သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

USCIRF အစီရင္ခံစာ ျမန္မာတုံ႔ျပန္မႈမ်ား 


2022 USCIRF Religious Freedom Recommendations (USCIRF/April 26, 2022)


[[Zawgyi/Unicode]]

၂၀၂၁ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ဘာသာေရးလြတ္လပ္ခြင့္ သိသိသာသာ က်ဆင္းခဲ့တဲ့အတြက္ အေမရိကန္အစိုးရအေနနဲ႔ အထူးစိုးရိမ္ရတဲ့ ႏိုင္ငံစာရင္း သြင္းဖို႔ ႏိုင္ငံတကာဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာေကာ္မရွင္ USCIRF က အႀကံျပဳလိုက္ပါတယ္။ စစ္တပ္ရဲ႕ လုပ္ရပ္ေတြအေပၚ အေရးယူႏိုင္ဖို႔ ႏိုင္ငံတကာရဲ႕ အားထုတ္ေဆာင္႐ြက္မႈေတြကို အေမရိကန္အစိုးရအေနနဲ႔ တက္တက္ႂကြႂကြ ေထာက္ခံဖို႔နဲ႔ ဘာသာေရးလြတ္လပ္ခြင့္ ဆိုးဆိုးဝါးဝါး ခ်ိဳးေဖာက္ေနတဲ့ စစ္ေခါင္းေေဆာင္ေတြအေပၚ အေရးယူ ဒဏ္ခတ္ဖို႔လည္း ႏွစ္စဥ္ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ အႀကံျပဳထားပါတယ္။ ဒီအေပၚ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ စစ္ေကာင္စီက ဘယ္လိုတုံ႔ျပန္ပါသလဲ၊ မစုျမတ္မြန္က အျပည့္အစုံတင္ျပေပးထားပါတယ္။

ႏိုင္ငံတကာမွာ ဘာသာေရးလြတ္လပ္ခြင့္ရွိေအာင္ အေမရိကန္အစိုးရလုပ္သင့္တဲ့ အႀကံျပဳခ်က္ေတြကို အေမရိကန္အစိုးရရဲ႕ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာေကာ္မရွင္ USCIRF ကႏွစ္စဥ္ အစီရင္ခံစာ ထုတ္ျပန္ အႀကံျပဳခ်က္ေတြ ေပးရပါတယ္။ အခု ၂၀၂၂ ခုႏွစ္အတြက္ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံဟာ ဘာသာေရးလြတ္လပ္ခြင့္အတြက္ အထူးစိုးရိမ္ရတဲ့ ႏိုင္ငံတႏိုင္ငံအျဖစ္ အေမရိကန္အစိုးရအေနနဲ႔ သတ္မွတ္ဖို႔ USCIRF ကအႀကံျပဳလိုက္ပါတယ္။ အႀကံျပဳခ်က္နဲ႔ပါတ္သက္လို႔ အစီရင္ခံစာထုတ္ျပန္ပြဲမွာ ေကာ္မရွင္ဥကၠ႒ Nadine Maenza ကခုလိုေျပာၾကားခဲ့ပါတယ္။

“ဒီႏွစ္အစီရင္ခံစာမွာ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံက အေျခအေနေတြကိုတင္ျပထားပါတယ္။ ၂၀၂၁ ခုႏွစ္က အေျခအေနေတြကို အေျခခံၿပီး ၁၅ ႏိုင္ငံကို အထူးစိုးရိမ္ရတဲ့ႏိုင္ငံေတြအျဖစ္ သတ္မွတ္ဖို႔ အႀကံျပဳပါတယ္။ အဲဒီထဲက ၁၀ ႏိုင္ငံကို အေမရိကန္ႏိုင္ငံျခားေရးဌာနက စိုးရိမ္ရတဲ့ႏိုင္ငံေတြအျဖစ္ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလကတည္းက သတ္မွတ္ခဲ့ပါတယ္။
...အဲဒီႏိုင္ငံေတြကေတာ့ ျမန္မာႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ၊ Eritrea၊ အီရန္၊ ေျမာက္ကိုရီးယားစတဲ့ႏိုင္ငံေတြျဖစ္ပါတယ္။”

