သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ေတာင္ပိုင္းမွာ ေက်း႐ြာသားတခ်ိဳ႕ဖမ္းဆီးသတ္ျဖတ္ခံရ 


ကေလးၿမိဳ႕ေတာင္ပိုင္း၊ အင္းေက်ာ္ေက်းရြာ (Crd: MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ စစ္ေကာင္စီတပ္နဲ႔ေဒသခံကာကြယ္ေရးအဖြဲ႕ေတြၾကား တိုက္ပြဲေတြျဖစ္ၿပီး ႐ြာသားတခ်ိဳ႕အသတ္ခံရသလို စစ္ေရွာင္ယာယီတဲတခ်ိဳ႕လည္း မီးရႈိ႕ဖ်က္ဆီးခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကေန သတင္းေပးပို႔ထားတာကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္အတြင္း စစ္ေကာင္စီစစ္ေၾကာင္းကေန နယ္ေျမရွင္းလင္းေရးလုပ္စဥ္မွာ ေဒသခံ PDF အဖြဲ႕နဲ႔ တိုက္ပြဲျဖစ္ပြားၿပီးတဲ့ေနာက္ အင္းေက်ာ္ေက်း႐ြာသားတခ်ိဳ႕ ဖမ္းဆီးသတ္ျဖတ္ခံရတာလို႔ အင္းေက်ာ္႐ြာ ေဒသခံတဦးက ေျပာပါတယ္။

“တိုက္ပြဲမေန႔ကျဖစ္တယ္။ ဟိုတေန႔ကျဖစ္တယ္ဗ်။ အဲဒါၿပီးေတာ့ က်ေနာ္တို႔ အင္းေက်ာ္သား (၃) ေယာက္ သတ္ သြားတာေပါ့ေလ။ အင္းေက်ာ္သား (၃) ေယာက္ပါသြားတယ္။ အဲဒါ သူတို႔အျပစ္မဲ့ျပည္သူေတြကို ဖမ္းဆီးတာမွာ ခ်ိန္းႀကိဳးေတြနဲ႔႐ိုက္ၿပီးမွ သတ္ပစ္တယ္တဲ့။"

ဒါ့အျပင္ ကေလးၿမိဳ႕ ျမစ္သာျမစ္အေရွ႕ဘက္ကမ္းမွာရွိတဲ့ အင္းေက်ာ္ေက်း႐ြာအနားက ဥယ်ာဥ္ ေက်း႐ြာကေနအိမ္တခ်ိဳ႕နဲ႔ စစ္ေဘးေရွာင္စခန္း ယာယီတဲေတြကိုလည္း မီးရႈိ႕သြားတယ္လို႔ အဆိုပါေဒသခံက ဆက္ေျပာပါတယ္။

“စစ္ေရွာင္စခန္းေတြက အားလုံးေပါင္းအစိတ္၊ သုံးဆယ္ပါမယ္လို႔ေျပာတယ္။ စစ္ေရွာင္ေတြကေတာထဲမွာ တဲတန္းေတြထိုးေနၾကတဲ့ဟာကို တဲတန္းေတြကို မီးရႈိ႕လိုက္တဲ့အခါက်ေတာ့ သူတို႔က ထပ္စစ္ေျပးေရွာင္တာေပါ့ဗ်ာ။ ထြက္ေျပးတဲ့အခါက်ေတာ့ သူတို႔မွာ ဘာမွမပါဘူး။ အဝတ္အစားက အစမပါဘူး။ စားနပ္ရိကၡာကအစမပါဘူး။ အဲဒါကို ႐ြာနားေက်း႐ြာေတြက ကူညီပံ့ပိုးၾကတာေပါ့။"

ကေလးၿမိဳ႕က လူမႈကူညီေရးအဖြဲ႔ဝင္တဦးကေတာ့ အင္းေက်ာ္႐ြာသားႏွစ္ဦးအသတ္ခံရေၾကာင္းနဲ႔ စစ္ေရွာင္ေနတဲ့ ယာယီတဲတခ်ိဳ႕ မီးရႈိ႕ခံရတဲ့အေၾကာင္း အခုလိုအတည္ျပဳ ေျပာပါတယ္။

