သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ေတာင္ပိုင္း ေရရွင္႐ြာတဝိုက္ တိုက္ပြဲျပင္းထန္ခဲ့


စစ္ေကာင္စီရဲ႕နယ္ေျမရွင္းလင္းမႈအတြင္း ေမလ ၈ ရက္ကေန ၁၀ ရက္အထိ မီး႐ိႈ႕ခံရတယ္လို႔ ေဒသခံေတြေျပာထားတဲ့ စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္းက ေရရွင္ေက်းရြာနဲ႔ ပတ္ဝန္းက်င္ရြာမ်ား။ (MIMU)


[[Zawgyi/Unicode]]


စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ေရွရွင္႐ြာတဝိုက္မွာ ေမလ ၈ ရက္ ကေန ၁၀ ရက္ေန႔ထိ ၃ ရက္ဆက္တိုက္ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြၾကား တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ ဒီလိုတိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ စစ္တပ္ေတြက အိမ္ေျခ ၃၀၀ ေက်ာ္ေလာက္ရွိတဲ့ ေရရွင္႐ြာထဲဝင္လာၿပီး ေနအိမ္ေတြအကုန္လုံး မီးရႈိ႕ဖ်က္စီးသြားတယ္လို႔ ႐ြာခံေတြက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါယ္။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေရရွင္ေက်း႐ြာတဝိုက္ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ ကာကြယ္ေရးအဖြဲ႕ေတြၾကား ေမလ ၈ ရက္ကေန ၁၀ ရက္ေန႔ထိ ၃ ရက္ဆက္တိုက္ တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္ခဲ့ရာမွာ ေက်း႐ြာလူေနအိမ္ေတြကို လက္နက္ႀကီးေတြ က်ေရာက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ အဲဒီေနာက္ စစ္ေကာင္စီတပ္ေတြဟာ အိမ္ေျခ ၃၀၀ ေက်ာ္ေလာက္ရွိတဲ့ ေရရွင္ေက်း႐ြာထဲ ပစ္ခတ္ဝင္လာၿပီး ေနအိမ္ေတြ အကုန္လုံး မီးရွိ႕ဖ်က္စီးသြားတယ္လို႔ ေရရွင္႐ြာခံ ကိုေမာင္စိုးက ဗြီအိုေအကို ေျပာပါတယ္။

“၈ ရက္ေန႔ကလည္း က်ေနာ္တို႔႐ြာကို လက္နက္ႀကီးအခ်က္ေပါင္း ၁၀၀ ေက်ာ္ေလာက္ ပစ္ခတ္ခဲ့တယ္။ ၉ ရက္ေန႔က်ေတာ့လည္း အဲ့လိုအခ်က္ေပါင္းမ်ားစြာပစ္ခတ္ခဲ့ၿပီးကာမွ မေန႔ ၁၀ ရက္ေန႔က်ေတာ့ သူတို႔ဝင္ၿပီးကာမွ ရွင္းလင္းၿပီးမွ က်ေနာ္တို႔႐ြာကို မေန႔ကတည္းက တေန႔ကုန္မီးရႈိ႕တယ္ဗ်။ အခုလည္း မထြက္ေသးဘူးဗ်၊ ရႈိ႕ေနတုန္းပဲ။ က်ေနာ္တို႔႐ြာမွာေတာ့ အကုန္လုံးတအိမ္မွမက်န္ေတာ့ဘူးေပ့ါ။ အိမ္ေျခက က်ေနာ္တို႔ ေရရွင္႐ြာက ၃၂၀ေလာက္ရွိတယ္ဗ်၊ အကုန္လုံးပဲဗ်၊ အကုန္လုံးပဲအရႈိ႕ခံရတယ္ဗ်။”

