သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းအတြင္း ေက်း႐ြာတခ်ိဳ႕မီးရႈိ႕ခံရ၊ ေဒသခံ ေသာင္းဂဏန္းထြက္ေျပး


စစ္ကိုင္းတုိင္း၊ ဝက္လက္ၿမိဳ႕နယ္။ (MIMU)


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ေ႐ႊဘိုခ႐ိုင္ ဝက္လက္ၿမိဳ႕နယ္ထဲက ေက်း႐ြာတခ်ိဳ႕ကို စစ္ေကာင္စီတပ္က နယ္ေျမရွင္းလင္းေနရာမွာ ေနအိမ္တခ်ိဳ႕ မီးရႈိ႕ခံရၿပီး အရပ္သားေသဆုံးမႈေတြရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ကိုင္း အထက္ပိုင္းဝန္းသိုၿမိဳ႕နယ္ထဲက ေက်း႐ြာ ၉ ႐ြာလည္း မီးရႈိ႕ခံရၿပီး ေက်း႐ြာသား ႏွစ္ေသာင္းခြဲေလာက္ အိုးအိမ္စြန႔္ ထြက္ေျပးေနၾကရပါတယ္။ စစ္ကိုင္းတိုင္းအတြင္းက စစ္ေျပးဒုကၡသည္ေတြအေျခအေန ရန္ကုန္က သတင္းေပးပို႔တာကို မဆုမြန္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္ထဲက ေက်း႐ြာတခ်ိဳ႕ဆီ စစ္ေကာင္စီတပ္ေတြ မေန႔ ဧၿပီ ၂၄ ရက္ ညကတည္းက ဝင္ေရာက္လာၿပီး လူေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးတာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႐ုံးပင္ကုန္းေက်း႐ြာမွာေတာ့ လူငယ္ ၂ ဦး အသတ္ခံလိုက္ရလို႔ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံကာကြယ္ေရးအဖြဲ႔ဝင္ တဦးက ေျပာပါတယ္။

"မေန႔က စကေတြ အင္အားအလုံးအရင္းနဲ႔ စစ္ေၾကာင္းစထိုးတယ္။ သစ္ဆိပ္ေက်း႐ြာကို မီးရႈိ႕တယ္။ အခုအခ်ိန္မွာ ႐ုံးပင္ကုန္းေက်း႐ြာကို မေန႔ညက စစ္ေၾကာင္းစတင္တာေပါ့ေနာ္။ အကိုတို႔အဖြဲ႕အျပင္ အထူးသျဖင့္ တိမ္းေရွာင္ေနရတဲ့ အင္အားေတာ္ေတာ္မ်ားတယ္။ အခု ႐ုံးပင္ကုန္းကို မီးရႈိ႕ေနတယ္။ မေန႔ညကဖမ္းမိတဲ့ ကေလး ၃ ေယာက္မွာ ၁ ေယာက္ကေတာ့ ေသြး႐ူးေသြးတန္းထြက္ေျပးလို႔ လြတ္သြားတယ္။ ၂ ေယာက္ကေတာ့ အသတ္ခံလိုက္ရတယ္။ ႐ြာမွာေတာ့ မီးရႈိ႕ေနဆဲျဖစ္ေနတယ္။ သူတို႔ဘက္က အင္အားက မႏၲေလးမတၱရာဘက္က ေနၿပီးေတာ့ ကားႀကီးေတြနဲ႔လာတာ။ လာၿပီးေတာ့မွ ရွိန္းမခါးကို သေဘၤာနဲ႔ကူး။ အင္အားက ခန႔္မွန္းေျခ ၃၀၀ ေက်ာ္။"

႐ုံးပင္ကုန္းေက်း႐ြာနဲ႔ သစ္ဆိပ္ေက်း႐ြာမွာ မီးရႈိ႕ဖ်က္ဆီးခံရတဲ့ လူေနအိမ္ေျခ ဘယ္ေလာက္အထိရွိေနလဲဆိုတာကေတာ့ အတိအက်မသိရေသးပါဘူး။ ထြက္ေျပးၾကရတဲ့ ေဒသခံေတြအေနနဲ႔ သူတို႔ေနအိမ္ ဆီျပန္ဖို႔ပါ ခက္ခဲေနတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

