သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မႏၲေလး ေသြးေသာက္အဖြဲ႔ သူတို႔ဖြဲ႕စည္းတာမဟုတ္ စစ္ေကာင္စီျငင္းဆန္


မႏၱေလး

[[Zawgyi/Unicode]]

မႏၲေလးၿမိဳ႕မွာ NLD ေထာက္ခံသူေတြကို သတ္ျဖတ္ခဲ့တဲ့ ေသြးေသာက္အဖြဲ႔ဟာ မိမိတို႔နဲ႔ မသက္ဆိုင္ေၾကာင္း စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ မႏၲေလး PDF အဖြဲ႕ရဲ႕ စစ္ဆင္ေရးကို လက္တုံ႔ျပန္မယ္လို႔ ေသြးေသာက္အဖြဲ႔က ေၾကညာလိုက္ၿပီးေနာက္ အခုလို သတ္ျဖတ္မႈေတြျဖစ္ခဲ့တာပါ။ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြကေတာ့ ဒါဟာ တရားဥပေဒစိုးမိုးမႈမရွိတာကို ျပသေနသလို လက္ရွိ ႏိုင္ငံေရးပဋိပကၡေတြကို မေျဖရွင္းႏိုင္ရင္ ဒီလို သတ္ျဖတ္မႈေတြ ဆက္ရွိေနႏိုင္ေၾကာင္း သုံးသပ္ၾကေၾကာင္း ရန္ကုန္ၿမိဳ႕ကေန သတင္းေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕မွာ NLD ေထာက္ခံသူအခ်ိဳ႕ကို အမည္မသိလက္နက္ကိုင္ေတြက ဒီလ ၂၄ ရက္နဲ႔ ၂၅ ရက္ေန႔ေတြက ဖမ္းဆီးခဲ့ၿပီး ေနာက္ရက္ေတြမွာ ေသနတ္ဒဏ္ရာ ဓါးဒဏ္ရာနဲ႔ ေသဆုံးေနတဲ့ ႐ုပ္အေလာင္းေတြကိုပဲ ျပန္ေတြ႔ခဲ့ပါတယ္။

ဒီလို ဖမ္းဆီးခံၿပီး ေသဆုံးရသူ ၅ ေယာက္ရွိေၾကာင္းနဲ႔ သူတို႔ကို ေသြးေသာက္အဖြဲ႔ က သတ္ျဖတ္ခဲ့တာျဖစ္ေၾကာင္း ၎တို႔နဲ႔ နီးစပ္တဲ့ မႏၲေလး ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“က်ေနာ္တို႔ အခု သိရွိသေလာက္ဆိုရင္ ပထမရက္ ၂၄ ရက္ စိန္ဝင္းဝင္းနဲ႔ပတ္သက္ၿပီးေတာ့ ၃ ေယာက္။ ေက်ာက္ဝိုင္းအေနာက္ဘက္မွာက ကိုသိန္းေဌးဦး တေယာက္။ အခု ကိုဖုန္းျမင့္မိုးေခၚ ကိုမိုးႀကီး တေယာက္။ ၅ ေယာက္ က်ေနာ္တို႔ သိရသမွ်ေပါ့။ လက္ရွိ မႏၲေလးမွာေပါ့ဗ်ာ။ ေသဆုံးၿပီးေတာ့ ေသြးေသာက္၊ ေသြးေသာက္ဆိုတဲ့ လည္ဆြဲကတ္ကို ထားၿပီး လုပ္သြားတာက လက္ရွိ အဲဒီ ၅ ေယာက္ေပ့ါ။”

အျခားေသဆုံးသြားသူ ၃ ဦးဟာ စိန္ဝင္းဝင္းလက္ဖက္ရည္ဆိုင္ပိုင္ရွင္ ဦးခင္ေမာင္ သိန္းနဲ႔ ဇနီးေဒၚခခ၊ ဦးခင္ေမာင္သိန္းရဲ႕ညီ ဦးတင္တို႔ျဖစ္ေၾကာင္းနဲ႔ ဦးဖုန္းျမင့္မိုးကေတာ့ မဟာေအာင္ေျမၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ေဇာ္ေအာင္ရဲ႕အကိုျဖစ္ေၾကာင္း ေျပာပါတယ္။