“သူတို႔ အဲဒီမွာ ပထမဆုံးထိုးတဲ့ေန႔က ႏွစ္ေယာက္သတ္တယ္လို႔ေျပာတယ္။ ႏွစ္ေယာက္သတ္သြားတယ္။ အင္းေက်ာ္ကပါခင္ဗ်။ အင္းေက်ာ္႐ြာက ဦးခင္ေမာင္ရဲ႕သားသမက္ ကိုေလးဝင္းနဲ႔ ေဒၚမိေအးရဲ႕သား ကိုခ်စ္ကိုကိုတဲ့။ (၂၁) ရက္ေန႔က သူတို႔စစ္ေၾကာင္းဝင္တယ္ေလ။ စစ္ေၾကာင္းဝင္လို႔ လမ္းမွာ ေတြ႔တယ္။ သူတို႔ PDF ေသာ ခြဲတာမဟုတ္ဘူး။ ေတြ႕ရင္သတ္တာပဲ။ သူတို႔ျပန္ဆုတ္သြားၿပီး မီးရႈိ႕သြားတယ္။ ဥယာဥ္သာကို။ (၃) အိမ္လို႔ေျပာတယ္။ (၃) အိမ္နဲ႔ ေနာက္တခုက စစ္ေရွာင္။ ႐ြာေတြမွာ ႐ြာထဲစိတ္မခ်လို႔တခ်ိဳ႕ ရိကၡာေတြ ေတာထဲပို႔ထားတာရွိတယ္ေလ။ အဲဒီတဲေတြလည္း ရႈိ႕သြားတယ္။ ရိကၡာမ်ားမ်ားျမင္ရင္ေတာ့ သူတို႔ကသိတဲ့အတိုင္းပဲ။ PDF ရိကၡာလို႔ စြပ္စြဲတာေပါ့။ အဲဒါ ရႈိ႕သြားတယ္။"

က်န္ရြာသားေတြကေတာ့ ေဘးလြတ္ရာေတာေတာင္ထဲမွာတိမ္းေရွာင္ေနၾကရတယ္လို႔လည္း ဆိုပါတယ္။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ ေဒသခံကာကြယ္ေရး PDF အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္ၾကား ဒီရက္ပိုင္းတိုက္ပြဲေတြအတြင္းမွာ အနည္းဆုံးေက်း႐ြာ (၉) ႐ြာ မီးရႈိ႕ခံရၿပီး အိမ္ေျခ (၂၀၀၀) ခန႔္ မီးေလာင္ကြၽမ္းခဲ့ရပါတယ္။

လက္ရွိ မီးရႈိ႕ခံရတဲ့ ရွားဖို႐ြာ ဒိုးႏြယ္႐ြာ အေရွ႕စီး႐ြာဘက္မွာ စစ္ေကာင္စီစစ္ေၾကာင္းေတြမရွိေတာ့လို႔ ႐ြာခံတခ်ိဳ႕ေနရပ္ ျပန္ၾကတာရွိေပမယ့္ စစ္ေဘးေရွာင္တြအတြက္အခက္ခဲရွိေနတုန္းပဲလို႔ ဒိုးနယ္ ႐ြာသားတဦးကေျပာပါတယ္။

“စစ္ေကာင္စီတပ္ေတြကအကုန္လုံးဆုတ္သြားၿပီ။ ကိုယ့္႐ြာ သူ႔႐ြာေပါ့ေနာ္ အဲဒီဘက္ကိုျပန္ၿပီးေတာ့ ဝင္ေနၾကၿပီ။ ဝင္ေနၾကၿပီဆို တစိတ္တပိုင္းေပါ့။ မေလာင္ဘဲက်န္ခဲ့တဲ့အိမ္တခ်ိဳ႕ေပါ့။ အဲဒါေတြကို ဝင္ၿပီးေတာ့ေန ေနၾကတယ္။ ေနာက္ၿပီးေတာ့ အိမ္မီးေလာင္သြားတဲ့ဟာေတြလည္း ရွိတဲ့အိမ္က အိမ္ေအာက္ထပ္မွာေပါ့။ ကပ္ၿပီးေတာ့ေနေနၾကတယ္။ လုံးဝေလာင္သြားတဲ့အိမ္ေတြက်ေတာ့လည္း ေဘးလြတ္ရာမွာပဲ ဒီအတိုင္းေနေနၾကတာေပါ့။ "

အလားတူခ်င္းျပည္နယ္ထန္တလန္ၿမိဳ႕တြင္းမွာလည္း မနက္ကတိုက္ပြဲျဖစ္ပြါးခဲ့ၿပီး ေနအိမ္ေတြ မီးရႈိ႕ခံရတယ္လို႔ စစ္ေဘး တိမ္းေရွာင္ေနတဲ့ ထန္တလန္ေဒသခံတဦးကေျပာပါတယ္။

