သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာကို မြန်မာက ဆန်တန်ချိန် ၁,၀၀၀ လှူဒါန်းမည်


Myanmar Rice
Myanmar Rice

[[Zawgyi/Unicode]]

စီးပွားရေးပျက်ပြီး နိုင်ငံရေးအကျပ်ရိုက်နေတဲ့ သီရိလင်္ကာနိုင်ငံကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် တထောင်လှုဒါန်းမယ်လို့ စစ်ကောင်စီ စီးပွားကူးသန်းဌာနက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံက ဆန်တန်ချိန် ၁,၀၀၀ အခု ဇူလိုင်လကုန်မှာ လှူဒါန်းသွားမှာပါ။ လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ နိုင်ငံတော်ရန်ပုံငွေကနေ ဆန်လုံးရှည် ၁၅ မှတ် well milled အမျိုးအစားကို လှူဒါန်းသွားမယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက VOA ကိုပြောပါတယ်။

"နိုင်ငံတော်အနေနဲ့ သီရိလင်္ကာနိုင်ငံ လက်ရှိကြုံတွေ့နေရတဲ့ ဒီစီးပွားရေးကြပ်တည်းမှုအပေါ်မှာ လူသားချင်းစာနာတဲ့အနေနဲ့ နိုင်ငံတော်အကြီးအကဲကနေ လှူမယ် လို့ဆုံးဖြတ်တဲ့အပေါ်မှာ ကျနော်တို့က နိုင်ငံတော်ဘဏ္ဍာကနေ ဆန်တန်ချိန် ၁,၀၀၀ ပေါ့လေ။ ဆန်လုံးရှည် ၁၅ မှတ် well milled ပေါ့နော်။ အဲဒါကို ကျနော်တို့ MRF (မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်) နဲ့ ညှိနှိုင်းပြီးတော့ ဝယ်ယူပြီးတော့ လှူဒါန်းသွားမှာပါ။ ဒီလှူဒါန်းမှုအစီအစဉ်ကလည်း အခု ဇူလိုင်လကုန်လောက်ကို လှူဒါန်းနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။"

ဆန်တန်ချိန် ၁,၀၀၀ - ဆန်အိတ် ၂ သောင်းကို တခါတည်းလှူသွားမယ်လို့ ပြောပါတယ်။ ဒီဆန်တွေကို ရောင်းချမယ့်ကုမ္ပဏီတွေကိုလည်း တင်ဒါစနစ်နဲ့ ရွေးချယ် ထားပြီး ဆန်စပါးအသင်းချုပ် အဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ အခုလို သီရိလင်္ကာနိုင်ငံကို ဆန်လှူဒါန်းလို့ ပြည်တွင်းမှာစားသုံးမှု ပြတ်လပ်သွားမှာ မဟုတ်ဘူးလို့ ဦးမြင့်ချိုက ပြောပါတယ်။

"ဆန်က မြန်မာနိုင်ငံအနေနဲ့ကတော့ ပြည်တွင်းမှာ ဆန်တန်ချိန် ၁၃ သန်းနဲ့ ၁၄ သန်းကြားမှာ နှစ်စဉ်ထွက်ပါတယ်။ အဲတော့ ကျနော်တို့ ပြည်ပကိုပို့တာ တနှစ်လုံး ၃ သန်းကျော်တာက ၃.၅ သန်းပို့ခဲ့တာ ၂၀၁၇ တနှစ်ပဲရှိပါတယ်။ အခု ၂ သန်းဝန်းကျင်ပဲ နှစ်စဉ်တင်ပို့နေတာ ဖြစ်တဲ့အတွက် ဒီလိုလှူဒါန်းပေမယ့် ပြည်တွင်းမှာ shortage ဖြစ်နိုင်စရာ အကြောင်းလုံးဝမရှိပါဘူး။ နောက်ပြီး မြန်မာနိုင်ငံရဲ့ စားသုံးသူတွေရဲ့ အမူအကျင့်အရ သူတို့က ပြည်တွင်းမှစားတာ။ အဓိကတော့ ကျနော်တို့ ပြည်ပပို့နေတဲ့ ဆန်လုံးရှည်ကို မဟုတ်ပါဘူး။ ပေါ်ဆန်းအုပ်စုကို အဓိကစားပါတယ်။ ပေါ်ဆန်းကလည်း တနှစ်ကို ၅ သန်း၊ ၆ သန်းလောက် ထွက်တဲ့အတွက် ပူစရာမရှိပါဘူးခင်ဗျာ။"

နိုင်ငံရေးနဲ့ စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ဇူလိုင် လ ၉ ရက် ပြီးခဲ့တဲ့စနေနေ့တုန်းက ထောင်နဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေဟာ သမ္မတအိမ်တော်ထဲ ဝင်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ သမ္မတနဲ့ ဝန်ကြီးချုပ် နှုတ်ထွက်ဖို့ကို တောင်းဆိုခဲ့ကြပြီး၊ သမ္မတကတော့ ပြည်ပကို တိမ်းရှောင် သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]








XS
SM
MD
LG