သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပူတာအိုေဒသ စစ္ေျပးဒုကၡသည္မ်ား အကူအညီလိုအပ္ေန


ကခ်င္ စစ္ေျပးဒုကၡသည္ မိသားစုမ်ား

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီနဲ႔ KIA အၾကား တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ေက်း႐ြာ၂ ႐ြာထက္မနည္းက ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြဟာ ေတာေတာင္ေတြထဲမွာ ပုန္းခိုေနၾကရပါတယ္။ စစ္ေျပးဒုကၡသည္အမ်ားစုအေနနဲ႔ အဓိက မိုးကာေတြလိုအပ္ေနၾကၿပီး၊ ေရရွည္အတြက္ ရိကၡာအခက္အခဲပါ ရွိေနၾကပါတယ္။ ပူတာအိုက စစ္ေရွာင္ေတြ အေျခအေနကို ရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ပူတာအိုၿမိဳ႕နယ္အတြင္း စစ္ေကာင္စီနဲ႔ကခ်င္လက္နက္ကိုင္ KIA တို႔ၾကား ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး တိုက္ပြဲေတြျဖစ္ေနတဲ့အတြက္ လုံရွာယန္ရြာနဲ႔ ဆြမ္ပီယန္ရြာက ႐ြာသားေတြ ေဘးလြတ္ရာမွာ ထြက္ေျပးပုန္းခိုေနၾကရပါတယ္။ လုံရွာယန္ရြာက ေဒသခံေတြဆိုရင္ ေလာေလာဆယ္ ေတာေတာင္ေတြထဲမွာ ထြက္ေျပးေနရေၾကာင္း စစ္ေဘးေရွာင္ အမ်ိဳးသမီးတဦးက VOA ကို ေျပာပါတယ္။

“လုံရွာယန္မွာလည္း အဲလိုပဲ ေတာထဲမွာပဲ သြားေနရတာ။ ၂ ရက္ ၃ ရက္ေလာက္ရွိၿပီ။ လုံရွာယန္မွာက အုပ္စုလိုက္ဆိုေတာ့ မနည္းဘူးေနာ္။ ဗမာစစ္တပ္ေတြလာၿပီဆိုလည္း ႏွိပ္စက္မွာ ေၾကာက္လို႔ ေလေနာ။ အေျမာက္ႀကီးေတြက ဒီဘက္မွာ ေထာင္ထားေတာ့ ဗုံးေတြႀကဲလာတယ္ဆို ငါတို႔႐ြာမွာက်မွာ။ ေသခ်ာမွာပဲဆို။ အဲလို ဗုံးႀကဲမွာကိုလည္း ေၾကာက္တယ္။ ေနာက္ၿပီး ေလယာဥ္လာၿပီးမွ ေလယာဥ္နဲ႔လာတိုက္မွာလည္း ေၾကာက္ေနလို႔။”

ေတာထဲမွာ ပုန္းေရွာင္ေနရသူ အေရအတြက္ကို သူ အတိအက် မသိေပမဲ့ စစ္ေျပးဒုကၡသည္ေတြ ေတြ႕ႀကဳံေနရတဲ့ အခက္အခဲကို သူက အခုလို ဆက္ေျပာပါတယ္။

“အခက္အခဲက တခ်ိဳ႕လူေတြက ဟိုမွာ အမိုး မိုးကာမရွိဘူး။ ေတာထဲမွာ သြားေနေပမဲ့။ တဲေဆာက္ဖို႔ အမိုးမိုးဖို႔ မိုးကာေတြ မရွိဘူးေပ့ါ။ အရမ္းဒုကၡေရာက္တယ္။ မိုးလည္း တရက္ေတာ့ ေနသာလိုက္၊ တရက္ေတာ့ မိုး႐ြာလိုက္နဲ႔။ အဲလိုမ်ိဳးနဲ႔။ စားစရာရိကၡာဆိုတာက ဆန္ပါတယ္ ဆိုတာက အေျခအေနက ဘယ္ေလာက္ ၾကာမယ္ဆိုတာ မေျပာႏိုင္ဘူး။ ငါတို႔ ပါႏိုင္တာက တတင္း။ တတင္းခြဲ အဲလိုမ်ိဳးပဲ ပါႏိုင္တာ။ ေရရွည္ဆိုရင္ေတာ့ အရမ္းဒုကၡေရာက္မယ့္ ပုံပဲ။”

