သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လွ်ပ္စစ္ဝန္ထမ္း ၂၆ ဦးကို KNDF ဖမ္းဆီး


ေလာပိတေရအားလွ်ပ္စစ္ (ဓါတ္ပုံ MOEE Ministery of Electricity and Energy)


[[Zawgyi/Unicode]]

လွ်ပ္စစ္ဝန္ထမ္း ၂၆ ဦးကို ဧၿပီ ၂၁ ရက္ေန႔က ဖမ္းဆီးခဲ့တယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF က ဒီေန႔ ထုတ္ျပန္ပါတယ္။ ဖမ္းဆီးတဲ့အထဲ စစ္ေကာင္စီအဖြဲ႔ဝင္ တပ္မႉး ႏွစ္ဦးပါဝင္တယ္လို႔ ဆိုေပမယ့္ ဘယ္အဆင့္လဲ ဘယ္တပ္ကလဲဆိုတာကို KNDF က အေသးစိတ္မေဖာ္ျပပါဘူး။ စစ္ေကာင္စီ ယႏၲရားဆက္လက္ လည္ပတ္ေနေအာင္ လုပ္ေပးေနတဲ့အတြက္ လွ်ပ္စစ္ဝန္ထမ္းေတြကို ဖမ္းဆီးတာလို႔ KNDF ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီဖမ္းဆီးထားတဲ့ လွ်ပ္စစ္ဝန္ထမ္းေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားတယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေပးပိုတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ကယားျပည္နယ္ေတာင္ပိုင္း ဖယ္ခံုၿမိဳ႕နယ္ အေရွ႕ဘက္ လြိဳင္ေကာ္-ဖယ္ခံုလမ္းအနီးမွာ တိုက္ပြဲေတြအတြင္း ပ်က္စီးသြားခဲ့တဲ့ လွ်ပ္စစ္တာဝါတိုင္ေတြကို ျပင္ဆင္ဖို႔ စစ္တပ္က တပ္မွဴး ၂ ဦး အပါအဝင္ လွ်ပ္စစ္ဝန္ထမ္း ၂၆ ဦး စီးနင္းလာတဲ့ ေမာ္ေတာ္ယာဥ္တစီး၊ ဆိုင္ကယ္တစီးနဲ႔ လ်ွပ္စစ္ ဆက္စပ္ပစၥည္းေတြကို ဖမ္းဆီးရမိခဲ့တယ္လို႔ ကရင္နီအမ်ဳိးသားမ်ားကာကြယ္ေရးတပ္ KNDF က ဧၿပီ ၂၅ ရက္ေန႔ ေန႔စဲြနဲ႔ ထုတ္ျပန္ထားပါတယ္။ KNDF က ဖမ္းဆီးထားသူမ်ားကို လူ႔ဂုဏ္သိကၡာနဲ႔အညီ ဖမ္းဆီးထိန္းသိမ္းထားတာေၾကာင့္ ဖမ္းဆီးခံရတဲ့သူေတြရဲ႕ မိသားစုဝင္ေတြအေနနဲ႔ မစိုးရိမ္ၾကဖို႔ ထုတ္ျပန္ ခ်က္မွာ ေျပာထားပါတယ္။

လွ်ပ္စစ္ဝန္ထမ္း ၂၀ ေက်ာ္ကို ဖမ္းဆီးတာနဲ႔ပတ္သက္လို႔ KNDF ျပန္ၾကားေရးတာဝန္ခံကို ေမးျမန္ရာမွာ အခုလို ေျပာပါတယ္။

“ေလာေလာဆယ္ က်ေနာ္တို႔ ရွိေနတဲ့ဘက္က အင္တာနက္လိုင္းမရတာရယ္၊ တေၾကာင္းေပါ့ေလေနာ္။ က်ေနာ္တို႔ ဆက္သြယ္မႈအခက္အခဲေၾကာင့္မို႔လို႔လည္း က်ေနာ္တို႔ ၾကားထဲမွာလည္း အဲ့ဒီကိစၥနဲ႔ ပတ္သက္ၿပီး လံုေလာက္တဲ့ သတင္းအခ်က္ရရွိတာလည္းမရွိတဲ့အတြက္ေၾကာင့္မို႔ အဲ့ဒီသတင္းနဲ႔ ဆက္ႏြယ္ၿပီးေတာ့ က်ေနာ္တို႔အေနနဲ႔ ေျဖၾကားေပးဖို႔ေတာ့ အခက္အခဲရွိတယ္ေပါ့ေလ။ အဲ့ဒီအတြက္လည္း က်ေနာ္အေနနဲ႔ က်ေနာ္ဘက္က ေတာင္းပန္ပါတယ္လို႔။”