ဒီလ ၁၉ ရက္ေန႔က မႏၲေလး PDF အဖြဲ႔က အနက္ေရာင္ေသမင္းအမည္နဲ႔ စစ္ေကာင္စီလက္ပါးေစနဲ႔ သူတို႔မိသားစုေတြကို အေရးယူမယ့္ ေဇယ်စစ္ဆင္ေရး စတင္ၿပီျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

၂၁ ရက္ေန႔မွာေတာ့ ေသြးေသာက္အဖြဲ႔က NLD နဲ႔ NLD ေထာက္ခံသူ အစြန္းေရာက္ေတြ၊ PDF နဲ႔ ဆက္ႏြယ္တဲ့ မိသားစုေတြကို ေခ်မႈန္းသြားမယ္လို႔ တန္ျပန္ ထုတ္ျပန္ခဲ့ေနာက္ ဒီသတ္ျဖတ္မႈေတြျဖစ္ခဲ့တာပါ။

ေသြးေသာက္အဖြဲ႔ဟာ စစ္တပ္ေက်ာေထာက္ေနာက္ခံနဲ႔ ဖြဲ႕စည္းတာျဖစ္ႏိုင္ေၾကာင္း သုံးသပ္သူေတြရွိပါတယ္။ ဒါမွမဟုတ္ စစ္တပ္ကို ေထာက္ခံသူေတြရဲ႕ လက္ခ်က္ ျဖစ္တယ္လို႔လည္း ယူဆၾကပါတယ္။

ဒီေန႔က်င္းပတဲ့ ေနျပည္ေတာ္က သတင္းစာရွင္းလင္းပြဲမွာေတာ့ ေသြးေသာက္အဖြဲ႕ဟာ မိမိတို႔နဲ႔ မသက္ဆိုင္ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုခဲ့ပါတယ္။

“က်ေနာ္တို႔ ဥပေဒ စည္းမ်ဥ္းစည္းကမ္းေတြအရလည္း နယ္ေျမတေနရာရာပဲျဖစ္ျဖစ္၊ ေဒသတခုမွာျဖစ္ျဖစ္ လုံၿခဳံေရးအရ လိုအပ္လာရင္ ျပည္သူ႔စစ္အဖြဲ႔မ်ား ဖြဲ႔စည္းပိုင္ခြင့္ရွိပါတယ္။ အစိုးရအေနနဲ႔ကေတာ့ ျပည္သူလူထုရဲ႕ နယ္ေျမခံလူထုရဲ႕ ေတာင္းဆိုခ်က္နဲ႔အညီ တရားဝင္ ဖြဲ႕စည္းခြင့္ရွိတဲ့ ျပည္သူ႔စစ္မ်ား ဖြဲ႕စည္းေဆာင္႐ြက္ လ်က္ ရွိတယ္။ က်န္တဲ့အဖြဲ႕အစည္းမ်ားနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ ဖြဲ႕စည္းေဆာင္႐ြက္လ်က္ မရွိပါဘူး။ ဒါကို တိတိလင္းလင္း ေျပာခ်င္ပါတယ္။”

လက္ရွိ မႏၲေလးမွာ ျဖစ္ပ်က္ခဲ့တဲ့အေျခအေနေတြအေပၚမွာေတာ့ ႏိုင္ငံေရးသုံးသပ္သူ ဦးရဲထြန္းက အခုလို ေျပာပါတယ္။

