သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန႔္ၿမိဳ႕နယ္တြင္း စစ္ေကာင္စီနဲ႔KIA တိုက္ပြဲ အရပ္သားတဦးဒဏ္ရာရ


kachin Hpa kant (Zaw Moe Htet)

[[Zawgyi/Unicode]]


ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အရပ္သားတဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ဒီကေန႔ မနက္ပိုင္းက စစ္ေကာင္စီတပ္ရဲ႕ စစ္ေၾကာင္းကို KIA က မိုင္းခြဲ တိုက္ခိုက္ခဲ့တဲ့ေနာက္ စစ္ေကာင္စီတပ္က လက္နက္ႀကီးနဲ႔ပစ္ခတ္တာေၾကာင့္ ထိခိုက္ခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထားတာ ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။


ဖားကန႔္ေဒသမွာ ၿပီးခဲ့တဲ့ အပတ္ကစတင္ၿပီး တိုက္ပြဲေတြ ႀကိဳ႕ၾကားျဖစ္ပြားခဲ့တာပါ။ ဒီကေန႔ မနက္ပိုင္း ၉ နာရီေလာက္မွာလည္း ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စု ဘြမ္နမ္ေခၚ မိုးကား႐ြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့ခဲ့ေၾကာင္း ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“ ၉ နာရီနည္းနည္းေက်ာ္ေက်ာ္ေလာက္က ျဖစ္တယ္။ တနာရီေက်ာ္ေက်ာ္ေလာက္ေတာ့ ၾကာတယ္။ ဖားကန႔္ေနလို႔ရွိရင္ ဒီ အေနာက္ေျမာက္ေပါ့။ ေကာင္ဆန္နေဘးမွာ မိုးကား႐ြာေပါ့။ အဲဒီမွာ တိုက္ပြဲျဖစ္တယ္။ ၿပီးရင္နမ့္ေမွာ္ဘက္မွာလည္း ေသနတ္သံအနည္းငယ္ၾကားတယ္။ အဲဒီစစ္ေၾကာင္းက အခုခ်ိန္ထိ ရွိေနတုန္း။ မိုးကာ႐ြာ၊ ဘြမ္နမ္ေက်း႐ြာဆိုတဲ့ေနရာမွာ။ ဒီဘက္မွာေတာ့ အခုက စစ္ေၾကာင္းက ၃ေၾကာင္းေလာက္ ထိုးထားတယ္ဆိုေတာ့ တိုက္ပြဲေတာ့ ခပ္စိပ္စိပ္ေတာ့ ျဖစ္ေနတာပဲ အခုတေလာ။ ”

အျခားေဒသခံတေယာက္ကေတာ့ ဒီမနက္ျဖစ္ပြားတဲ့တိုက္ပြဲဟာ စစ္ေကာင္စီစစ္ေၾကာင္းကို KIA က မိုင္းခြဲတိုက္ခိုက္တဲ့ေနာက္ စစ္တပ္ဘက္က လက္နက္ႀကီးနဲ႔ ျပန္လည္ပစ္ခတ္ခဲ့ေၾကာင္း ဒီပစ္ခတ္မႈမွာ ကေလးတဦး ထိခိုက္ေၾကာင္း ေျပာပါတယ္။

“ ေကာင္ဆန္လမ္း ဘြမ္နမ္မွာျဖစ္တယ္ဗ်။ ကေလးတေယာက္ဒဏ္ရာရသြားတယ္။ သူတို႔ ဒီေန႔မနက္အေစာႀကီး သူတို႔ေနတဲ့စခန္းလည္းမဟုတ္ဘူး။ ကုမၸဏီမွာေနတာေလ။ သူတို႔ ေနတဲ့ကုမၸဏီက အေစာႀကီးထြက္တယ္။ ထြက္ေတာ့ ေကာင္ဆန္လမ္းဘက္ကိုထြက္သြားတယ္။ ဘြမ္နမ္လမ္းဘက္ကို ထြက္သြားတယ္။ စစ္ေၾကာင္းသြားေနတဲ့အခ်ိန္ မိုင္းနဲ႔ ခြဲလိုက္တာ အဲဒီအခ်ိန္ထိသြားတယ္ဗ်။”