"သြားၿပီးၾကည့္တဲ့သူေတြကို လက္နက္ေတြနဲ႔ပစ္လိုက္၊ ေမာင္းတံေတြနဲ႔ ဆြဲပစ္လိုက္နဲ႔ ဘယ္လိုမွကို ကပ္မရဘူး။ ေဒသခံေတြအေနအထားကေတာ့ မေန႔ညကတည္းက ႐ြာနီးစပ္ေတြကို အကုန္လုံးေျပးတယ္။ သူတို႔စဝင္လာကတည္းက လက္နက္ေတြနဲ႔ အကုန္ရမ္းပစ္ေတာ့ေလ။ အကုန္လုံးထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္။ ေတာထဲေတြမွာ အကုန္ပ်ံ႕ႏွံ႔ေနတယ္ေပါ့။ အရင္တုန္းက တခါဝင္ေသးတယ္။ အဲဒီတုန္းကေတာ့ မီးမရႈိ႕ဘူး။ အိမ္ေတြ ဟိုရွာဒီရွာ သူတို႔လိုခ်င္တာေတြရွာ ဖ်က္စီး။ အခုဟာက ဘာစစ္ေၾကာင္းမွမရွိဘဲ မျဖစ္ေသးဘဲနဲ႔ကို သူ႔ဟာက သတ္သတ္ကိုစစ္ေၾကာင္းထိုးၿပီးေတာ့ လာၿပီးမီးရႈိ႕တာ။"

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြဆီ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္လာၿပီး နယ္ေျမရွင္းလင္းေရးလုပ္တာ၊ ေဒသခံကာကြယ္ေရး PDF အဖြဲ႔ေတြနဲ႔ အျပန္အလွန္ပစ္ခတ္တာေတြ ခပ္စိပ္စိပ္ျဖစ္ေနေပမယ့္ အခု မီးရႈိ႕ခံရတဲ့ ႐ြာ ၂ ႐ြာမွာေတာ့ အျပန္အလွန္တိုက္ခိုက္မႈေတြမရွိဘဲ စစ္ေကာင္စီဘက္က ဝင္ေရာက္စီးနင္းတာလို႔ ေဒသခံေတြက ေျပာပါတယ္။

လူ႔အခြင့္အေရးအဖြဲ႕ေတြနဲ႔ စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ အဖြဲ႕ေတြက ျပဳစုထားတဲ့စာရင္းအရ စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္ထဲမွာ ၂၀၂၁ ခုႏွစ္ ေမလကစၿပီး အခု ဧၿပီလ ဒုတိယပတ္အထိ မီးရႈိ႕ဖ်က္ဆီးခံလိုက္ရတဲ့ လူေနအိမ္ေျခေပါင္း ၃၀၀ နီးပါးအထိ ရွိထားပါတယ္။ ဒါက ဝက္လက္ၿမိဳ႕နယ္ ထဲက အေျခအေနပါ။

စစ္ကိုင္းတိုင္း အထက္ပိုင္း ဝန္သိုနဲ႔ ေကာလင္းၾကားက ဝန္းသိုၿမိဳ႕အပိုင္ စိန္လည္႐ြာအနီးမွာလည္း ဧၿပီ ၂၂ ရက္နဲ႔ ၂၃ ရက္တို႔မွာ ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕တို႔ ၂ ဘက္ တိုက္ပြဲျပင္းထန္စြာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တိုက္ပြဲေတြျဖစ္ပြားတဲ့ အနီးက ေက်း႐ြာ ၉ ႐ြာကို စစ္ေကာင္စီဘက္က မီးရႈိ႕လိုက္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အခုလို တိုက္ပြဲေတြျပင္းထန္ၿပီး စစ္ေကာင္စီက ေနအိမ္ေတြ မီးရႈိ႕ခံလိုက္တဲ့အတြက္ အနီးအနားေက်း ႐ြာ ၄၀ နီးပါးက ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ ဝန္းသို ေဒသခံတဦးက ေျပာပါတယ္။

“မီးရႈိ႕ခံရတာက ၂၄ ရက္ မနက္ ၁၂ နာရီ ၄၅ မိနစ္ကေန စရႈိ႕ခံရတာဗ်။ စိန္လည္၊ သေျပသာ၊ ရွမ္းစု ႐ြာကို အရင္ဆုံးရႈိ႕တယ္။ စိန္လည္႐ြာကို အရင္ဆုံးရႈိ႕တယ္။ စိန္လည္၊ သေျပသာ၊ အုတ္ရွစ္ခုံ၊ ေက်ာက္ေပါက္ခုံ၊ အလယ္ခုံနဲ႔ ေအာင္းကုန္း အပါအဝင္ ကြၽန္းလွခုံတို႔ကို မီးရႈိ႕ခဲ့တယ္ဗ်။ ေက်း႐ြာက ၉ ႐ြာ ဗ်။ ဒုကၡသည္က ဝန္းသိုၿမိဳ႕နယ္ရဲ႕ ေတာင္ျခမ္းမွာရွိတဲ့ ၄၀ နီးပါးက ထြက္ေျပး တိမ္းေရွာင္ေနရတယ္ေပါ့ေနာ္။ စစ္ေဘးေရွာင္ ျပည္သူက ၂၅,၀၀၀ ေလာက္တိုးလာၿပီဗ်။”

