သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာကို ျမန္မာက ဆန္တန္ခ်ိန္ ၁,၀၀၀ လႉဒါန္းမည္


Myanmar Rice

[[Zawgyi/Unicode]]

စီးပြားေရးပ်က္ၿပီး ႏိုင္ငံေရးအက်ပ္႐ိုက္ေနတဲ့ သီရိလကၤာႏိုင္ငံကို လူသားခ်င္းစာနာေထာက္ထားတဲ့အေနနဲ႔ ျမန္မာႏိုင္ငံက ဆန္တန္ခ်ိန္ တေထာင္လႈဒါန္းမယ္လို႔ စစ္ေကာင္စီ စီးပြားကူးသန္းဌာနက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ႏိုင္ငံေရး၊ စီးပြားေရးအၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့ သီရိလကၤာႏိုင္ငံကို ျမန္မာႏိုင္ငံက ဆန္တန္ခ်ိန္ ၁,၀၀၀ အခု ဇူလိုင္လကုန္မွာ လႉဒါန္းသြားမွာပါ။ လူသားခ်င္းစာနာ ေထာက္ထားတဲ့အေနနဲ႔ ႏိုင္ငံေတာ္ရန္ပုံေငြကေန ဆန္လုံးရွည္ ၁၅ မွတ္ well milled အမ်ိဳးအစားကို လႉဒါန္းသြားမယ္လို႔ စစ္ေကာင္စီရဲ႕ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန စားသုံးသူေရးရာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ခ်ိဳက VOA ကိုေျပာပါတယ္။

"ႏိုင္ငံေတာ္အေနနဲ႔ သီရိလကၤာႏိုင္ငံ လက္ရွိႀကဳံေတြ႕ေနရတဲ့ ဒီစီးပြားေရးၾကပ္တည္းမႈအေပၚမွာ လူသားခ်င္းစာနာတဲ့အေနနဲ႔ ႏိုင္ငံေတာ္အႀကီးအကဲကေန လႉမယ္ လို႔ဆုံးျဖတ္တဲ့အေပၚမွာ က်ေနာ္တို႔က ႏိုင္ငံေတာ္ဘ႑ာကေန ဆန္တန္ခ်ိန္ ၁,၀၀၀ ေပါ့ေလ။ ဆန္လုံးရွည္ ၁၅ မွတ္ well milled ေပါ့ေနာ္။ အဲဒါကို က်ေနာ္တို႔ MRF (ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္) နဲ႔ ညႇိႏႈိင္းၿပီးေတာ့ ဝယ္ယူၿပီးေတာ့ လႉဒါန္းသြားမွာပါ။ ဒီလႉဒါန္းမႈအစီအစဥ္ကလည္း အခု ဇူလိုင္လကုန္ေလာက္ကို လႉဒါန္းႏိုင္ဖို႔အတြက္ ေဆာင္႐ြက္ေနပါတယ္။"

ဆန္တန္ခ်ိန္ ၁,၀၀၀ - ဆန္အိတ္ ၂ ေသာင္းကို တခါတည္းလႉသြားမယ္လို႔ ေျပာပါတယ္။ ဒီဆန္ေတြကို ေရာင္းခ်မယ့္ကုမၸဏီေတြကိုလည္း တင္ဒါစနစ္နဲ႔ ေ႐ြးခ်ယ္ ထားၿပီး ဆန္စပါးအသင္းခ်ဳပ္ အဖြဲ႕ဝင္ေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။ အခုလို သီရိလကၤာႏိုင္ငံကို ဆန္လႉဒါန္းလို႔ ျပည္တြင္းမွာစားသုံးမႈ ျပတ္လပ္သြားမွာ မဟုတ္ဘူးလို႔ ဦးျမင့္ခ်ိဳက ေျပာပါတယ္။

"ဆန္က ျမန္မာႏိုင္ငံအေနနဲ႔ကေတာ့ ျပည္တြင္းမွာ ဆန္တန္ခ်ိန္ ၁၃ သန္းနဲ႔ ၁၄ သန္းၾကားမွာ ႏွစ္စဥ္ထြက္ပါတယ္။ အဲေတာ့ က်ေနာ္တို႔ ျပည္ပကိုပို႔တာ တႏွစ္လုံး ၃ သန္းေက်ာ္တာက ၃.၅ သန္းပို႔ခဲ့တာ ၂၀၁၇ တႏွစ္ပဲရွိပါတယ္။ အခု ၂ သန္းဝန္းက်င္ပဲ ႏွစ္စဥ္တင္ပို႔ေနတာ ျဖစ္တဲ့အတြက္ ဒီလိုလႉဒါန္းေပမယ့္ ျပည္တြင္းမွာ shortage ျဖစ္ႏိုင္စရာ အေၾကာင္းလုံးဝမရွိပါဘူး။ ေနာက္ၿပီး ျမန္မာႏိုင္ငံရဲ႕ စားသုံးသူေတြရဲ႕ အမူအက်င့္အရ သူတို႔က ျပည္တြင္းမွစားတာ။ အဓိကေတာ့ က်ေနာ္တို႔ ျပည္ပပို႔ေနတဲ့ ဆန္လုံးရွည္ကို မဟုတ္ပါဘူး။ ေပၚဆန္းအုပ္စုကို အဓိကစားပါတယ္။ ေပၚဆန္းကလည္း တႏွစ္ကို ၅ သန္း၊ ၆ သန္းေလာက္ ထြက္တဲ့အတြက္ ပူစရာမရွိပါဘူးခင္ဗ်ာ။"

