သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟားခါး-ကေလး လမ္းေၾကာေပၚ ေက်း႐ြာမ်ားမီးရႈိ႕ဖ်က္ဆီးခံရ


စစ္ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကတဲ့ ခ်င္းတုိင္းရင္းသားမ်ား။ (ယခင္ မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ဟားခါးၿမိဳ႕ကေန စစ္ကိုင္းတိုင္းကေလးၿမိဳ႕အၾကား လမ္းေၾကာတေလွ်ာက္ ေက်း႐ြာအမ်ားအျပား မီးရႈိ႕ဖ်က္ဆီးခံရတယ္လို႔ ေဒသခံကူညီေရးအဖြဲ႕ေတြကေျပာပါတယ္။ ဒါ့အျပင္ ေဒသခံ ေက်း႐ြာသား (၈၀၀) ခန႔္ဟာ ေတာေတာင္ထဲမွာ တိမ္းေရွာင္ေနရၿပီး အဲဒီအထဲက ကေလးငယ္ (၁၀၀) နီးပါး မသန႔္ရွင္းတဲ့ေရေသာက္သုံးမိလို႔ ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါျဖစ္ေနတယ္လို႔လည္း သိရပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ခ်င္းျပည္နယ္ ဟားခါး-ဖလမ္းၿမိဳ႕နယ္ကေန ကေလးၿမိဳ႕ဘက္ကို နယ္ေျမရွင္းလင္းေရးခ်ီတက္လာတဲ့လမ္းတေလွ်ာက္ ေက်း႐ြာတခ်ိဳ႕ကို မီးတင္ရႈိ႕ခဲ့တယ္လို႔ ဖလမ္းၿမိဳ႕နယ္စစ္ေရွာင္အကူညီေပးအဖြဲ႕ တာဝန္ရွိ သူတဦးကေျပာပါတယ္။

“က်ေနာ္တို႔ဖလမ္းၿမိဳ႕နယ္ထဲမွာပဲ အကုန္ရွိတယ္။ ဟားခါးနဲ႔ကေလးၾကားေပါ့။ ဖလမ္းၿမိဳ႕နယ္ထဲမွာရွိတဲ့ ႐ြာက (၄) ႐ြာ ေပါ့။ (၃၃) အိမ္မီးရႈိ႕တာ။ သူတို႔က ရမ္ထလို႐ြာမွာဆိုရင္ (၁၀) အိမ္၊ တလန္းဇာရ္႐ြာမွာ (၇) အိမ္၊ ပါရ္သဲ႐ြာမွာ (၆) အိမ္၊ ေဇာင္လဲ (၆) အိမ္။ တဘက္တခ်က္လမ္းေဘးမွာရွိတဲ့အိမ္ေတြကို မီးရႈိ႕သြားတာေပါ့။’’

ေမလ (၂ ) ရက္ေန႔ကေန ေမလ (၁၆) ရက္ေန႔အထိ ဟားခါးၿမိဳ႕ကေန ကေလးၿမိဳ႕ကို စစ္ေကာင္စီတပ္ကေန ခ်ီတက္ရာ လမ္းေၾကာင္းတေလွ်ာက္ ဖလမ္းၿမိဳ႕နယ္ ကားလမ္းေဘးမွာရွိတဲ့ ရမ္ထလို႐ြာ၊ တလန္းဇာရ္႐ြာ၊ ပါရ္သဲ႐ြာ၊ ေဇာင္လဲ ႐ြာစတဲ့ (၄) ႐ြာက အိမ္ေျခ (၃၃) အိမ္မီးရႈိ႕ခဲ့တယ္လို႔ေျပာပါတယ္။

ဒီရက္ပိုင္းအတြင္း စစ္ေကာင္စီတပ္နဲ႔ေဒသခံ ခ်င္းကာကြယ္ေရး CDF အဖြဲ႔ေတြ တိုက္ပြဲျဖစ္ပြားတာမရွိေပမယ့္ CDF အဖြဲ႔ေတြ ေထာင္ထားတဲ့မိုင္း နင္းမိတာ၊ ေခ်ာင္းေျမာင္းပစ္ခတ္တာေတြရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ခ်င္းအမ်ိဳးသားတပ္ဦး CNF ရဲ႕ေျပာခြင့္ရ ပူးထက္နီကေတာ့ စစ္ေကာင္စီတပ္ေတြဟာ ရည္႐ြယ္ခ်က္ ရွိရွိ ေက်း႐ြားေတြကို ဖ်က္ဆီးေနတာလို႔ ေျပာပါတယ္။