ဒီေန႔ ေမလ ၁၁ရက္ ေန႔ခင္းပိုင္းအထိ စစ္တပ္ေတြက ေရရွင္ေက်း႐ြာထဲမွာ တပ္စြဲေနရာယူေနတယ္လို႔လည္း ဆိုပါတယ္။ တိုက္ပြဲေၾကာင့္ ေရရွင္ေက်း႐ြာ လယ္ၾကားေက်း႐ြာ၊ ကုကၠိဳေက်း႐ြာ ရွားေတာေက်း႐ြာ ႏြားေက်း႐ြာ စတဲ့ ပတ္ဝန္က်င္းေက်း႐ြာက ေဒသခံ ၅,၀၀၀ ေလာက္ အိုးပစ္အိမ္ပစ္ ေဘးလြတ္ ရာကို ေျပးလႊာေနၾကရတယ္လို႔ ေျပာပါတယ္။ ေတာေတာင္ေတြထဲ ပုန္းခိုေနရလို႔ စားေရးေသာက္ေရးအျပင္ က်န္းမာေရးျပႆနာေတြပါ ႀကဳံေတြ႔ရတယ္လို႔ ေရရွင္႐ြာ စစ္ေျပးဒုကၡသည္တဦးက ေျပာပါတယ္။

“လက္နက္ႀကီးနဲ႔က အၿမဲတမ္းလိုလိုထုေနတယ္ေပ့ါ။ အဲ့လိုမ်ိဳးေတာထဲမွာပဲ တဲေလးေဆာက္ၿပီး အဲ့လိုေလး ေနၾကတာ။ စားေရးေသာက္ေရးက အဆင္မေျပပါဘူး၊ ေရလည္း အဆင္မေျပ၊ ေရလည္း ခက္ခဲတယ္။ မိုးရာသီဆိုေတာ့ သိတဲ့အတိုင္းပဲ။…လုံးဝအဆင္မေျပဘူး၊ ေတာထဲမွာေနရတယ္ဆိုေတာ့၊ ေရမသန႔္တာတို႔ ဘာတို႔ေလ အဲ့လိုမ်ိဳးဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တဲ့ တဲအလိုက္ေတြ အဲ့မ်ိဳးလည္း ရွိတယ္။”

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလတုန္းကလည္း တိုက္ပြဲေတြျဖစ္လို႔ အဲဒီေဒသခံေတြ စစ္ေျပးေရွာင္ခဲ့ရဖူးပါတယ္။ အေျခအေနတည္ၿငိမ္လို႔ ေနရပ္ကို ျပန္လာၾကတာပါ။ စစ္တပ္က ႐ြာကို ျပန္ဝင္လာတိုင္း မၾကာမၾကာထြက္ေျပးေနရၿပီး၊ အခုတေခါက္မွာေတာ့ ေနအိမ္ေတြမွာ မီးရႈိ႕ခံရၿပီး တိမ္းေရွာင္လာၾကရတာလို႔ ဆိုပါတယ္။

ဧၿပီလ ၂၇ ရက္ကေန အခု ေမလ ၁၁ ရက္ထိ ဒီ ၁၀ ရက္ေက်ာ္ကာလအတြင္းမွာ အနီးပတ္ဝန္းက်င္က ေက်း႐ြာ ၄ ႐ြာ ခန႔္မွန္း အိမ္ေျခ ၁,၀၀၀ ေက်ာ္ မီးေလာင္ျပာက်သြားတယ္လို႔ ေနအိမ္မီးေလာင္တဲ့အေျခအေနကို လိုက္လံၾကည့္ခဲ့တဲ့ ေဒသခံ တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ဒီမီးရႈိ႕ခံရတဲ့ ႐ြာေတြကေတာ့ အေရွ႕စီးရယ္၊ တင္သားရယ္၊ ရွားဖိုရယ္ေပါ့ေနာ္။ ကေလးေတာင္ပိုင္း တင္သားအုပ္စုမွာေပါ့။ အေရွ႕စီးကေတာ့ အိမ္ေျခ ခန႔္မွန္းေျခေပါ့။ သူတို႔က အတိအက်စာရင္းေတာ့ မေကာက္ရေသးဘူး။အိမ္ေျခ ၆၀၀ ခန႔္ေပါ့။ တင္သားကေတာ့ ၈ လုံး။ ရွားဖိုက ၁၁၆ လုံးေပါ့။ စုစုေပါင္းဆိုရင္ေတာ့ ၇၂၄ လုံးေလာင္သြားတယ္ဗ်။ ေရရွင္ကေတာ့ က်ေနာ္တို႔ ခန႔္မွန္းေျခ သူတို႔ကို လွမ္းေမးထားတာေတာ့ ၃၅၀ လို႔ေျပာတယ္ဗ်။ (မီးေလာင္ခဲ့တဲ့႐ြာ)အေနအထားကေတာ့ ေျခာက္ကပ္သြားတာေပါ့ဗ်ာ။ (အိမ္ေတြ) လုံးဝျပာက်သြားတဲ့အေနအထားေပါ့၊ ကြက္က်ားစီေပါ့ဗ်ာ။ ကြက္က်ားစီက်န္ေနခဲ့တာပဲ။ အုတ္တိုက္ေတြကေတာ့ အကုန္ၿပိဳတဲ့ဟာလည္း ၿပိဳတယ္။ အိမ္တိုင္ေလးက က်န္တဲ့ဟာလည္း က်န္တယ္။ မက်န္တဲ့ဟာေတာ့ မက်န္ဘူး။ ဒါေပမယ့္ မ်ားေသာအားျဖင့္က မက်န္တဲ့ဟာမ်ားတယ္။”

ေမလ ပထမအပတ္က ကေလးၿမိဳ႕နယ္ေတာင္ပိုင္း အေရွ႕စီးေက်း႐ြာမွာ စစ္ေကာင္စီတပ္ေတြ မိုင္းဆြဲတိုက္ခိုက္ခံရတာနဲ႔ ရွားဖိုေက်း႐ြာဘက္ တိုက္ပြဲျဖစ္ခဲ့အေျခအေနေတြကို စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို အတည္ျပဳေျပာထားေပမယ့္ ေနအိမ္မီးေလာင္တာေတြ မရွိဘူးလို႔ ျငင္းဆိုထားပါတယ္။ ဒါေပမယ့္ ေဒသခံေတြကေတာ့ ေက်း႐ြာ ေနအိမ္ေတြ မီးေလာင္ျပာက်ခဲ့တယ္လို႔ အေသအခ်ာေျပာဆိုထားပါတယ္။

အေရွ႕စီးေက်း႐ြာက ေနအိမ္မီးေလာင္သြားတဲ့ စစ္ေျပးဒုကၡသည္တဦးကေတာ့ အိမ္ေျခယာမဲ့ဘဝနဲ႔ ေတာေတာင္ေတြထဲ ပုန္းခိုေနရၿပီး ဆင္းရဲဒုကၡေရာက္မ်ိဳးစုံ ရင္ဆိုင္ႀကဳံေတြ႕ေနရတာလို႔ အခုလို ေျပာပါတယ္။

“ေျပးခဲ့တာကို။ စစ္သား ရႈိ႕တာပါ။ အိမ္မရွိယာမရွိလို႔ ဘယ္နားမွ ေနစရာမရွိလို႔ အိုးတစ္လုံး ခြက္တခြက္။ ဘာလဲမရွိ။ မီးေလာင္တယ္ဆိုေတာ့ ေနစရာမရွိဘူး၊ ေတာထဲမွာ ေနၾကရတယ္။ ဘာမွက်န္ဘူး။ ငပိဖုတ္စားလိုက္၊ ပဲေလးျပဳတ္စားလိုက္နဲ႔ ခက္ခဲတာေတာ့ ခက္ခဲတာပါ။ ဆင္းရဲဒုကၡေတာင္မေျပာနဲ႔ေတာ့ အရင္လိုေတာင္ မေျပာႏိုင္ေတာ့ဘူး၊ ဘဝပ်က္ၿပီးဆုံးတာေတာ့ မေျပာနဲ႔ေတာ့ အိုးပ်က္အိမ္ပ်က္ဘဝပ်က္ ေနစရာမရွိစားစရာမရွိတဲ့ဘဝေရာက္တာပါ။”