“ဒီဟာေတြကေတာ့ တရားဥပေဒ ယိုယြင္းလာေနတဲ့ ျပယုဂ္ေတြေပါ့ဗ်ာ။ ဒလန္၊ဒလွ်ိဳတို႔ စြပ္စြဲတာတို႔၊ Non CDM ဆိုၿပီး အညႇိဳးထားတာတို႔ အဲလိုျဖစ္ၿပီး သတ္တာျဖတ္တာေတြ ရွိလာသလို တဘက္ကလည္း ဒီဟာေတြကို အစိုးရက မကာကြယ္ႏိုင္ေတာ့ သူတို႔နည္း သူတို႔ဟန္နဲ႔ ျပန္ၿပီးေတာ့ လက္စားေခ်တဲ့ဟာမ်ိဳးေပါ့။ ဒီလုပ္ရပ္ႏွစ္ခုစလုံးက မမွန္ဘူး။ အစိုးရက မထိန္းႏိုင္ရင္ ပိုဆိုးလာဖို႔ ရွိတယ္။ အဓိက ပဋိပကၡကို ေျဖရွင္းႏိုင္မွ ဒါေတြက ေပ်ာက္မွာ။ အဓိက ပဋိကၡကလည္း အခုအတိုင္းက ၂၀၂၃ ေ႐ြးေကာက္ပြဲ လုပ္ၿပီးတဲ့အခါက်ေတာ့ ၂၀၀၈ အေျခခံဥပေဒနဲ႔ ခ်ီတက္ဖို႔ ခင္းထားတာေပါ့။ ဒီလမ္းအတိုင္းသြားမယ္ဆိုရင္ အခုလို ျပႆနာေတြက ထပ္ရွိေနအုံးမွာ”

စစ္တပ္က အာဏာသိမ္းတာကို ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ အၾကမ္းဖက္ႏွိမ္နင္းခံရၿပီးတဲ့ေနာက္၊ ဆႏၵျပသူအမ်ားအျပားဟာ စစ္တပ္ကို လက္နက္ကိုင္ပုန္ကန္မႈေတြ ျမန္မာႏိုင္ငံေနရာအေတာ္မ်ားမ်ားမွာျဖစ္လာပါတယ္။ တဆက္တည္းပဲ ၿမိဳ႕ႀကီးေတြမွာေတာ့ စစ္တပ္ကိုသတင္းေပးတယ္လို႔စြပ္စြဲခံရသူေတြ စစ္တပ္ကိုေထာက္ခံသူေတြ သတ္ျဖတ္ခံရတာေတြရွိလာပါတယ္။

လက္ရွိအေျခအေနမွာေတာ့ စစ္ေကာင္စီဟာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ PDF အဖြဲ႕ေတြကို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ထားၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ မရွိေၾကာင္း ေျပာဆိုေနသလို NUG နဲ႔ PDF အဖြဲ႕ေတြကလည္း စစ္ေကာင္စီနဲ႔ ေဆြးေႏြးမွာမဟုတ္ေၾကာင္း ထုတ္ျပန္တာေတြ ရွိေနပါတယ္။ ႏိုင္ငံတကာကေတာ့ ျမန္မာျပည္ရဲ႕ ျပႆနာကို ေဆြးေႏြးအေျဖရွာဖို႔ တိုက္တြန္းေနၾကပါတယ္။


#MyanmarViolence #MandalayViolence #VOABurmese #ေသြးေသာက္အဖြဲ႔ #ဗီြအိုေအ
==================

[[Unicode]]

