သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ ရိေခၚဒါရ္ၿမိဳ႕ခံမ်ား အိႏၵိယနယ္စပ္တိမ္းေရွာင္


အိႏၵိယနယ္စပ္၊ ဖလမ္းၿမိဳ႕နယ္အတြင္း ရိေခၚဒါရ္ၿမိဳ႕နဲ႔ နာမည္ေက်ာ္ ရိဒ္ေရအိုင္ (ဓာတ္ပံု VOA & MIMU)

[[Zawgyi/Unicode]]


ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္၊ ရိေခၚဒါရ္ၿမိဳ႕ဘက္မွာ တိုက္ပြဲျဖစ္လာႏိုင္တဲ့ အေျခအေနျဖစ္ေနတာမို႔ ေဒသခံေတြ ၿမိဳ႕ကေနတိမ္းေရွာင္ၾကဖို႔ ခ်င္းကာကြယ္ေရး CDF Hualngoram (ဟြာလ္ငိုရမ္) အဖြဲ႔ကေန ေၾကညာခဲ့ၿပီးေနာက္ ရိေခၚဒါရ္ၿမိဳ႕မွာ ေနထိုင္တဲ့ျပည္သူ ေထာင္နဲ႔ခ်ီ အိႏၵိယနယ္စပ္ဘက္ကို စစ္ေဘးတိမ္းေရွာင္ေနၾကပါတယ္။ လက္ရွိရိေခၚဒါရ္ၿမိဳ႕ဘက္ကို CDF ဘက္ကေန ယဥ္အသြားအလာကအစ ပိတ္ပင္ထားတယ္လို႔ၿမိဳ႕ခံေတြကေျပာပါတယ္။ အိႏၵိယနယ္စပ္ဘက္ တိမ္းေရွာင္ေနၾကေပမဲ့ အဲဒီမွာလဲ အခက္အခဲေတြရွိေနတဲ့အေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္၊ ရိေခၚဒါရ္ၿမိဳ႕ဘက္မွာ မတ္လဆန္းကစလို႔ စစ္ေကာင္စီတပ္ေတြ အင္အားတိုးခ်ေနတာေၾကာင့္ တိုက္ပြဲျဖစ္ပြါးလာမဲ့အေျခအေနရွိတဲ့အတြက္ ၿမိဳ႕ခံျပည္သူအားလုံး ေနရပ္ကေနထြက္ခြါဖို႔ ခ်င္းကာကြယ္ေရးအဖြဲ႔တခုက မတ္လ ၇ ရက္ တနလၤာေန႔က စာထုတ္ျပန္ခဲ့ပါတယ္။ အဲဒီထုတ္ျပန္ခ်က္ထြက္ လာခဲ့ၿပီးေနာက္ ရိေခၚဒါရ္ၿမိဳ႕ အမွတ္ (၁) နဲ႔ အမွတ္ (၂) ရပ္ကြက္မွာ ေနထိုင္တဲ့ ေဒသခံ အားလုံးနီးပါး အိမ္နီးခ်င္း အိႏၵိယႏိုင္ငံဘက္ကို တိမ္းေရွာင္သြားၾကတယ္လို႔ ကိုယ္တိုင္လည္း တိမ္းေရွာင္ေနတဲ့ ၿမိဳ႕ခံတေယာက္က ေျပာျပပါတယ္။

