သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဘီးလင္းနယ္မွာ စစ္ေကာင္စီက အရပ္သား ၉၂ ဦးဖမ္းဆီးထားေၾကာင္း KNU သထုံခ႐ိုင္ ထုတ္ျပန္


ဘီးလင္းျမိဳနယ္ထဲကစစ္ေဘးေရွာင္မ်ား (KIC)

[[Zawgyi/Unicode]]


KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ(၁) ထိန္းခ်ဳပ္ရာ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ နယ္ျခား ေစာင့္တပ္ BGF-၁၀၁၄ ပူးေပါင္းတပ္ဖြဲ႕ေတြဟာ အသက္မျပည့္ေသးတဲ့ကေလးသူငယ္ (၄) ဦးအပါအဝင္ ေဒသခံအရပ္သား (၉၂) ဦးကို ဖမ္းဆီးထားေၾကာင္း KNU သထုံခ႐ိုင္ သတင္းႏွင့္ ျပန္ၾကားေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ဒီလို ကေလးသူငယ္ ေတြ အပါအဝင္ အရပ္သားေတြကို ဖမ္းဆီးေပၚတာဆြဲတာ၊ လူသားဒိုင္းအျဖစ္အသုံးျပဳတာေတြဟာ ႏိုင္ငံတကာ ဥပေဒကိုခ်ိဳးေဖာက္တာျဖစ္တယ္လို႔ KHRG ကရင္လူ႔အခြင့္ေရးအဖြဲ႔က ေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ(၁) ထိန္းခ်ဳပ္ရာ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္အတြင္းမွာ KNU တပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြနဲ႔ နယ္ျခားေစာင့္ တပ္-BGF-၁၀၁၄ ပူးေပါင္းတပ္ဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့မတ္လကတည္း ႏွစ္ဘက္တိုက္ပြဲေတြျပင္းထန္လာပါတယ္။ ႏွစ္ဘက္တိုက္ပြဲေတြ ျဖစ္ေနစဥ္အတြင္းမွာ စစ္ေကာင္စီဘက္ကေလေၾကာင္းကတိုက္ခိုက္တာ၊ လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တာေတြရွိသလို KNU ဘက္ကလည္း စစ္ေကာင္စီစခန္းေတြကို တိုက္ခိုက္တာနဲ႔ စစ္ေကာင္စီရဲ႕ယာဥ္တန္းေတြကို ၿခဳံခိုတိုက္ခိုက္တာေတြရွိခဲ့ပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ နယ္ျခားေစာင့္တပ္-BGF-၁၀၁၄ ပူးေပါင္းတပ္ဖြဲ႕ေတြဟာ ဘီးလင္းၿမိဳနယ္ ေလးေကေက်း႐ြာမွာစခန္းခ်ဖို႔ စစ္ကူလာရင္းနဲ႔ လမ္းတေလွ်ာက္ေက်း႐ြာေတြက ေက်း႐ြာသားေတြကို လူသားဒိုင္းအျဖစ္ အသုံးျပဳဖို႔ဖမ္းဆီးခဲ့ရာမွာ အသက္မျပည့္ေသးတဲ့ကေလးသူငယ္ (၄) ဦးအပါအဝင္ ေဒသခံ အရပ္သား (၉၂) ဦးကို ဖမ္းဆီးထားေၾကာင္း KNU သထုံခ႐ိုင္ သတင္းႏွင့္ ျပန္ၾကားေရးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။ အခုလိုမ်ိဳး ကေလးသူငယ္ေတြနဲ႔ အရပ္သားေတြကို တန္ဆာခံအျဖစ္ ဖမ္းဆီးတာေတြ၊ စစ္ပြဲေတြအတြင္း လူသားဒိုင္းအျဖစ္စ္ အသုံးျပဳတာေတြဟာ ႏိုင္ငံတကာ လူသားခ်င္းစာနာေထာက္ထားမႈ ဥပေဒကို ခ်ိဳးေဖာက္ တာျဖစ္ေၾကာင္း ကရင္လူ႔အခြင့္ေရးအဖြဲက ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးကအခုလိုေျပာဆိုပါတယ္။

