[[Zawgyi/Unicode]]
ထိုင္းျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲက စစ္ေကာင္စီရဲ႕ ဥကရစ္ထ စခန္းအနီးမွာ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေတြနဲ႔ ပူးေပါင္းတပ္ဖြဲ႔ေတြဟာ ျမန္မာစစ္တပ္နဲ႔ ေလးရက္ဆက္တိုက္ ျပင္းထန္တဲ့တိုက္ပြဲေတြျဖစ္ေနၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တုိက္ခုိက္ေနပါတယ္။ အရပ္သားေတြအပါအဝင္ ႏွစ္ဘက္ထိခိုက္မႈေတြရွိေနသလို စစ္ေၾကာင့္ ေဒသခံေထာင္ဂဏန္း ထိုင္းနယ္စပ္ဘက္ကို ထြက္ေျပးေနၾကရပါယ္။ ထိုင္း-ျမန္မာနယ္စပ္ကေန ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။
ထိုင္းျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲက စစ္ေကာင္စီရဲ႕ ဥကရစ္ထ စခန္းကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေတြနဲ႔ပူးေပါင္းတပ္ဖြဲေတြ ျပန္လည္သိမ္းပိုက္ဖို႔ႀကိဳးစားေနတာေၾကာင့္ ႏွစ္ဘက္တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနပါတယ္။ စစ္ေကာင္စီဘက္က ၄ ရက္ဆက္တိုက္ ဥကရစ္ထစခန္းနဲ႔အနီးတဝိုက္ ကို ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေဘးေရွာင္ေထာင္ဂဏန္းေလာက္ ထိုင္းနယ္စပ္ဘက္ကို ထြက္ေျပးေနၾကပါတယ္။ ႏွစ္ဘက္ အထိအခိုက္ အျပင္ အရပ္သားထိခိုက္ေသဆုံးမႈေတြလည္း ရွိေနပါတယ္။ ဇြန္လ ၃၀ ရက္ေန႔ မနက္မွာေတာ့ ထိုင္းဘက္ကို စစ္ေဘးေရွာင္ေနတဲ့ ၂၁ ႏွစ္အရြယ္ မသန္စြမ္းတဲ့လူငယ္တဦး အိပ္ေနစဥ္ သူပုန္းခိုေနတဲ့ေတာင္ယာတဲကို လက္နက္ႀကီးက်ည္ဆံက်ေရာက္ခဲ့တာေၾကာင့္ ေသဆုံးသြားခဲ့တယ္လို႔ ကရင္သတင္းစဥ္ရဲ႕တာဝန္ခံအယ္ဒီတာ ကိုေစာသိန္းျမင့္က ေျပာပါတယ္။
“ ဒီေန႔ဆိုရင္ေတာ့ေလယာဥ္နဲ႔ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္တာက အေတာ္ေလးျပင္းထန္တယ္။ ပစ္ခတ္ေနတုန္းပဲ။ ေျမျပင္မွာထိေတြ႕မႈဆိုတာထက္ တိုက္ပြဲကျပင္းထန္တဲ့အေနအထားမွာရွိတယ္။ စစ္ေဘးေရွာင္ေတြလည္း နယ္စပ္ ဘက္ေရာက္လာတယ္။ တခ်ိဳ႕ကေတာ့ ေတာင္ယာတဲေတြထဲမွာ ခိုလႈံေနၾကတုန္းပဲ။ ဒီမနက္ ၂ နာရီေလာက္မွာေတာ့ ထိုင္းနယ္စပ္ ေဝါေလေခ်ာင္း ကမ္းနေဘးမွာ ခုိလံႈေနတဲ့ စစ္ေဘးေရွာင္တဦး လက္နက္ႀကီးထိမွန္ၿပီး ဆုံးသြားတာေပါ့။ အမ်ိဳးသားတဦးပါ။ စစ္ေရွာင္ေတြက သူတို႔႐ြာေတြမွာမေနရဲေတာ့ဘူး။ တေယာက္စ ႏွစ္ေယာက္စေလာက္ပဲေနၾကေတာ့တယ္။ အထူးသျဖင့္ ထိုင္းျမန္မာနယ္စပ္ ကမ္းနဖူးေတြမွာ တခ်ိဳ႕ေတြက ထိုင္းဘက္ျခမ္းကိုကူးလာၿပီးေတာ့ တဲေတြမွာ ျဖစ္သလိုခိုလႈံေနၾကတယ္။ လူဦးေရ ၁,၀၀၀ ေက်ာ္တယ္လို႔ေတာ့ေျပာလို႔ရတယ္။ အဲဒါေတာ့လုံးဝျငင္းလို႔မရဘူး။”
တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္ေရာ၊ ပူးတြဲကာကြယ္ေရတပ္ေတြဘက္ကပါ ႏွစ္ဘက္စလုံး ထိခိုက္ဒဏ္ရာရမႈေတြရွိတယ္လို႔ဆိုေပမယ့္ သီးျခားအတည္ျပဳလို႔ မရေသးပါဘူး။ စစ္ေကာင္စီထုတ္ျပန္ခ်က္မွာေတာ့ PDF နဲ႔ KNLA တပ္ေတြက ဇြန္လ ၂၆ ရက္ေန႔ကစလို႔ ဥကရစ္ထစစ္ဆင္ေရးေျခကုပ္စခန္းကို တိုက္ခိုက္ေနၿပီး ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီးပစ္ကူေတြနဲ႔ ျပန္လည္ေခ်မႈန္းႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ႏွစ္ဘက္ ထိခိုက္ေသဆုံးမႈေတြကေတာ့ ထုတ္ျပန္ခ်က္ထဲ မပါပါဘူး။
ေလေၾကာင္းကေနတိုက္ခိုက္ေနတာ ၄ ရက္ဆက္တိုက္ရွိလာၿပီျဖစ္သလို ေဒသခံ႐ြာသားေတြလည္း ႐ြာေတြမွာမေနရဲေတာ့ဘဲ ေဘးလြတ္ရာကိုထြက္ေျပးေနရတယ္လို႔ စစ္ေဘးေရွာင္ဒုကၡသည္တဦးကေျပာပါတယ္။
“သူတို႔က နာရီဝက္တခါ၊ တနာရီတခါ ဆက္တိုက္တက္လာတယ္။ အခုလည္းတက္သြားတယ္။ အေပၚက ေလယာဥ္နဲ႔ပစ္လို႔ ေအာက္ကေန အလုံးႀကီး( လက္နက္ႀကီး) နဲ႔ ထုလိုက္ပဲ။ ေလယာဥ္ပ်ံက ည ၁၂ ေလာက္တခါ၊ မနက္ ၃ နာရီေလာက္ တခါ အခု မနက္ပိုင္းမိုင္းလင္းလည္းလာတယ္။ တေနကုန္ပါပဲ၊ ဒီဗုံးခိုက်င္းေတြကလည္း သူတို႔ေလယာဥ္နဲ႔ပစ္ေနေတာ့ ေနလို႔မရပါဘူး။ တခ်ိဳ႕လည္း ထိုင္းဘက္ကူးတယ္။ တခ်ိဳ႕ေတြလည္း ျမန္မာျပည္ဘက္ ဆိုဒ္က ဒုကၡသည္ေတြထားတဲ့ေနရာဘက္ ေျပးလာၾကတယ္။”
တိုက္ပြဲေၾကာင့္ ထိခိုက္ဒဏ္ရာရသူတခ်ိဳ႕ကို ထိုင္းဘက္မွာ အေရးေပၚကုသမႈေပးေနၿပီး ဒါကို ထိုင္းလူမႈကယ္ဆယ္ေရးအဖြဲ႕ေတြက အကူအညီေတြေပးေနပါတယ္။
ထိုင္းဘက္ကို လက္နက္ႀကီးက်ည္ဆံမ်ားက်ေရာက္ေပါက္ကြဲမႈေတြရွိတာအျပင္ ျမန္မာဘက္က တိုက္ေလယာဥ္တစီး ထိုင္းဘက္ကို နယ္ေက်ာ္ဝင္ေရာက္လာတဲ့အတြက္ ထိုင္းစာသင္ေက်ာင္းတခ်ိဳ႕ပိတ္လိုက္ရၿပီး ထိုင္းႏိုင္ငံသားေတြလည္း စိုးရိမ္ ထိတ္လန္႔ေနပါတယ္။
