ အလုပ္ရႈပ္တယ္ဆိုၿပီးေတာ့ တြန္းခ်လိုက္တယ္။ အဲ့အရွိန္နဲ႔ ေကာင္မေလးက ကိုယ္ဝန္ပ်က္သြားတယ္။ ကိုယ္ဝန္ပ်က္က်တယ္ဆိုတဲ့ သတင္းကေတာ့ က်ေနာ္တို႔ ေန႔လယ္ပိုင္း ၁ နာရီေလာက္ကမွ အတည္ျပဳလို႔ရတယ္။"

မုံ႐ြာၿမိဳ႕ကစည္ကားသပိတ္မွာ ပါဝင္တယ္လို႔ ယူဆသူတခ်ိဳ႕ ဖမ္းဆီးခံရတာရွိတယ္လို႔ ကိုအာကူးက ေျပာပါတယ္။

"ျပည္သူေတြပါဝင္တဲ့အတြက္ မနက္ ၉ နာရီေက်ာ္ေလာက္က ေဈးသည္အဖြားႀကီးတေယာက္ ေအာင္သေျပလမ္းမွာတစ္ေယာက္၊ ဘိုးဘြားရိပ္သာ ေရွ႕မွာတစ္ေယာက္ ဖမ္းသြားတယ္။ ဘာမွမဟုတ္ဘူး။ သနပ္ခါးလိမ္းလို႔ဆိုၿပီး ဖမ္းသြားတယ္။ မနက္အေစာႀကီးမွာ အင္း႐ြာသစ္ထဲမွာတေယာက္ ေသနတ္နဲ႔ပစ္ၿပီး ဖမ္းသြားတယ္။ ေပါင္ထိသြားတယ္။ ေလာေလာဆယ္ အဆက္အသြယ္ျပတ္ေနတယ္။ သူရယ္၊ ေနာက္တေယာက္ရယ္ေပါ့၊ ႏွစ္ေယာက္ လက္ဖက္ရည္ဆိုင္ထဲမွာ။ ၉ နာရီေက်ာ္ ၁၀ နာရီေလာက္က ေနာက္လက္ဖက္ရည္ဆိုင္မွာ တေယာက္ ထပ္ဖမ္းသြားတယ္။ ေနာက္ဆက္တြဲၾကားရတဲ့ သတင္းက အဲ့ဖမ္းသြားတဲ့ လူရဲ႕ မိသားစု လသားအ႐ြယ္ကေလးအပါအဝင္ မိန္းမကိုပါ ဖမ္းသြားတယ္လို႔ ၾကားတယ္ဗ်။ ၿမိဳ႕ထဲမွာ ေတာ္ေတာ္မ်ားမ်ား ဖမ္းဆီးခံရတယ္။ Mobile One က မန္ေနဂ်ာတို႔ သူတို႔ကို ဘာအမႈနဲ႔ ဖမ္းတာလဲေတာ့ မသိဘူး။ ေအာင္ေကာင္းလက္ဖက္ရည္ဆိုင္ ပိုင္ရွင္ပါတယ္။ ေတာလမ္းက လက္ဖက္ရည္ဆိုင္က ပိုင္ရွင္တို႔ပါတယ္။ ေတာ္ေတာ္မ်ားတယ္ဗ် ဒီေန႔။"

ဒီေန႔ ၂ ေျခာက္လုံး အထိမ္းအမွတ္ စည္ကားသပိတ္ကို ကေလး၊ ေလာင္းလုံ၊ သရက္ေခ်ာင္း၊ မိတၳိလာ၊ ဖားကန႔္၊ လက္ပံေတာင္း၊ မိုးညႇင္း၊ ပခုကၠဴ၊ ကနီ၊ ဘုတလင္၊ ေရစႀကိဳ၊ ဝက္လက္၊ ဒီပဲယင္း၊ ခင္ဦး၊ မတၱရာ၊ အရာေတာ္၊ ယင္းမာပင္၊ ဆားလင္းႀကီး၊ ေ႐ြဘို စတဲ့ ေဒသေတြမွာ ျပဳလုပ္ခဲ့ၾကပါတယ္။ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဝင္းေရာ္ေဒသမွာ ေဒသခံလူငယ္ေတြ ဦးေဆာင္ၿပီး ခ်ီတက္ဆႏၵျပခဲ့ၾကသလို ကယားျပည္နယ္ထဲက ယာယီဒုကၡသည္စခန္းမွာလည္း ၂ ေျခာက္လုံးေန႔အထိမ္းအမွတ္ ကေလးငယ္ေတြက ‘ျပန္လည္စု႐ုံး ၂ ေျခာက္လုံး၊ ေက်းလက္ ပုန္ကန္ ၿမိဳ႕ျပဖီဆန္’ စတဲ့ စာသားေတြကို ကိုင္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ျပန္လည္စု႐ုန္း ႏွစ္ေျခာက္လုံး စည္ကားသပိတ္မွာပါဝင္တဲ့အေနနဲ႔ တခ်ိဳ႕ကလည္း သနပ္ခါးလိမ္းထားၿပီး လက္ထဲမွာ ပန္းကိုင္ထားတဲ့ ဓာတ္ပုံေတြကိုလည္း လူမႈကြန္ယက္ေပၚမွာ မွ်ေဝေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================
[[Unicode]]