ႏိုင္ငံေရးနဲ႔ စီးပြားေရးအၾကပ္အတည္း ရင္ဆိုင္ေနရတဲ့ သီရိလကၤာႏိုင္ငံမွာ ဇူလိုင္ လ ၉ ရက္ ၿပီးခဲ့တဲ့စေနေန႔တုန္းက ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပျပည္သူေတြဟာ သမၼတအိမ္ေတာ္ထဲ ဝင္ေရာက္သိမ္းပိုက္ခဲ့ၾကပါတယ္။ ဆႏၵျပသူေတြဟာ သမၼတနဲ႔ ဝန္ႀကီးခ်ဳပ္ ႏႈတ္ထြက္ဖို႔ကို ေတာင္းဆိုခဲ့ၾကၿပီး၊ သမၼတကေတာ့ ျပည္ပကို တိမ္းေရွာင္ သြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

သီရိလင်္ကာကို မြန်မာက ဆန်တန်ချိန် ၁,၀၀၀ လှူဒါန်းမည်

စီးပွားရေးပျက်ပြီး နိုင်ငံရေးအကျပ်ရိုက်နေတဲ့ သီရိလင်္ကာနိုင်ငံကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် တထောင်လှုဒါန်းမယ်လို့ စစ်ကောင်စီ စီးပွားကူးသန်းဌာနက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံက ဆန်တန်ချိန် ၁,၀၀၀ အခု ဇူလိုင်လကုန်မှာ လှူဒါန်းသွားမှာပါ။ လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ နိုင်ငံတော်ရန်ပုံငွေကနေ ဆန်လုံးရှည် ၁၅ မှတ် well milled အမျိုးအစားကို လှူဒါန်းသွားမယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက VOA ကိုပြောပါတယ်။

"နိုင်ငံတော်အနေနဲ့ သီရိလင်္ကာနိုင်ငံ လက်ရှိကြုံတွေ့နေရတဲ့ ဒီစီးပွားရေးကြပ်တည်းမှုအပေါ်မှာ လူသားချင်းစာနာတဲ့အနေနဲ့ နိုင်ငံတော်အကြီးအကဲကနေ လှူမယ် လို့ဆုံးဖြတ်တဲ့အပေါ်မှာ ကျနော်တို့က နိုင်ငံတော်ဘဏ္ဍာကနေ ဆန်တန်ချိန် ၁,၀၀၀ ပေါ့လေ။ ဆန်လုံးရှည် ၁၅ မှတ် well milled ပေါ့နော်။ အဲဒါကို ကျနော်တို့ MRF (မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်) နဲ့ ညှိနှိုင်းပြီးတော့ ဝယ်ယူပြီးတော့ လှူဒါန်းသွားမှာပါ။ ဒီလှူဒါန်းမှုအစီအစဉ်ကလည်း အခု ဇူလိုင်လကုန်လောက်ကို လှူဒါန်းနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။"

ဆန်တန်ချိန် ၁,၀၀၀ - ဆန်အိတ် ၂ သောင်းကို တခါတည်းလှူသွားမယ်လို့ ပြောပါတယ်။ ဒီဆန်တွေကို ရောင်းချမယ့်ကုမ္ပဏီတွေကိုလည်း တင်ဒါစနစ်နဲ့ ရွေးချယ် ထားပြီး ဆန်စပါးအသင်းချုပ် အဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ အခုလို သီရိလင်္ကာနိုင်ငံကို ဆန်လှူဒါန်းလို့ ပြည်တွင်းမှာစားသုံးမှု ပြတ်လပ်သွားမှာ မဟုတ်ဘူးလို့ ဦးမြင့်ချိုက ပြောပါတယ်။

"ဆန်က မြန်မာနိုင်ငံအနေနဲ့ကတော့ ပြည်တွင်းမှာ ဆန်တန်ချိန် ၁၃ သန်းနဲ့ ၁၄ သန်းကြားမှာ နှစ်စဉ်ထွက်ပါတယ်။ အဲတော့ ကျနော်တို့ ပြည်ပကိုပို့တာ တနှစ်လုံး ၃ သန်းကျော်တာက ၃.၅ သန်းပို့ခဲ့တာ ၂၀၁၇ တနှစ်ပဲရှိပါတယ်။ အခု ၂ သန်းဝန်းကျင်ပဲ နှစ်စဉ်တင်ပို့နေတာ ဖြစ်တဲ့အတွက် ဒီလိုလှူဒါန်းပေမယ့် ပြည်တွင်းမှာ shortage ဖြစ်နိုင်စရာ အကြောင်းလုံးဝမရှိပါဘူး။ နောက်ပြီး မြန်မာနိုင်ငံရဲ့ စားသုံးသူတွေရဲ့ အမူအကျင့်အရ သူတို့က ပြည်တွင်းမှစားတာ။ အဓိကတော့ ကျနော်တို့ ပြည်ပပို့နေတဲ့ ဆန်လုံးရှည်ကို မဟုတ်ပါဘူး။ ပေါ်ဆန်းအုပ်စုကို အဓိကစားပါတယ်။ ပေါ်ဆန်းကလည်း တနှစ်ကို ၅ သန်း၊ ၆ သန်းလောက် ထွက်တဲ့အတွက် ပူစရာမရှိပါဘူးခင်ဗျာ။"

နိုင်ငံရေးနဲ့ စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ဇူလိုင် လ ၉ ရက် ပြီးခဲ့တဲ့စနေနေ့တုန်းက ထောင်နဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေဟာ သမ္မတအိမ်တော်ထဲ ဝင်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ သမ္မတနဲ့ ဝန်ကြီးချုပ် နှုတ်ထွက်ဖို့ကို တောင်းဆိုခဲ့ကြပြီး၊ သမ္မတကတော့ ပြည်ပကို တိမ်းရှောင် သွားခဲ့ပါတယ်။

XS
SM
MD
LG