သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းျမန္မာနယ္စပ္ ဒုကၡသည္မ်ား မိုးႀကီးေလဒဏ္ခံေနရ


ကရင္ျပည္နယ္၊ ျမ၀တီခရိုင္ ေလးေက့ေကာ္နဲ႔အနီးတ၀ိုက္ေက်းရြာေတြက စစ္ေဘးေရွာင္မ်ားရဲ႕ ေနရာထိုင္ခင္းအေျခအေန (ဓာတ္ပံု-ဗီြအိုေအျမန္မာဌာန)


[[Zawgyi/Unicode]]


ထိုင္း ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္တေလွ်ာက္မွာ ခိုလႈံေနၾကတဲ့ ဒုကၡသည္ေတြ အခုရက္ပိုင္း မိုးဒဏ္ေလဒဏ္ေၾကာင့္ ဒုကၡေရာက္ေနၾကပါတယ္။ ကပၸလီပင္လယ္ ဘက္ကေန ျမန္မာႏိုင္ငံဘက္ကို အင္အားေကာင္း မုန္တိုင္းငယ္တခု ဦးတည္ ေရြ႕ လ်ားေနခ်ိန္ ေသာင္ရင္းျမစ္ကမ္းက စစ္ေဘးဒုကၡသည္ေတြ မိုးႀကီး ေလႀကီးဒဏ္ခံ ေနရတဲ့အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္၊ ေလးေက့ေကာ္ေဒသက စစ္ေျပးဒုကၡသည္အမ်ားစု ခုိလႈံေနၾကရတဲ့ ေသာင္ရင္းျမစ္တေလွ်ာက္ ယာယီဒုကၡသည္စခန္းေတြဘက္မွာ မတ္လ ၂၀ ရက္၊ တနဂၤေႏြညေနပိုင္းမွာ မိုး႐ြာသြန္းတဲ့အရွိန္ေၾကာင့္ စခန္းတြင္း ေရဝင္ၿပီး ဒုကၡေရာက္ခဲ့ၾကပါတယ္။ ညလံုးေပါက္ မိုးႀကီးေလႀကီးတဲ့ ဒုကၡေတြ ႀကံဳၾကရတယ္လို႔ ဒုကၡသည္ေတြကို ကူညီေပးေနသူတဦးက ေျပာပါတယ္။

“အခု ေလာေလာဆယ္ေတာ့ အဲဒီ အခ်ိန္အခါမဟုတ္ မိုး႐ြာတဲ့အတြက္ေၾကာင့္ အမိုးအကာေတြေပါ့ေနာ္၊ အရင္က တာလပတ္နဲ႔မိုးထားတာျဖစ္တဲ့အတြက္ အခုက အဲဒီတာလပတ္ကို ေလတိုက္ေတာ့ လြင့္ထြက္သြားတယ္ေလ။ ေအာက္မွာက မိုး႐ြာေတာ့ ေရဝင္တာလည္းရွိေတာ့ အဲဒီမွာ အခင္းလိုမယ္။ ၿပီးရင္ အဲဒီ အမိုးေတြအတြက္ လိုမယ္ေပါ့ေနာ္။ မေန႔ကၾကည့္လိုက္ေတာ့ မိုးေၾကာင့္ ေရေတာထဲမွာေနရတာ ညလုံးေပါက္ပဲ။ မိုး႐ြာတဲ့အခ်ိန္မွာဆိုလို႔ရွိရင္ အဲဒီေနတဲ့ စစ္ေဘးေရွာင္အဖြဲ႔ေတြကေတာ့ လုံးဝေနလို႔မရဘူး။ အိပ္လို႔လည္း မရဘူး။ ဘာျဖစ္လို႔ အိပ္လို႔ မရ လဲ ဆိုေတာ့ သူတို႔ေနရာက ေလတိုက္တယ္။ ေလတိုက္ေတာ့ အဲဒီေနရာက ထိတယ္။ သူတို႔မိုးထားတဲ့ အဲဒီတာလပတ္ေတြလည္း လန္ျပန္ၿပီးေတာ့ သူတို႔ေနတဲ့အခင္းဆိုရင္လည္း ေရေတြဆင္းလာတယ္ေလ၊ အေပၚက ေတာင္ေပၚေရေတြဆင္းလာၿပီး သူတို႔ဆီကို ေရာက္ၿပီးေတာ့ အဲဒီမွာ အိုင္ထြန္းၿပီးမွ မနက္ပိုင္းမွ ေရက ျဖည္းျဖည္းခ်င္းက်သြားတယ္၊ ေခ်ာင္းထဲကိုဆင္းသြားတယ္။”