ရန်ကုန်မန္တလေးနဲ့မြို့တချို့ နှစ်ခြောက်လုံးအထိမ်းအမှတ် လျှပ်တပြက်ဆန္ဒပြ

၂၂ ရက် ၂ လ ၂၀၂၂ ခုနှစ်၊ ဒီနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ ပြန်လည်စုရုန်း ၂ ခြောက်လုံး စည်ကားသပိတ် ဆိုပြီး ဆန္ဒပြပွဲတွေ ရန်ကုန်မြို့အပါအဝင် မြို့တချို့မှာ လုပ်ခဲ့ကြပါတယ်။ လုံခြုံရေးတင်းကြပ်ထားတာကြောင့် တချို့နေရာတွေမှာ ပျောက်ကြားသပိတ်ပုံစံနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာမြို့မှာ စစ်ကောင်စီက ကားနဲ့ဝင်တိုက် လူစုခွဲခဲ့သလို ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရသူတချို့ရှိပါတယ်။ ၂ ခြောက်လုံး အထိမ်းအမှတ် ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့ စတဲ့မြို့တွေက အခြေအနေတွေ စုစည်းထားတဲ့ ရန်ကုန်ကပေးပို့တဲ့သတင်း မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဒီနေ့ ပြက္ခဒိန်မှာ ၂ ခြောက်လုံးစုံတဲ့ ထူးခြားတဲ့နေ့မှာ ပြန်လည်စုရုန်း ၂ ခြောက်လုံး ဆိုပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတချို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့တနေရာမှာ လူငယ်တွေဦးဆောင်ပြီး စည်ကားသပိတ်ကို လုပ်ခဲ့ကြတာမှာ လူထုကလည်းပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတဦးက ပြောပြပါတယ်။

"ကျနော်တို့က ဒါ စည်ကားသပိတ်ပဲလေဗျ။ လူထုကိုလမ်းပေါ် ဆွဲတင်ကြည့်တယ်။ တင်ကြည့်တဲ့အခါမှာ ပုံမှန်ထွက်နေတဲ့ သပိတ်အင်အားစုတွေကလုပ်ပေမယ့် ပတ်ဝန်းကျင်မှာရှိနေတဲ့ လူထုပါဝင်လာတဲ့နှုန်းကိုလည်း ကျနော်တို့ ခံစားရတယ်ပေါ့။ လူ ၆ ယောက်မှာ အင်္ကျီအဖြူပေါ်မှာ အက္ခရာ ၂ ရိုက်ထားတယ်။ ရိုက်တဲ့အင်္ကျီတွေကိုဝတ်ပြီးတော့ သနပ်ခါးလူးတာတွေ၊ ပြီးတော့ ခမောက်တွေဆောင်းတယ်။ ပြီးရင် တော်လှန်ရေးပန်းတွေ ကိုင်ပြီးတော့ ကျနော်တို့ ချီတက်ကြတယ်ပေါ့။ ချီတက်ပြီးတော့ ကြွေးကြော်သံတိုင်ပြီးတော့ ပျောက်ကြားသပိတ်ဆင်နွှဲခဲ့ပါတယ်။ အားလုံးပဲ ဘေးကင်းကင်းနဲ့တော့ ပြီးသွားပါတယ်ဗျ။"

