သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးေထာင္တြင္း ပစ္ခတ္ႏွိမ္နင္းမႈ လူ ၇ ဦးေသဆုံး


ကေလးအက်ဥ္းေထာင္ပင္မေဆာင္ (ဓာတ္ပံု-စစ္ေကာင္စီျပန္ၾကားေရး)


[[Zawgyi/Unicode]]


ကေလးၿမိဳ႕အက်ဥ္းေထာင္အတြင္း အာဏာပိုင္ေတြက ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားတဲ့အထဲ ခ်င္းအမ်ိဳးသားကာကြယ္ေရးတပ္ CNDF က ဖမ္းခံထားရတဲ့တပ္ဖြဲ႕ဝင္တခ်ိဳ႕ပါဝင္ၿပီး သူတို႔ ေသဆုံးမႈဟာ စစ္ေကာင္စီက ထုတ္ျပန္သလိုမဟုတ္ဘူးလို႔ CNDF က ျငင္းဆိုပါတယ္။ စစ္ေကာင္စီ ထုတ္ျပန္ခ်က္မွာေတာ့ အခ်ဳပ္သားေတြဟာ ထြက္ေျပးဖို႔ႀကံစည္လုပ္ေဆာင္တာေၾကာင့္ ပစ္ခတ္ႏွိမ္နင္းခဲ့တာလို႔ဆိုထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ကေလးၿမိဳ႕အက်ဥ္းေထာင္မွာ မတ္လ ၁၅ ရက္ ညေနပိုင္းက ေထာင္တြင္း ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၿပီ အက်ဥ္းသားနဲ႔ အခ်ဳပ္သားေတြကို အက်ဥ္းေထာင္ဝန္ထမ္းေတြက ေသနတ္နဲ႔ ပစ္ခတ္ခဲ့လို႔ ေသဆုံးဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ မတ္လ ၁၅ ရက္ ညပိုင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ရာမွာေတာ့ အခ်ဳပ္သားဗန္ဒိန္း ဦးေဆာင္တဲ့ အင္အား ၅၀ ေလာက္ဟာ ေထာင္တာဝန္ခံအရာရွိပါ ၃ ဦး ကို ဓားစားခံလုပ္ၿပီး ထြက္ေျပးလြတ္ေျမာက္ဖို႔ ႀကိဳးစားခ်ိန္မွာပစ္ခတ္တဲ့အတြက္ ဗန္ဒိန္းအပါအဝင္ အခ်ဳပ္သား ၆ ဦးနဲ႔ အက်ဥ္းသား ၁ ဦးေသဆုံးခဲ့ၿပီး အခ်ဳပ္သား ၁၂ ဦး ဒဏ္ရာရခဲ့တယ္လို႔ဆိုပါတယ္။

ေသဆုံးသူအခ်ဳပ္သားထဲက ဗန္ဒိန္းဆိုသူဟာ ခ်င္းအမ်ိဳးသား ကာကြယ္ေရးတပ္ဖြဲ႕ CNDF က တပ္ဖြဲ႕ဝင္ တဦးလည္း ျဖစ္ပါတယ္။ CNDF ေျပာေရးဆိုခြင့္ရွိသူကေတာ့ စစ္ေကာင္စီက ထုတ္ျပန္တဲ့ျဖစ္စဥ္ကို မယုံၾကည္ပါဘူး။

“သူတို႔ထြက္ေျပးဖို႔ ႀကိဳးစားတယ္ဆိုတာ လုံးဝ မျဖစ္ႏိုင္တဲ့အရာပါ။ ေထာင္ထဲက ထြက္ေျပးမယ္ဆိုတာ သူတို႔ေထာင္ထဲမွာ ၁ ႏွစ္ေလာက္ ၁ ႏွစ္နီးပါးရွိေနၿပီ။ သူတို႔ထြက္ေျပးဖို႔ ဆူပူမႈလုပ္တယ္ဆိုတာ လုံးဝ မျဖစ္ႏိုင္တဲ့ကိစၥပဲ။ သူတို႔ လက္လြန္ေျခလြန္ျဖစ္ၿပီးမွ ဒါကို သူတို႔ကို ထြက္ေျပးမယ္လို႔ နာမည္ဆိုးနဲ႔ နာမည္ဖ်က္တယ္ေပါ့ နာမည္ဖ်က္တဲ့ပုံစံမ်ိဳးလို႔ က်ေနာ္တို႔က ထင္တယ္။ သူတို႔ရဲ႕ အေၾကာင္းျပခ်က္က လုံးဝကို မျဖစ္ႏိုင္တဲ့အရာ။ ေထာင္ထဲမွာ အပ္တေခ်ာင္းေတာင္မရွိတဲ့အရာကို သူတို႔က ေသနတ္နဲ႔ပစ္တယ္ဆိုတာ လုံးဝမျဖစ္သင့္တဲ့ကိစၥ။ ဒါႀကီးက စဥ္းစားၾကည့္လိုက္ေလ ျဖစ္လည္း မျဖစ္ႏိုင္ဘူး၊ ျဖစ္လည္း မျဖစ္သင့္ဘူး။ သူတို႔ လုပ္တဲ့ပုံက ဒါက ရာဇဝတ္မႈေျမာက္တယ္လို႔ပဲ က်ေနာ္ ေျပာခ်င္ပါတယ္။”