“စစ္ေကာင္စီက တိုက္ပြဲျဖစ္တဲ့ေနရာ ေက်း႐ြာတိုင္းလိုလိုကေတာ့ ျပည္သူေတြရဲ႕ အိုးအိမ္ေတြကို မီးရႈိ႕တာက အၿမဲတမ္းပါပဲေပါ့ေနာ္။ က်ေနာ္တို႔ သုံးသပ္တာက ျပည္သူေတြကမရွိေတာ့ဘူးေလ။ ထြက္ေျပး ကုန္ၾကၿပီေလ။ အဲဒီလိုမီးရႈိ႕တာက က်ဆုံးသြားတဲ့ သူတို႔ရဲ႕တပ္က အေလာင္းေတြကို အိမ္ထဲထည့္ၿပီး တခါတည္း မီးရႈိ႕တာေတြ သူတို႔လုပ္တာ။ အဲဒီပုံစံမ်ိဳးပဲ၊ သူတို႔က မီးရႈိ႕လိုက္တာကို ေတြ႕ရတာေပါ့ေနာ္။’’

ေက်း႐ြာမီးရႈိ႕ခံရလို႔ ထြက္ေျပးေနၾကရတဲ့ ႐ြာသား (၈၀၀) ခန႔္ဟာ ေတာင္ေတာင္ ထဲမွာ တိမ္းေရွာင္ေနရဆဲလို႔ ဖလမ္းၿမိဳ႕နယ္ စစ္ေရွာင္အကူညီေပးအဖြဲ႔ တာဝန္ရွိသူတဦးကေျပာပါတယ္။

“မီးရႈိ႕ခံရတဲ့ ေနစရာမရွိေတာ့တဲ့ မိသားစုေတြေတာ့ အိမ္မျပန္ရဲၾကေသးဘူး။ သူတို႔ ေတာထဲမွာပဲ ေနေနတယ္။ ပါရ္သဲနဲ႔ ေဇာင္လဲ႐ြာေပါ့ေလ။ ေဇာင္လဲမွာက်ေတာ့ (၄၀၀) ေပါ့။ ပါရ္သဲက်ေတာ့တခ်ိဳ႕က ျပန္ေနၾကတယ္။ ဆိုေတာ့ ေလာေလာဆယ္ေတာ့ (၈၀၀) ဝန္းက်င္ေလာက္ေပါ့။ ေတာထဲမွာရွိေနတာ။ ’’

ဒီစစ္ေရွာင္႐ြာသားေတြအထဲက ေဇာင္လဲ႐ြာကစစ္ေဘးေရွာင္တရာနီးပါးဟာ ေတာေတာင္ထဲမွာခိုလႈံေနစဥ္ မသန႔္ရွင္း တဲ့ေရေသာက္မိလို႔ ဝမ္းပ်က္ဝမ္းေလွာေရာဂါျဖစ္ပြါးေနတယ္လို႔ သူကဆက္ေျပာပါတယ္။

“သူတို႔ေတာ့ အဲဒီေဇာင္လဲ႐ြာမွာက်ေတာ့ ကေလးေတာ္ေတာ္မ်ားမ်ားေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ေနတယ္။ သူတို႔က သူတို႔ရဲ႕ေတာင္ယာမွာ (၃၀) စု၊ (၅၀) စု စသည္ျဖင့္ ေနၾကတယ္ဆိုေတာ့ (၄၀၀) ထဲမွာ (၁၀၀) ဝန္းက်င္ေလာက္ေတာ့ ျဖစ္ တယ္ ခန႔္မွန္းရတာေပါ့။ အခုဟာက မိုးစက်ၿပီဆိုေတာ့ စိမ့္စမ္းေရက နည္းနည္း ေနာက္က်ိေနတာရွိတာကိုး။ ဆိုေတာ့ ဒီအခ်ိန္မွာေရက်က္ေအးေတြလည္း က်ိဳရခ်က္ရတာ နည္းနည္း အခက္ခဲရွိေနလို႔ေလ။ အစိမ္းေသာက္ေနၾကေတာ့ ျဖစ္တယ္ လို႔ဆိုပါတယ္။ သူတို႔ေျပာပုံအရေတာ့။ ကုသမႈကေတာ့ ဒီလိုပဲ က်ေနာ္တို႔ ဒီကေန ေဆးဝါးေတြပို႔တယ္။ သူတို႔ေတာင္ယာတဲမွာ ဆက္ၿပီးေတာ့ ခြဲေေနၾကတယ္။’’