တိုက္ပြဲေတြၾကား ေျပးလႊားေနတဲ့ စစ္ေျပးဒုကၡသည္ေတြဟာ ေတာေတာင္ေတြထဲမွာ မိုးကာတဲထိုးၿပီး ျဖစ္သလိုေနထိုင္စားေနၾကရပါတယ္။ စစ္ေျပးဒုကၡသည္ေတြဟာ မိုးကာတဲေလးနဲ႔ မိုးတြင္းကာလမွာ မိုးေလမလုံတာေတြ ေလျပင္းတိုက္ခတ္မႈေတြနဲ႔ ေနထိုင္ဖို႔ရာ အခက္အခဲျဖစ္ေနၾကပါတယ္။ စစ္ကိုင္းတိုင္းအတြင္း တိုက္ပြဲေတြေၾကာင့္ ေဒသခံ ေက်း႐ြာသားအမ်ားအျပားဟာ အခုအခါ စစ္ေျပးဒုကၡသည္ေတြျဖစ္ေနၾကၿပီး သြားေရးလာေရးနဲ႔ ေဒသတြင္းအေျခအေနေတြေၾကာင့္ အကူအညီေတြ မရရွိႏိုင္ဘူးျဖစ္ေနပါတယ္။

#MyanmarViolence #Kalay #SagaingFighting #VOABurmese #ကေလးၿမိဳ႕ #ေရရွင္ရြာ #စစ္ေကာင္စီတပ္ #ရြာမီး႐ိႈ႕ #ျပည္သူ႔ကာကြယ္ေရးတပ္ #ဗီြအုိေအ
==============
[[Unicode]]

ကလေးမြို့တောင်ပိုင်း ရေရှင်ရွာတဝိုက် တိုက်ပွဲပြင်းထန်ခဲ့

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရှေရှင်ရွာတဝိုက်မှာ မေလ ၈ ရက် ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်တွေက အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ ရေရှင်ရွာထဲဝင်လာပြီး နေအိမ်တွေအကုန်လုံး မီးရှို့ဖျက်စီးသွားတယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါယ်။

ကလေးမြို့နယ်တောင်ပိုင်းရေရှင်ကျေးရွာတဝိုက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေကြား မေလ ၈ ရက်ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ရာမှာ ကျေးရွာလူနေအိမ်တွေကို လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေဟာ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ ရေရှင်ကျေးရွာထဲ ပစ်ခတ်ဝင်လာပြီး နေအိမ်တွေ အကုန်လုံး မီးရှိ့ဖျက်စီးသွားတယ်လို့ ရေရှင်ရွာခံ ကိုမောင်စိုးက ဗွီအိုအေကို ပြောပါတယ်။

“၈ ရက်နေ့ကလည်း ကျနော်တို့ရွာကို လက်နက်ကြီးအချက်ပေါင်း ၁၀၀ ကျော်လောက် ပစ်ခတ်ခဲ့တယ်။ ၉ ရက်နေ့ကျတော့လည်း အဲ့လိုအချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီးကာမှ မနေ့ ၁၀ ရက်နေ့ကျတော့ သူတို့ဝင်ပြီးကာမှ ရှင်းလင်းပြီးမှ ကျနော်တို့ရွာကို မနေ့ကတည်းက တနေ့ကုန်မီးရှို့တယ်ဗျ။ အခုလည်း မထွက်သေးဘူးဗျ၊ ရှို့နေတုန်းပဲ။ ကျနော်တို့ရွာမှာတော့ အကုန်လုံးတအိမ်မှမကျန်တော့ဘူးပေ့ါ။ အိမ်ခြေက ကျနော်တို့ ရေရှင်ရွာက ၃၂၀လောက်ရှိတယ်ဗျ၊ အကုန်လုံးပဲဗျ၊ အကုန်လုံးပဲအရှို့ခံရတယ်ဗျ။”