၂ ခြောက်လုံး စည်ကားသပိတ်မှာ ဦးထုပ်၊ ခမောက်ဆောင်းတာ၊ မျက်နှာမှာ သနပ်ခါး ပါးကွက်ကြားလိမ်းတာနဲ့ လက်ထဲမှာ ပန်းကိုင်ပြီး ဒီလှုပ်ရှားမှုမှာ လူထုပါဝင်လာဖို့ လူမှုကွန်ယက်တွေပေါ်မှာ ဆော်သြမှုတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီနေ့ လုံခြုံရေးကို အရင်နေ့တွေထက် ပိုပြီး မြင်သာ ထင်သာချထားပါတယ်။ ဒီကြားထဲက ဒီနေ့ဆန္ဒပြခဲ့တဲ့ အနေအထားကို ဆန္ဒပြလူငယ်တဦးက ခုလိုပြောပါတယ်။

"ကျနော်တို့ သတိတော့ထားရတာပေါ့ဗျ။ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်က ဒီနေ့မှာ ပုံမှန်ထက်ကို ပတ်ကားအရမ်းများတယ်။ အရပ်ဝတ်တွေ အရမ်းများတယ်။ ပြီးရင် ကျနော်တို့ခေါ်ထားတဲ့ Call ပုံစံအတိုင်းပေါ့။ ဦးထုပ်တွေဆောင်းတယ်။ သူတို့ဘက်က ရောယောင်ပြီးပါဝင်လာတာမျိုးတွေ ရှိတယ်။ ဒါပေမယ့်လည်း လူထုရဲ့ရင်ထဲမှာ တော်လှန်ရေးစိတ်က ရှိပြီးသားဆိုတော့ ကျနော်ထင်တဲ့အတိုင်းပါပဲ။ ကျနော်တို့ သပိတ်ကြီးထွက်လာတဲ့အချိန်မှာ လက်ခုတ်တီးကြိုဆိုကြတယ်။ တချို့ဆို ပြေးလာကြတယ်ပေါ့နော်။ ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေတဲ့သူတွေလည်း ပြေးလာပြီးတော့ ဝန်းရံကြတယ်။ နောက်ဆုံးပိတ် ကားတွေကအစ သူ့ဟာသူ အလိုအလျောက် လာဖြိုခွင်းရင်တောင်မှ ကန့်လန့်ပိတ်ပေးထားတဲ့ အနေအထားတွေမှာ သူတို့ပါဝင်ပေးထားတာဗျ။ အဲလိုမျိုးတွေတောင် ကျနော်တို့တွေ့ရတဲ့အတွက် စစ်ကောင်စီဘက်ကို ကျနော်တို့က ဒီတခါလည်း အရှိုက်တည့်တည့်ကို ထိထိမိမိနဲ့လုပ်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်ဗျ။"

စည်ကားသပိတ်လုပ်ဖို့ ဆန္ဒပြသူတွေ ဆော်သြထားတဲ့ မန္တလေးမြို့မှာလည်း ဒီကနေ့ စစ်ကောင်စီတပ်တွေက လုံခြုံရေး တိုးမြင့်ထားသလို လမ်းတွေတစ်လျှောက် အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းတွေနဲ့ပါ လှည့်လည်နေကြတယ်လို့ မန္တလေးမြို့ ဒေသခံတဦးက ပြောပါတယ်။

"အရင် ပုံမှန်နေ့တွေထက်တော့ များတယ်ဗျ။ အရင်ဆိုရင် အစစ်အဆေးက မနက်တပိုင်းလောက်ပဲ အခုဆိုရင် အဲ့တစ်နေရာကိုစစ်ရင် တစ်နေကုန်နီးပါးလောက် စစ်တာဗျ။ အစစ်အဆေးကတော့ အရင်နေ့တွေထက် ကြပ်တယ်ဗျ။ ယူနီဖောင်းတွေနဲ့ရော အရပ်ဝတ်တွေနဲ့ရော ရဲကားကြီးတွေနဲ့ ရပ်ပြီးတော့ စစ်တယ်ပေါ့၊ စစ်ကားတွေနဲ့ရော ရပ်ပြီးတော့ စစ်တယ်။ သနပ်ခါးလိမ်းထားတဲ့သူတွေကို ဖျက်ခိုင်းတယ်လို့တော့ ကြားတယ်ဗျ။"

မနက် အစောပိုင်းမှာ မန္တလေး သံဃာ့သမဂ္ဂဆရာတော်တွေက တွန်းလှန်ချမယ့် ဆွမ်းခံကြွသပိတ်ဆိုပြီး ၂ ခြောက် လုံးနေ့ အထိမ်းအမှတ် ဆွမ်းခံရင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