စစ္ေဘးဒုကၡသည္ေတြရဲ႕ စားေသာက္ေရးနဲ႔ က်န္းမာေရးကိစၥေတြကိုေတာ့ ဖလမ္းၿမိဳ႕နယ္ စစ္ေရွာင္အကူညီေပးအဖြဲ႔တြက အကူညီေပးေနၾကပါတယ္။ ဖလမ္းၿမိဳ႕ နယ္ထဲမွာစစ္ေကာင္စီတပ္နဲ႔ခ်င္းအမ်ိဳးသားတပ္ဦးCNF အပါဝင္ ခ်င္းကာကြယ္ေရး CDF ပူးေပါင္းအဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္ပြါးေနတာပါ။ တိုက္ပြဲျဖစ္ပြားရာေဒသက ႐ြာ သားေတြဟာ ႐ြာနဲ႔အလွမ္းေဝးတဲ့ေနရာမွာ ယာယီစစ္ေဘးေရွာင္စခန္းေတြ လုပ္ ထားၾကၿပီး စစ္ေရးလႈပ္ရွားမႈေတြ ျမင္ရရင္ ေဘးလြတ္တဲ့အခ်ိန္အထိ ပုန္းခိုၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဟားခါး-ကလေး လမ်းကြောပေါ် ကျေးရွာများမီးရှို့ဖျက်ဆီးခံရ

ချင်းပြည်နယ်ဟားခါးမြို့ကနေ စစ်ကိုင်းတိုင်းကလေးမြို့အကြား လမ်းကြောတလျှောက် ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံကူညီရေးအဖွဲ့တွေကပြောပါတယ်။ ဒါ့အပြင် ဒေသခံ ကျေးရွာသား (၈၀၀) ခန့်ဟာ တောတောင်ထဲမှာ တိမ်းရှောင်နေရပြီး အဲဒီအထဲက ကလေးငယ် (၁၀၀) နီးပါး မသန့်ရှင်းတဲ့ရေသောက်သုံးမိလို့ ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ် ဟားခါး-ဖလမ်းမြို့နယ်ကနေ ကလေးမြို့ဘက်ကို နယ်မြေရှင်းလင်းရေးချီတက်လာတဲ့လမ်းတလျှောက် ကျေးရွာတချို့ကို မီးတင်ရှို့ခဲ့တယ်လို့ ဖလမ်းမြို့နယ်စစ်ရှောင်အကူညီပေးအဖွဲ့ တာဝန်ရှိ သူတဦးကပြောပါတယ်။

“ကျနော်တို့ဖလမ်းမြို့နယ်ထဲမှာပဲ အကုန်ရှိတယ်။ ဟားခါးနဲ့ကလေးကြားပေါ့။ ဖလမ်းမြို့နယ်ထဲမှာရှိတဲ့ ရွာက (၄) ရွာ ပေါ့။ (၃၃) အိမ်မီးရှို့တာ။ သူတို့က ရမ်ထလိုရွာမှာဆိုရင် (၁၀) အိမ်၊ တလန်းဇာရ်ရွာမှာ (၇) အိမ်၊ ပါရ်သဲရွာမှာ (၆) အိမ်၊ ဇောင်လဲ (၆) အိမ်။ တဘက်တချက်လမ်းဘေးမှာရှိတဲ့အိမ်တွေကို မီးရှို့သွားတာပေါ့။’’

မေလ (၂ ) ရက်နေ့ကနေ မေလ (၁၆) ရက်နေ့အထိ ဟားခါးမြို့ကနေ ကလေးမြို့ကို စစ်ကောင်စီတပ်ကနေ ချီတက်ရာ လမ်းကြောင်းတလျှောက် ဖလမ်းမြို့နယ် ကားလမ်းဘေးမှာရှိတဲ့ ရမ်ထလိုရွာ၊ တလန်းဇာရ်ရွာ၊ ပါရ်သဲရွာ၊ ဇောင်လဲ ရွာစတဲ့ (၄) ရွာက အိမ်ခြေ (၃၃) အိမ်မီးရှို့ခဲ့တယ်လို့ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ဒေသခံ ချင်းကာကွယ်ရေး CDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် CDF အဖွဲ့တွေ ထောင်ထားတဲ့မိုင်း နင်းမိတာ၊ ချောင်းမြောင်းပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ပြောခွင့်ရ ပူးထက်နီကတော့ စစ်ကောင်စီတပ်တွေဟာ ရည်ရွယ်ချက် ရှိရှိ ကျေးရွားတွေကို ဖျက်ဆီးနေတာလို့ ပြောပါတယ်။

“စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့နေရာ ကျေးရွာတိုင်းလိုလိုကတော့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့တာက အမြဲတမ်းပါပဲပေါ့နော်။ ကျနော်တို့ သုံးသပ်တာက ပြည်သူတွေကမရှိတော့ဘူးလေ။ ထွက်ပြေး ကုန်ကြပြီလေ။ အဲဒီလိုမီးရှို့တာက ကျဆုံးသွားတဲ့ သူတို့ရဲ့တပ်က အလောင်းတွေကို အိမ်ထဲထည့်ပြီး တခါတည်း မီးရှို့တာတွေ သူတို့လုပ်တာ။ အဲဒီပုံစံမျိုးပဲ၊ သူတို့က မီးရှို့လိုက်တာကို တွေ့ရတာပေါ့နော်။’’

ကျေးရွာမီးရှို့ခံရလို့ ထွက်ပြေးနေကြရတဲ့ ရွာသား (၈၀၀) ခန့်ဟာ တောင်တောင် ထဲမှာ တိမ်းရှောင်နေရဆဲလို့ ဖလမ်းမြို့နယ် စစ်ရှောင်အကူညီပေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“မီးရှို့ခံရတဲ့ နေစရာမရှိတော့တဲ့ မိသားစုတွေတော့ အိမ်မပြန်ရဲကြသေးဘူး။ သူတို့ တောထဲမှာပဲ နေနေတယ်။ ပါရ်သဲနဲ့ ဇောင်လဲရွာပေါ့လေ။ ဇောင်လဲမှာကျတော့ (၄၀၀) ပေါ့။ ပါရ်သဲကျတော့တချို့က ပြန်နေကြတယ်။ ဆိုတော့ လောလောဆယ်တော့ (၈၀၀) ဝန်းကျင်လောက်ပေါ့။ တောထဲမှာရှိနေတာ။ ’’

ဒီစစ်ရှောင်ရွာသားတွေအထဲက ဇောင်လဲရွာကစစ်ဘေးရှောင်တရာနီးပါးဟာ တောတောင်ထဲမှာခိုလှုံနေစဉ် မသန့်ရှင်း တဲ့ရေသောက်မိလို့ ဝမ်းပျက်ဝမ်းလှောရောဂါဖြစ်ပွါးနေတယ်လို့ သူကဆက်ပြောပါတယ်။

“သူတို့တော့ အဲဒီဇောင်လဲရွာမှာကျတော့ ကလေးတော်တော်များများတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်။ သူတို့က သူတို့ရဲ့တောင်ယာမှာ (၃၀) စု၊ (၅၀) စု စသည်ဖြင့် နေကြတယ်ဆိုတော့ (၄၀၀) ထဲမှာ (၁၀၀) ဝန်းကျင်လောက်တော့ ဖြစ် တယ် ခန့်မှန်းရတာပေါ့။ အခုဟာက မိုးစကျပြီဆိုတော့ စိမ့်စမ်းရေက နည်းနည်း နောက်ကျိနေတာရှိတာကိုး။ ဆိုတော့ ဒီအချိန်မှာရေကျက်အေးတွေလည်း ကျိုရချက်ရတာ နည်းနည်း အခက်ခဲရှိနေလို့လေ။ အစိမ်းသောက်နေကြတော့ ဖြစ်တယ် လို့ဆိုပါတယ်။ သူတို့ပြောပုံအရတော့။ ကုသမှုကတော့ ဒီလိုပဲ ကျနော်တို့ ဒီကနေ ဆေးဝါးတွေပို့တယ်။ သူတို့တောင်ယာတဲမှာ ဆက်ပြီးတော့ ခွဲေနေကြတယ်။’’

စစ်ဘေးဒုက္ခသည်တွေရဲ့ စားသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေကိုတော့ ဖလမ်းမြို့နယ် စစ်ရှောင်အကူညီပေးအဖွဲ့တွက အကူညီပေးနေကြပါတယ်။ ဖလမ်းမြို့ နယ်ထဲမှာစစ်ကောင်စီတပ်နဲ့ချင်းအမျိုးသားတပ်ဦးCNF အပါဝင် ချင်းကာကွယ်ရေး CDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးနေတာပါ။ တိုက်ပွဲဖြစ်ပွားရာဒေသက ရွာ သားတွေဟာ ရွာနဲ့အလှမ်းဝေးတဲ့နေရာမှာ ယာယီစစ်ဘေးရှောင်စခန်းတွေ လုပ် ထားကြပြီး စစ်ရေးလှုပ်ရှားမှုတွေ မြင်ရရင် ဘေးလွတ်တဲ့အချိန်အထိ ပုန်းခိုကြရပါတယ်။

===============

XS
SM
MD
LG