“မေန႔က ထန္တလန္ၿမိဳ႕ေပၚမွာ တိုက္ပြဲ ျဖစ္တယ္ထင္ပါတယ္။ မေန႔က မနက္ (၈) ခြဲနဲ႔ ဟိုညေနပိုင္းအထိ မီးခိုးေတြ က်ေနာ္တို႔႐ြာကေန လွမ္းျမင္ေနရတာေပါ့ေနာ္။ မီးေလာင္တာေတာ့ ေသခ်ာတာေပါ့ေနာ္။ ဒါေပမယ့္လို႔ ဘယ္ေလာက္ ေလာင္တယ္ဆိုတာ က်ေနာ္တို႔လည္း အဲဒါေသခ်ာမသိဘူး။"

ထန္တလန္ၿမိဳ႕ အမွတ္ ၁ ရပ္ကြက္အတြင္း ေမလ ၂၃ ရက္ေန႔က စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ CDF-Thantlang တပ္ဖြဲ႔ၾကား ၿမိဳ႕တြင္းတိုက္ပြဲျဖစ္ပြားခဲ့ရာမွာ စစ္ေကာင္စီဘက္က ၆ ေယာက္ေသဆုံးၿပီး ၈ ေယာက္ေက်ာ္ဒဏ္ရာရရွိခဲ့သလို CDF-Thantlang CDFအဖြဲ႕ဘက္က ( ၄) ဦးဒဏ္ရာရရွိခဲ့ၾက တယ္လို ႔CDF-Thantlang က သတင္းထုတ္ျပန္ထားပါတယ္။

ကေလးၿမိဳ႕နယ္နဲ႔ ထန္တလန္ၿမိဳ႕နယ္အတြင္း တိုက္ပြဲအေျခအေနနဲ႔ အိမ္မီးေလာင္ရတဲ့အေျခအေနကိုသိရွိဖို႔ စစ္ေကာင္စီ ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

ခ်င္းျပည္နယ္ ထန္တလန္၊ ကန္ပက္လက္၊ ဖလမ္းၿမိဳ႕နယ္နဲ႔ေတြမွာနဲ႔ စစ္ကိုင္းတိုင္းကေလးၿမိဳ႕နယ္ အတြင္း စစ္ေကာင္စီတပ္နဲ႔ေဒသခံကာကြယ္ေရးအဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးတဲ့႐ြာေတြမွာ ေနအိမ္ေတြ မီးရႈိ႕ခံရတဲ့ျဖစ္စဥ္ဟာ ေဒသခံ PDF ေတြအေပၚ လက္မခံရဲေအာင္နဲ႔ အားမေပးရဲေအာင္ လုပ္ေဆာင္တဲ့ စစ္ဆင္ေရးတခုလို႔လည္း ခ်င္းႏိုင္ငံေရးေလ့လာသုံးသပ္သူက ေျပာပါတယ္။

လက္ရွိခ်င္းျပည္နယ္စစ္ေရးပဋိပကၡျဖစ္စဥ္မွာ ေဒသခံတသိန္းခန႔္ နဲ႔ ကေလးၿမိဳ႕နယ္မွာ လူဦးေရ (၂၀,၀၀၀) ခန႔္ဟာ ေဘးတိမ္းေရွာင္ေနၾကရၿပီး ေတာေတာင္ထဲ ေဆြမ်ိဳးသားခ်င္းအိမ္ထဲနဲ႔ အိႏၵိယႏိုင္ငံ မီဆိုရမ္ျပည္နယ္ထဲမွာ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

#MyanmarViolence #Kalay #SagaingFighting #VOABurmese #ကေလးၿမိဳ႕ေတာင္ပိုင္း #စစ္ေကာင္စီတပ္ #မီး႐ိႈ႕သတ္ျဖတ္ #အင္းေက်ာ္ရြာ #ဗီြအိုေအ

============

[[Unicode]]