မုံရွာမြို့မှာတော့ ဒီကနေ့မနက် အာရုံတက်ချိန် ၃ နာရီကျော်လောက်ကတည်းက စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကြပ်ထားပြီး ဆန္ဒပြအဖွဲ့တွေထွက်အလာကို ကင်းပုန်းဝပ်ပြီး စောင့်နေတာမျိုး တွေ ရှိတယ်လို့ မုံရွာမြို့လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ခေါင်းဆောင် ကိုအာကူးက ပြောပါတယ်။ ဒီကနေ့မနက် အစောပိုင်းမှာ မုံရွာပင်မသပိတ်နဲ့အတူ မုံရွာမြို့နယ် အခြေခံကျောင်းသားများ သမဂ္ဂ၊ မုံရွာလူငယ်များအစည်းအရုံးနဲ့ ရပ်ကွက်နေပြည်သူတွေ ပူးပေါင်းပြီး ကျောက္ကာလမ်း၊ သာစည်လမ်း၊ ဗန္ဓုလမ်း၊ ပေ ၈၀ လမ်းနဲ့ ဗိုလ်တထောင်လမ်းတို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေ ဖြန့်ကျဲတာ၊ ပန်းတွေကျဲတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ မနက် ၅ နာရီလောက်က လုပ်တဲ့ ဗိုလ်တစ်ထောင်လမ်း လှုပ်ရှားမှုမှာ စစ်ကောင်စီတပ်တွေက သပိတ်အဖွဲ့ဝင်တချို့ကို ကားနဲ့တိုက်ပြီး ဖြိုခွင်းဖမ်းဆီးဖို့ လုပ်ခဲ့ပေမယ့် အဖမ်းခံရတာမရှိခဲ့ဘူးလို့ မုံရွာမြို့လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအာကူးက ပြောပါတယ်။

"အာဇာနည်လမ်းကိုသွားဖို့ လုပ်တဲ့အချိန်မှာ အဲ့ဒါမှာ လုံခြုံရေးက တင်းကြပ်နေတယ်။ သူတို့က ပေ ၈၀ လမ်းပေါ့နော် အဲ့မှာ ကျဲခဲ့တယ်။ အဲမှာ ကျဲတဲ့ခါမှာ အနောက်ကနေ အိမ်စီးကားနဲ့ လိုက်ပြီးတော့ တိုက်တယ်။ တိုက်တဲ့အခါမှာ လက်နက်တော့ မပါဘူးတဲ့။ သူတို့ပြောကြားချက်အရပေါ့နော်။ သူတို့ကို ကားနဲ့တိုက်ပြီး ကားထဲကနေ လူတယောက် က လက်နဲ့လှမ်းဆွဲပြီးတော့ ဒရွတ်တိုက် ခေါ်သွားတယ်။ အဲ့ဒီမှာ ကံကောင်းချင်တော့ သူတို့ကားက စက်ချွတ်ယွင်းသွားတာလား၊ ဘီးပေါက်တာလားမသိဘူး။ ကားက ချောက်ထဲထိုးကျသွားတယ်။ အဲ့ဘေးက လမ်းချောက်ထဲပေါ့။ အဲ့မှာ တယောက်က နီးစပ်ရာ ရပ်ကွက်ထဲဝင်ပြေးလိုက်တယ်။ အိမ်တွေကို အကူအညီတောင်းတဲ့အခါမှာ အိမ်တွေက လက်မခံခဲ့ဘူးပေါ့။ နောက်က ကျန်ခဲ့တဲ့တယောက်က ကိုယ်ဝန်ဆောင်သည်အမျိုးသမီးဗျ။ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးက လမ်းမှာ လမ်းကြုံတဲ့ဆိုင်ကယ်ကို သူ့ကိုတင်ခေါ်ဖို့ အကူအညီတောင်းတယ်။ သူတက်လိုက်တဲ့အချိန် မှာ သူ့လက်ထဲက နှင်းဆီပန်းတွေကို မြင်ပြီးတော့ မလိုက်ခဲ့နဲ့ အလုပ်ရှုပ်တယ်ဆိုပြီးတော့ တွန်းချလိုက်တယ်။ အဲ့အရှိန်နဲ့ ကောင်မလေးက ကိုယ်ဝန်ပျက်သွားတယ်။ ကိုယ်ဝန်ပျက်ကျတယ်ဆိုတဲ့ သတင်းကတော့ ကျနော်တို့ နေ့လယ်ပိုင်း ၁ နာရီလောက်ကမှ အတည်ပြုလို့ရတယ်။"