အခုလို မီးရႈိ႕ခံရတာဟာ ဝန္းသိုၿမိဳ႕နယ္ထဲမွာ ပထမဆုံး မီးရႈိ႕ခံရတာျဖစ္ၿပီး မီးရႈိ႕ခံရတဲ့ ေက်း႐ြာ ၉ ႐ြာက ေနအိမ္ ဘယ္ေလာက္ေလာင္ကြၽမ္းတယ္ဆိုတာကိုေတာ့ အတိအက် မေျပာႏိုင္ေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီကေန႔ ဧၿပီ ၂၅ ရက္မွာလည္း ဝန္းသိုၿမိဳ႕နယ္ အလုံေတာင္ အနီးမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြဆက္ရွိေနတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။ ေနအိမ္ေတြမီးရႈိ႕ခံရၿပီး တိုက္ ပြဲေတြ ျဖစ္ပြားေနတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

စစ္ကိုင္းတိုင္းအထက္ပိုင္းျဖစ္တဲ့ ဝန္းသို ေကာလင္း ပင္လယ္ဘူး စတဲ့ ၿမိဳ႕ေတြကို အင္တာနက္ ျဖတ္ေတာက္ထားတာ လခ်ီၾကာျမင့္ေနၿပီး တယ္လီဖုန္းဆက္သြယ္ရာမွာလည္း အခက္အခဲေတြရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========


[[Unicode]]

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတချို့မီးရှို့ခံရ၊ ဒေသခံ သောင်းဂဏန်းထွက်ပြေး

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းနေရာမှာ နေအိမ်တချို့ မီးရှို့ခံရပြီး အရပ်သားသေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်း အထက်ပိုင်းဝန်းသိုမြို့နယ်ထဲက ကျေးရွာ ၉ ရွာလည်း မီးရှို့ခံရပြီး ကျေးရွာသား နှစ်သောင်းခွဲလောက် အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ပြေးဒုက္ခသည်တွေအခြေအနေ ရန်ကုန်က သတင်းပေးပို့တာကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတချို့ဆီ စစ်ကောင်စီတပ်တွေ မနေ့ ဧပြီ ၂၄ ရက် ညကတည်းက ဝင်ရောက်လာပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုံးပင်ကုန်းကျေးရွာမှာတော့ လူငယ် ၂ ဦး အသတ်ခံလိုက်ရလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

"မနေ့က စကတွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းစထိုးတယ်။ သစ်ဆိပ်ကျေးရွာကို မီးရှို့တယ်။ အခုအချိန်မှာ ရုံးပင်ကုန်းကျေးရွာကို မနေ့ညက စစ်ကြောင်းစတင်တာပေါ့နော်။ အကိုတို့အဖွဲ့အပြင် အထူးသဖြင့် တိမ်းရှောင်နေရတဲ့ အင်အားတော်တော်များတယ်။ အခု ရုံးပင်ကုန်းကို မီးရှို့နေတယ်။ မနေ့ညကဖမ်းမိတဲ့ ကလေး ၃ ယောက်မှာ ၁ ယောက်ကတော့ သွေးရူးသွေးတန်းထွက်ပြေးလို့ လွတ်သွားတယ်။ ၂ ယောက်ကတော့ အသတ်ခံလိုက်ရတယ်။ ရွာမှာတော့ မီးရှို့နေဆဲဖြစ်နေတယ်။ သူတို့ဘက်က အင်အားက မန္တလေးမတ္တရာဘက်က နေပြီးတော့ ကားကြီးတွေနဲ့လာတာ။ လာပြီးတော့မှ ရှိန်းမခါးကို သင်္ဘောနဲ့ကူး။ အင်အားက ခန့်မှန်းခြေ ၃၀၀ ကျော်။"

ရုံးပင်ကုန်းကျေးရွာနဲ့ သစ်ဆိပ်ကျေးရွာမှာ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ခြေ ဘယ်လောက်အထိရှိနေလဲဆိုတာကတော့ အတိအကျမသိရသေးပါဘူး။ ထွက်ပြေးကြရတဲ့ ဒေသခံတွေအနေနဲ့ သူတို့နေအိမ် ဆီပြန်ဖို့ပါ ခက်ခဲနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"သွားပြီးကြည့်တဲ့သူတွေကို လက်နက်တွေနဲ့ပစ်လိုက်၊ မောင်းတံတွေနဲ့ ဆွဲပစ်လိုက်နဲ့ ဘယ်လိုမှကို ကပ်မရဘူး။ ဒေသခံတွေအနေအထားကတော့ မနေ့ညကတည်းက ရွာနီးစပ်တွေကို အကုန်လုံးပြေးတယ်။ သူတို့စဝင်လာကတည်းက လက်နက်တွေနဲ့ အကုန်ရမ်းပစ်တော့လေ။ အကုန်လုံးထွက်ပြေး တိမ်းရှောင်နေကြရတယ်။ တောထဲတွေမှာ အကုန်ပျံ့နှံ့နေတယ်ပေါ့။ အရင်တုန်းက တခါဝင်သေးတယ်။ အဲဒီတုန်းကတော့ မီးမရှို့ဘူး။ အိမ်တွေ ဟိုရှာဒီရှာ သူတို့လိုချင်တာတွေရှာ ဖျက်စီး။ အခုဟာက ဘာစစ်ကြောင်းမှမရှိဘဲ မဖြစ်သေးဘဲနဲ့ကို သူ့ဟာက သတ်သတ်ကိုစစ်ကြောင်းထိုးပြီးတော့ လာပြီးမီးရှို့တာ။"