ဒီနေ့ မေလ ၁၁ရက် နေ့ခင်းပိုင်းအထိ စစ်တပ်တွေက ရေရှင်ကျေးရွာထဲမှာ တပ်စွဲနေရာယူနေတယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲကြောင့် ရေရှင်ကျေးရွာ လယ်ကြားကျေးရွာ၊ ကုက္ကိုကျေးရွာ ရှားတောကျေးရွာ နွားကျေးရွာ စတဲ့ ပတ်ဝန်ကျင်းကျေးရွာက ဒေသခံ ၅,၀၀၀ လောက် အိုးပစ်အိမ်ပစ် ဘေးလွတ် ရာကို ပြေးလွှာနေကြရတယ်လို့ ပြောပါတယ်။ တောတောင်တွေထဲ ပုန်းခိုနေရလို့ စားရေးသောက်ရေးအပြင် ကျန်းမာရေးပြဿနာတွေပါ ကြုံတွေ့ရတယ်လို့ ရေရှင်ရွာ စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။

“လက်နက်ကြီးနဲ့က အမြဲတမ်းလိုလိုထုနေတယ်ပေ့ါ။ အဲ့လိုမျိုးတောထဲမှာပဲ တဲလေးဆောက်ပြီး အဲ့လိုလေး နေကြတာ။ စားရေးသောက်ရေးက အဆင်မပြေပါဘူး၊ ရေလည်း အဆင်မပြေ၊ ရေလည်း ခက်ခဲတယ်။ မိုးရာသီဆိုတော့ သိတဲ့အတိုင်းပဲ။…လုံးဝအဆင်မပြေဘူး၊ တောထဲမှာနေရတယ်ဆိုတော့၊ ရေမသန့်တာတို့ ဘာတို့လေ အဲ့လိုမျိုးဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ တဲအလိုက်တွေ အဲ့မျိုးလည်း ရှိတယ်။”

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းကလည်း တိုက်ပွဲတွေဖြစ်လို့ အဲဒီဒေသခံတွေ စစ်ပြေးရှောင်ခဲ့ရဖူးပါတယ်။ အခြေအနေတည်ငြိမ်လို့ နေရပ်ကို ပြန်လာကြတာပါ။ စစ်တပ်က ရွာကို ပြန်ဝင်လာတိုင်း မကြာမကြာထွက်ပြေးနေရပြီး၊ အခုတခေါက်မှာတော့ နေအိမ်တွေမှာ မီးရှို့ခံရပြီး တိမ်းရှောင်လာကြရတာလို့ ဆိုပါတယ်။

ဧပြီလ ၂၇ ရက်ကနေ အခု မေလ ၁၁ ရက်ထိ ဒီ ၁၀ ရက်ကျော်ကာလအတွင်းမှာ အနီးပတ်ဝန်းကျင်က ကျေးရွာ ၄ ရွာ ခန့်မှန်း အိမ်ခြေ ၁,၀၀၀ ကျော် မီးလောင်ပြာကျသွားတယ်လို့ နေအိမ်မီးလောင်တဲ့အခြေအနေကို လိုက်လံကြည့်ခဲ့တဲ့ ဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီမီးရှို့ခံရတဲ့ ရွာတွေကတော့ အရှေ့စီးရယ်၊ တင်သားရယ်၊ ရှားဖိုရယ်ပေါ့နော်။ ကလေးတောင်ပိုင်း တင်သားအုပ်စုမှာပေါ့။ အရှေ့စီးကတော့ အိမ်ခြေ ခန့်မှန်းခြေပေါ့။ သူတို့က အတိအကျစာရင်းတော့ မကောက်ရသေးဘူး။အိမ်ခြေ ၆၀၀ ခန့်ပေါ့။ တင်သားကတော့ ၈ လုံး။ ရှားဖိုက ၁၁၆ လုံးပေါ့။ စုစုပေါင်းဆိုရင်တော့ ၇၂၄ လုံးလောင်သွားတယ်ဗျ။ ရေရှင်ကတော့ ကျနော်တို့ ခန့်မှန်းခြေ သူတို့ကို လှမ်းမေးထားတာတော့ ၃၅၀ လို့ပြောတယ်ဗျ။ (မီးလောင်ခဲ့တဲ့ရွာ)အနေအထားကတော့ ခြောက်ကပ်သွားတာပေါ့ဗျာ။ (အိမ်တွေ) လုံးဝပြာကျသွားတဲ့အနေအထားပေါ့၊ ကွက်ကျားစီပေါ့ဗျာ။ ကွက်ကျားစီကျန်နေခဲ့တာပဲ။ အုတ်တိုက်တွေကတော့ အကုန်ပြိုတဲ့ဟာလည်း ပြိုတယ်။ အိမ်တိုင်လေးက ကျန်တဲ့ဟာလည်း ကျန်တယ်။ မကျန်တဲ့ဟာတော့ မကျန်ဘူး။ ဒါပေမယ့် များသောအားဖြင့်က မကျန်တဲ့ဟာများတယ်။”