မုံရွာမြို့ကစည်ကားသပိတ်မှာ ပါဝင်တယ်လို့ ယူဆသူတချို့ ဖမ်းဆီးခံရတာရှိတယ်လို့ ကိုအာကူးက ပြောပါတယ်။

"ပြည်သူတွေပါဝင်တဲ့အတွက် မနက် ၉ နာရီကျော်လောက်က ဈေးသည်အဖွားကြီးတယောက် အောင်သပြေလမ်းမှာတစ်ယောက်၊ ဘိုးဘွားရိပ်သာ ရှေ့မှာတစ်ယောက် ဖမ်းသွားတယ်။ ဘာမှမဟုတ်ဘူး။ သနပ်ခါးလိမ်းလို့ဆိုပြီး ဖမ်းသွားတယ်။ မနက်အစောကြီးမှာ အင်းရွာသစ်ထဲမှာတယောက် သေနတ်နဲ့ပစ်ပြီး ဖမ်းသွားတယ်။ ပေါင်ထိသွားတယ်။ လောလောဆယ် အဆက်အသွယ်ပြတ်နေတယ်။ သူရယ်၊ နောက်တယောက်ရယ်ပေါ့၊ နှစ်ယောက် လက်ဖက်ရည်ဆိုင်ထဲမှာ။ ၉ နာရီကျော် ၁၀ နာရီလောက်က နောက်လက်ဖက်ရည်ဆိုင်မှာ တယောက် ထပ်ဖမ်းသွားတယ်။ နောက်ဆက်တွဲကြားရတဲ့ သတင်းက အဲ့ဖမ်းသွားတဲ့ လူရဲ့ မိသားစု လသားအရွယ်ကလေးအပါအဝင် မိန်းမကိုပါ ဖမ်းသွားတယ်လို့ ကြားတယ်ဗျ။ မြို့ထဲမှာ တော်တော်များများ ဖမ်းဆီးခံရတယ်။ Mobile One က မန်နေဂျာတို့ သူတို့ကို ဘာအမှုနဲ့ ဖမ်းတာလဲတော့ မသိဘူး။ အောင်ကောင်းလက်ဖက်ရည်ဆိုင် ပိုင်ရှင်ပါတယ်။ တောလမ်းက လက်ဖက်ရည်ဆိုင်က ပိုင်ရှင်တို့ပါတယ်။ တော်တော်များတယ်ဗျ ဒီနေ့။"

ဒီနေ့ ၂ ခြောက်လုံး အထိမ်းအမှတ် စည်ကားသပိတ်ကို ကလေး၊ လောင်းလုံ၊ သရက်ချောင်း၊ မိတ္ထိလာ၊ ဖားကန့်၊ လက်ပံတောင်း၊ မိုးညှင်း၊ ပခုက္ကူ၊ ကနီ၊ ဘုတလင်၊ ရေစကြို၊ ဝက်လက်၊ ဒီပဲယင်း၊ ခင်ဦး၊ မတ္တရာ၊ အရာတော်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ရွေဘို စတဲ့ ဒေသတွေမှာ ပြုလုပ်ခဲ့ကြပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသမှာ ဒေသခံလူငယ်တွေ ဦးဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြသလို ကယားပြည်နယ်ထဲက ယာယီဒုက္ခသည်စခန်းမှာလည်း ၂ ခြောက်လုံးနေ့အထိမ်းအမှတ် ကလေးငယ်တွေက ‘ပြန်လည်စုရုံး ၂ ခြောက်လုံး၊ ကျေးလက် ပုန်ကန် မြို့ပြဖီဆန်’ စတဲ့ စာသားတွေကို ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ပြန်လည်စုရုန်း နှစ်ခြောက်လုံး စည်ကားသပိတ်မှာပါဝင်တဲ့အနေနဲ့ တချို့ကလည်း သနပ်ခါးလိမ်းထားပြီး လက်ထဲမှာ ပန်းကိုင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း လူမှုကွန်ယက်ပေါ်မှာ မျှဝေနေကြပါတယ်။

===================

XS
SM
MD
LG