သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္သမၼတနဲ႔နယူးဇီလန္ဝန္ႀကီးခ်ဳပ္ အာဏာသိမ္းျမန္မာစစ္တပ္ကိုေဝဖန္ရႈတ္ခ်


အေမရိကန္သမၼတ Joe Biden နဲ႔နယူးဇီလန္ဝန္ႀကီးခ်ဳပ္  Jacinda Ardern တို႔ အိမ္ျဖဴေတာ္မွာေတြ႔ဆံုစဥ္။ (ေမ ၃၁၊ ၂၀၂၂)  

[[Zawgyi/Unicode]]

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Jacinda Ardern တို႔က ျမန္မာႏိုင္ငံမွာ အာဏာသိမ္းတာနဲ႔ အရပ္သားေတြအေပၚ စစ္တပ္က တိုက္ ခိုက္ေနတာေတြကို ရႈတ္ခ်လိုက္ၾကပါတယ္။

ႏွစ္ႏိုင္ငံေဆြးေႏြးပြဲအတြက္ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ဟာ အေမရိကန္ႏိုင္ငံမွာ ေရာက္ရွိေနၿပီး အိမ္ျဖဴေတာ္မွာ သမၼတဘိုင္ဒန္နဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္တာေတြကိုရပ္စဲၿပီး မတရားထိန္းသိမ္းထားသူေတြအားလုံးကို ျပန္လႊတ္ဖို႔၊ တႏိုင္ငံလုံးမွာ လူသားခ်င္း စာနာေထာက္ထားမႈ ေပးႏိုင္ေရးအတြက္ ခ်ဳပ္ထားတာေတြ ျဖည္လႊတ္ဖို႔နဲ႔ ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ျပန္သြားဖို႔ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြက ေတာင္းဆိုလိုက္ၾကေၾကာင္း အေမရိကန္သံ႐ုံးရဲ႕ တြစ္တာ လူမႈစာမ်က္ႏွာမွာ ေျပာထားပါတယ္။

လြတ္လပ္ပြင့္လင္းၿပီး အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္လႊားမယ့္ အင္ဒို ပစိဖိတ္ ေဒသ ျဖစ္ေပၚလာေရးအတြက္ အေမရိကန္နဲ႔ နယူးဇီလန္ႏိုင္ငံတို႔ဟာ မိတ္ဖက္အတူတြဲ၊ တိုးျမႇင့္ လုပ္ေဆာင္သြားၾကမယ္လို႔ သမၼတဘိုင္ဒန္ရဲ႕ တြစ္တာ စာမ်က္ႏွာမွာလည္း ေရးထားပါတယ္။

ရာသီဥတု အေျပာင္းအလဲ၊ အၾကမ္းဖက္မႈနဲ႔ အစြန္းေရာက္ဝါဒေတြကို ရင္ဆိုင္ ဆန႔္က်င္ၾကဖို႔ တကမာၻလုံးက အားထုတ္ေနၾကရာမွာ နယူးဇီလန္ႏိုင္ငံနဲ႔အတူ အေမရိကန္က အတူ လုပ္ေဆာင္လိုပါတယ္လို႔ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ နဲ႔ ေတြ႕ဆုံရာမွာ အေမရိကန္သမၼတဘိုင္ဒန္က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]
ကန်သမ္မတနဲ့နယူးဇီလန်ဝန်ကြီးချုပ် အာဏာသိမ်းမြန်မာစစ်တပ်ကိုဝေဖန်ရှုတ်ချ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern တို့က မြန်မာနိုင်ငံမှာ အာဏာသိမ်းတာနဲ့ အရပ်သားတွေအပေါ် စစ်တပ်က တိုက် ခိုက်နေတာတွေကို ရှုတ်ချလိုက်ကြပါတယ်။

နှစ်နိုင်ငံဆွေးနွေးပွဲအတွက် နယူးဇီလန်ဝန်ကြီးချုပ်ဟာ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပြီး အိမ်ဖြူတော်မှာ သမ္မတဘိုင်ဒန်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်တာတွေကိုရပ်စဲပြီး မတရားထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ဖို့၊ တနိုင်ငံလုံးမှာ လူသားချင်း စာနာထောက်ထားမှု ပေးနိုင်ရေးအတွက် ချုပ်ထားတာတွေ ဖြည်လွှတ်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်သွားဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေက တောင်းဆိုလိုက်ကြကြောင်း အမေရိကန်သံရုံးရဲ့ တွစ်တာ လူမှုစာမျက်နှာမှာ ပြောထားပါတယ်။

လွတ်လပ်ပွင့်လင်းပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားမယ့် အင်ဒို ပစိဖိတ် ဒေသ ဖြစ်ပေါ်လာရေးအတွက် အမေရိကန်နဲ့ နယူးဇီလန်နိုင်ငံတို့ဟာ မိတ်ဖက်အတူတွဲ၊ တိုးမြှင့် လုပ်ဆောင်သွားကြမယ်လို့ သမ္မတဘိုင်ဒန်ရဲ့ တွစ်တာ စာမျက်နှာမှာလည်း ရေးထားပါတယ်။

ရာသီဥတု အပြောင်းအလဲ၊ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒတွေကို ရင်ဆိုင် ဆန့်ကျင်ကြဖို့ တကမ္ဘာလုံးက အားထုတ်နေကြရာမှာ နယူးဇီလန်နိုင်ငံနဲ့အတူ အမေရိကန်က အတူ လုပ်ဆောင်လိုပါတယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် နဲ့ တွေ့ဆုံရာမှာ အမေရိကန်သမ္မတဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

==========

XS
SM
MD
LG