ယာယီစစ္ေဘးဒုကၡသည္စခန္း ၅ ခုရွိတဲ့အထဲက Site 1 camp မွာေတာ့ တနဂၤေႏြေန႔ ညက မိုးဒဏ္ကို ေတာ္ေတာ္ေလး ခံလိုက္ရပါတယ္။ Site 2 camp ဘက္မွာေတာ့ မေန႔ကစၿပီးေတာ့ မိုး႐ြာေပမယ့္ အခက္အခဲသိပ္မရွိခဲ့ဘူးလို႔ အဲဒီစခန္းမွာ ေနထိုင္သူတဦးက ေျပာပါတယ္။

“က်မတို႔ စစ္ေရွာင္စခန္းမွာေတာ့ မိုး႐ြာတာပဲရွိတယ္။ မိုးဒဏ္ ေလဒဏ္ေတာ့ မရွိဘူးေပါ့ေနာ္။ အခု က်မတို႔ေနတဲ့ ေနရာမွာ မိုးေတာ့အုံ႔တယ္။ အခု အေျခအေနကေတာ့ က်မတို႔ဘက္မွာေတာ့ တိုက္တာခတ္တာေတာ့ အသံပဲၾကားရတယ္။”

မတ္လ ၂၁ ရက္၊ ဒီကေန႔ ညေနပိုင္းအေျခအေန အရေတာ့ မိုးအုံ႔ၿပီး ေလတိုက္ တာနဲ႔ မိုးဖြဲက်တာေလာက္ပဲ ရွိေသးတယ္လို႔ စစ္ေဘးေရွာင္ေတြရဲ႕ အခက္အခဲကို ကူညီသူလည္းျဖစ္၊ စစ္ေဘးေရွာင္စခန္းေတြရဲ႕ စာရင္းျပဳစုသူလည္းျဖစ္တဲ့ ဆရာလားဝါးက ေျပာပါတယ္။ တိုက္ပြဲဒဏ္ေၾကာင့္ ကိုယ့္ရဲ႕ေနအိမ္ကို စြန႔္ခြာၿပီး ထြက္ေျပးလာၾကရတဲ့ ဒုကၡသည္ေတြဟာ စားနပ္ရိကၡာ၊ အိုးခြက္ပန္းကန္နဲ႔ အိပ္ယာခင္း စတဲ့ လိုအပ္ခ်က္ေတြ႐ွိေနၾကပါတယ္။ အခု ရာသီဥတု အေျခအေနေၾကာင့္လည္း က်န္းမာေရးအပါအဝင္ ေရအခက္အခဲေတြရွိေနတယ္လို႔ ေျပာပါတယ္။

“ဒီ စစ္ေဘးေရွာင္ ၅ ခုထဲမွာ အခုလိုက္ၿပီးေတာ့ စာရင္းေကာက္ရင္း လိုက္ၾကည့္ေနတဲ့အခ်ိန္မွာ သူတို႔ရဲ႕လိုအပ္ခ်က္က က်န္းမာေရးပိုင္းနဲ႔ ပတ္သက္တာေတြပဲ။ အခု ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးေပမယ့္လည္း အခု ရာသီတုပ္ေကြးေရာဂါ ျဖစ္ေနတယ္။ ႏွာေစး၊ ေခ်ာင္းဆိုးတာတို႔၊ ဝမ္းပ်က္ဝမ္းေလွ်ာတာတို႔။ အခုဆို ကေလးေတြ အျဖစ္အမ်ားဆုံးက ႏွာေခါင္းေသြးယိုတာ ေတြ႔တယ္။ လူႀကီးပိုင္းမွာဆိုရင္တုပ္ေကြး၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါလည္း ျဖစ္တယ္။ လူဦးေရာဂါအပိုင္းမွာဆို အခု အမ်ိဳးမ်ိဳးေတြ ေတြ႕ရတယ္။ ဘာျဖစ္လို႔လဲဆို သူတို႔က ကမ္းနားမွာ စစ္ေဘးေရွာင္ေနရတဲ့အတြက္ ေခ်ာင္းကေရေတြ သုံးရျပဳရတဲ့အတြက္ ေခ်ာင္းေရက မိုး႐ြာေတာ့ေလ ေရက မသန႔္မရွင္းဘူး။ သူတို႔အတြက္ ေသာက္ေရသန႔္ေတြ လိုအပ္ေနတယ္။”