ေဒသတြင္း ကူညီသူေတြကေတာ့ လုံရွာယန္ရြာက စစ္ေဘးေရွာင္သူ အနည္းဆုံး ၂,၀၀၀ ေလာက္ရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။ လုံရွာယန္ရြာသားေတြလိုပဲ ေတာေတာင္ထဲမွာ ပုန္းေရွာင္ေနရတဲ့ ဆြမ္ပီယန္ရြာသား ၁,၀၀၀ ေက်ာ္ရွိတယ္လို႔ ဆြမ္ပီယန္ရြာသားတေယာက္က ေျပာျပပါတယ္။ ခုလို ပူတာအိုၿမိဳ႕နယ္က ေတာေတာင္ေတြထဲမွာ ပုန္းေရွာင္ေနရတဲ့ စစ္ေျပးဒုကၡသည္ေတြအတြက္ ရိကၡာပို႔ေပးႏိုင္ဖို႔လည္း အခက္အခဲေတြ ရွိေနပါတယ္။ စစ္တပ္ဘက္က ကုန္ပစၥည္းေတြကို ကန႔္သတ္ေနတယ္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေနသူတဦးက အခုလို ေျပာပါတယ္။

“အခုက က်ေနာ္တို႔ အစားအေသာက္ေတြ ေပးမယ္ဆိုလည္း အခက္အခဲအမ်ားႀကီးရွိတယ္။ ျမစ္ႀကီးနားက တက္လာတဲ့ ကားေတြ၊ ကုန္တင္ကားေတြလည္း က်ေနာ္တို႔ စစ္ေဆးေရးတအားလုပ္တာေပါ့ေနာ္။ ဆန္၊ ဆီ၊ ဆား မတင္ခိုင္းဘူးေပါ့။ ကုန္လုံးဝ မတင္ခိုင္ဘူးေပါ့။ စစ္တပ္ဘက္က ေပါ့ေနာ္။ ပူတာအိုဘက္ကလည္း တင္လို႔ မရဘူး။ သူက ၾကားမွာ ျဖစ္ေနတယ္။”

ဒီလိုစစ္တပ္ဘက္က အေျခခံစားကုန္ေတြ သယ္ယူဖို႔ ကန႔္သတ္ေနတဲ့အတြက္ ေက်း႐ြာ ၁၂ ႐ြာေလာက္အထိ အစားအေသာက္ ရိကၡာအခက္အခဲ ျဖစ္ႏိုင္တယ္လို႔လည္း ေျပာပါတယ္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က လုံရွာယန္ရြာနဲ႔ ဆြမ္ပီယန္ရြာက စစ္ေကာင္စီတပ္စခန္းကို KIA က တိုက္ခိုက္ၿပီး ဆြမ္ပီယန္ စခန္းကို KIA က သိမ္းယူခဲ့တာပါ။

၃ ရက္ေန႔မွာေတာ့ စစ္ေကာင္စီက ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာေၾကာင့္ ဆြမ္ပီယန္ရြာသားေတြ ေတာေတာင္ေတြထဲကို ထြက္ေျပးပုန္းခိုေနၾကရတာ ျဖစ္ပါတယ္။
လုံရွာယန္ရြာကေတာ့ ဒီလ ၇ ရက္ေန႔မွာ ေနာက္တစ္ႀကိမ္တိုက္ပြဲထပ္မံျဖစ္ခဲ့ၿပီး ေက်း႐ြာအနီးအနားကို လက္နက္ႀကီး က်ေရာက္တာနဲ႔ ေလေၾကာင္းက တိုက္ခိုက္မွာကို စိုးရိမ္တာေၾကာင့္ ထြက္ေျပးေနၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္
တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ပူတာအိုဒေသ စစ်ပြေးဒုက္ခသည်များ အကူအညီလိုအပ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကျေးရွာ၂ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ တောတောင်တွေထဲမှာ ပုန်းခိုနေကြရပါတယ်။ စစ်ပြေးဒုက္ခသည်အများစုအနေနဲ့ အဓိက မိုးကာတွေလိုအပ်နေကြပြီး၊ ရေရှည်အတွက် ရိက္ခာအခက်အခဲပါ ရှိနေကြပါတယ်။ ပူတာအိုက စစ်ရှောင်တွေ အခြေအနေကို ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ပူတာအိုမြို့နယ်အတွင်း စစ်ကောင်စီနဲ့ကချင်လက်နက်ကိုင် KIA တို့ကြား ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လုံရှာယန်ရွာနဲ့ ဆွမ်ပီယန်ရွာက ရွာသားတွေ ဘေးလွတ်ရာမှာ ထွက်ပြေးပုန်းခိုနေကြရပါတယ်။ လုံရှာယန်ရွာက ဒေသခံတွေဆိုရင် လောလောဆယ် တောတောင်တွေထဲမှာ ထွက်ပြေးနေရကြောင်း စစ်ဘေးရှောင် အမျိုးသမီးတဦးက VOA ကို ပြောပါတယ်။