မန္တလေး သွေးသောက်အဖွဲ့ သူတို့ဖွဲ့စည်းတာမဟုတ် စစ်ကောင်စီငြင်းဆန်

မန္တလေးမြို့မှာ NLD ထောက်ခံသူတွေကို သတ်ဖြတ်ခဲ့တဲ့ သွေးသောက်အဖွဲ့ဟာ မိမိတို့နဲ့ မသက်ဆိုင်ကြောင်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မန္တလေး PDF အဖွဲ့ရဲ့ စစ်ဆင်ရေးကို လက်တုံ့ပြန်မယ်လို့ သွေးသောက်အဖွဲ့က ကြေညာလိုက်ပြီးနောက် အခုလို သတ်ဖြတ်မှုတွေဖြစ်ခဲ့တာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဒါဟာ တရားဥပဒေစိုးမိုးမှုမရှိတာကို ပြသနေသလို လက်ရှိ နိုင်ငံရေးပဋိပက္ခတွေကို မဖြေရှင်းနိုင်ရင် ဒီလို သတ်ဖြတ်မှုတွေ ဆက်ရှိနေနိုင်ကြောင်း သုံးသပ်ကြကြောင်း ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မန္တလေးမြို့မှာ NLD ထောက်ခံသူအချို့ကို အမည်မသိလက်နက်ကိုင်တွေက ဒီလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက ဖမ်းဆီးခဲ့ပြီး နောက်ရက်တွေမှာ သေနတ်ဒဏ်ရာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုပဲ ပြန်တွေ့ခဲ့ပါတယ်။

ဒီလို ဖမ်းဆီးခံပြီး သေဆုံးရသူ ၅ ယောက်ရှိကြောင်းနဲ့ သူတို့ကို သွေးသောက်အဖွဲ့ က သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ၎င်းတို့နဲ့ နီးစပ်တဲ့ မန္တလေး ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ကျနော်တို့ အခု သိရှိသလောက်ဆိုရင် ပထမရက် ၂၄ ရက် စိန်ဝင်းဝင်းနဲ့ပတ်သက်ပြီးတော့ ၃ ယောက်။ ကျောက်ဝိုင်းအနောက်ဘက်မှာက ကိုသိန်းဌေးဦး တယောက်။ အခု ကိုဖုန်းမြင့်မိုးခေါ် ကိုမိုးကြီး တယောက်။ ၅ ယောက် ကျနော်တို့ သိရသမျှပေါ့။ လက်ရှိ မန္တလေးမှာပေါ့ဗျာ။ သေဆုံးပြီးတော့ သွေးသောက်၊ သွေးသောက်ဆိုတဲ့ လည်ဆွဲကတ်ကို ထားပြီး လုပ်သွားတာက လက်ရှိ အဲဒီ ၅ ယောက်ပေ့ါ။”

အခြားသေဆုံးသွားသူ ၃ ဦးဟာ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင် သိန်းနဲ့ ဇနီးဒေါ်ခခ၊ ဦးခင်မောင်သိန်းရဲ့ညီ ဦးတင်တို့ဖြစ်ကြောင်းနဲ့ ဦးဖုန်းမြင့်မိုးကတော့ မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်ရဲ့အကိုဖြစ်ကြောင်း ပြောပါတယ်။

ဒီလ ၁၉ ရက်နေ့က မန္တလေး PDF အဖွဲ့က အနက်ရောင်သေမင်းအမည်နဲ့ စစ်ကောင်စီလက်ပါးစေနဲ့ သူတို့မိသားစုတွေကို အရေးယူမယ့် ဇေယျစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၂၁ ရက်နေ့မှာတော့ သွေးသောက်အဖွဲ့က NLD နဲ့ NLD ထောက်ခံသူ အစွန်းရောက်တွေ၊ PDF နဲ့ ဆက်နွယ်တဲ့ မိသားစုတွေကို ချေမှုန်းသွားမယ်လို့ တန်ပြန် ထုတ်ပြန်ခဲ့နောက် ဒီသတ်ဖြတ်မှုတွေဖြစ်ခဲ့တာပါ။

သွေးသောက်အဖွဲ့ဟာ စစ်တပ်ကျောထောက်နောက်ခံနဲ့ ဖွဲ့စည်းတာဖြစ်နိုင်ကြောင်း သုံးသပ်သူတွေရှိပါတယ်။ ဒါမှမဟုတ် စစ်တပ်ကို ထောက်ခံသူတွေရဲ့ လက်ချက် ဖြစ်တယ်လို့လည်း ယူဆကြပါတယ်။

