သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ ထိုင်းအကာအကွယ်ပေးဖို့ Forify Rights တိုက်တွန်း


ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံလာကြတဲ့ ကရင်လူမျိုးဒုက္ခသည်များ။ (ယခင် မှတ်တမ်းဓာတ်ပုံ)
ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံလာကြတဲ့ ကရင်လူမျိုးဒုက္ခသည်များ။ (ယခင် မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထိုးစစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို ထွက်ပြေးလာတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေကို နေရပ်အတင်းအကျပ် ပြန်ပို့တာမျိုးမလုပ်ဘဲ အကာအကွယ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ထိုင်းအစိုးရကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတဲ့ လက်လုပ် ယာယီ တံတားတခုကို ထိုင်းစစ်တပ်က ဖျက်ဆီးနေတဲ့ ဗွီဒီယိုတခု ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က Fortify Rights အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဒီ ဗွီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ပြီး ထိုင်းနိုင်ငံမှာလည်း လူအများအပြား ကြည့်ရှုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ တပ်မဟာ ၃၊ အခြေစိုက် စစ်တပ်ကတော့ ဒါဟာ နယ်စပ်ဖြတ်ကျော် တရားမဝင် မှောင်ခိုကူးတာတွေကို နှိမ်နှင်းဖို့အတွက်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်ကိစ္စ တခုသာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ၁၉၆၇ ခုနှစ် ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်ထိုးမထားပေမယ့် နေရပ်ပြန်မယ်ဆိုရင် ဘေးဒုက္ခ ကျရောက်နေတဲ့ ဒုက္ခသည်တွေကို ကာကွယ်ရမယ့် တာဝန်ရှိတယ်ဆိုပြီး Fortify Rights လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်တာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသား ဒုက္ခသည် ၁ သောင်း ၇ ထောင် လောက် ထိုင်းနိုင်ငံထဲကို နယ်စပ်ကျော် ထွက်ပြေးခဲ့တဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာလည်း အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေ ၉ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။ နယ်စပ်ဒေသ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်တာတွေ ပိုတိုးလာနေပြီး နယ်ခြားဒေသကို ကျော်ပြီး လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ် ပေးဖို့ လိုနေတဲ့အကြောင်း ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Alt Asean အဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






================

XS
SM
MD
LG