“အခုကေတာ့ လူသားခ်င္း စာနာေထာက္ထားမႈဥပေဒကို ခ်ိဳးေဖာက္ရာေရာက္ တာေပါ့ေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ အတင္းအဓမၼဖမ္းဆီးခံရတာေတြ၊ ေပၚတာဆြဲတာသာမကဘဲ လူသားဒိုင္းအျဖစ္ အသုံးျပဳတာရွိတယ္။ ဖမ္းဆီးခံရတဲ့အထဲမွာကေလးသူငယ္ေတြ၊ အမ်ိဳးသမီးေတြ၊ ကိုယ္ဝန္ေဆာင္ေတြပါသလို တပ္မဟာ (၁) ဘက္မွာဆို သက္ႀကီး႐ြယ္အိုေတြသာမက ကိုဗစ္ေရာဂါရွိေနတဲ့သူေတြပါ ပါတယ္။ အခုဟာက ႀကီးမားတဲ့ လူ႔အခြင့္ေရးခ်ိဳးေဖာက္သလို ကေလးအခြင့္အေရး ခ်ိဳးေဖာက္တာလည္းျဖစ္တယ္။ ႐ြာသားကိုလည္း အခြင့္အေရးခ်ိဳးေဖာက္တာ ျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႐ြာသားေတြကို လူသားဒိုင္းအျဖစ္အသုံးျပဳတာေၾကာင့္ျဖစ္တယ္။”

စစ္ပြဲေတြအတြင္း အရပ္သားေတြကို ေပၚတာေတြအျဖစ္ ဖမ္းဆီးတာ၊ လူသားဒိုင္းအျဖစ္ အသုံးျပဳတာေတြဟာ ကရင္ျပည္ရဲ႕ျပည္တြင္းစစ္တေလွ်ာက္မွာျဖစ္ခဲ့တာေတြရွိသလို အခု တႏွစ္ေက်ာ္အတြင္းမွာေတာ့ ခပ္စိတ္စိတ္ျဖစ္လာတယ္လို႔လည္း ကရင္လူ႔အခြင့္ေရးအဖြဲ႔က ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးကေျပာပါတယ္။

“အခုက်ေတာ့ ခပ္စိတ္စိတ္ျဖစ္လာတယ္လို႔ ေျပာလို႔ရတယ္။ ၿပီးခဲ့တဲ့ လေတြတုန္းက တပ္မဟာ (၅) မွာေကာ (၆) မွာေကာျဖစ္ခဲ့တယ္။ အခုကေတာ့ တပ္မဟာ (၁) ဘက္မွာ ဒုတိယအႀကိမ္ျဖစ္ခဲ့ၿပီေပါ့။”

ၿပီးခဲ့တဲ့မတ္လတုန္းကေတာ့ တပ္မဟာ (၁) ထိန္းခ်ဳပ္နယ္ေျမအတြင္း စစ္ေကာင္စီတပ္စြဲထားတဲ့ ေလးေကနဲ႔ဝင္းတာပန္စခန္းေတြကို ဖယ္ရွားေပးဖို႔ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO ကေတာင္းဆိုခဲ့ေပမယ့္ ဖယ္ရွားေပးတာမရွိဘဲ စစ္ေရးအရတင္းမာလာခဲ့ပါတယ္။

စစ္ေကာင္စီနဲ႔ နယ္ျခားေစာင့္တပ္ေတြဘက္ လက္နက္ႀကီးနဲ႔ပစ္ခတ္တာ၊ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္တာေတြလုပ္ခဲ့ပါတယ္။ ေလေၾကာင္းတိုက္ခိုက္မူေတြနဲ႔ ႐ြာေတြကို လက္နက္ႀကီးက်ည္ဆံေတြက်ေရာက္တဲ့အတြက္ မြန္နဲ႔ ကရင္ျပည္နယ္ နယ္စပ္ေက်း႐ြာေပါင္း ၁၀ ႐ြာေလာက္က ေဒသခံ တေသာင္းေလာက္ဟာ မတ္လ ၂၃ ရက္ေန႔ကေန စၿပီး ဒီေန႔အထိ အိုးအိမ္ေတြပစ္ၿပီး ထြက္ေျပးေနရဆဲျဖစ္ပါတယ္။

#MyanmarViolence #MyanmarHumanRights #KarenConflict #VOABurmese #KNU HKRG #သထံု #ဘီးလင္း #စစ္ေဘးေရွာင္ #အိုးအိမ္စြန္႔ #ေလးေက #စစ္ေကာင္စီ #ဗီြအိုေအ

============

[[Unicode]]