ဧၿပီ ၂၅ ရက္ေန႔ ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာထဲမွာ ၂၀၂၁ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ဘာသာေရးလြတ္လပ္ခြင့္ သိသိသာသာ က်ဆင္းခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ စစ္တပ္က အတိုက္အခံေတြကို ႏွိမ္ႏွင္းတဲ့ေနရာမွာ ဘာသာေရးအေဆာက္အဦးေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြ၊ ဘာသာေရးအဖြဲ႕အစည္းေတြကို ပစ္မွတ္ထားတယ္။ ခရိယာန္ ဘာသာဝင္ လူနည္းစုတိုင္းရင္းသားေတြအေပၚ ပစ္မွတ္ထားသလို ဗုဒၶဘာသာဝင္ သံဃာေတာ္အမ်ားအျပားကိုလည္း ဖမ္းဆီးေထာင္ခ်ထားတယ္လို႔ ေျပာထားပါတယ္။ ခရစ္ယာန္ ဘာသာဝင္ လူနည္းစုတိုင္းရင္းသားေတြအေနနဲ႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၂၀၁၇ ခုႏွစ္တုန္းက ႐ိုဟင္ဂ်ာေတြ ႀကဳံေတြ႔ခဲ့ရတဲ့အျဖစ္မ်ိဳးနဲ႔ဆင္တူ ဖိႏွိပ္ခံေနရတယ္လို႔လည္း ႏႈိင္းယွဥ္ေျပာထားပါတယ္။ ၂၀၂၁ ခုႏွစ္အတြင္း ခ်င္း၊ ကခ်င္လူမ်ိဳး ခရစ္ယာန္ဘာသာဝင္ေတြအေပၚ စစ္တပ္က ပိုၿပီးဖိႏွိပ္ေနတယ္လို႔ ေကာ္မရွင္က ေျပာၾကားတာနဲ႔ပတ္သက္လို႔ ခ်င္းတိုင္းရင္းသား ခရစ္ယာန္ ဘာသာေရးေခါင္းေဆာင္တေယာက္က ခုလိုေျပာပါတယ္။

"သူတို႔ကေတာ့ ဘာသာေရးမႈိင္းတိုက္တဲ့အပိုင္းမွာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ တာေပါ့။ ဘာမွမဆီမဆိုင္တဲ့ ဘာသာေရးအေဆာက္အဦးေတြကို အဲလိုလုပ္ေတာ့လည္း တခါတေလ က်ေနာ္တို႔ ဘာသာတူေတြအတြက္ေတာ့ ဒုကၡေရာက္ တာေပါ့။ ဒါေပမယ့္ ဒါကေတာ့ က်ေနာ္တို႔ ခရစ္ယာန္အေနနဲ႔ေတာ့ ဘုရားသခင္ရဲ႕အလိုေတာ္ကို ဝန္ခံရမွာပဲေပါ့။ က်ေနာ္တို႔ ဘာသာေရးအေနနဲ႔ေတာ့ အားလုံးေအးခ်မ္း ၿငိမ္းခ်မ္းဖို႔၊ မွ်တမႈရွိဖို႔၊ ေကာင္းရာဘက္သို႔ တရားမွ်တေရးေပါ့ေလ။ ဒါေပမယ့္ ဒီလိုျဖစ္ေနေတာ့လည္း ဘာမွ က်ေနာ္တို႔ ေျပာပိုင္ခြင့္မရွိပါဘူး။ မေကာင္းတာေတာ့ မေကာင္းဘူးေပါ့။ သက္ဆိုင္ရာကေတာ့ ဘယ္လိုရည္ ႐ြယ္ခ်က္နဲ႔ လုပ္တာလည္းတာ့ မသိဘူးေပါ့ေလ။"

