သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြးတိုင္း ဂန္႔ေဂါနယ္ထဲ စစ္ေကာင္စီ ေလေၾကာင္းသုံးတိုက္ခိုက္


ဂန္႔ေဂါၿမိဳ႕နယ္ (Photo/ဂန္႔ေဂါ-ဖဘ)

[[Zawgyi/Unicode]]

ဂန႔္ေဂါၿမိဳ႕ေတာင္ပိုင္း ျမစ္သာဆည္ေပၚမွာရွိတဲ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြကို စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ စစ္ကိုင္းတိုင္းထဲမွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ မင္းကင္းၿမိဳ႕နယ္က ေက်း႐ြာေတြမွာ ေနအိမ္ေတြ မီးရႈိ႕ခံရၿပီး ယင္းမာပင္ဘက္မွာဆိုရင္လည္း ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္း ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

မေကြးတိုင္းေဒသႀကီး ဂန႔္ေဂါၿမိဳ႕ေတာင္ပိုင္းမွာရွိတဲ့ ျမစ္သာဆည္ေပၚက ေဒသခံကာကြယ္ေရး တပ္ဖြဲ႕စခန္းကို ေမ ၂၆ ရက္ ၾကာသပေတးေန႔မွာ စစ္ေကာင္စီက ေလေၾကာင္းသုံး တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ တိုက္ခိုက္ခံရတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ဂန႔္ေဂါ ေတာင္ပိုင္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ဝင္တဦးက အခုလိုေျပာပါတယ္။

“အဲဒီဆည္မွာ မနက္တုန္းက ေလယာဥ္ ၃ စီးနဲ႔ပစ္တာ။ ဟယ္လီေကာ္ပတာ ၂ စီးနဲ႔ လူခ်တယ္။ စစ္သားေတြ ခ်တယ္ေပါ့ဗ်ာ။ အခုထိေတာ့ က်ေနာ္တို႔တပ္သားေတြ အက်အဆုံးေတာ့မသိရေသးဘူး။ က်တာေတာ့ က်တယ္။ အဲဒီမွာ ေလယာဥ္နဲ႔ပစ္တာေလ။”

ျမစ္သာဆည္ဟာ ဂန႔္ေဂါၿမိဳ႕ေတာင္ပိုင္းမွာ တည္ရွိၿပီး ျမစ္သာျမစ္ကိုပိတ္ၿပီး ဆည္တည္ေဆာက္ ထားတာ ျဖစ္ပါတယ္။ ျမစ္သာဆည္ရဲ႕ အရာရွိရိပ္သာမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ ေရာက္ရွိေနခ်ိန္ စစ္ေကာင္စီက ေလေၾကာင္းကေန လာေရာက္တိုက္ခိုက္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီေလေၾကာင္း တိုက္ခိုက္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။ ဒါက မေကြးတိုင္းက အေျခအေနပါ။

စစ္ကိုင္းတိုင္းဘက္မွာဆိုရင္လည္း မင္းကင္းၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ေဘးက ေက်း႐ြာျဖစ္တဲ့ အထက္ကင္းေက်း႐ြာကို စစ္ေကာင္စီတပ္ေတြက ေမလ ၂၅ က မီးရႈိ႕သြားခဲ့လို႔ ေနအိမ္ ၁၈၀ နီးပါး မီးေလာင္ကြၽမ္းခဲ့သလို ေမလ ၂၆ ရက္မွာေတာ့ ေအာက္ကင္းေက်း႐ြာကို မီးထပ္ရႈိ႕တဲ့အတြက္ ေနအိမ္ ၁၀ လုံးခန႔္ မီးေလာင္ကြၽမ္းခဲ့တယ္လို႔ ေဒသခံေတြကတဆင့္ သိရပါတယ္။

“မေန႔က အထက္ကင္းဆိုတဲ့႐ြာကို မီးရႈိ႕တာပါ။ အိမ္ေျခေပါင္းက ၁၈၀ ေက်ာ္တယ္။ ေနာက္ထပ္ ၃ ေယာက္လည္း အသတ္ခံရေသးတယ္။ သူတို႔ ေက်ာက္ေမာ္ေတာ္ကို ဒီေဒသက PDF ရွိတယ္၊ ေက်ာက္ေမာ္ေတာ္ကို ပစ္တာ။ ဒီ႐ြာပဲဆိုတဲ့ သေဘာနဲ႔ ရႈိ႕တာဗ်။ အဲ့ဒီ႐ြာက တခ်က္မွ ျပန္မပစ္ရဘူး။ အထက္ကင္း ေအာက္ကင္းဆိုၿပီး ကင္းက ၂ ႐ြာရွိတာဗ်။ ဒီေန႔ မီးရႈိ႕တာလည္း အဲ့လိုပဲဗ်။ မထူးဘူး။ ပထမရႈိ႕တဲ့ ႐ြာလိုပါပဲ၊ ေတာက္ေလွ်ာက္ဝင္ၿပီး သူတို႔ယူခ်င္တာယူၿပီးေတာ့ပဲရႈိ႕ေတာ့တာဗ်။”