ခ်င္းျပည္နယ္တြင္း ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီအၾကား ဒီႏွစ္အတြင္း တိုက္ ပြဲေတြျပင္းထန္ခဲ့ရာမွာ စစ္ေျမျပင္မွာဖမ္းဆီးရမိသူေတြကို ဒီအက်ဥ္းေထာင္မွာ ခ်ဳပ္ေႏွာင္ထားပါတယ္။ ဒါ့အျပင္ စစ္ေကာင္စီကိုဆန႔္က်င္သူ ဆႏၵျပကန႔္ကြက္သူေတြကိုလည္း ဒီေထာင္ထဲမွာ ခ်ဳပ္ေႏွာင္ထားတာပါ။ ကေလးၿမိဳ႕ခံတဦးကလည္း စစ္ေကာင္စီထုတ္ျပန္ခ်က္ကို မယုံၾကည္ပါဘူး။ ဒါဟာ ႏိုင္ငံေရးအက်ဥ္းသားေတြကို ဖိႏွိပ္တာေတြေၾကာင့္ ဆူပူမႈျဖစ္ၿပီး ပစ္ခတ္ တာျဖစ္ႏိုင္တယ္လို႔ ယူဆတဲ့အေၾကာင္း ေျပာပါတယ္။

“သူတို႔ သက္သက္မဲ့ႏွိပ္ကြပ္တယ္လို႔ပဲထင္တယ္ေပါ့။ အရင္ကဆို ျပန္လြတ္လာတဲ့ အမ်ိဳးသမီးေတြ ေျပာျပခ်က္အရ CDM လုပ္တဲ့ ဆရာမေတြဆို ႏွိမ္တဲ့အေနနဲ႔ ထမင္းေတြဘာေတြ တန္းစီတယ္ဆိုရင္ေတာင္ သူတို႔ ထိုင္ရင္းနဲ႔ သြားရတာမ်ိဳးေတြရွိတယ္။ လမ္းေလွ်ာက္ မတ္တပ္ရပ္ၿပီးေတာင္ မစီခိုင္းဘူး။ အထဲမွာေတာ့ သူတို႔အျပင္းအထန္ ဖိႏွိပ္ေနတယ္ေပါ့ေနာ္။ အဲ့လိုမ်ိဳး မေက်နပ္ခ်က္ေတြေၾကာင့္ ျပႆနာျဖစ္ရင္း ပစ္တယ္လို႔ပဲ သုံးသပ္ရတာပဲ။”