အေမရိကန္အစိုးရရဲ႕ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာေကာ္မရွင္ အစီရင္ခံစာထဲမွာ အာဏာသိမ္းထားတဲ့ စစ္တပ္က သူ႔အေပၚေထာက္ခံမႈရေအာင္ အမ်ိဳး၊ ဘာသာ၊ သာသနာ ေစာင့္ေရွာက္ေရးအလုပ္ေတြကို လုပ္ေနသလို၊ အၾကမ္းဖက္ ႏွိမ္ႏွင္းမႈေတြ၊ ႐ိုဟင္ဂ်ာလို ဘာသာျခား လူနည္းစုေတြအေပၚ စစ္တပ္ကပစ္မွတ္ထားတာကို ေထာက္ခံတဲ့ ဘုန္းႀကီးေတြကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က လူသိရွင္ၾကား ကိုးကြယ္ဆည္းကပ္ျပတယ္လို႔ ေဖာ္ျပထားပါတယ္။ မႏၲေလး သံဃာ့သမဂၢက အရွင္ရာဇဓမၼ ကလည္း စစ္တပ္ဟာ အာဏာတည္ၿမဲေရးအတြက္ ဗုဒၶဘာသာကို အၿမဲ အသုံးခ်တယ္လို႔ ခုလို မိန႔္ပါတယ္။

“စစ္ေခါင္းေဆာင္ေတြ၊ စစ္အာဏာရွင္ေတြအဆက္ဆက္က ဦးဇင္းတို႔ ဒီဘာသာေရးကို သူတို႔ရဲ႕အက်ဳိးစီးပြါးနဲ႔ အာဏာတည္ၿမဲေရးအတြက္ကိုပဲ အဓိက ႐ုပ္ျပသက္သက္ေလာက္ကိုပဲ အသံုးခ်ခဲ့တာမ်ဳိးေတြ။ ဆရာေတာ္ႀကီးေတြကိုလည္း ဘြဲ႔တံဆိပ္ေတြ ေပးတယ္။ ဒါေတြကက်ေတာ့ သူ႔ရဲ႕အာဏာတည္ၿမဲေရးအတြက္လို႔ပဲ ေျပာရမွာပဲ။ ဘာလို႔တုန္းဆိုေတာ့ တဘက္မွာက ဒီ ရဟန္းသံဃာေတာ္ေတြကို ဖမ္းဆီးတာမ်ဳိးေတြရွိတယ္။ ေနာက္ၿပီးေတာ့ ဒီဘုန္းႀကီးေက်ာင္းေတြမွာဝင္ေရာက္ၿပီး တပ္စြဲထားတယ္ဆိုတာ ဒါ ႏိုင္ငံတကာဥပေဒေတြထဲမွာကိုက ဘာသာေရးနဲ႔ပတ္သက္တဲ့အေဆာက္အဦးေတြမွာ သူတို႔ စစ္ေကာင္စီဘက္က တပ္စြဲခြင့္မရွိဘူး။ အဲဒါေတြကို သူတို႔က ခ်ဳိးေဖာက္တယ္။ မသိက်ဳိးကၽြန္ျပဳၿပီးေတာ့မွ အခု လက္ရွိအခ်ိန္အထိ ဦးဇင္းတို႔ ဒီမႏၱေလးၿမိဳ႕ေပၚမွာဆိုရင္လည္း ဘုန္းႀကီးေက်ာင္းေတြ၊ ဓမၼာ႐ံုေတြမွာ စစ္တပ္ေတြ တပ္စြဲထားတာမ်ဳိးေတြ ရွိတယ္။ နယ္ေတြဆိုတာကေတာ့ ေျပာစရာေတာင္မလုိဘူး။ သူတို႔ လုပ္ခ်င္သလိုလုပ္တယ္။ ေနခ်င္သလိုေနတယ္။ ၿပီးလို႔ရွိရင္ ဘုန္းႀကီးေက်ာင္းေတြကို ေမႊေႏွာက္ၿပီးေတာ့ ရွာေဖြတာမ်ဳိးေတြ၊ ဖ်က္ဆီးမီး႐ိႈ႕သြားတာမ်ဳိးေတြ အမ်ားႀကီးရွိခဲ့တယ္။ အဲဒီေတာ့ စစ္အာဏာရွင္ေတြကေကာ ဘာသာေရးကို သူတို႔ရဲ႕အာဏာတည္ၿမဲေရးအတြက္ အသံုးခ်႐ံုသက္သက္ပါပဲ။”