ဖမ္းဆီးထားသူမ်ားကို ကရင္နီျပည္ရဲဌာန (KSP) ကို လဲႊေျပာင္းထားၿပီး စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္မႈအတြင္ ဆြဲခ်က္တင္အေရးယူႏိုင္ဖို႔ ဆက္လက္ေဆာင္ရြက္သြားလို႔ ေဖာ္ျပထားပါတယ္။ ကရင္နီျပည္ရဲဌာန (KSP) ဆိုတာကေတာ့ ကယားျပည္နယ္ထဲက ေဒသခံကာကြယ္ေရးအဖဲြ႔ေတြဖဲြ႔စည္းထားတဲ့ အုပ္ခ်ဳပ္ေရး တစိတ္တပိုင္းျဖစ္ပါတယ္။ စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီဖမ္းဆီးထားတဲ့ လွ်ပ္စစ္ဝန္ထမ္းေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားတယ္လုိ႔ ေျပာပါတယ္။

“လွ်ပ္စစ္ဝန္ထမ္းေတြကေတာ့ က်ေနာ္တို႔ အဲ့မွာ တာဝါတိုင္ျပင္တဲ့ ဝန္ထမ္းေတြ အဖမ္းခံခဲ့ရတာေတာ့ရွိတယ္။ တာဝါတိုင္ျပင္တဲ့ ဝန္ထမ္းေတြ အဖမ္းခံခဲ့ရတာရွိတယ္။ အဲ့ဒါကို က်ေနာ္တို႔ KNPP နဲ႔ PDF အဖြဲ႔ ပူးေပါင္းအဖြဲ႔ေတြက က်ေနာ္တို႔ တာဝါတိုင္ေတြ မိုင္ခြဲဖ်က္စီးခဲ့တာရွိတယ္။ အဲ့တာဝါတိုင္ကို ျပင္ဖို႔သြားတဲ့ ကရိန္းအဖြဲ႔ေတြ ၿပီးရင္ က်ေနာ္တို႔ တာဝါတိုင္ျပင္တဲ့အဖြဲ႔ေတြေပါ့၊ ဒီရက္ထဲအဖမ္းခံေတာ့မဟုတ္ဘူး၊ ဖမ္းဆီးခံရတဲ့ လူေတြ ရွိတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့က် က်ေနာ္တုိ႔ အေနနဲ႔ က ကယားျပည္နယ္ေရာ တႏိုင္ငံလံုးအတြက္ေရာ လွ်ပ္စစ္ဝန္ထမ္းေတြျဖစ္တယ္၊ လွ်ပ္စစ္ဝန္ထမ္းေတြ ျဖစ္တဲ့ အတြက္ ျပန္လႊတ္ေပးဖို႔ဆိုတာကို က်ေနာ္တို႔ ဒါေတာင္းဆိုလွ်က္ရွိပါတယ္။”

KNDF ဘက္ကေတာ့ အၾကမ္းမဖက္အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ မပါဝင္ဘဲ စစ္ေကာင္စီရဲ႕ အုပ္ခ်ဳပ္မႈယႏၱရားေအာက္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းေတြကို အေရးယူမွာျဖစ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လွ်ပ္စစ္ဝန္ထမ္း ၂၆ ဦးကို KNDF ဖမ္းဆီး
please wait

No media source currently available

0:00 0:02:51 0:00
တိုက္႐ိုက္ လင့္ခ္

===========
[[Unicode]]