ဘီးလင်းနယ်မှာ စစ်ကောင်စီက အရပ်သား ၉၂ ဦးဖမ်းဆီးထားကြောင်း KNU သထုံခရိုင် ထုတ်ပြန်


KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) ထိန်းချုပ်ရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြား စောင့်တပ် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေဟာ အသက်မပြည့်သေးတဲ့ကလေးသူငယ် (၄) ဦးအပါအဝင် ဒေသခံအရပ်သား (၉၂) ဦးကို ဖမ်းဆီးထားကြောင်း KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီလို ကလေးသူငယ် တွေ အပါအဝင် အရပ်သားတွေကို ဖမ်းဆီးပေါ်တာဆွဲတာ၊ လူသားဒိုင်းအဖြစ်အသုံးပြုတာတွေဟာ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ KHRG ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) ထိန်းချုပ်ရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းမှာ KNU တပ်တွေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့် တပ်-BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့မတ်လကတည်း နှစ်ဘက်တိုက်ပွဲတွေပြင်းထန်လာပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်နေစဉ်အတွင်းမှာ စစ်ကောင်စီဘက်ကလေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိသလို KNU ဘက်ကလည်း စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်တာနဲ့ စစ်ကောင်စီရဲ့ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်-BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဘီးလင်းမြိုနယ် လေးကေကျေးရွာမှာစခန်းချဖို့ စစ်ကူလာရင်းနဲ့ လမ်းတလျှောက်ကျေးရွာတွေက ကျေးရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ဖမ်းဆီးခဲ့ရာမှာ အသက်မပြည့်သေးတဲ့ကလေးသူငယ် (၄) ဦးအပါအဝင် ဒေသခံ အရပ်သား (၉၂) ဦးကို ဖမ်းဆီးထားကြောင်း KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလိုမျိုး ကလေးသူငယ်တွေနဲ့ အရပ်သားတွေကို တန်ဆာခံအဖြစ် ဖမ်းဆီးတာတွေ၊ စစ်ပွဲတွေအတွင်း လူသားဒိုင်းအဖြစ်စ် အသုံးပြုတာတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက် တာဖြစ်ကြောင်း ကရင်လူ့အခွင့်ရေးအဖွဲက ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကအခုလိုပြောဆိုပါတယ်။

“အခုကတော့ လူသားချင်း စာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ရာရောက် တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အတင်းအဓမ္မဖမ်းဆီးခံရတာတွေ၊ ပေါ်တာဆွဲတာသာမကဘဲ လူသားဒိုင်းအဖြစ် အသုံးပြုတာရှိတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေပါသလို တပ်မဟာ (၁) ဘက်မှာဆို သက်ကြီးရွယ်အိုတွေသာမက ကိုဗစ်ရောဂါရှိနေတဲ့သူတွေပါ ပါတယ်။ အခုဟာက ကြီးမားတဲ့ လူ့အခွင့်ရေးချိုးဖောက်သလို ကလေးအခွင့်အရေး ချိုးဖောက်တာလည်းဖြစ်တယ်။ ရွာသားကိုလည်း အခွင့်အရေးချိုးဖောက်တာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ရွာသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာကြောင့်ဖြစ်တယ်။”

စစ်ပွဲတွေအတွင်း အရပ်သားတွေကို ပေါ်တာတွေအဖြစ် ဖမ်းဆီးတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေဟာ ကရင်ပြည်ရဲ့ပြည်တွင်းစစ်တလျှောက်မှာဖြစ်ခဲ့တာတွေရှိသလို အခု တနှစ်ကျော်အတွင်းမှာတော့ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပါတယ်။

“အခုကျတော့ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက တပ်မဟာ (၅) မှာကော (၆) မှာကောဖြစ်ခဲ့တယ်။ အခုကတော့ တပ်မဟာ (၁) ဘက်မှာ ဒုတိယအကြိမ်ဖြစ်ခဲ့ပြီပေါ့။”

ပြီးခဲ့တဲ့မတ်လတုန်းကတော့ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ လေးကေနဲ့ဝင်းတာပန်စခန်းတွေကို ဖယ်ရှားပေးဖို့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ကတောင်းဆိုခဲ့ပေမယ့် ဖယ်ရှားပေးတာမရှိဘဲ စစ်ရေးအရတင်းမာလာခဲ့ပါတယ်။

စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေဘက် လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မူတွေနဲ့ ရွာတွေကို လက်နက်ကြီးကျည်ဆံတွေကျရောက်တဲ့အတွက် မွန်နဲ့ ကရင်ပြည်နယ် နယ်စပ်ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ တသောင်းလောက်ဟာ မတ်လ ၂၃ ရက်နေ့ကနေ စပြီး ဒီနေ့အထိ အိုးအိမ်တွေပစ်ပြီး ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

#MyanmarViolence #MyanmarHumanRights #KarenConflict #VOABurmese #KNU HKRG #သထုံ #ဘီးလင်း #စစ်ဘေးရှောင် #အိုးအိမ်စွန့် #လေးကေ #စစ်ကောင်စီ #ဗွီအိုအေ

============

XS
SM
MD
LG