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေဆီ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်တာ၊ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေ ခပ်စိပ်စိပ်ဖြစ်နေပေမယ့် အခု မီးရှို့ခံရတဲ့ ရွာ ၂ ရွာမှာတော့ အပြန်အလှန်တိုက်ခိုက်မှုတွေမရှိဘဲ စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းတာလို့ ဒေသခံတွေက ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ပြုစုထားတဲ့စာရင်းအရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ ၂၀၂၁ ခုနှစ် မေလကစပြီး အခု ဧပြီလ ဒုတိယပတ်အထိ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ လူနေအိမ်ခြေပေါင်း ၃၀၀ နီးပါးအထိ ရှိထားပါတယ်။ ဒါက ဝက်လက်မြို့နယ် ထဲက အခြေအနေပါ။

စစ်ကိုင်းတိုင်း အထက်ပိုင်း ဝန်သိုနဲ့ ကောလင်းကြားက ဝန်းသိုမြို့အပိုင် စိန်လည်ရွာအနီးမှာလည်း ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ၂ ဘက် တိုက်ပွဲပြင်းထန်စွာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တိုက်ပွဲတွေဖြစ်ပွားတဲ့ အနီးက ကျေးရွာ ၉ ရွာကို စစ်ကောင်စီဘက်က မီးရှို့လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို တိုက်ပွဲတွေပြင်းထန်ပြီး စစ်ကောင်စီက နေအိမ်တွေ မီးရှို့ခံလိုက်တဲ့အတွက် အနီးအနားကျေး ရွာ ၄၀ နီးပါးက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဝန်းသို ဒေသခံတဦးက ပြောပါတယ်။

“မီးရှို့ခံရတာက ၂၄ ရက် မနက် ၁၂ နာရီ ၄၅ မိနစ်ကနေ စရှို့ခံရတာဗျ။ စိန်လည်၊ သပြေသာ၊ ရှမ်းစု ရွာကို အရင်ဆုံးရှို့တယ်။ စိန်လည်ရွာကို အရင်ဆုံးရှို့တယ်။ စိန်လည်၊ သပြေသာ၊ အုတ်ရှစ်ခုံ၊ ကျောက်ပေါက်ခုံ၊ အလယ်ခုံနဲ့ အောင်းကုန်း အပါအဝင် ကျွန်းလှခုံတို့ကို မီးရှို့ခဲ့တယ်ဗျ။ ကျေးရွာက ၉ ရွာ ဗျ။ ဒုက္ခသည်က ဝန်းသိုမြို့နယ်ရဲ့ တောင်ခြမ်းမှာရှိတဲ့ ၄၀ နီးပါးက ထွက်ပြေး တိမ်းရှောင်နေရတယ်ပေါ့နော်။ စစ်ဘေးရှောင် ပြည်သူက ၂၅,၀၀၀ လောက်တိုးလာပြီဗျ။”

အခုလို မီးရှို့ခံရတာဟာ ဝန်းသိုမြို့နယ်ထဲမှာ ပထမဆုံး မီးရှို့ခံရတာဖြစ်ပြီး မီးရှို့ခံရတဲ့ ကျေးရွာ ၉ ရွာက နေအိမ် ဘယ်လောက်လောင်ကျွမ်းတယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၂၅ ရက်မှာလည်း ဝန်းသိုမြို့နယ် အလုံတောင် အနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဆက်ရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ နေအိမ်တွေမီးရှို့ခံရပြီး တိုက် ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကိုင်းတိုင်းအထက်ပိုင်းဖြစ်တဲ့ ဝန်းသို ကောလင်း ပင်လယ်ဘူး စတဲ့ မြို့တွေကို အင်တာနက် ဖြတ်တောက်ထားတာ လချီကြာမြင့်နေပြီး တယ်လီဖုန်းဆက်သွယ်ရာမှာလည်း အခက်အခဲတွေရှိနေပါတယ်။
==========

XS
SM
MD
LG