ဖားကန႔္ေဒသက လူမႈကူညီေရးလုပ္ငန္းကို ေဆာင္႐ြက္ေနသူတဦးကေတာ့ လက္နက္ႀကီးထိမွန္တဲ့ကေလးကို ဖားကန႔္ေဆး႐ုံပို႔ေဆာင္ထားေၾကာင္း ေျပာပါတယ္။

“လက္နက္ႀကီး က်တယ္လို႔ ေျပာတယ္။ ၁၅ ႏွစ္အ႐ြယ္ကေလးက မိုင္းစ ၂ စထိတယ္တဲ့။ ႏွစ္ေနရာထိတယ္။ လက္ေမာင္းတခ်က္။ ဗိုက္တခ်က္မွာ ထိတယ္။ ဖားကန႔္ေဆး႐ုံပို႔ထားတယ္လို႔ ေျပာတယ္။ ၁၅ ႏွစ္အ႐ြယ္ ေယာက္်ားကေလးတဲ့။”

ဖားကန႔္ၿမိဳ႕နယ္အတြင္းမွာ ဒီလ ၂၀ ရက္ေန႔ေလာက္က စတင္ၿပီး တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာပါ။

ဒီလ ၂၃ ရက္ေန႔ကေတာ့ ကရင္ေခ်ာင္ေက်း႐ြာတံတားထိပ္မွာ ဆိုင္ကယ္စီးလာတဲ့ အရပ္သားတဦးကို စစ္ေကာင္စီတပ္က ရပ္ခိုင္းရာမွာမရပ္တဲ့အတြက္ ေသနတ္နဲ႔ပစ္ခတ္လို႔ ေသဆုံးခဲ့ေၾကာင္း ကခ်င္သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။

စစ္အာဏာသိမ္းမႈဆန႔္က်င္တဲ့ဆႏၵျပပြဲေတြ အၾကမ္းဖက္ႏွိပ္ကြပ္ခံရတဲ့ေနာက္ တက္ႂကြလႈပ္ ရွားသူအေတာ္မ်ားမ်ားဟာ KIA ထိန္းခ်ဳပ္ရာနယ္ေျမထဲ ခိုလႈံခဲ့ၾကၿပီး PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြဖြဲ႕ခဲ့ၾကပါတယ္။ အဲဒီေနာက္ ကခ်င္ေဒသနဲ႔ အနီးက စစ္ကိုင္းတိုင္းတခြင္မွာ စစ္ေကာင္စီနဲ႔ ေဒသခံေတြအၾကား တိုက္ပြဲေတြ ဆက္တိုက္ဆိုသလိုျဖစ္ေနပါတယ္။

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအတြက္ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုင္းရင္းသားလက္နက္ကိုင္တဖြဲ႕ခ်င္းကို ကမ္းလွမ္းထားေပမယ့္လည္း KIA ဘက္ကေတာ့ ဒါကို ပယ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဖားကန့်မြို့နယ်တွင်း စစ်ကောင်စီနဲ့KIA တိုက်ပွဲ အရပ်သားတဦးဒဏ်ရာရ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာ ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။


ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ အပတ်ကစတင်ပြီး တိုက်ပွဲတွေ ကြို့ကြားဖြစ်ပွားခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘွမ်နမ်ခေါ် မိုးကားရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ခဲ့ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ၉ နာရီနည်းနည်းကျော်ကျော်လောက်က ဖြစ်တယ်။ တနာရီကျော်ကျော်လောက်တော့ ကြာတယ်။ ဖားကန့်နေလို့ရှိရင် ဒီ အနောက်မြောက်ပေါ့။ ကောင်ဆန်နဘေးမှာ မိုးကားရွာပေါ့။ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ ပြီးရင်နမ့်မှော်ဘက်မှာလည်း သေနတ်သံအနည်းငယ်ကြားတယ်။ အဲဒီစစ်ကြောင်းက အခုချိန်ထိ ရှိနေတုန်း။ မိုးကာရွာ၊ ဘွမ်နမ်ကျေးရွာဆိုတဲ့နေရာမှာ။ ဒီဘက်မှာတော့ အခုက စစ်ကြောင်းက ၃ကြောင်းလောက် ထိုးထားတယ်ဆိုတော့ တိုက်ပွဲတော့ ခပ်စိပ်စိပ်တော့ ဖြစ်နေတာပဲ အခုတလော။ ”