မေလ ပထမအပတ်က ကလေးမြို့နယ်တောင်ပိုင်း အရှေ့စီးကျေးရွာမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ရှားဖိုကျေးရွာဘက် တိုက်ပွဲဖြစ်ခဲ့အခြေအနေတွေကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပြောထားပေမယ့် နေအိမ်မီးလောင်တာတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ ကျေးရွာ နေအိမ်တွေ မီးလောင်ပြာကျခဲ့တယ်လို့ အသေအချာပြောဆိုထားပါတယ်။

အရှေ့စီးကျေးရွာက နေအိမ်မီးလောင်သွားတဲ့ စစ်ပြေးဒုက္ခသည်တဦးကတော့ အိမ်ခြေယာမဲ့ဘဝနဲ့ တောတောင်တွေထဲ ပုန်းခိုနေရပြီး ဆင်းရဲဒုက္ခရောက်မျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတာလို့ အခုလို ပြောပါတယ်။

“ပြေးခဲ့တာကို။ စစ်သား ရှို့တာပါ။ အိမ်မရှိယာမရှိလို့ ဘယ်နားမှ နေစရာမရှိလို့ အိုးတစ်လုံး ခွက်တခွက်။ ဘာလဲမရှိ။ မီးလောင်တယ်ဆိုတော့ နေစရာမရှိဘူး၊ တောထဲမှာ နေကြရတယ်။ ဘာမှကျန်ဘူး။ ငပိဖုတ်စားလိုက်၊ ပဲလေးပြုတ်စားလိုက်နဲ့ ခက်ခဲတာတော့ ခက်ခဲတာပါ။ ဆင်းရဲဒုက္ခတောင်မပြောနဲ့တော့ အရင်လိုတောင် မပြောနိုင်တော့ဘူး၊ ဘဝပျက်ပြီးဆုံးတာတော့ မပြောနဲ့တော့ အိုးပျက်အိမ်ပျက်ဘဝပျက် နေစရာမရှိစားစရာမရှိတဲ့ဘဝရောက်တာပါ။”

တိုက်ပွဲတွေကြား ပြေးလွှားနေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ မိုးကာတဲထိုးပြီး ဖြစ်သလိုနေထိုင်စားနေကြရပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ မိုးကာတဲလေးနဲ့ မိုးတွင်းကာလမှာ မိုးလေမလုံတာတွေ လေပြင်းတိုက်ခတ်မှုတွေနဲ့ နေထိုင်ဖို့ရာ အခက်အခဲဖြစ်နေကြပါတယ်။ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာသားအများအပြားဟာ အခုအခါ စစ်ပြေးဒုက္ခသည်တွေဖြစ်နေကြပြီး သွားရေးလာရေးနဲ့ ဒေသတွင်းအခြေအနေတွေကြောင့် အကူအညီတွေ မရရှိနိုင်ဘူးဖြစ်နေပါတယ်။

#MyanmarViolence #Kalay #SagaingFighting #VOABurmese #ကလေးမြို့ #ရေရှင်ရွာ #စစ်ကောင်စီတပ် #ရွာမီးရှို့ #ပြည်သူ့ကာကွယ်ရေးတပ် #ဗွီအိုအေ
==============

XS
SM
MD
LG