ကလေးမြို့တောင်ပိုင်းမှာ ကျေးရွာသားတချို့ဖမ်းဆီးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပြီး ရွာသားတချို့အသတ်ခံရသလို စစ်ရှောင်ယာယီတဲတချို့လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကနေ နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ ဒေသခံ PDF အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် အင်းကျော်ကျေးရွာသားတချို့ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ အင်းကျော်ရွာ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲမနေ့ကဖြစ်တယ်။ ဟိုတနေ့ကဖြစ်တယ်ဗျ။ အဲဒါပြီးတော့ ကျနော်တို့ အင်းကျော်သား (၃) ယောက် သတ် သွားတာပေါ့လေ။ အင်းကျော်သား (၃) ယောက်ပါသွားတယ်။ အဲဒါ သူတို့အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာမှာ ချိန်းကြိုးတွေနဲ့ရိုက်ပြီးမှ သတ်ပစ်တယ်တဲ့။"

ဒါ့အပြင် ကလေးမြို့ မြစ်သာမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အင်းကျော်ကျေးရွာအနားက ဥယျာဉ် ကျေးရွာကနေအိမ်တချို့နဲ့ စစ်ဘေးရှောင်စခန်း ယာယီတဲတွေကိုလည်း မီးရှို့သွားတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

“စစ်ရှောင်စခန်းတွေက အားလုံးပေါင်းအစိတ်၊ သုံးဆယ်ပါမယ်လို့ပြောတယ်။ စစ်ရှောင်တွေကတောထဲမှာ တဲတန်းတွေထိုးနေကြတဲ့ဟာကို တဲတန်းတွေကို မီးရှို့လိုက်တဲ့အခါကျတော့ သူတို့က ထပ်စစ်ပြေးရှောင်တာပေါ့ဗျာ။ ထွက်ပြေးတဲ့အခါကျတော့ သူတို့မှာ ဘာမှမပါဘူး။ အဝတ်အစားက အစမပါဘူး။ စားနပ်ရိက္ခာကအစမပါဘူး။ အဲဒါကို ရွာနားကျေးရွာတွေက ကူညီပံ့ပိုးကြတာပေါ့။"

ကလေးမြို့က လူမှုကူညီရေးအဖွဲ့ဝင်တဦးကတော့ အင်းကျော်ရွာသားနှစ်ဦးအသတ်ခံရကြောင်းနဲ့ စစ်ရှောင်နေတဲ့ ယာယီတဲတချို့ မီးရှို့ခံရတဲ့အကြောင်း အခုလိုအတည်ပြု ပြောပါတယ်။

“သူတို့ အဲဒီမှာ ပထမဆုံးထိုးတဲ့နေ့က နှစ်ယောက်သတ်တယ်လို့ပြောတယ်။ နှစ်ယောက်သတ်သွားတယ်။ အင်းကျော်ကပါခင်ဗျ။ အင်းကျော်ရွာက ဦးခင်မောင်ရဲ့သားသမက် ကိုလေးဝင်းနဲ့ ဒေါ်မိအေးရဲ့သား ကိုချစ်ကိုကိုတဲ့။ (၂၁) ရက်နေ့က သူတို့စစ်ကြောင်းဝင်တယ်လေ။ စစ်ကြောင်းဝင်လို့ လမ်းမှာ တွေ့တယ်။ သူတို့ PDF သော ခွဲတာမဟုတ်ဘူး။ တွေ့ရင်သတ်တာပဲ။ သူတို့ပြန်ဆုတ်သွားပြီး မီးရှို့သွားတယ်။ ဥယာဉ်သာကို။ (၃) အိမ်လို့ပြောတယ်။ (၃) အိမ်နဲ့ နောက်တခုက စစ်ရှောင်။ ရွာတွေမှာ ရွာထဲစိတ်မချလို့တချို့ ရိက္ခာတွေ တောထဲပို့ထားတာရှိတယ်လေ။ အဲဒီတဲတွေလည်း ရှို့သွားတယ်။ ရိက္ခာများများမြင်ရင်တော့ သူတို့ကသိတဲ့အတိုင်းပဲ။ PDF ရိက္ခာလို့ စွပ်စွဲတာပေါ့။ အဲဒါ ရှို့သွားတယ်။"

ကျန်ရွာသားတွေကတော့ ဘေးလွတ်ရာတောတောင်ထဲမှာတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ အနည်းဆုံးကျေးရွာ (၉) ရွာ မီးရှို့ခံရပြီး အိမ်ခြေ (၂၀၀၀) ခန့် မီးလောင်ကျွမ်းခဲ့ရပါတယ်။