အခြားဒေသခံတယောက်ကတော့ ဒီမနက်ဖြစ်ပွားတဲ့တိုက်ပွဲဟာ စစ်ကောင်စီစစ်ကြောင်းကို KIA က မိုင်းခွဲတိုက်ခိုက်တဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒီပစ်ခတ်မှုမှာ ကလေးတဦး ထိခိုက်ကြောင်း ပြောပါတယ်။

“ ကောင်ဆန်လမ်း ဘွမ်နမ်မှာဖြစ်တယ်ဗျ။ ကလေးတယောက်ဒဏ်ရာရသွားတယ်။ သူတို့ ဒီနေ့မနက်အစောကြီး သူတို့နေတဲ့စခန်းလည်းမဟုတ်ဘူး။ ကုမ္ပဏီမှာနေတာလေ။ သူတို့ နေတဲ့ကုမ္ပဏီက အစောကြီးထွက်တယ်။ ထွက်တော့ ကောင်ဆန်လမ်းဘက်ကိုထွက်သွားတယ်။ ဘွမ်နမ်လမ်းဘက်ကို ထွက်သွားတယ်။ စစ်ကြောင်းသွားနေတဲ့အချိန် မိုင်းနဲ့ ခွဲလိုက်တာ အဲဒီအချိန်ထိသွားတယ်ဗျ။”

ဖားကန့်ဒေသက လူမှုကူညီရေးလုပ်ငန်းကို ဆောင်ရွက်နေသူတဦးကတော့ လက်နက်ကြီးထိမှန်တဲ့ကလေးကို ဖားကန့်ဆေးရုံပို့ဆောင်ထားကြောင်း ပြောပါတယ်။

“လက်နက်ကြီး ကျတယ်လို့ ပြောတယ်။ ၁၅ နှစ်အရွယ်ကလေးက မိုင်းစ ၂ စထိတယ်တဲ့။ နှစ်နေရာထိတယ်။ လက်မောင်းတချက်။ ဗိုက်တချက်မှာ ထိတယ်။ ဖားကန့်ဆေးရုံပို့ထားတယ်လို့ ပြောတယ်။ ၁၅ နှစ်အရွယ် ယောက်ျားကလေးတဲ့။”

ဖားကန့်မြို့နယ်အတွင်းမှာ ဒီလ ၂၀ ရက်နေ့လောက်က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဒီလ ၂၃ ရက်နေ့ကတော့ ကရင်ချောင်ကျေးရွာတံတားထိပ်မှာ ဆိုင်ကယ်စီးလာတဲ့ အရပ်သားတဦးကို စစ်ကောင်စီတပ်က ရပ်ခိုင်းရာမှာမရပ်တဲ့အတွက် သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ကြောင်း ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ အကြမ်းဖက်နှိပ်ကွပ်ခံရတဲ့နောက် တက်ကြွလှုပ် ရှားသူအတော်များများဟာ KIA ထိန်းချုပ်ရာနယ်မြေထဲ ခိုလှုံခဲ့ကြပြီး PDF ပြည်သူ့ကာကွယ်ရေးတပ်တွေဖွဲ့ခဲ့ကြပါတယ်။ အဲဒီနောက် ကချင်ဒေသနဲ့ အနီးက စစ်ကိုင်းတိုင်းတခွင်မှာ စစ်ကောင်စီနဲ့ ဒေသခံတွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်နေပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းကို ကမ်းလှမ်းထားပေမယ့်လည်း KIA ဘက်ကတော့ ဒါကို ပယ်ချထားပါတယ်။
===============

XS
SM
MD
LG