ဒီေျပာၾကားခ်က္ေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလို တုံ႔ျပန္ ပယ္ခ်ပါတယ္။

“လက္ေတြ႔မွာ ဗုဒၶဘာသာဝင္ျဖစ္တဲ့ဘုန္းႀကီးေတြကိုသတ္ေနတာ ဘယ္သူလဲဆိုတာ တႏိုင္ငံလံုးအသိပဲျဖစ္တယ္။ အေမရိကန္ကေတာ့ သူ႔ဟာသူ မ်က္စိပိတ္၊ နားပိတ္ၿပီးေအာ္ေနလို႔ မသိတာျဖစ္မွာေပါ့ဗ်ာ။ ဒါကေတာ့ က်ေနာ္တုိ႔လည္း မတတ္ႏိုင္ဘူး။ က်ေနာ္တို႔ႏုိင္ငံမွာ ပိတ္ပင္ထားတဲ့ ခရစ္ယာန္ေက်ာင္းေတြ ဘယ္ႏွစ္ခုရွိလဲ။ ပိတ္ပင္ထားတဲ့ မြတ္ဆလင္ဗလီ ဘယ္ႏွစ္ခုရွိလဲ။ ၿမိဳ႕ႀကီး ျပႀကီးေတြမွာ မြတ္ဆလင္(အစၥလာမ္)ဘာသာဝင္ေတြ သူ႔ဘာသာေရးေန႔၊ ေသာၾကာေန႔မွာ မြတ္ဆလင္ေတြ ဗလီတက္ေနတာပဲ။ ခရစ္ယာန္ဘာသာဝင္ေတြ ခရစ္ယာန္ေက်ာင္းေတြတက္ေနတာပဲ။”

အေမရိကန္အစိုးရရဲ႕ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ ေကာ္မရွင္က ျမန္မာႏိုင္ငံကို ဘာသာေရးလြတ္လပ္ခြင့္ စိုးရိမ္ရတဲ့ႏိုင္ငံအျဖစ္ သတ္မွတ္ဖို႔ အႀကံျပဳတဲ့အျပင္ ဘာသာေရးလြတ္လပ္ခြင့္ကို ဆိုးဆိုးဝါးဝါးခ်ိဳးေဖာက္ေနတဲ့ စစ္တပ္ေခါင္းေဆာင္ေတြအေပၚ ဒဏ္ခတ္ အေရးယူမႈေတြလုပ္ဖို႔အႀကံျပဳပါတယ္။ ဒါ့အျပင္ ဘာသာေရးလြတ္လပ္ခြင့္ခ်ိဳးေဖာက္တဲ့ စစ္တပ္၊ အဖြဲ႕အစည္းနဲ႔ တာဝန္ရွိသူေတြ သူတို႔ရဲ႕လုပ္ရပ္ေတြအတြက္ တာဝန္ခံမႈရွိေစဖို႔ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ျမန္မာရင္ဆိုင္ေနရတဲ့အမႈအပါအဝင္ ႏိုင္ငံတကာဥပေဒနဲ႔ အေရးယူႏိုင္ဖို႔ေဆာင္႐ြက္မႈေတြမွာ အေမရိကန္အစိုးရအေနနဲ႔ ပံ့ပိုးေထာက္ခံဖို႔လည္း အႀကံျပဳထားပါတယ္။