ေအာက္ကင္းနဲ႔ အထက္ကင္းေက်း႐ြာဟာ ခ်င္းတြင္း ျမစ္ေဘးမွာ တည္ရွိတဲ့ ေက်း႐ြာေတြလည္း ျဖစ္ပါတယ္။ ခႏၲီးကေန ေက်ာက္စိမ္းေတြ၊ ရိကၡာေတြ တင္ေဆာင္ၿပီး လုံၿခဳံေရးအျပည့္နဲ႔ စုန္ဆင္းလာတဲ့ စစ္ေကာင္စီသေဘၤာဟာ ကင္း႐ြာအနီးမွာကမ္းကပ္ၿပီး အခုလို မီးရႈိ႕တာလို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ခ်င္းတြင္းျမစ္ထဲမွာ စစ္ေကာင္စီရဲ႕ စက္ေလွေတြကို ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕ေတြက မၾကာခဏတိုက္ခိုက္ၿပီး အျပန္အလွန္ ပစ္ခတ္ၾကတာေတြလည္းရွိေနပါတယ္။

ယင္းမာပင္ဘက္မွာဆိုရင္လည္း စစ္ေကာင္စီတပ္ေတြရဲ႕ နယ္ေျမရွင္းလင္းစစ္ဆင္မႈေၾကာင့္ ေက်း ႐ြာ၂၀ ဝန္းက်င္က ႐ြာသား ေသာင္းဂဏန္းေဘးလြတ္ရာကို ေျပးၾကရတယ္လို႔ ေဒသခံေတြေျပာပါတယ္။

“ေအာင္ခ်မ္းသာကေန စလာတာ၊ ေအာင္ခ်မ္းသာက အမတို႔နဲ႔ နည္းနည္းလွမ္းတယ္။ ေအာင္ခ်မ္းသာမွက စာသင္ေက်ာင္းကိုပါ မီးနဲ႔ ရႈိ႕သြားတယ္။ အဲ့ဒီမွာ အေသအေပ်ာက္ေတာ့ မၾကားရဘူး။ ေအာင္ခ်မ္းသာကေနၿပီး စည္ေလွာင္၊ စည္ေလွာင္ကေန ေအာင္ခ်မ္းေအး၊ ေအာင္ခ်မ္းေအးကမွ လမ္းက ထန္းတဲေတြကို မီးရႈိ႕။ အဲ့ကေနမွ ျမရိပ္႐ြာ၊ ျမရိပ္ၿပီးမွ ေရၾကည္ပင္၊ ထန္းေတာႀကီး၊ ထန္းေတာႀကီးၿပီးေတာ့ ေၾကးစာက်၊ ေၾကးစာက်ၿပီးေတာ့မွ ဂုန္ေတာ၊ ဂုန္ေတာၿပီးေတာ့မွ ငါးတဲ့စု႐ြာက ကေလးေတြကို ဖမ္းၿပီးေတာ့ ၂ ထပ္႐ုံးနားေလးမွာ ပစ္သတ္သြားတာ။ သူတို႔က အေရွ႕ကို ဆက္တိုက္လာၿပီးေတာ့မွ ဝါးတန္းကို မီးဝင္ရႈိ႕။ ဝါးတန္းကို ရႈိ႕ၿပီးေတာ့မွ တည္ပင္ကန္ကို ဝင္တာ။”

စစ္ေကာင္စီတပ္ေတြက ယင္းမာပင္ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြနဲ႔ ဆားလင္းႀကီးၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကိုပါ နယ္ေျမေရွင္းလင္းေရးလုပ္ၿပီး ငါးတဲစု႐ြာက ႐ြာသား ၅ ဦးကို ဖမ္းဆီးၿပီး ၂ ဦးကို ပစ္သတ္ခဲ့တယ္လို႔ ေဒသခံတဦးက ခုလိုေျပာပါတယ္။

“ပစ္သတ္ခံရတာ ၂ ေယာက္။ ၃ ေယာက္ကေတာ့ ေျပာရမယ္ဆိုရင္ အဲ့ ၃ ေယာက္ေရွ႕မွာ ၂ ေယာက္ကို ပစ္သတ္တာဆိုေတာ့ အဲ့ ၃ ေယာက္ကေတာ့ ခု ႐ူးသြပ္သြပ္ေပါ့ေနာ္။ ေသြးလန႔္ၿပီးေတာ့ ခုကုေနရတယ္။ ႐ြာသာေက်း႐ြာရဲ႕ေတာင္ဘက္ ငါးတဲစု႐ြာက၊ နာမည္က ကိုဖား၊ ဦးေက်ာ္ၿငိမ္းတဲ့။ ျမန္မာယမ္စီကုမၸဏီမွာ အလုပ္လုပ္တဲ့ သူေတြ။”