“ရိဒ္ဘက္မွာေတာ့ မေန႔က အမွတ္ (၁) ရပ္ကြက္ေကာ အမွတ္ (၂) ရပ္ကြက္ေကာ အားလုံး ဟိုဘက္ကို ထြက္ေျပးၾကတယ္။ မေန႔က CDF Hualngoram (ဟြာလ္ငိုရမ္) ကေန သူတို႔ ထုတ္ျပန္ခ်က္ထုတ္တယ္ေလ။ ညေနပိုင္း (၆) နာရီ မထိုးခင္အထိကို အားလုံးေဘးလြတ္ရာကို ေျပာင္းေ႐ႊ႕ဖို႔ဆိုၿပီးေတာ့သူတို႔ထုတ္ျပန္ ခ်က္ထုတ္တယ္ေလ။ အဲဒါနဲ႔ တိုက္ပြဲက ျဖစ္ႏိုင္တဲ့ အလားအလာေတြရွိတဲ့အတြက္ေၾကာင့္ အခုက အမွတ္ (၂) ရပ္ကြက္ေကာ အမွတ္(၁) ရိဒ္ေတာင္ေပၚမွာရွိတဲ့ အမွတ္(၁) ရပ္ကြက္ေကာ ႏွစ္ခုစလုံးက ျပည္သူေတြအားလုံး ဟိုဘက္ကို မေန႔ညက အကုန္လံုး ေျပးကုန္ၾကတယ္။ ခန႔္မွန္းေျခကေတာ့အမွတ္ (၂) ရပ္ကြက္မွာ လူဦးေရက (၅,၀၀၀) ေလာက္ရွိတယ္ေလ။ အမွတ္ (၁) ရပ္ကြက္မွာက လူဦးေရ (၁,၀၀၀)။ ဆိုေတာ့ လူဦးေရ( ၆,၀၀၀) ေလာက္ရွိတယ္ေလ။ ရိဒ္ၿမိဳ႕ကေန။ တိုက္ပြဲက ဒီေန႔ျဖစ္မလား၊ မနက္ျဖန္ ျဖစ္မလားဆိုၿပီးေတာ့ အခ်ိန္မေ႐ြးျဖစ္ႏိုင္တဲ့အေနအထားမွာ ရွိေနတယ္ေပါ့ေနာ္။ အဲတာေၾကာင့္ CDF ဘက္ကလည္း ျပည္သူေတြကို ဟိုဘက္ကိုေျပးခိုင္းတာေနမွာ။ ’’

ခ်င္းကာကြယ္ေရးအဖြဲ႔တခုျဖစ္တဲ့ Chinland Defense Force – Hualngoram (ဟြာလ္ငိုရမ္) အဖြဲ႔ကေန မတ္လ ၇ ရက္ေန႔က ရိေခါဒါရ္ၿမိဳ႕အမွတ္ (၂) (တီအိုေခ်ာင္း) မွာ ေနထိုင္ၾကတဲ့ျပည္သူေတြ ညေနပိုင္း ၆ နာရီမထိုးခင္ ေဘးလြတ္ရာကို ေျပာင္းေ႐ႊ႕ၾကဖို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီးေနာက္မွာ ေဒသခံျပည္သူေတြ ထြက္ေျပးတိမ္းေရွာင္ေနၾကတာပါ။ ရိေခၚဒါရ္ၿမိဳ႕ခံေတြအကုန္လုံးနီးပါး အိႏၵိယႏိုင္ငံထဲက ဇိုးေခါထားေက်း ႐ြာ ဘက္မွာတိမ္းေရွာင္ေနၾကပါတယ္။ ရိေခၚဒါရ္ၿမိဳ႕ အနီးတဝိုက္မွာရွိတဲ့ ေက်း႐ြာေတြက ႐ြာသားေတြအေနနဲ႔လည္း ရိဒ္ေခၚဒါရ္ၿမိဳဘက္မလာၾကဖို႔ CDF အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

“အကုန္လုံး မီဇိုရမ္ ဇိုးေခါထားဘက္ကို အကုန္လုံးေျပးၾကတယ္။ အဲဒီရိၿမိဳ႕နားမွာရွိတဲ့ ေက်း႐ြာေလးေတြလည္း မ်ားတယ္ေလေနာ။ ေက်း႐ြာေတြကျပည္သူေတြကလည္း အဲဒီ ရိဒ္ဘက္ကို မလာဖို႔ေပါ့ေနာ္။ သူတို႔ အဲဒီလို စာထုတ္ထားတယ္။’’