USCIRF အစီရင္ခံစာ ျမန္မာတုံ႔ျပန္မႈမ်ား
please wait

No media source currently available

0:00 0:05:02 0:00
တိုက္႐ိုက္ လင့္ခ္

===========
[[Unicode]]

USCIRF အစီရင်ခံစာ မြန်မာတုံ့ပြန်မှုများ

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာ ကျဆင်းခဲ့တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်း သွင်းဖို့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF က အကြံပြုလိုက်ပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် အရေးယူနိုင်ဖို့ နိုင်ငံတကာရဲ့ အားထုတ်ဆောင်ရွက်မှုတွေကို အမေရိကန်အစိုးရအနေနဲ့ တက်တက်ကြွကြွ ထောက်ခံဖို့နဲ့ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ စစ်ခေါင်းေဆောင်တွေအပေါ် အရေးယူ ဒဏ်ခတ်ဖို့လည်း နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။ ဒီအပေါ် ဘာသာရေးခေါင်းဆောင်တွေနဲ့ စစ်ကောင်စီက ဘယ်လိုတုံ့ပြန်ပါသလဲ၊ မစုမြတ်မွန်က အပြည့်အစုံတင်ပြပေးထားပါတယ်။

နိုင်ငံတကာမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိအောင် အမေရိကန်အစိုးရလုပ်သင့်တဲ့ အကြံပြုချက်တွေကို အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF ကနှစ်စဉ် အစီရင်ခံစာ ထုတ်ပြန် အကြံပြုချက်တွေ ပေးရပါတယ်။ အခု ၂၀၂၂ ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတနိုင်ငံအဖြစ် အမေရိကန်အစိုးရအနေနဲ့ သတ်မှတ်ဖို့ USCIRF ကအကြံပြုလိုက်ပါတယ်။ အကြံပြုချက်နဲ့ပါတ်သက်လို့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ Nadine Maenza ကခုလိုပြောကြားခဲ့ပါတယ်။

“ဒီနှစ်အစီရင်ခံစာမှာ နိုင်ငံပေါင်း ၂၇ နိုင်ငံက အခြေအနေတွေကိုတင်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်က အခြေအနေတွေကို အခြေခံပြီး ၁၅ နိုင်ငံကို အထူးစိုးရိမ်ရတဲ့နိုင်ငံတွေအဖြစ် သတ်မှတ်ဖို့ အကြံပြုပါတယ်။ အဲဒီထဲက ၁၀ နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဌာနက စိုးရိမ်ရတဲ့နိုင်ငံတွေအဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက သတ်မှတ်ခဲ့ပါတယ်။
...အဲဒီနိုင်ငံတွေကတော့ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ Eritrea၊ အီရန်၊ မြောက်ကိုရီးယားစတဲ့နိုင်ငံတွေဖြစ်ပါတယ်။”

ဧပြီ ၂၅ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်တပ်က အတိုက်အခံတွေကို နှိမ်နှင်းတဲ့နေရာမှာ ဘာသာရေးအဆောက်အဦးတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားတယ်။ ခရိယာန် ဘာသာဝင် လူနည်းစုတိုင်းရင်းသားတွေအပေါ် ပစ်မှတ်ထားသလို ဗုဒ္ဓဘာသာဝင် သံဃာတော်အများအပြားကိုလည်း ဖမ်းဆီးထောင်ချထားတယ်လို့ ပြောထားပါတယ်။ ခရစ်ယာန် ဘာသာဝင် လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့ရတဲ့အဖြစ်မျိုးနဲ့ဆင်တူ ဖိနှိပ်ခံနေရတယ်လို့လည်း နှိုင်းယှဉ်ပြောထားပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ချင်း၊ ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင်တွေအပေါ် စစ်တပ်က ပိုပြီးဖိနှိပ်နေတယ်လို့ ကော်မရှင်က ပြောကြားတာနဲ့ပတ်သက်လို့ ချင်းတိုင်းရင်းသား ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တယောက်က ခုလိုပြောပါတယ်။