ကေလးၿမိဳ႕အက်ဥ္းေထာင္ဟာ ကေလးၿမိဳ႕နဲ႔ေျမာက္ဘက္ ၁၀ မိုင္ေက်ာ္အကြာမွာတည္ရွိၿပီး အနီးက ေမာ္လိုက္ကေလး ႐ြာကို အစြဲျပဳၿပီး ေမာ္လိုက္ကေလး အက်ဥ္းေထာင္လို႔ ေခၚေဝၚတာပါ။ ေထာင္မ်က္ႏွာခ်င္းဆိုင္နဲ႔ ေထာင္အနီးပတ္ဝန္းက်င္မွာ စစ္တပ္ရွိၿပီး လုံၿခဳံေရးအရ အက်ဥ္းသားေတြ ထြက္ေျပးဖို႔ မလြယ္တဲ့ေနရာလို႔ ေဒသခံေတြက သုံးသပ္ပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေထာင္တြင္း လူ႔အခြင့္ေရးခ်ိဳးေဖာက္တာေတြ ပိုမိုဆိုး႐ြားလာတာေၾကာင့္ ဖမ္းဆီးခံရတာတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြဟာ ေထာင္တြင္းသပိတ္ေတြျပဳလုပ္ၿပီး ေထာင္အာဏာပိုင္ေတြကို ဆန႔္က်င္တာေတြလည္း ရွိခဲ့ဖူးပါတယ္။ စစ္ေကာင္စီက ထုတ္ျပန္လိုက္တဲ့ ေသဆုံးသူဓါတ္ပုံေတြထဲ အမ်ားစုက ဦးေခါင္းကို ပစ္ခံထားရတာေၾကာင့္ ဒါဟာ တမင္ကို ေသေအာင္ ပစ္ခတ္တာလို႔ ယူဆသူေတြရွိပါတယ္။ အက်ဥ္းေထာင္ေနရာက ေဝးကြာလြန္းၿပီး အျပင္လူေတြနဲ႔လည္း ထိစပ္မႈသိပ္မရွိတာေၾကာင့္ အရင္းခံျဖစ္စဥ္ကို ေတာ့ သီးျခားအတည္မျပဳႏိုင္ပါဘူး။

တိုက္႐ိုက္ လင့္ခ္

=============


[[Unicode]]
ကလေးထောင်တွင်း ပစ်ခတ်နှိမ်နင်းမှု လူ ၇ ဦးသေဆုံး


ကလေးမြို့အကျဉ်းထောင်အတွင်း အာဏာပိုင်တွေက ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့အထဲ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF က ဖမ်းခံထားရတဲ့တပ်ဖွဲ့ဝင်တချို့ပါဝင်ပြီး သူတို့ သေဆုံးမှုဟာ စစ်ကောင်စီက ထုတ်ပြန်သလိုမဟုတ်ဘူးလို့ CNDF က ငြင်းဆိုပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ အချုပ်သားတွေဟာ ထွက်ပြေးဖို့ကြံစည်လုပ်ဆောင်တာကြောင့် ပစ်ခတ်နှိမ်နင်းခဲ့တာလို့ဆိုထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကလေးမြို့အကျဉ်းထောင်မှာ မတ်လ ၁၅ ရက် ညနေပိုင်းက ထောင်တွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီ အကျဉ်းသားနဲ့ အချုပ်သားတွေကို အကျဉ်းထောင်ဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မတ်လ ၁၅ ရက် ညပိုင်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာတော့ အချုပ်သားဗန်ဒိန်း ဦးဆောင်တဲ့ အင်အား ၅၀ လောက်ဟာ ထောင်တာဝန်ခံအရာရှိပါ ၃ ဦး ကို ဓားစားခံလုပ်ပြီး ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားချိန်မှာပစ်ခတ်တဲ့အတွက် ဗန်ဒိန်းအပါအဝင် အချုပ်သား ၆ ဦးနဲ့ အကျဉ်းသား ၁ ဦးသေဆုံးခဲ့ပြီး အချုပ်သား ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

သေဆုံးသူအချုပ်သားထဲက ဗန်ဒိန်းဆိုသူဟာ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF က တပ်ဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ CNDF ပြောရေးဆိုခွင့်ရှိသူကတော့ စစ်ကောင်စီက ထုတ်ပြန်တဲ့ဖြစ်စဉ်ကို မယုံကြည်ပါဘူး။

“သူတို့ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပါ။ ထောင်ထဲက ထွက်ပြေးမယ်ဆိုတာ သူတို့ထောင်ထဲမှာ ၁ နှစ်လောက် ၁ နှစ်နီးပါးရှိနေပြီ။ သူတို့ထွက်ပြေးဖို့ ဆူပူမှုလုပ်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပဲ။ သူတို့ လက်လွန်ခြေလွန်ဖြစ်ပြီးမှ ဒါကို သူတို့ကို ထွက်ပြေးမယ်လို့ နာမည်ဆိုးနဲ့ နာမည်ဖျက်တယ်ပေါ့ နာမည်ဖျက်တဲ့ပုံစံမျိုးလို့ ကျနော်တို့က ထင်တယ်။ သူတို့ရဲ့ အကြောင်းပြချက်က လုံးဝကို မဖြစ်နိုင်တဲ့အရာ။ ထောင်ထဲမှာ အပ်တချောင်းတောင်မရှိတဲ့အရာကို သူတို့က သေနတ်နဲ့ပစ်တယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စ။ ဒါကြီးက စဉ်းစားကြည့်လိုက်လေ ဖြစ်လည်း မဖြစ်နိုင်ဘူး၊ ဖြစ်လည်း မဖြစ်သင့်ဘူး။ သူတို့ လုပ်တဲ့ပုံက ဒါက ရာဇဝတ်မှုမြောက်တယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