ထိုင္း ျမန္မာနယ္စပ္ ထိုင္းနယ္နမိတ္ျဖစ္တဲ့ဖြတ္ဖရ ၿမိဳနယ္ထဲက ေက်း႐ြာေပၚကို ျမန္မာစစ္တပ္ပိုင္ တိုက္ေလယာဥ္ေတြျဖတ္သန္းတာေၾကာင့္ ထိုင္းျပည္သူေတြ အထိတ္တလန႔္ျဖစ္ေနေၾကာင္း၊ ဒီအတြက္ ထိုင္းေလတပ္က F16 တိုက္ေလယာဥ္ ႏွစ္စင္းကို နယ္စပ္ကိုေစလႊတ္ခဲ့ရေၾကာင္း၊ ထိုင္းေတာ္ဝင္ေလတပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ပရာဝတ္စြန္က်ိဳင္ဒီက ဇြန္လ ၃၀ ရက္ေန႔က ေျပာပါတယ္။ အခုလို ထိုင္းနယ္နမိတ္ထဲကို ျမန္မာဘက္က ေလယာဥ္ေတြ ဝင္ေရာက္ပ်ံသန္းတာနဲ႔ပတ္သက္လို႔ ရန္ကုန္က အာဏာပိုင္ေတြထံ သံတမန္ေရးအဆင့္နဲ႔ အသိေပးကန႔္ကြက္သြားမွာျဖစ္ေၾကာင္း၊ အခုလိုလုပ္ရပ္မ်ိဳးေတြ ေနာက္ထပ္ျဖစ္မလာဖို႔အတြက္ ထိုင္းနယ္ျခားေစာင့္တပ္ေတြဟာ အနီးကပ္ေစာင့္ၾကည့္ေနတဲ့အေၾကာင္းလည္း ထိုင္းအာဏာပိုင္ေတြ ေျပာဆိုတာ ကိုးကားၿပီး ထိုင္းသတင္းေတြက ေဖာ္ျပပါတယ္။
ဒါေပမယ့္လည္း ဇြန္လ ၂၉ ရက္ေန႔ကေတာ့ စစ္ေကာင္စီဥကၠ႒နဲ႔ ထိုင္းတပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕တို႔ ေတြဆုံခဲ့တာရွိၿပီး ေဆြးေႏြးပြဲအတြင္း နယ္စပ္ေဒသ တည္ၿငိမ္ ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ မူးယစ္ေဆးဝါးကိစၥေတြကိုေဆြးေႏြးခဲ့ၾကတယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ထားပါတယ္။ အခုလို ေဆြေႏြးမႈေတြလုပ္ၿပီးေနာက္တရက္ ဇြန္လ ၃၀ ရက္ေန႔မွာ အခုလို ထိုင္းနယ္နမိတ္ထဲကို ျမန္မာဘက္ကေလေၾကာင္းပ်ံသန္းမူေတြျဖစ္ခဲ့တာပါ။
============
[[Unicode]]
ဥကရစ်ထတိုက်ပွဲကြောင့် ဒုက္ခသည်ထောင်ဂဏန်းထိုင်းနယ်စပ်တိမ်းရှောင်
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ လေးရက်ဆက်တိုက် ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။ အရပ်သားတွေအပါအဝင် နှစ်ဘက်ထိခိုက်မှုတွေရှိနေသလို စစ်ကြောင့် ဒေသခံထောင်ဂဏန်း ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးနေကြရပါယ်။ ထိုင်း-မြန်မာနယ်စပ်ကနေ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ပူးပေါင်းတပ်ဖွဲတွေ ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားနေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က ၄ ရက်ဆက်တိုက် ဥကရစ်ထစခန်းနဲ့အနီးတဝိုက် ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ထောင်ဂဏန်းလောက် ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးနေကြပါတယ်။ နှစ်ဘက် အထိအခိုက် အပြင် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဇွန်လ ၃၀ ရက်နေ့ မနက်မှာတော့ ထိုင်းဘက်ကို စစ်ဘေးရှောင်နေတဲ့ ၂၁ နှစ်အရွယ် မသန်စွမ်းတဲ့လူငယ်တဦး အိပ်နေစဉ် သူပုန်းခိုနေတဲ့တောင်ယာတဲကို လက်နက်ကြီးကျည်ဆံကျရောက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ကရင်သတင်းစဉ်ရဲ့တာဝန်ခံအယ်ဒီတာ ကိုစောသိန်းမြင့်က ပြောပါတယ်။
“ ဒီနေ့ဆိုရင်တော့လေယာဉ်နဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက အတော်လေးပြင်းထန်တယ်။ ပစ်ခတ်နေတုန်းပဲ။ မြေပြင်မှာထိတွေ့မှုဆိုတာထက် တိုက်ပွဲကပြင်းထန်တဲ့အနေအထားမှာရှိတယ်။ စစ်ဘေးရှောင်တွေလည်း နယ်စပ် ဘက်ရောက်လာတယ်။ တချို့ကတော့ တောင်ယာတဲတွေထဲမှာ ခိုလှုံနေကြတုန်းပဲ။ ဒီမနက် ၂ နာရီလောက်မှာတော့ ထိုင်းနယ်စပ် ဝေါလေချောင်း ကမ်းနဘေးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တဦး လက်နက်ကြီးထိမှန်ပြီး ဆုံးသွားတာပေါ့။ အမျိုးသားတဦးပါ။ စစ်ရှောင်တွေက သူတို့ရွာတွေမှာမနေရဲတော့ဘူး။ တယောက်စ နှစ်ယောက်စလောက်ပဲနေကြတော့တယ်။ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ် ကမ်းနဖူးတွေမှာ တချို့တွေက ထိုင်းဘက်ခြမ်းကိုကူးလာပြီးတော့ တဲတွေမှာ ဖြစ်သလိုခိုလှုံနေကြတယ်။ လူဦးရေ ၁,၀၀၀ ကျော်တယ်လို့တော့ပြောလို့ရတယ်။ အဲဒါတော့လုံးဝငြင်းလို့မရဘူး။”
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ရော၊ ပူးတွဲကာကွယ်ရေတပ်တွေဘက်ကပါ နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ဆိုပေမယ့် သီးခြားအတည်ပြုလို့ မရသေးပါဘူး။ စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ PDF နဲ့ KNLA တပ်တွေက ဇွန်လ ၂၆ ရက်နေ့ကစလို့ ဥကရစ်ထစစ်ဆင်ရေးခြေကုပ်စခန်းကို တိုက်ခိုက်နေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ပြန်လည်ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေကတော့ ထုတ်ပြန်ချက်ထဲ မပါပါဘူး။
လေကြောင်းကနေတိုက်ခိုက်နေတာ ၄ ရက်ဆက်တိုက်ရှိလာပြီဖြစ်သလို ဒေသခံရွာသားတွေလည်း ရွာတွေမှာမနေရဲတော့ဘဲ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်တဦးကပြောပါတယ်။