"သူတို့ကတော့ ဘာသာရေးမှိုင်းတိုက်တဲ့အပိုင်းမှာလည်း ဖြစ်ကောင်းဖြစ်နိုင် တာပေါ့။ ဘာမှမဆီမဆိုင်တဲ့ ဘာသာရေးအဆောက်အဦးတွေကို အဲလိုလုပ်တော့လည်း တခါတလေ ကျနော်တို့ ဘာသာတူတွေအတွက်တော့ ဒုက္ခရောက် တာပေါ့။ ဒါပေမယ့် ဒါကတော့ ကျနော်တို့ ခရစ်ယာန်အနေနဲ့တော့ ဘုရားသခင်ရဲ့အလိုတော်ကို ဝန်ခံရမှာပဲပေါ့။ ကျနော်တို့ ဘာသာရေးအနေနဲ့တော့ အားလုံးအေးချမ်း ငြိမ်းချမ်းဖို့၊ မျှတမှုရှိဖို့၊ ကောင်းရာဘက်သို့ တရားမျှတရေးပေါ့လေ။ ဒါပေမယ့် ဒီလိုဖြစ်နေတော့လည်း ဘာမှ ကျနော်တို့ ပြောပိုင်ခွင့်မရှိပါဘူး။ မကောင်းတာတော့ မကောင်းဘူးပေါ့။ သက်ဆိုင်ရာကတော့ ဘယ်လိုရည် ရွယ်ချက်နဲ့ လုပ်တာလည်းတာ့ မသိဘူးပေါ့လေ။"

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် အစီရင်ခံစာထဲမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က သူ့အပေါ်ထောက်ခံမှုရအောင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအလုပ်တွေကို လုပ်နေသလို၊ အကြမ်းဖက် နှိမ်နှင်းမှုတွေ၊ ရိုဟင်ဂျာလို ဘာသာခြား လူနည်းစုတွေအပေါ် စစ်တပ်ကပစ်မှတ်ထားတာကို ထောက်ခံတဲ့ ဘုန်းကြီးတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူသိရှင်ကြား ကိုးကွယ်ဆည်းကပ်ပြတယ်လို့ ဖော်ပြထားပါတယ်။ မန္တလေး သံဃာ့သမဂ္ဂက အရှင်ရာဇဓမ္မ ကလည်း စစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် ဗုဒ္ဓဘာသာကို အမြဲ အသုံးချတယ်လို့ ခုလို မိန့်ပါတယ်။