လက္ရွိမွာ ရိေခၚဒါရ္ၿမိဳ႕ဘက္ ကားအသြားအလာေတြကိုလည္း ခ်င္းကာကြယ္ေရးအဖြဲ႕ေတြဘက္က ပိတ္ပင္ထားတယ္လို႔လည္း ခရီးသည္တင္ကား ယာဥ္ေမာင္းတဦးက ေျပာပါတယ္။

“အခု ေလာေလာဆယ္ေတာ့လမ္းပိတ္ေနတယ္။ CDFေတြက လမ္းပိတ္တာတဲ့။ ဘယ္အထိပိတ္မလဲေတာ့ ေျပာလို႔ မရဘူး။ အခုက်ေတာ့ ကားေတြလည္း သြားလို႔မရဘူးေလ။ မေန႔ညေနေၾကညာတာေလ။ မေန႔ညေနပိတ္သြားတာ။’’

ကေလး-တီးတိန္-ရိေခါဒါရ္ ယာဥ္လိုင္းေျပးဆြဲေနတဲ့ ေမာ္ေတာ္ယာဥ္ေတြအားလုံး ဒီေန႔မတ္လ ၈ ရက္ေန႔ ကစလို႔ ရိေခါဒါရ္ဘက္ကို ယာဥ္လိုင္းေျပးဆြဲမႈအားလုံးရပ္နားထားၾကဖို႔ CDF-Hualngoram က ထုတ္ျပန္ ထားလို႔ ကား အသြားအလာ ရပ္ဆိုင္းေနပါတယ္။ ၿပီးခဲ့တဲ့မတ္လ (၅) ရက္ေန႔ကလည္း ရိေခါဒါရ္ၿမိဳ႕အမွတ္ (၂) ရပ္ကြက္ေတာင္ကုန္းေပၚမွာ အေျခစိုက္တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္နဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔တို႔ၾကားတိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။ အဲဒီတိုက္ပြဲအတြင္း စစ္တပ္ဘက္က အက်အဆုံးမ်ားတယ္လို႔ ခ်င္းျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ေတြ ထုတ္ျပန္ခဲ့ေပမယ့္ ဗီြအိုေအက သီးျခား အတည္မျပဳႏိုင္ပါဘူး။

ခ်င္းျပည္နယ္ဘက္က စစ္ပြဲေတြေၾကာင့္ အိႏၵိယႏိုင္ငံ ဇိုးေခါထားေက်း႐ြာဘက္ေရာက္ေနတဲ့ စစ္ေဘးေရွာင္ေတြဟာ ယာယီ စစ္ေဘးေရွာင္စခန္းနဲ႔ ေဆြမ်ိဳးသားခ်င္း အိမ္ေတြမွာ ခိုလႈံေနၾကပါတယ္။ လက္ရွိ ဇိုးေခါထားေရာက္ အိုးအိမ္ျပစ္ဒုကၡသည္ေတြရဲ႕ အေျခအေနကို ဒုကၡသည္တေယာက္က အခုလိုေျပာပါတယ္။

“ရိဒ္ေခၚဒါရ္ရဲ႕တဖက္ျခမ္းေပါ့။ အိႏၵိယကို။ တခ်ိဳ႕ကက်ေတာ့ သူတို႔ကဆိုရင္ စစ္ေဘးေရွာင္ တဲကေလးေတြ ေဆာက္ထားတာရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း အိႏၵိယဘက္က ေဆာက္ေပးၾကတယ္ေလ။ ဒီမီဇိုရမ္ ျပည္နယ္ဘက္က ေဆာက္ေပးထားတဲ့ဟာ စစ္ေဘးေရွာင္တဲစခန္းေလးေတြလည္း ရွိတယ္။ တခ်ိဳ႕က်ေတာ့ေဆြမ်ိဳးအိမ္မွာ စားၾကတယ္။ တခ်ိဳ႕က်တာ့ မီဇိုရမ္အစိုးရကေထာက္ပံ့ေပးတာလည္း ရွိတယ္။ အခက္က်ေတာ့ေတြ႕ေနၾကတာပဲ။ တခ်ိဳ႕က်ေတာ့ ေဆြမ်ိဳးရွိတဲ့သူေတြကပဲ အဆင္ေျပတယ္။ အဲဒီဘက္ျခမ္းမွာ။ စစ္ေရွာင္စခန္းေတြမွာ အိမ္သာေတြဘာေတြမရွိတဲ့ အေနအထားမွာ အခက္ေတြ႔ေနၾကတယ္။’’

ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလာၾကတဲ့ စစ္ေျပးဒုကၡသည္ေတြဟာ မီဇိုရမ္ျပည္နယ္ၿမိဳ႕ေတာ္ အိုင္ေဇာလ္ၿမိဳ႕အပါအဝင္ ခ႐ိုင္ ၁၁ ခု မွာရွိတဲ့ စစ္ေဘးေရွာင္ စခန္းေတြမွာ ျဖန႔္က်က္ေနထိုင္ၾကပါတယ္။ မီဇိုရမ္ ျပည္နယ္အစိုးရနဲ႔ အစိုးရမဟုတ္တဲ့ (NGO) အဖြဲ႔အစည္းေတြ၊ ဘာသာေရး အသင္းအဖြဲ႔အစည္းေတြ၊ ဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြကို ကူညီေပးေနပါတယ္။ ယခုလက္ရွိ မီဇိုရမ္ျပည္နယ္အစိုးရရဲ႕ စာရင္းမွတ္တမ္းအရ ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလားသူ ၂၄,၂၈၉ ဦးရွိေနၿပီလို႔ မီဇိုရမ္ အစိုးရအဖြဲ႔က ေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံဘက္မွာျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ခ်င္းျပည္နယ္ကေနတဆင့္ မီဇိုရမ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနၾကသူေတြ ရွိေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================
[[Unicode]]

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ခံများ အိန္ဒိယနယ်စပ်တိမ်းရှောင်


ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ဘက်မှာ တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်နေတာမို့ ဒေသခံတွေ မြို့ကနေတိမ်းရှောင်ကြဖို့ ချင်းကာကွယ်ရေး CDF Hualngoram (ဟွာလ်ငိုရမ်) အဖွဲ့ကနေ ကြေညာခဲ့ပြီးနောက် ရိခေါ်ဒါရ်မြို့မှာ နေထိုင်တဲ့ပြည်သူ ထောင်နဲ့ချီ အိန္ဒိယနယ်စပ်ဘက်ကို စစ်ဘေးတိမ်းရှောင်နေကြပါတယ်။ လက်ရှိရိခေါ်ဒါရ်မြို့ဘက်ကို CDF ဘက်ကနေ ယဉ်အသွားအလာကအစ ပိတ်ပင်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။ အိန္ဒိယနယ်စပ်ဘက် တိမ်းရှောင်နေကြပေမဲ့ အဲဒီမှာလဲ အခက်အခဲတွေရှိနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ဘက်မှာ မတ်လဆန်းကစလို့ စစ်ကောင်စီတပ်တွေ အင်အားတိုးချနေတာကြောင့် တိုက်ပွဲဖြစ်ပွါးလာမဲ့အခြေအနေရှိတဲ့အတွက် မြို့ခံပြည်သူအားလုံး နေရပ်ကနေထွက်ခွါဖို့ ချင်းကာကွယ်ရေးအဖွဲ့တခုက မတ်လ ၇ ရက် တနင်္လာနေ့က စာထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထွက် လာခဲ့ပြီးနောက် ရိခေါ်ဒါရ်မြို့ အမှတ် (၁) နဲ့ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ အားလုံးနီးပါး အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်သွားကြတယ်လို့ ကိုယ်တိုင်လည်း တိမ်းရှောင်နေတဲ့ မြို့ခံတယောက်က ပြောပြပါတယ်။