စစ္ကိုင္းတိုင္း မေကြးတိုင္းနဲ႔ ခ်င္းျပည္နယ္တို႔က ေနအိမ္ေတြ မီးရႈိ႕ခံရသလို ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြဟာလည္း ေနရပ္ကို စြန႔္ခြာေနၾကရၿပီး စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း အရပ္သားေတြ ေသဆုံးမႈေတြလည္းရွိေနပါတယ္။ စစ္ေကာင္စီေျပာခြင့္ရသူကေတာ့ PDF ေတြဟာ စစ္ကိုင္းတိုင္းအတြင္း ေက်း႐ြာေတြကို အေျချပဳၿပီး အၾကမ္းဖက္မႈေတြ လႈပ္ရွားေနတာေၾကာင့္၊ နယ္ေျမရွင္းလင္းေရးေတြ ေဆာင္႐ြက္ေနတယ္လို႔ ေျပာခဲ့ဖူပါတယ္။ ဒါေပမယ့္ ေက်း႐ြာမီးရႈိ႕မႈေတြနဲ႔ပတ္သက္ရင္၊ PDF ဘက္က လုပ္ေနတာဆိုၿပီးေတာ့လည္း စစ္ေကာင္စီဘက္က တန္ျပန္စြပ္စြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မကွေးတိုင်း ဂန့်ဂေါနယ်ထဲ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

ဂန့်ဂေါမြို့တောင်ပိုင်း မြစ်သာဆည်ပေါ်မှာရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မင်းကင်းမြို့နယ်က ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ခံရပြီး ယင်းမာပင်ဘက်မှာဆိုရင်လည်း သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တောင်ပိုင်းမှာရှိတဲ့ မြစ်သာဆည်ပေါ်က ဒေသခံကာကွယ်ရေး တပ်ဖွဲ့စခန်းကို မေ ၂၆ ရက် ကြာသပတေးနေ့မှာ စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဂန့်ဂေါ တောင်ပိုင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“အဲဒီဆည်မှာ မနက်တုန်းက လေယာဉ် ၃ စီးနဲ့ပစ်တာ။ ဟယ်လီကော်ပတာ ၂ စီးနဲ့ လူချတယ်။ စစ်သားတွေ ချတယ်ပေါ့ဗျာ။ အခုထိတော့ ကျနော်တို့တပ်သားတွေ အကျအဆုံးတော့မသိရသေးဘူး။ ကျတာတော့ ကျတယ်။ အဲဒီမှာ လေယာဉ်နဲ့ပစ်တာလေ။”

မြစ်သာဆည်ဟာ ဂန့်ဂေါမြို့တောင်ပိုင်းမှာ တည်ရှိပြီး မြစ်သာမြစ်ကိုပိတ်ပြီး ဆည်တည်ဆောက် ထားတာ ဖြစ်ပါတယ်။ မြစ်သာဆည်ရဲ့ အရာရှိရိပ်သာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ရောက်ရှိနေချိန် စစ်ကောင်စီက လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလေကြောင်း တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒါက မကွေးတိုင်းက အခြေအနေပါ။

စစ်ကိုင်းတိုင်းဘက်မှာဆိုရင်လည်း မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေးက ကျေးရွာဖြစ်တဲ့ အထက်ကင်းကျေးရွာကို စစ်ကောင်စီတပ်တွေက မေလ ၂၅ က မီးရှို့သွားခဲ့လို့ နေအိမ် ၁၈၀ နီးပါး မီးလောင်ကျွမ်းခဲ့သလို မေလ ၂၆ ရက်မှာတော့ အောက်ကင်းကျေးရွာကို မီးထပ်ရှို့တဲ့အတွက် နေအိမ် ၁၀ လုံးခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

“မနေ့က အထက်ကင်းဆိုတဲ့ရွာကို မီးရှို့တာပါ။ အိမ်ခြေပေါင်းက ၁၈၀ ကျော်တယ်။ နောက်ထပ် ၃ ယောက်လည်း အသတ်ခံရသေးတယ်။ သူတို့ ကျောက်မော်တော်ကို ဒီဒေသက PDF ရှိတယ်၊ ကျောက်မော်တော်ကို ပစ်တာ။ ဒီရွာပဲဆိုတဲ့ သဘောနဲ့ ရှို့တာဗျ။ အဲ့ဒီရွာက တချက်မှ ပြန်မပစ်ရဘူး။ အထက်ကင်း အောက်ကင်းဆိုပြီး ကင်းက ၂ ရွာရှိတာဗျ။ ဒီနေ့ မီးရှို့တာလည်း အဲ့လိုပဲဗျ။ မထူးဘူး။ ပထမရှို့တဲ့ ရွာလိုပါပဲ၊ တောက်လျှောက်ဝင်ပြီး သူတို့ယူချင်တာယူပြီးတော့ပဲရှို့တော့တာဗျ။”