ဒီနေ့ကျင်းပတဲ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာတော့ သွေးသောက်အဖွဲ့ဟာ မိမိတို့နဲ့ မသက်ဆိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေအရလည်း နယ်မြေတနေရာရာပဲဖြစ်ဖြစ်၊ ဒေသတခုမှာဖြစ်ဖြစ် လုံခြုံရေးအရ လိုအပ်လာရင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပိုင်ခွင့်ရှိပါတယ်။ အစိုးရအနေနဲ့ကတော့ ပြည်သူလူထုရဲ့ နယ်မြေခံလူထုရဲ့ တောင်းဆိုချက်နဲ့အညီ တရားဝင် ဖွဲ့စည်းခွင့်ရှိတဲ့ ပြည်သူ့စစ်များ ဖွဲ့စည်းဆောင်ရွက် လျက် ရှိတယ်။ ကျန်တဲ့အဖွဲ့အစည်းများနဲ့ပတ်သက်ပြီး ကျနော်တို့ ဖွဲ့စည်းဆောင်ရွက်လျက် မရှိပါဘူး။ ဒါကို တိတိလင်းလင်း ပြောချင်ပါတယ်။”

လက်ရှိ မန္တလေးမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအပေါ်မှာတော့ နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းက အခုလို ပြောပါတယ်။

“ဒီဟာတွေကတော့ တရားဥပဒေ ယိုယွင်းလာနေတဲ့ ပြယုဂ်တွေပေါ့ဗျာ။ ဒလန်၊ဒလျှိုတို့ စွပ်စွဲတာတို့၊ Non CDM ဆိုပြီး အညှိုးထားတာတို့ အဲလိုဖြစ်ပြီး သတ်တာဖြတ်တာတွေ ရှိလာသလို တဘက်ကလည်း ဒီဟာတွေကို အစိုးရက မကာကွယ်နိုင်တော့ သူတို့နည်း သူတို့ဟန်နဲ့ ပြန်ပြီးတော့ လက်စားချေတဲ့ဟာမျိုးပေါ့။ ဒီလုပ်ရပ်နှစ်ခုစလုံးက မမှန်ဘူး။ အစိုးရက မထိန်းနိုင်ရင် ပိုဆိုးလာဖို့ ရှိတယ်။ အဓိက ပဋိပက္ခကို ဖြေရှင်းနိုင်မှ ဒါတွေက ပျောက်မှာ။ အဓိက ပဋိက္ခကလည်း အခုအတိုင်းက ၂၀၂၃ ရွေးကောက်ပွဲ လုပ်ပြီးတဲ့အခါကျတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ ချီတက်ဖို့ ခင်းထားတာပေါ့။ ဒီလမ်းအတိုင်းသွားမယ်ဆိုရင် အခုလို ပြဿနာတွေက ထပ်ရှိနေအုံးမှာ”

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရပြီးတဲ့နောက်၊ ဆန္ဒပြသူအများအပြားဟာ စစ်တပ်ကို လက်နက်ကိုင်ပုန်ကန်မှုတွေ မြန်မာနိုင်ငံနေရာအတော်များများမှာဖြစ်လာပါတယ်။ တဆက်တည်းပဲ မြို့ကြီးတွေမှာတော့ စစ်တပ်ကိုသတင်းပေးတယ်လို့စွပ်စွဲခံရသူတွေ စစ်တပ်ကိုထောက်ခံသူတွေ သတ်ဖြတ်ခံရတာတွေရှိလာပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ မရှိကြောင်း ပြောဆိုနေသလို NUG နဲ့ PDF အဖွဲ့တွေကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးမှာမဟုတ်ကြောင်း ထုတ်ပြန်တာတွေ ရှိနေပါတယ်။ နိုင်ငံတကာကတော့ မြန်မာပြည်ရဲ့ ပြဿနာကို ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းနေကြပါတယ်။
#MyanmarViolence #MandalayViolence #VOABurmese #သွေးသောက်အဖွဲ့ #ဗွီအိုအေ
==================

XS
SM
MD
LG