“ရိဒ်ဘက်မှာတော့ မနေ့က အမှတ် (၁) ရပ်ကွက်ကော အမှတ် (၂) ရပ်ကွက်ကော အားလုံး ဟိုဘက်ကို ထွက်ပြေးကြတယ်။ မနေ့က CDF Hualngoram (ဟွာလ်ငိုရမ်) ကနေ သူတို့ ထုတ်ပြန်ချက်ထုတ်တယ်လေ။ ညနေပိုင်း (၆) နာရီ မထိုးခင်အထိကို အားလုံးဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ဆိုပြီးတော့သူတို့ထုတ်ပြန် ချက်ထုတ်တယ်လေ။ အဲဒါနဲ့ တိုက်ပွဲက ဖြစ်နိုင်တဲ့ အလားအလာတွေရှိတဲ့အတွက်ကြောင့် အခုက အမှတ် (၂) ရပ်ကွက်ကော အမှတ်(၁) ရိဒ်တောင်ပေါ်မှာရှိတဲ့ အမှတ်(၁) ရပ်ကွက်ကော နှစ်ခုစလုံးက ပြည်သူတွေအားလုံး ဟိုဘက်ကို မနေ့ညက အကုန်လုံး ပြေးကုန်ကြတယ်။ ခန့်မှန်းခြေကတော့အမှတ် (၂) ရပ်ကွက်မှာ လူဦးရေက (၅,၀၀၀) လောက်ရှိတယ်လေ။ အမှတ် (၁) ရပ်ကွက်မှာက လူဦးရေ (၁,၀၀၀)။ ဆိုတော့ လူဦးရေ( ၆,၀၀၀) လောက်ရှိတယ်လေ။ ရိဒ်မြို့ကနေ။ တိုက်ပွဲက ဒီနေ့ဖြစ်မလား၊ မနက်ဖြန် ဖြစ်မလားဆိုပြီးတော့ အချိန်မရွေးဖြစ်နိုင်တဲ့အနေအထားမှာ ရှိနေတယ်ပေါ့နော်။ အဲတာကြောင့် CDF ဘက်ကလည်း ပြည်သူတွေကို ဟိုဘက်ကိုပြေးခိုင်းတာနေမှာ။ ’’

ချင်းကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ Chinland Defense Force – Hualngoram (ဟွာလ်ငိုရမ်) အဖွဲ့ကနေ မတ်လ ၇ ရက်နေ့က ရိခေါဒါရ်မြို့အမှတ် (၂) (တီအိုချောင်း) မှာ နေထိုင်ကြတဲ့ပြည်သူတွေ ညနေပိုင်း ၆ နာရီမထိုးခင် ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်မှာ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ ရိခေါ်ဒါရ်မြို့ခံတွေအကုန်လုံးနီးပါး အိန္ဒိယနိုင်ငံထဲက ဇိုးခေါထားကျေး ရွာ ဘက်မှာတိမ်းရှောင်နေကြပါတယ်။ ရိခေါ်ဒါရ်မြို့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေက ရွာသားတွေအနေနဲ့လည်း ရိဒ်ခေါ်ဒါရ်မြိုဘက်မလာကြဖို့ CDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

“အကုန်လုံး မီဇိုရမ် ဇိုးခေါထားဘက်ကို အကုန်လုံးပြေးကြတယ်။ အဲဒီရိမြို့နားမှာရှိတဲ့ ကျေးရွာလေးတွေလည်း များတယ်လေနော။ ကျေးရွာတွေကပြည်သူတွေကလည်း အဲဒီ ရိဒ်ဘက်ကို မလာဖို့ပေါ့နော်။ သူတို့ အဲဒီလို စာထုတ်ထားတယ်။’’

လက်ရှိမှာ ရိခေါ်ဒါရ်မြို့ဘက် ကားအသွားအလာတွေကိုလည်း ချင်းကာကွယ်ရေးအဖွဲ့တွေဘက်က ပိတ်ပင်ထားတယ်လို့လည်း ခရီးသည်တင်ကား ယာဉ်မောင်းတဦးက ပြောပါတယ်။