ချင်းပြည်နယ်တွင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ဒီနှစ်အတွင်း တိုက် ပွဲတွေပြင်းထန်ခဲ့ရာမှာ စစ်မြေပြင်မှာဖမ်းဆီးရမိသူတွေကို ဒီအကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီကိုဆန့်ကျင်သူ ဆန္ဒပြကန့်ကွက်သူတွေကိုလည်း ဒီထောင်ထဲမှာ ချုပ်နှောင်ထားတာပါ။ ကလေးမြို့ခံတဦးကလည်း စစ်ကောင်စီထုတ်ပြန်ချက်ကို မယုံကြည်ပါဘူး။ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တာတွေကြောင့် ဆူပူမှုဖြစ်ပြီး ပစ်ခတ် တာဖြစ်နိုင်တယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။

“သူတို့ သက်သက်မဲ့နှိပ်ကွပ်တယ်လို့ပဲထင်တယ်ပေါ့။ အရင်ကဆို ပြန်လွတ်လာတဲ့ အမျိုးသမီးတွေ ပြောပြချက်အရ CDM လုပ်တဲ့ ဆရာမတွေဆို နှိမ်တဲ့အနေနဲ့ ထမင်းတွေဘာတွေ တန်းစီတယ်ဆိုရင်တောင် သူတို့ ထိုင်ရင်းနဲ့ သွားရတာမျိုးတွေရှိတယ်။ လမ်းလျှောက် မတ်တပ်ရပ်ပြီးတောင် မစီခိုင်းဘူး။ အထဲမှာတော့ သူတို့အပြင်းအထန် ဖိနှိပ်နေတယ်ပေါ့နော်။ အဲ့လိုမျိုး မကျေနပ်ချက်တွေကြောင့် ပြဿနာဖြစ်ရင်း ပစ်တယ်လို့ပဲ သုံးသပ်ရတာပဲ။”

ကလေးမြို့အကျဉ်းထောင်ဟာ ကလေးမြို့နဲ့မြောက်ဘက် ၁၀ မိုင်ကျော်အကွာမှာတည်ရှိပြီး အနီးက မော်လိုက်ကလေး ရွာကို အစွဲပြုပြီး မော်လိုက်ကလေး အကျဉ်းထောင်လို့ ခေါ်ဝေါ်တာပါ။ ထောင်မျက်နှာချင်းဆိုင်နဲ့ ထောင်အနီးပတ်ဝန်းကျင်မှာ စစ်တပ်ရှိပြီး လုံခြုံရေးအရ အကျဉ်းသားတွေ ထွက်ပြေးဖို့ မလွယ်တဲ့နေရာလို့ ဒေသခံတွေက သုံးသပ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထောင်တွင်း လူ့အခွင့်ရေးချိုးဖောက်တာတွေ ပိုမိုဆိုးရွားလာတာကြောင့် ဖမ်းဆီးခံရတာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်းသပိတ်တွေပြုလုပ်ပြီး ထောင်အာဏာပိုင်တွေကို ဆန့်ကျင်တာတွေလည်း ရှိခဲ့ဖူးပါတယ်။ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ သေဆုံးသူဓါတ်ပုံတွေထဲ အများစုက ဦးခေါင်းကို ပစ်ခံထားရတာကြောင့် ဒါဟာ တမင်ကို သေအောင် ပစ်ခတ်တာလို့ ယူဆသူတွေရှိပါတယ်။ အကျဉ်းထောင်နေရာက ဝေးကွာလွန်းပြီး အပြင်လူတွေနဲ့လည်း ထိစပ်မှုသိပ်မရှိတာကြောင့် အရင်းခံဖြစ်စဉ်ကို တော့ သီးခြားအတည်မပြုနိုင်ပါဘူး။

=============

XS
SM
MD
LG