လက်ရှိ မီးရှို့ခံရတဲ့ ရှားဖိုရွာ ဒိုးနွယ်ရွာ အရှေ့စီးရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းတွေမရှိတော့လို့ ရွာခံတချို့နေရပ် ပြန်ကြတာရှိပေမယ့် စစ်ဘေးရှောင်တွအတွက်အခက်ခဲရှိနေတုန်းပဲလို့ ဒိုးနယ် ရွာသားတဦးကပြောပါတယ်။

“စစ်ကောင်စီတပ်တွေကအကုန်လုံးဆုတ်သွားပြီ။ ကိုယ့်ရွာ သူ့ရွာပေါ့နော် အဲဒီဘက်ကိုပြန်ပြီးတော့ ဝင်နေကြပြီ။ ဝင်နေကြပြီဆို တစိတ်တပိုင်းပေါ့။ မလောင်ဘဲကျန်ခဲ့တဲ့အိမ်တချို့ပေါ့။ အဲဒါတွေကို ဝင်ပြီးတော့နေ နေကြတယ်။ နောက်ပြီးတော့ အိမ်မီးလောင်သွားတဲ့ဟာတွေလည်း ရှိတဲ့အိမ်က အိမ်အောက်ထပ်မှာပေါ့။ ကပ်ပြီးတော့နေနေကြတယ်။ လုံးဝလောင်သွားတဲ့အိမ်တွေကျတော့လည်း ဘေးလွတ်ရာမှာပဲ ဒီအတိုင်းနေနေကြတာပေါ့။ "

အလားတူချင်းပြည်နယ်ထန်တလန်မြို့တွင်းမှာလည်း မနက်ကတိုက်ပွဲဖြစ်ပွါးခဲ့ပြီး နေအိမ်တွေ မီးရှို့ခံရတယ်လို့ စစ်ဘေး တိမ်းရှောင်နေတဲ့ ထန်တလန်ဒေသခံတဦးကပြောပါတယ်။

“မနေ့က ထန်တလန်မြို့ပေါ်မှာ တိုက်ပွဲ ဖြစ်တယ်ထင်ပါတယ်။ မနေ့က မနက် (၈) ခွဲနဲ့ ဟိုညနေပိုင်းအထိ မီးခိုးတွေ ကျနော်တို့ရွာကနေ လှမ်းမြင်နေရတာပေါ့နော်။ မီးလောင်တာတော့ သေချာတာပေါ့နော်။ ဒါပေမယ့်လို့ ဘယ်လောက် လောင်တယ်ဆိုတာ ကျနော်တို့လည်း အဲဒါသေချာမသိဘူး။"

ထန်တလန်မြို့ အမှတ် ၁ ရပ်ကွက်အတွင်း မေလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Thantlang တပ်ဖွဲ့ကြား မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ၈ ယောက်ကျော်ဒဏ်ရာရရှိခဲ့သလို CDF-Thantlang CDFအဖွဲ့ဘက်က ( ၄) ဦးဒဏ်ရာရရှိခဲ့ကြ တယ်လို့CDF-Thantlang က သတင်းထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်နဲ့ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ အိမ်မီးလောင်ရတဲ့အခြေအနေကိုသိရှိဖို့ စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ချင်းပြည်နယ် ထန်တလန်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ်နဲ့တွေမှာနဲ့ စစ်ကိုင်းတိုင်းကလေးမြို့နယ် အတွင်း စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးတဲ့ရွာတွေမှာ နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်ဟာ ဒေသခံ PDF တွေအပေါ် လက်မခံရဲအောင်နဲ့ အားမပေးရဲအောင် လုပ်ဆောင်တဲ့ စစ်ဆင်ရေးတခုလို့လည်း ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။

လက်ရှိချင်းပြည်နယ်စစ်ရေးပဋိပက္ခဖြစ်စဉ်မှာ ဒေသခံတသိန်းခန့် နဲ့ ကလေးမြို့နယ်မှာ လူဦးရေ (၂၀,၀၀၀) ခန့်ဟာ ဘေးတိမ်းရှောင်နေကြရပြီး တောတောင်ထဲ ဆွေမျိုးသားချင်းအိမ်ထဲနဲ့ အိန္ဒိယနိုင်ငံ မီဆိုရမ်ပြည်နယ်ထဲမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

#MyanmarViolence #Kalay #SagaingFighting #VOABurmese #ကလေးမြို့တောင်ပိုင်း #စစ်ကောင်စီတပ် #မီးရှို့သတ်ဖြတ် #အင်းကျော်ရွာ #ဗွီအိုအေ

============

XS
SM
MD
LG