အခုလိုအခက္အခဲေတြေၾကာင့္ တခ်ဳိ႕ကေတာ့ ေနရပ္ကို ျပန္သြားၾကၿပီး က်န္တဲ့ ဒုကၡသည္ေတြကလည္း ေနရပ္ျပန္ႏိုင္ဖုိ႔ လံုၿခံဳေအးခ်မ္းမယ့္အခ်ိန္ကို ေမွ်ာ္လင့္ေနၾကပါတယ္။

“က်မတို႔ကေလ ေလးေက့ေကာ္ဘက္မွာ မေနေတာ့ဘူး။ က်မတို႔ ႐ြာဘက္မွာ ျပန္ေျပာင္းလာၿပီရွင့္။ ကိုယ့္ဌာေန ေနတဲ့ေနရာမွာပဲ အရဲစြန႔္ၿပီး ျပန္လာလိုက္တာ။ အဲဒီမွာ ေနလို႔အဆင္မေျပဘူး ဆိုေတာ့ က်မတို႔လည္း ေနရာရွာၿပီးေတာ့ ေ႐ႊ႕လိုက္တယ္ေလ။ ကိုယ္ေနတဲ့႐ြာကိုပဲ အေျခအေနၾကည့္ၿပီးေတာ့ ျပန္လာရတာေပါ့။”

ကရင္ျပည္နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး KNLA တပ္ အပါအဝင္ ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ အိုးအိမ္စြန္႔ ထြက္ေျပးေနၾကရပါတယ္။ ျမန္မာႏိုင္ငံဘက္က ေသာင္ရင္းျမစ္တေလွ်ာက္မွာ႐ွိတဲ့ ယာယီဒုကၡသည္စခန္း ၅ ခုမွာတင္ လူဦးေရ ၁ ေသာင္းေက်ာ္တဲ့အထိ ရွိပါတယ္။ ေနေရးစားေရး ခက္ခဲေနၾကခ်ိန္မွာ ရာသီဥတုဒဏ္ေၾကာင့္ပါ ထပ္ၿပီး ဒုကၡေရာက္ေနၾကပါတယ္။ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းအနီးကေန ဧရာဝတီျမစ္ဝကြၽန္းေပၚကို အင္အားေကာင္း မုန္တိုင္းငယ္တခု ေ႐ႊ႕လ်ားေနတဲ့အတြက္ မိုးေလဝသနဲ႔ ဇလေဗဒဦးစီးဌာနက လိေမၼာ္ေရာင္အဆင့္ သတ္မွတ္ထားပါတယ္။ အဲဒီ မုန္တိုင္းငယ္ရဲ႕ အရွိန္ေၾကာင့္ မိုး႐ြာသြန္းတာ၊ ေလျပင္းတိုက္တာ၊ မိုးထစ္ခ်ဳန္း႐ြာတာနဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္၊ ေတာင္က်ေခ်ာင္းေတြမွာ လွ်ပ္တျပက္ေရႀကီးတာ၊ ကုန္းျမင့္ေတာင္တန္း ေဒသေတြမွာ ေျမၿပိဳတာေတြျဖစ္ႏိုင္လို႔ ႀကိဳတင္သတိျပဳ ေနထိုင္ဖို႔ကိုလည္း မိုးေလဝသဌာနက သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်များ မိုးကြီးလေဒဏ်ခံနေရ

ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ အခုရက်ပိုင်း မိုးဒဏ်လေဒဏ်ကြောင့် ဒုက္ခရောက်နေကြပါတယ်။ ကပ္ပလီပင်လယ် ဘက်ကနေ မြန်မာနိုင်ငံဘက်ကို အင်အားကောင်း မုန်တိုင်းငယ်တခု ဦးတည် ရွေ့ လျားနေချိန် သောင်ရင်းမြစ်ကမ်းက စစ်ဘေးဒုက္ခသည်တွေ မိုးကြီး လေကြီးဒဏ်ခံ နေရတဲ့အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်ဒေသက စစ်ပြေးဒုက္ခသည်အများစု ခိုလှုံနေကြရတဲ့ သောင်ရင်းမြစ်တလျှောက် ယာယီဒုက္ခသည်စခန်းတွေဘက်မှာ မတ်လ ၂၀ ရက်၊ တနင်္ဂနွေညနေပိုင်းမှာ မိုးရွာသွန်းတဲ့အရှိန်ကြောင့် စခန်းတွင်း ရေဝင်ပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။ ညလုံးပေါက် မိုးကြီးလေကြီးတဲ့ ဒုက္ခတွေ ကြုံကြရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“အခု လောလောဆယ်တော့ အဲဒီ အချိန်အခါမဟုတ် မိုးရွာတဲ့အတွက်ကြောင့် အမိုးအကာတွေပေါ့နော်၊ အရင်က တာလပတ်နဲ့မိုးထားတာဖြစ်တဲ့အတွက် အခုက အဲဒီတာလပတ်ကို လေတိုက်တော့ လွင့်ထွက်သွားတယ်လေ။ အောက်မှာက မိုးရွာတော့ ရေဝင်တာလည်းရှိတော့ အဲဒီမှာ အခင်းလိုမယ်။ ပြီးရင် အဲဒီ အမိုးတွေအတွက် လိုမယ်ပေါ့နော်။ မနေ့ကကြည့်လိုက်တော့ မိုးကြောင့် ရေတောထဲမှာနေရတာ ညလုံးပေါက်ပဲ။ မိုးရွာတဲ့အချိန်မှာဆိုလို့ရှိရင် အဲဒီနေတဲ့ စစ်ဘေးရှောင်အဖွဲ့တွေကတော့ လုံးဝနေလို့မရဘူး။ အိပ်လို့လည်း မရဘူး။ ဘာဖြစ်လို့ အိပ်လို့ မရ လဲ ဆိုတော့ သူတို့နေရာက လေတိုက်တယ်။ လေတိုက်တော့ အဲဒီနေရာက ထိတယ်။ သူတို့မိုးထားတဲ့ အဲဒီတာလပတ်တွေလည်း လန်ပြန်ပြီးတော့ သူတို့နေတဲ့အခင်းဆိုရင်လည်း ရေတွေဆင်းလာတယ်လေ၊ အပေါ်က တောင်ပေါ်ရေတွေဆင်းလာပြီး သူတို့ဆီကို ရောက်ပြီးတော့ အဲဒီမှာ အိုင်ထွန်းပြီးမှ မနက်ပိုင်းမှ ရေက ဖြည်းဖြည်းချင်းကျသွားတယ်၊ ချောင်းထဲကိုဆင်းသွားတယ်။”

ယာယီစစ်ဘေးဒုက္ခသည်စခန်း ၅ ခုရှိတဲ့အထဲက Site 1 camp မှာတော့ တနင်္ဂနွေနေ့ ညက မိုးဒဏ်ကို တော်တော်လေး ခံလိုက်ရပါတယ်။ Site 2 camp ဘက်မှာတော့ မနေ့ကစပြီးတော့ မိုးရွာပေမယ့် အခက်အခဲသိပ်မရှိခဲ့ဘူးလို့ အဲဒီစခန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

“ကျမတို့ စစ်ရှောင်စခန်းမှာတော့ မိုးရွာတာပဲရှိတယ်။ မိုးဒဏ် လေဒဏ်တော့ မရှိဘူးပေါ့နော်။ အခု ကျမတို့နေတဲ့ နေရာမှာ မိုးတော့အုံ့တယ်။ အခု အခြေအနေကတော့ ကျမတို့ဘက်မှာတော့ တိုက်တာခတ်တာတော့ အသံပဲကြားရတယ်။”

မတ်လ ၂၁ ရက်၊ ဒီကနေ့ ညနေပိုင်းအခြေအနေ အရတော့ မိုးအုံ့ပြီး လေတိုက် တာနဲ့ မိုးဖွဲကျတာလောက်ပဲ ရှိသေးတယ်လို့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ကူညီသူလည်းဖြစ်၊ စစ်ဘေးရှောင်စခန်းတွေရဲ့ စာရင်းပြုစုသူလည်းဖြစ်တဲ့ ဆရာလားဝါးက ပြောပါတယ်။ တိုက်ပွဲဒဏ်ကြောင့် ကိုယ့်ရဲ့နေအိမ်ကို စွန့်ခွာပြီး ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ အိုးခွက်ပန်းကန်နဲ့ အိပ်ယာခင်း စတဲ့ လိုအပ်ချက်တွေရှိနေကြပါတယ်။ အခု ရာသီဥတု အခြေအနေကြောင့်လည်း ကျန်းမာရေးအပါအဝင် ရေအခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