“သူတို့က နာရီဝက်တခါ၊ တနာရီတခါ ဆက်တိုက်တက်လာတယ်။ အခုလည်းတက်သွားတယ်။ အပေါ်က လေယာဉ်နဲ့ပစ်လို့ အောက်ကနေ အလုံးကြီး( လက်နက်ကြီး) နဲ့ ထုလိုက်ပဲ။ လေယာဉ်ပျံက ည ၁၂ လောက်တခါ၊ မနက် ၃ နာရီလောက် တခါ အခု မနက်ပိုင်းမိုင်းလင်းလည်းလာတယ်။ တနေကုန်ပါပဲ၊ ဒီဗုံးခိုကျင်းတွေကလည်း သူတို့လေယာဉ်နဲ့ပစ်နေတော့ နေလို့မရပါဘူး။ တချို့လည်း ထိုင်းဘက်ကူးတယ်။ တချို့တွေလည်း မြန်မာပြည်ဘက် ဆိုဒ်က ဒုက္ခသည်တွေထားတဲ့နေရာဘက် ပြေးလာကြတယ်။”
တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူတချို့ကို ထိုင်းဘက်မှာ အရေးပေါ်ကုသမှုပေးနေပြီး ဒါကို ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့တွေက အကူအညီတွေပေးနေပါတယ်။
ထိုင်းဘက်ကို လက်နက်ကြီးကျည်ဆံများကျရောက်ပေါက်ကွဲမှုတွေရှိတာအပြင် မြန်မာဘက်က တိုက်လေယာဉ်တစီး ထိုင်းဘက်ကို နယ်ကျော်ဝင်ရောက်လာတဲ့အတွက် ထိုင်းစာသင်ကျောင်းတချို့ပိတ်လိုက်ရပြီး ထိုင်းနိုင်ငံသားတွေလည်း စိုးရိမ် ထိတ်လန့်နေပါတယ်။
ထိုင်း မြန်မာနယ်စပ် ထိုင်းနယ်နမိတ်ဖြစ်တဲ့ဖွတ်ဖရ မြိုနယ်ထဲက ကျေးရွာပေါ်ကို မြန်မာစစ်တပ်ပိုင် တိုက်လေယာဉ်တွေဖြတ်သန်းတာကြောင့် ထိုင်းပြည်သူတွေ အထိတ်တလန့်ဖြစ်နေကြောင်း၊ ဒီအတွက် ထိုင်းလေတပ်က F16 တိုက်လေယာဉ် နှစ်စင်းကို နယ်စပ်ကိုစေလွှတ်ခဲ့ရကြောင်း၊ ထိုင်းတော်ဝင်လေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပရာဝတ်စွန်ကျိုင်ဒီက ဇွန်လ ၃၀ ရက်နေ့က ပြောပါတယ်။ အခုလို ထိုင်းနယ်နမိတ်ထဲကို မြန်မာဘက်က လေယာဉ်တွေ ဝင်ရောက်ပျံသန်းတာနဲ့ပတ်သက်လို့ ရန်ကုန်က အာဏာပိုင်တွေထံ သံတမန်ရေးအဆင့်နဲ့ အသိပေးကန့်ကွက်သွားမှာဖြစ်ကြောင်း၊ အခုလိုလုပ်ရပ်မျိုးတွေ နောက်ထပ်ဖြစ်မလာဖို့အတွက် ထိုင်းနယ်ခြားစောင့်တပ်တွေဟာ အနီးကပ်စောင့်ကြည့်နေတဲ့အကြောင်းလည်း ထိုင်းအာဏာပိုင်တွေ ပြောဆိုတာ ကိုးကားပြီး ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဒါပေမယ့်လည်း ဇွန်လ ၂၉ ရက်နေ့ကတော့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းတပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့ တွေဆုံခဲ့တာရှိပြီး ဆွေးနွေးပွဲအတွင်း နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အခုလို ဆွေနွေးမှုတွေလုပ်ပြီးနောက်တရက် ဇွန်လ ၃၀ ရက်နေ့မှာ အခုလို ထိုင်းနယ်နမိတ်ထဲကို မြန်မာဘက်ကလေကြောင်းပျံသန်းမူတွေဖြစ်ခဲ့တာပါ။