သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူတာအို စစ်ပြေးဒုက္ခသည်များနေရပ်ပြန်ရေး KBC ညှိနှိုင်းပေး


ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်ပုံဟောင်း၊ ဓာတ်ပုံ Maran Seng Naw)
ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်ပုံဟောင်း၊ ဓာတ်ပုံ Maran Seng Naw)

[[Zawgyi/Unicode]]

ပူတာအိုမြို့နယ်က စစ်ပြေးဒုက္ခသည် ၃,၀၀၀ လောက် နေရပ်ပြန်နိုင်ဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့က ညှိနှိုင်းပေးခဲ့တာကြောင့် တချို့ကို ဒီနေ့ပဲ နေရပ်ပြန်ပို့နေပြီလို့ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် ဦးဆောင်သူက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ပွဲတွေကြောင့် ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်နဲ့ လုံရှာယာန် ကျေးရွာနှစ်ခုကနေ ထွက်ပြေးလာသူတွေ နေရပ်ပြန်နိုင်ရေးအတွက် မြစ်ကြီးနားခရိုင် အသင်းတော်များကောင်စီက စစ်ကောင်စီနဲ့ ကချင်လက်နက်ကိုင် နှစ်ဖွဲ့ ကြားမှာ ညှိနှိုင်းပေးခဲ့ကြောင်း ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ဆရာတော် ခလမ်ဆမ်ဆွန်က ပြောပါတယ်။ ဒုက္ခသည်အများစုက မြစ်ကြီးနားမြို့ပေါ်ကို ရောက်နေကြတာဖြစ်ပြီး တချို့ကို ဒီနေ့ပဲ နေရပ်ပြန်ပို့နေပြီလို့ သူကပြောပါတယ်။

"မြို့ထဲမှာရောက်နေသူတွေက များတယ်။ အဲဒါ ဒီနေ့ တသုတ်ပို့မယ်၊ နောက်တပတ်ကျ တသုတ်ပြန်ပို့မယ်။ ကျနော်တို့ ဒီ မြစ်ကြီးနား ခရစ်ယာန်အသင်းတော်များ ကောင်စီက ဦးဆောင်ပြီးမှ PCG ပါတယ်။ ကျနော်တို့ ကျတော့ KBC ပဲ မဟုတ်တော့ဘူး။ ခရစ်ယာန် ဂိုဏ်းပေါင်းစုံပေါ့- စည်းဝေးတိုင်ပင်ပြီးမှ ( ကချင်ပြည်နယ်) တိုင်းမှူးကို PCG အနေနဲ့ စာရေးပြီးမှ ခေါ်ထုတ်လာတာ ဟုတ်တယ်။"

ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာကနေ စစ်ကြောင့် တိမ်းရှောင်လာသူ ၂,၀၀၀ ရှိပြီး လုံရှာယာန်ရွာက ထွက်ပြေးလာသူကတော့ ၁,၀၀၀ ဝန်းကျင်ရှိတယ်လို့ KBC တာဝန်သူက ပြောပါတယ်။

အချိန်ကြာလာတာနဲ့အမျှ တောထဲမှာရှောင်တိမ်းနေရသူတွေရဲ့ စားဝတ်နေရေးက ပိုပြီးခက်ခဲလာပါတယ်။ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကရည်ရွယ်ပြီး စစ်ကောင်စီနဲ့ ကချင်လက်နက်ကိုင် KIA ကြားမှာ ခရစ်ယာန်အသင်းတော်တွေက ညှိနှိုင်းလုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ နေရပ်ပြန်ရေးကိစ္စကလွဲပြီး တခြားကိစ္စတွေ ညှိနှိုင်းပေးတာ မရှိကြောင်း KBC အကြီးအကဲက ပြောပါတယ်။

"ကျနော်တို့ တခြားဘာမှတော့ မပါဘူး၊ ဒုက္ခရောက်နေတော့ ဒီကနေ အစားအသောက်တွေ သွားပို့လို့ မရဘူး။ ထွက်လာလို့လည်း မရဘူးဆိုတော့ ကျနော်တို့က အဲဒီလို တရားဝင်ခွင့်ပြုချက် တောင်းပြီးမှ... ဟိုဘက် (စကစကိုလည်း) ကျနော်တို့က ညှိနှိုင်းမှုရှိပါတယ် KIO ဘက်ကလည်း ဒါကိုတော့ တောထဲမှာရှိတဲ့သူတွေ နေရပ်ပြန် ဖို့ သဘောတူတယ်။ ဆိုတော့ နှစ်ဘက် လက်နက်ကိုင်အဖွဲ့ရဲ့ သဘောတူညီမှုတော့ ရတယ်လို့ ကျနော်တို့ ခံယူတယ်။ ဒါကြောင့်မို့ လုပ်ဆောင်ခြင်းဖြစ်တယ်။ နှစ်ဘက်စလုံး သဘောတူတယ်ဆိုတာ သူတို့ အချင်းချင်း သဘောတူတာတော့မဟုတ်ဘူး၊ ကျနော်တို့ ကြားထဲကနေ ဒီလိုနေရပ်ပြန်ဖို့ လုပ်ဆောင်ဖို့အတွက် သဘောတူတာကိုပြောတာ။"

အခုနှစ်မတ်လထဲမှာပဲ ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ KIA/ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့်၊ ဒေသခံ အများအပြား တောတောင်တွေထဲ ထွက်ပြေးခဲ့ရတာပါ။ လမ်းပမ်းဆက်သွယ်ရေးကိုလည်း နှစ်ဘက်လုံးက ပိတ်ခဲ့တာကြောင့် ပူတာအို မြို့ပေါ်မှာ ကုန်ဈေးနှုန်းတွေ တက်ခဲ့သလို၊ စစ်ပြေးဒုက္ခသည်တွေလည်း စားနပ်ရိက္ခာ ပြတ်တောက်တာတွေ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








===========

XS
SM
MD
LG