“ဒီ စစ်ဘေးရှောင် ၅ ခုထဲမှာ အခုလိုက်ပြီးတော့ စာရင်းကောက်ရင်း လိုက်ကြည့်နေတဲ့အချိန်မှာ သူတို့ရဲ့လိုအပ်ချက်က ကျန်းမာရေးပိုင်းနဲ့ ပတ်သက်တာတွေပဲ။ အခု ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း အခု ရာသီတုပ်ကွေးရောဂါ ဖြစ်နေတယ်။ နှာစေး၊ ချောင်းဆိုးတာတို့၊ ဝမ်းပျက်ဝမ်းလျှောတာတို့။ အခုဆို ကလေးတွေ အဖြစ်အများဆုံးက နှာခေါင်းသွေးယိုတာ တွေ့တယ်။ လူကြီးပိုင်းမှာဆိုရင်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါလည်း ဖြစ်တယ်။ လူဦးရောဂါအပိုင်းမှာဆို အခု အမျိုးမျိုးတွေ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆို သူတို့က ကမ်းနားမှာ စစ်ဘေးရှောင်နေရတဲ့အတွက် ချောင်းကရေတွေ သုံးရပြုရတဲ့အတွက် ချောင်းရေက မိုးရွာတော့လေ ရေက မသန့်မရှင်းဘူး။ သူတို့အတွက် သောက်ရေသန့်တွေ လိုအပ်နေတယ်။”

အခုလိုအခက်အခဲတွေကြောင့် တချို့ကတော့ နေရပ်ကို ပြန်သွားကြပြီး ကျန်တဲ့ ဒုက္ခသည်တွေကလည်း နေရပ်ပြန်နိုင်ဖို့ လုံခြုံအေးချမ်းမယ့်အချိန်ကို မျှော်လင့်နေကြပါတယ်။

“ကျမတို့ကလေ လေးကေ့ကော်ဘက်မှာ မနေတော့ဘူး။ ကျမတို့ ရွာဘက်မှာ ပြန်ပြောင်းလာပြီရှင့်။ ကိုယ့်ဌာနေ နေတဲ့နေရာမှာပဲ အရဲစွန့်ပြီး ပြန်လာလိုက်တာ။ အဲဒီမှာ နေလို့အဆင်မပြေဘူး ဆိုတော့ ကျမတို့လည်း နေရာရှာပြီးတော့ ရွှေ့လိုက်တယ်လေ။ ကိုယ်နေတဲ့ရွာကိုပဲ အခြေအနေကြည့်ပြီးတော့ ပြန်လာရတာပေါ့။”

ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး KNLA တပ် အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။ မြန်မာနိုင်ငံဘက်က သောင်ရင်းမြစ်တလျှောက်မှာရှိတဲ့ ယာယီဒုက္ခသည်စခန်း ၅ ခုမှာတင် လူဦးရေ ၁ သောင်းကျော်တဲ့အထိ ရှိပါတယ်။ နေရေးစားရေး ခက်ခဲနေကြချိန်မှာ ရာသီဥတုဒဏ်ကြောင့်ပါ ထပ်ပြီး ဒုက္ခရောက်နေကြပါတယ်။ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးကနေ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို အင်အားကောင်း မုန်တိုင်းငယ်တခု ရွှေ့လျားနေတဲ့အတွက် မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။ အဲဒီ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးရွာသွန်းတာ၊ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းရွာတာနဲ့ မြစ်ငယ်၊ ချောင်းငယ်၊ တောင်ကျချောင်းတွေမှာ လျှပ်တပြက်ရေကြီးတာ၊ ကုန်းမြင့်တောင်တန်း ဒေသတွေမှာ မြေပြိုတာတွေဖြစ်နိုင်လို့ ကြိုတင်သတိပြု နေထိုင်ဖို့ကိုလည်း မိုးလေဝသဌာနက သတိပေးထားပါတယ်။

XS
SM
MD
LG