သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်


ဥပကစ္စတန်နိုင်ငံမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုအပြီးတွေ့ရတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် (ဇူလိုင် ၂၉၊ ၂၀၂၂)
ဥပကစ္စတန်နိုင်ငံမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုအပြီးတွေ့ရတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် (ဇူလိုင် ၂၉၊ ၂၀၂၂)

[[Zawgyi/Unicode]]

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်ဟာ မနက်ဖြန် သြဂုတ် ၃ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကိုသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာဇာခါရိုဗာက ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားတာကို ကိုးကားပြီး ရုရှားအစိုးရပိုင် Tass မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးလက်ဗရော့ဗ်ရဲ့ခရီးစဉ်ဟာ အလုပ်သဘောခရီးစဉ်ဖြစ်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာကိစ္စတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် ရုရှား-မြန်မာ ဆက်ဆံရေးအခြေအနေ အလုံးစုံကို ဆွေးနွေးကြမယ်လို့ ပြောခွင့်ရ မာရီယာဇာခါရိုဗာက ပြောပါတယ်။

ဒါ့အပြင် ထိပ်တန်းရောက်နေတဲ့ နိုင်ငံတကာအရေးကိစ္စတွေကိုပါ ဆွေးနွေးကြမယ်လို့လည်း ရုရှားနိုင်ငံခြားရေးဌာနမာရီယာဇာခါရိုဗာရဲ့ ပြောကြားချက်ကို ကိုးကားပြီး Tass သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]





=========

XS
SM
MD
LG