သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့လယ်ခေါင် ဗုံးကွဲမှု ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရ


ဘားလမ်းကားမှတ်တိုင် ပေါက်ကွဲမှုကလူနာကို သယ်ဆောင်တဲ့မြင်ကွင်း။ (ဓာတ်ပုံ-မဟာမွန်မြတ်စေတနာ ပရဟိတ/မေ ၁၊၂၀၂၂)
ဘားလမ်းကားမှတ်တိုင် ပေါက်ကွဲမှုကလူနာကို သယ်ဆောင်တဲ့မြင်ကွင်း။ (ဓာတ်ပုံ-မဟာမွန်မြတ်စေတနာ ပရဟိတ/မေ ၁၊၂၀၂၂)

[[Zawgyi/Unicode]]

ရန်ကုန်မြို့လယ်ခေါင်က ဘားလမ်းကားမှတ်တိုင်မှာ မေလ ၃၁ ရက် ဒီနေ့လယ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကားမှတ်တိုင်နားက အရပ်သားပြည်သူ တဦးသေဆုံးပြီး ၉ ဦး ဒဏ်ရရခဲ့ပါတယ်။ စိုးရိမ်လူနာတချို့လည်းရှိနေတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုသားညွန့်ဦးက ပြောပြပါမယ်။

ရန်ကုန် ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ်ဘလောက်မှာရှိတဲ့ ဘားလမ်းကားမှတ်တိုင်မှာ မေ ၃၁ ရက် နေ့လယ်ပိုင်း ၃ နာရီကျော်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အနီးမှာရှိတဲ့ အရပ်သား ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အခုညပိုင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက် မှာတော့ ပေါက်ကွဲမှုကြောင့် အရပ်သားတဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ PDF တွေက နိုင်ငံအနှံ့မှာ အကြမ်းဖက်မှုတွေကျူးလွန်နေတယ်လို့ ဆိုထားပေမယ့် အတိအကျ အထောက်အထားပြောဆိုသွားတာတော့မရှိပါဘူး။ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြစ်စဉ်အနီးမှာရှိတဲ့ လင်းလက် လူမှုကူညီရေးအသင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာတော့ အခုလိုပြောပြပါတယ်။

“ကျမက ရုံးပေါ်မှာဆိုတော့ ၃ နာရီ ၂၀ လောက် ခန့်မှန်း ဒီအချိန်ပေါ့။ ခန့်မှန်းရပါတယ်။ အသံကတော့ ကျယ်တာပေါ့။ ကျမနဲ့နီးတယ်လေ။ လမ်းထိပ်မှာဆိုတော့ ကျမနဲ့ သိပ်မဝေးဘူးပေါ့။ အသံကြားပြီးကတည်းက ကလေးတွေကလည်း ပြေးပြီး သတင်းလာပို့တယ်။ ဗုံးပေါက်တဲ့ကိစ္စမှာ လူနာတွေရှိတယ်ဆိုတာ လာပြောတော့ ကျမ ယူနီဖောင်းတွေဘာတွေ ဝတ်ပြီးဆင်းသွားချိန်မှာ လူနာတွေ အခြေအနေကတော့ သွေးထွက်သံယိုရှိနေတာပေါ့နော်။ ပြည်သူတွေက အနားမကပ်ဖို့နဲ့ လူနာတွေကို အသက်ကယ်ဖို့ အမြန်ဆုံးလူနာကို ဆေးရုံကြီးကိုပို့တယ်။ တခြားသွားနိုင်လာနိုင်တဲ့ကလေးတွေ ဒဏ်ရာရတဲ့ကလေးတွေကျတော့ ဘားလမ်းထဲမှာရှိတဲ့ ဆေးရုံကို အရင်ပြေးသွားတယ်ပေါ့။”

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဖြစ်စဉ်ဖြစ် ပွားတဲ့ အနီးအနားမှာ လုံခြုံရေးယူပြီး မိုင်းရှင်းလင်းရေးတွေဆောင်ရွက်ပါတယ်။ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေချိန်မှာ နောက်ထပ် မပေါက်ကွဲဘဲ ကျန်ရှိတဲ့ ဗုံးတလုံး တွေ့ရှိတဲ့အတွက် ကားတာရာကွင်းတွေ ကာရံပြီး ဗုံးကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

ပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူတွေ ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရယ် စိုးရိမ်ရတဲ့လူနာ ၄ ဦးရှိတယ်လို့ ဖြစ်စဉ်မှာ ကိုယ်တိုင်ကူညီကယ် ဆယ်နေသူတဦးက ပြောပါတယ်။

“ မြင်ကွင်းမှာတော့ စိုးရိမ်ရတဲ့လူနာက အနည်းဆုံး ၄ ယောက်လောက်တော့မြင်ခဲ့တယ်။ တယောက်ကတော့ အလွန်ဆိုးရွားတယ်။ အသက်အန္တရာယ်တော့ ဖြစ်နိုင် တယ်။ နောက်တယောက်ကတော့ ခြေထောက်ထိထားတယ်။ သွေးထွက်လွန်လူနာရှိတယ်။ ခြေထောက်တွေထိတာရှိတယ်။ လက်တွေထိတာရှိတယ်။ ဗိုက်တွေထိတာရှိတယ်။ တချို့ဆိုရင်လွင့်ပြီးတော့ လဲကျသွားတဲ့ အနေအထား ပုံစံမှာရှိတယ်။”

စိုးရိမ်ရတဲ့လူနာတွေထဲက တဦးသေဆုံးတယ်လို သတင်းထွက်နေပေမယ့် အတည်ပြုလို့မရသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ရန်ကုန်မြို့အလယ်ခေါင်မှာဖြစ်ရှိတဲ့ ကားမှတ်တိုင် မှာ ပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲချိန်ဟာ လူစည်ကားတဲ့ အချိန်လည်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အစိုးရ ဌာနဆိုင်ရာရုံးတွေ ရပ်ကွက်ရုံးတွေမှာ မကြာခဏဆိုသလို ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ပေါက်ကွဲတာတွေရှိပေမယ့် အများပြည်သူအသုံးပြုတဲ့ ဘတ်စ်ကားမှတ်တိုင်မှာ ပေါက်ကွဲတာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာကို ထုတ်ပြန် တာမရှိသေးသလို သေဆုံးထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး ကျောက်တံတား ရဲစခန်းကို ဖုန်းဆက်သွယ်ခေါ်ဆိုပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အရပ်သားတွေကိုထိခိုက်စေတဲ့ ဒီအကြမ်းဖက်မှုကို ဝေဖန် ရှုတ်ချတဲ့ ကြေညာချက်ထုတ်ပါတယ်။ NUG ကာကွယ်ရေးဌာနအနေနဲ့ သူ့တပ်ဖွဲ့က စစ်သည်ကျင့်ဝတ်တွေကို တိတိကျကျသတ်မှတ်ထားသလို လိုက်နာဖို့ပျက်ကွက်ရင်လည်း ထိရောက်စွာအရေးယူတယ်လို့လည်း ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]












===============

XS
SM
MD
LG