အောက်ကင်းနဲ့ အထက်ကင်းကျေးရွာဟာ ချင်းတွင်း မြစ်ဘေးမှာ တည်ရှိတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။ ခန္တီးကနေ ကျောက်စိမ်းတွေ၊ ရိက္ခာတွေ တင်ဆောင်ပြီး လုံခြုံရေးအပြည့်နဲ့ စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောဟာ ကင်းရွာအနီးမှာကမ်းကပ်ပြီး အခုလို မီးရှို့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရဲ့ စက်လှေတွေကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်ကြတာတွေလည်းရှိနေပါတယ်။

ယင်းမာပင်ဘက်မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းစစ်ဆင်မှုကြောင့် ကျေး ရွာ၂၀ ဝန်းကျင်က ရွာသား သောင်းဂဏန်းဘေးလွတ်ရာကို ပြေးကြရတယ်လို့ ဒေသခံတွေပြောပါတယ်။

“အောင်ချမ်းသာကနေ စလာတာ၊ အောင်ချမ်းသာက အမတို့နဲ့ နည်းနည်းလှမ်းတယ်။ အောင်ချမ်းသာမှက စာသင်ကျောင်းကိုပါ မီးနဲ့ ရှို့သွားတယ်။ အဲ့ဒီမှာ အသေအပျောက်တော့ မကြားရဘူး။ အောင်ချမ်းသာကနေပြီး စည်လှောင်၊ စည်လှောင်ကနေ အောင်ချမ်းအေး၊ အောင်ချမ်းအေးကမှ လမ်းက ထန်းတဲတွေကို မီးရှို့။ အဲ့ကနေမှ မြရိပ်ရွာ၊ မြရိပ်ပြီးမှ ရေကြည်ပင်၊ ထန်းတောကြီး၊ ထန်းတောကြီးပြီးတော့ ကြေးစာကျ၊ ကြေးစာကျပြီးတော့မှ ဂုန်တော၊ ဂုန်တောပြီးတော့မှ ငါးတဲ့စုရွာက ကလေးတွေကို ဖမ်းပြီးတော့ ၂ ထပ်ရုံးနားလေးမှာ ပစ်သတ်သွားတာ။ သူတို့က အရှေ့ကို ဆက်တိုက်လာပြီးတော့မှ ဝါးတန်းကို မီးဝင်ရှို့။ ဝါးတန်းကို ရှို့ပြီးတော့မှ တည်ပင်ကန်ကို ဝင်တာ။”

စစ်ကောင်စီတပ်တွေက ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေနဲ့ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကိုပါ နယ်မြေရှေင်းလင်းရေးလုပ်ပြီး ငါးတဲစုရွာက ရွာသား ၅ ဦးကို ဖမ်းဆီးပြီး ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ပစ်သတ်ခံရတာ ၂ ယောက်။ ၃ ယောက်ကတော့ ပြောရမယ်ဆိုရင် အဲ့ ၃ ယောက်ရှေ့မှာ ၂ ယောက်ကို ပစ်သတ်တာဆိုတော့ အဲ့ ၃ ယောက်ကတော့ ခု ရူးသွပ်သွပ်ပေါ့နော်။ သွေးလန့်ပြီးတော့ ခုကုနေရတယ်။ ရွာသာကျေးရွာရဲ့တောင်ဘက် ငါးတဲစုရွာက၊ နာမည်က ကိုဖား၊ ဦးကျော်ငြိမ်းတဲ့။ မြန်မာယမ်စီကုမ္ပဏီမှာ အလုပ်လုပ်တဲ့ သူတွေ။”

စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့က နေအိမ်တွေ မီးရှို့ခံရသလို သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း နေရပ်ကို စွန့်ခွာနေကြရပြီး စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အရပ်သားတွေ သေဆုံးမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီပြောခွင့်ရသူကတော့ PDF တွေဟာ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို အခြေပြုပြီး အကြမ်းဖက်မှုတွေ လှုပ်ရှားနေတာကြောင့်၊ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ဖူပါတယ်။ ဒါပေမယ့် ကျေးရွာမီးရှို့မှုတွေနဲ့ပတ်သက်ရင်၊ PDF ဘက်က လုပ်နေတာဆိုပြီးတော့လည်း စစ်ကောင်စီဘက်က တန်ပြန်စွပ်စွဲထားပါတယ်။


================

XS
SM
MD
LG