“စစ်ခေါင်းဆောင်တွေ၊ စစ်အာဏာရှင်တွေအဆက်ဆက်က ဦးဇင်းတို့ ဒီဘာသာရေးကို သူတို့ရဲ့အကျိုးစီးပွါးနဲ့ အာဏာတည်မြဲရေးအတွက်ကိုပဲ အဓိက ရုပ်ပြသက်သက်လောက်ကိုပဲ အသုံးချခဲ့တာမျိုးတွေ။ ဆရာတော်ကြီးတွေကိုလည်း ဘွဲ့တံဆိပ်တွေ ပေးတယ်။ ဒါတွေကကျတော့ သူ့ရဲ့အာဏာတည်မြဲရေးအတွက်လို့ပဲ ပြောရမှာပဲ။ ဘာလို့တုန်းဆိုတော့ တဘက်မှာက ဒီ ရဟန်းသံဃာတော်တွေကို ဖမ်းဆီးတာမျိုးတွေရှိတယ်။ နောက်ပြီးတော့ ဒီဘုန်းကြီးကျောင်းတွေမှာဝင်ရောက်ပြီး တပ်စွဲထားတယ်ဆိုတာ ဒါ နိုင်ငံတကာဥပဒေတွေထဲမှာကိုက ဘာသာရေးနဲ့ပတ်သက်တဲ့အဆောက်အဦးတွေမှာ သူတို့ စစ်ကောင်စီဘက်က တပ်စွဲခွင့်မရှိဘူး။ အဲဒါတွေကို သူတို့က ချိုးဖောက်တယ်။ မသိကျိုးကျွန်ပြုပြီးတော့မှ အခု လက်ရှိအချိန်အထိ ဦးဇင်းတို့ ဒီမန္တလေးမြို့ပေါ်မှာဆိုရင်လည်း ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ စစ်တပ်တွေ တပ်စွဲထားတာမျိုးတွေ ရှိတယ်။ နယ်တွေဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ သူတို့ လုပ်ချင်သလိုလုပ်တယ်။ နေချင်သလိုနေတယ်။ ပြီးလို့ရှိရင် ဘုန်းကြီးကျောင်းတွေကို မွှေနှောက်ပြီးတော့ ရှာဖွေတာမျိုးတွေ၊ ဖျက်ဆီးမီးရှို့သွားတာမျိုးတွေ အများကြီးရှိခဲ့တယ်။ အဲဒီတော့ စစ်အာဏာရှင်တွေကကော ဘာသာရေးကို သူတို့ရဲ့အာဏာတည်မြဲရေးအတွက် အသုံးချရုံသက်သက်ပါပဲ။”

ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလို တုံ့ပြန် ပယ်ချပါတယ်။

“လက်တွေ့မှာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ဘုန်းကြီးတွေကိုသတ်နေတာ ဘယ်သူလဲဆိုတာ တနိုင်ငံလုံးအသိပဲဖြစ်တယ်။ အမေရိကန်ကတော့ သူ့ဟာသူ မျက်စိပိတ်၊ နားပိတ်ပြီးအော်နေလို့ မသိတာဖြစ်မှာပေါ့ဗျာ။ ဒါကတော့ ကျနော်တို့လည်း မတတ်နိုင်ဘူး။ ကျနော်တို့နိုင်ငံမှာ ပိတ်ပင်ထားတဲ့ ခရစ်ယာန်ကျောင်းတွေ ဘယ်နှစ်ခုရှိလဲ။ ပိတ်ပင်ထားတဲ့ မွတ်ဆလင်ဗလီ ဘယ်နှစ်ခုရှိလဲ။ မြို့ကြီး ပြကြီးတွေမှာ မွတ်ဆလင်(အစ္စလာမ်)ဘာသာဝင်တွေ သူ့ဘာသာရေးနေ့၊ သောကြာနေ့မှာ မွတ်ဆလင်တွေ ဗလီတက်နေတာပဲ။ ခရစ်ယာန်ဘာသာဝင်တွေ ခရစ်ယာန်ကျောင်းတွေတက်နေတာပဲ။”

အမေရိကန်အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ဖို့ အကြံပြုတဲ့အပြင် ဘာသာရေးလွတ်လပ်ခွင့်ကို ဆိုးဆိုးဝါးဝါးချိုးဖောက်နေတဲ့ စစ်တပ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် အရေးယူမှုတွေလုပ်ဖို့အကြံပြုပါတယ်။ ဒါ့အပြင် ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်တဲ့ စစ်တပ်၊ အဖွဲ့အစည်းနဲ့ တာဝန်ရှိသူတွေ သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိစေဖို့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာရင်ဆိုင်နေရတဲ့အမှုအပါအဝင် နိုင်ငံတကာဥပဒေနဲ့ အရေးယူနိုင်ဖို့ဆောင်ရွက်မှုတွေမှာ အမေရိကန်အစိုးရအနေနဲ့ ပံ့ပိုးထောက်ခံဖို့လည်း အကြံပြုထားပါတယ်။
===========

XS
SM
MD
LG