လျှပ်စစ်ဝန်ထမ်း ၂၆ ဦးကို KNDF ဖမ်းဆီး

လျှပ်စစ်ဝန်ထမ်း ၂၆ ဦးကို ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးတဲ့အထဲ စစ်ကောင်စီအဖွဲ့ဝင် တပ်မှူး နှစ်ဦးပါဝင်တယ်လို့ ဆိုပေမယ့် ဘယ်အဆင့်လဲ ဘယ်တပ်ကလဲဆိုတာကို KNDF က အသေးစိတ်မဖော်ပြပါဘူး။ စစ်ကောင်စီ ယန္တရားဆက်လက် လည်ပတ်နေအောင် လုပ်ပေးနေတဲ့အတွက် လျှပ်စစ်ဝန်ထမ်းတွေကို ဖမ်းဆီးတာလို့ KNDF ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဖမ်းဆီးထားတဲ့ လျှပ်စစ်ဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပိုတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကယားပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက် လွိုင်ကော်-ဖယ်ခုံလမ်းအနီးမှာ တိုက်ပွဲတွေအတွင်း ပျက်စီးသွားခဲ့တဲ့ လျှပ်စစ်တာဝါတိုင်တွေကို ပြင်ဆင်ဖို့ စစ်တပ်က တပ်မှူး ၂ ဦး အပါအဝင် လျှပ်စစ်ဝန်ထမ်း ၂၆ ဦး စီးနင်းလာတဲ့ မော်တော်ယာဉ်တစီး၊ ဆိုင်ကယ်တစီးနဲ့ လျှပ်စစ် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဧပြီ ၂၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ KNDF က ဖမ်းဆီးထားသူများကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် ဖမ်းဆီးခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ မစိုးရိမ်ကြဖို့ ထုတ်ပြန် ချက်မှာ ပြောထားပါတယ်။

လျှပ်စစ်ဝန်ထမ်း ၂၀ ကျော်ကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ KNDF ပြန်ကြားရေးတာဝန်ခံကို မေးမြန်ရာမှာ အခုလို ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ ရှိနေတဲ့ဘက်က အင်တာနက်လိုင်းမရတာရယ်၊ တကြောင်းပေါ့လေနော်။ ကျနော်တို့ ဆက်သွယ်မှုအခက်အခဲကြောင့်မို့လို့လည်း ကျနော်တို့ ကြားထဲမှာလည်း အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ သတင်းအချက်ရရှိတာလည်းမရှိတဲ့အတွက်ကြောင့်မို့ အဲ့ဒီသတင်းနဲ့ ဆက်နွယ်ပြီးတော့ ကျနော်တို့အနေနဲ့ ဖြေကြားပေးဖို့တော့ အခက်အခဲရှိတယ်ပေါ့လေ။ အဲ့ဒီအတွက်လည်း ကျနော်အနေနဲ့ ကျနော်ဘက်က တောင်းပန်ပါတယ်လို့။”

ဖမ်းဆီးထားသူများကို ကရင်နီပြည်ရဲဌာန (KSP) ကို လွဲှပြောင်းထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်မှုအတွင် ဆွဲချက်တင်အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားလို့ ဖော်ပြထားပါတယ်။ ကရင်နီပြည်ရဲဌာန (KSP) ဆိုတာကတော့ ကယားပြည်နယ်ထဲက ဒေသခံကာကွယ်ရေးအဖွဲ့တွေဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေး တစိတ်တပိုင်းဖြစ်ပါတယ်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဖမ်းဆီးထားတဲ့ လျှပ်စစ်ဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။

“လျှပ်စစ်ဝန်ထမ်းတွေကတော့ ကျနော်တို့ အဲ့မှာ တာဝါတိုင်ပြင်တဲ့ ဝန်ထမ်းတွေ အဖမ်းခံခဲ့ရတာတော့ရှိတယ်။ တာဝါတိုင်ပြင်တဲ့ ဝန်ထမ်းတွေ အဖမ်းခံခဲ့ရတာရှိတယ်။ အဲ့ဒါကို ကျနော်တို့ KNPP နဲ့ PDF အဖွဲ့ ပူးပေါင်းအဖွဲ့တွေက ကျနော်တို့ တာဝါတိုင်တွေ မိုင်ခွဲဖျက်စီးခဲ့တာရှိတယ်။ အဲ့တာဝါတိုင်ကို ပြင်ဖို့သွားတဲ့ ကရိန်းအဖွဲ့တွေ ပြီးရင် ကျနော်တို့ တာဝါတိုင်ပြင်တဲ့အဖွဲ့တွေပေါ့၊ ဒီရက်ထဲအဖမ်းခံတော့မဟုတ်ဘူး၊ ဖမ်းဆီးခံရတဲ့ လူတွေ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ကျ ကျနော်တို့ အနေနဲ့ က ကယားပြည်နယ်ရော တနိုင်ငံလုံးအတွက်ရော လျှပ်စစ်ဝန်ထမ်းတွေဖြစ်တယ်၊ လျှပ်စစ်ဝန်ထမ်းတွေ ဖြစ်တဲ့ အတွက် ပြန်လွှတ်ပေးဖို့ဆိုတာကို ကျနော်တို့ ဒါတောင်းဆိုလျှက်ရှိပါတယ်။”

KNDF ဘက်ကတော့ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မပါဝင်ဘဲ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရားအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို အရေးယူမှာဖြစ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
===========

XS
SM
MD
LG