“အခု လောလောဆယ်တော့လမ်းပိတ်နေတယ်။ CDFတွေက လမ်းပိတ်တာတဲ့။ ဘယ်အထိပိတ်မလဲတော့ ပြောလို့ မရဘူး။ အခုကျတော့ ကားတွေလည်း သွားလို့မရဘူးလေ။ မနေ့ညနေကြေညာတာလေ။ မနေ့ညနေပိတ်သွားတာ။’’

ကလေး-တီးတိန်-ရိခေါဒါရ် ယာဉ်လိုင်းပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေအားလုံး ဒီနေ့မတ်လ ၈ ရက်နေ့ ကစလို့ ရိခေါဒါရ်ဘက်ကို ယာဉ်လိုင်းပြေးဆွဲမှုအားလုံးရပ်နားထားကြဖို့ CDF-Hualngoram က ထုတ်ပြန် ထားလို့ ကား အသွားအလာ ရပ်ဆိုင်းနေပါတယ်။ ပြီးခဲ့တဲ့မတ်လ (၅) ရက်နေ့ကလည်း ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက်တောင်ကုန်းပေါ်မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က အကျအဆုံးများတယ်လို့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ထုတ်ပြန်ခဲ့ပေမယ့် ဗွီအိုအေက သီးခြား အတည်မပြုနိုင်ပါဘူး။

ချင်းပြည်နယ်ဘက်က စစ်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ ဇိုးခေါထားကျေးရွာဘက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေဟာ ယာယီ စစ်ဘေးရှောင်စခန်းနဲ့ ဆွေမျိုးသားချင်း အိမ်တွေမှာ ခိုလှုံနေကြပါတယ်။ လက်ရှိ ဇိုးခေါထားရောက် အိုးအိမ်ပြစ်ဒုက္ခသည်တွေရဲ့ အခြေအနေကို ဒုက္ခသည်တယောက်က အခုလိုပြောပါတယ်။

“ရိဒ်ခေါ်ဒါရ်ရဲ့တဖက်ခြမ်းပေါ့။ အိန္ဒိယကို။ တချို့ကကျတော့ သူတို့ကဆိုရင် စစ်ဘေးရှောင် တဲကလေးတွေ ဆောက်ထားတာရှိတယ်။ တချို့ကျတော့လည်း အိန္ဒိယဘက်က ဆောက်ပေးကြတယ်လေ။ ဒီမီဇိုရမ် ပြည်နယ်ဘက်က ဆောက်ပေးထားတဲ့ဟာ စစ်ဘေးရှောင်တဲစခန်းလေးတွေလည်း ရှိတယ်။ တချို့ကျတော့ဆွေမျိုးအိမ်မှာ စားကြတယ်။ တချို့ကျတာ့ မီဇိုရမ်အစိုးရကထောက်ပံ့ပေးတာလည်း ရှိတယ်။ အခက်ကျတော့တွေ့နေကြတာပဲ။ တချို့ကျတော့ ဆွေမျိုးရှိတဲ့သူတွေကပဲ အဆင်ပြေတယ်။ အဲဒီဘက်ခြမ်းမှာ။ စစ်ရှောင်စခန်းတွေမှာ အိမ်သာတွေဘာတွေမရှိတဲ့ အနေအထားမှာ အခက်တွေ့နေကြတယ်။’’

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်မြို့အပါအဝင် ခရိုင် ၁၁ ခု မှာရှိတဲ့ စစ်ဘေးရှောင် စခန်းတွေမှာ ဖြန့်ကျက်နေထိုင်ကြပါတယ်။ မီဇိုရမ် ပြည်နယ်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ (NGO) အဖွဲ့အစည်းတွေ၊ ဘာသာရေး အသင်းအဖွဲ့အစည်းတွေ၊ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ကူညီပေးနေပါတယ်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ စာရင်းမှတ်တမ်းအရ မြန်မာနိုင်ငံဘက်က ထွက်ပြေးလားသူ ၂၄,၂၈၉ ဦးရှိနေပြီလို့ မီဇိုရမ် အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ကနေတဆင့် မီဇိုရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေ ရှိနေဆဲဖြစ်ပါတယ်။

=================

XS
SM
MD
LG