“လုံရှာယန်မှာလည်း အဲလိုပဲ တောထဲမှာပဲ သွားနေရတာ။ ၂ ရက် ၃ ရက်လောက်ရှိပြီ။ လုံရှာယန်မှာက အုပ်စုလိုက်ဆိုတော့ မနည်းဘူးနော်။ ဗမာစစ်တပ်တွေလာပြီဆိုလည်း နှိပ်စက်မှာ ကြောက်လို့ လေနော။ အမြောက်ကြီးတွေက ဒီဘက်မှာ ထောင်ထားတော့ ဗုံးတွေကြဲလာတယ်ဆို ငါတို့ရွာမှာကျမှာ။ သေချာမှာပဲဆို။ အဲလို ဗုံးကြဲမှာကိုလည်း ကြောက်တယ်။ နောက်ပြီး လေယာဉ်လာပြီးမှ လေယာဉ်နဲ့လာတိုက်မှာလည်း ကြောက်နေလို့။”

တောထဲမှာ ပုန်းရှောင်နေရသူ အရေအတွက်ကို သူ အတိအကျ မသိပေမဲ့ စစ်ပြေးဒုက္ခသည်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲကို သူက အခုလို ဆက်ပြောပါတယ်။

“အခက်အခဲက တချို့လူတွေက ဟိုမှာ အမိုး မိုးကာမရှိဘူး။ တောထဲမှာ သွားနေပေမဲ့။ တဲဆောက်ဖို့ အမိုးမိုးဖို့ မိုးကာတွေ မရှိဘူးပေ့ါ။ အရမ်းဒုက္ခရောက်တယ်။ မိုးလည်း တရက်တော့ နေသာလိုက်၊ တရက်တော့ မိုးရွာလိုက်နဲ့။ အဲလိုမျိုးနဲ့။ စားစရာရိက္ခာဆိုတာက ဆန်ပါတယ် ဆိုတာက အခြေအနေက ဘယ်လောက် ကြာမယ်ဆိုတာ မပြောနိုင်ဘူး။ ငါတို့ ပါနိုင်တာက တတင်း။ တတင်းခွဲ အဲလိုမျိုးပဲ ပါနိုင်တာ။ ရေရှည်ဆိုရင်တော့ အရမ်းဒုက္ခရောက်မယ့် ပုံပဲ။”

ဒေသတွင်း ကူညီသူတွေကတော့ လုံရှာယန်ရွာက စစ်ဘေးရှောင်သူ အနည်းဆုံး ၂,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လုံရှာယန်ရွာသားတွေလိုပဲ တောတောင်ထဲမှာ ပုန်းရှောင်နေရတဲ့ ဆွမ်ပီယန်ရွာသား ၁,၀၀၀ ကျော်ရှိတယ်လို့ ဆွမ်ပီယန်ရွာသားတယောက်က ပြောပြပါတယ်။ ခုလို ပူတာအိုမြို့နယ်က တောတောင်တွေထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ရိက္ခာပို့ပေးနိုင်ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ စစ်တပ်ဘက်က ကုန်ပစ္စည်းတွေကို ကန့်သတ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးက အခုလို ပြောပါတယ်။

“အခုက ကျနော်တို့ အစားအသောက်တွေ ပေးမယ်ဆိုလည်း အခက်အခဲအများကြီးရှိတယ်။ မြစ်ကြီးနားက တက်လာတဲ့ ကားတွေ၊ ကုန်တင်ကားတွေလည်း ကျနော်တို့ စစ်ဆေးရေးတအားလုပ်တာပေါ့နော်။ ဆန်၊ ဆီ၊ ဆား မတင်ခိုင်းဘူးပေါ့။ ကုန်လုံးဝ မတင်ခိုင်ဘူးပေါ့။ စစ်တပ်ဘက်က ပေါ့နော်။ ပူတာအိုဘက်ကလည်း တင်လို့ မရဘူး။ သူက ကြားမှာ ဖြစ်နေတယ်။”

ဒီလိုစစ်တပ်ဘက်က အခြေခံစားကုန်တွေ သယ်ယူဖို့ ကန့်သတ်နေတဲ့အတွက် ကျေးရွာ ၁၂ ရွာလောက်အထိ အစားအသောက် ရိက္ခာအခက်အခဲ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က လုံရှာယန်ရွာနဲ့ ဆွမ်ပီယန်ရွာက စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်ပြီး ဆွမ်ပီယန် စခန်းကို KIA က သိမ်းယူခဲ့တာပါ။

၃ ရက်နေ့မှာတော့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဆွမ်ပီယန်ရွာသားတွေ တောတောင်တွေထဲကို ထွက်ပြေးပုန်းခိုနေကြရတာ ဖြစ်ပါတယ်။
လုံရှာယန်ရွာကတော့ ဒီလ ၇ ရက်နေ့မှာ နောက်တစ်ကြိမ်တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး ကျေးရွာအနီးအနားကို လက်နက်ကြီး ကျရောက်တာနဲ့ လေကြောင်းက တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ထွက်ပြေးနေကြတာလည်း ဖြစ်ပါတယ်။

============

XS
SM
MD
LG