သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန႔္မွာ ဦးေခါင္းေသနတ္ပစ္ခံရတဲ့ အေလာင္း ၄ ေလာင္းေတြ႔ရွိ


ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕၊ ဆိပ္မူေက်းရြာအုပ္စု၊ ဆြတ္ေအာင္ရြာ (Crd: MIMU)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဆြတ္ေအာင္ေက်း႐ြာအစြန္မွာ လက္ေနာက္ျပန္ႀကိဳးတုပ္ၿပီး ဦးေခါင္းကို ေသနတ္နဲ႔ပစ္သတ္ထားတဲ့ လူငယ္အေလာင္း ၄ ေလာင္းကို ဒီကေန႔မနက္က ေတြ႔ရွိခဲ့ပါတယ္။ သတ္ျဖတ္ခံရသူနဲ႔ သတ္ျဖတ္သြားသူေတြဟာ ဘယ္သူေတြျဖစ္တယ္ဆိုတာကိုေတာ့ စုံစမ္းေနဆဲရွိပါတယ္။ ဖားကန႔္ေဒသ မွာ တိုက္ပြဲျဖစ္ပြားၿပီး အရပ္သားထိခိုက္ေသဆုံးတာနဲ႔ တရားဥပေဒစိုးမိုးမႈမရွိတာေၾကာင့္ ေဒသခံေတြဟာ သူတို႔လုံၿခဳံေရးအတြက္ စိုးရိမ္ေနၾကပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

သတ္ျဖတ္ခံထားရတဲ့ ႐ုပ္အေလာင္းေတြကို ဖားကန႔္ၿမိဳု႔နယ္ ဆိပ္မူေက်း႐ြာအုပ္စု ဆြတ္ေအာင္႐ြာအထြက္ တံတားေအာက္မွာ ေတြ႔ခဲ့တာပါ။ မ်က္ျမင္ေတြ႔ရွိသူ တဦးက ႐ုပ္အေလာင္းေတြဟာ ႀကိဳးတုပ္ၿပီး ဦးေခါင္းဒဏ္ရာေတြနဲ႔ ေသဆုံးေနတာ ျဖစ္ေၾကာင္း ေျပာပါတယ္။

“တံတားေလးနားမွာေလး အခု ဒီမနက္မွ ေတြ႔လိုက္ၾကတာတဲ့။ ၄ ေယာက္။ ေသေနတာေပါ့။ ဒဏ္ရာကေတာ့ ဦးေခါင္းမွာ ထိထားတာပဲ။ အေနအထားေတြကေတာ့။ Gun Shot အေနအထားေနမွာေပါ့။ ေနာက္မွာေတာ့ လက္ျပန္ႀကိဳးတုပ္ထားတယ္။ အဲလိုအေနအထားေတြနဲ႔ ေတြ႕ရတယ္။ ေသတဲ့သူေတြအေနအထားေတြေတာ့ အမည္နာမ မသိ။ ဘယ္အရပ္ ဘယ္႐ြာကေနဆိုတာ မသိဘူး။ ဒီအနီးအနား ႐ြာထဲကဟာေတြေတာ့ မဟုတ္ဘူး။ ခန႔္မွန္းရသေလာက္ေတာ့ ေဝးေဝးကေန ေခၚလာၿပီးမွ ဒီမွာလာၿပီးေတာ့ လုပ္တဲ့ အေနအထား မ်ိဳးေတြ ျဖစ္ေနတာ။”

႐ုပ္အေလာင္းေတြ ေတြ႕ရွိၿပီးေနာက္ ေဒသခံ လူမႈကူညီေရးအသင္းက ဖားကန႔္ ေဆး႐ုံကရင္ခြဲ႐ုံကို ပို႔ေဆာင္ခဲ့ၿပီး ရဲတပ္ဖြဲ႔က သတ္ျဖတ္တဲ့တရားခံကို စုံစမ္းေနဆဲ ျဖစ္ေၾကာင္း ေျပာပါတယ္။ ဖားကန႔္ရဲစခန္းကို ဆက္သြယ္ရာမွာေတာ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ေဒသခံ အမ်ိဳးသမီးတဦးကေတာ့ ဖားကန႔္ေဒသမွာ လုံၿခဳံမႈကင္းမဲ့ေနေၾကာင္း အခုလို ေျပာပါတယ္။

“လက္နက္ႀကီးေတြက ႐ြာထဲ က်တဲ့အခါလည္း က်တာေပါ့ေနာ။ အဲဒါမ်ိဳးေတြျဖစ္ တယ္။ ၿပီးလို႔ရွိရင္လည္း ဆိုင္ကယ္ ႐ိုက္လုတာတို႔ ဘာတို႔ အဲဒါမ်ိဳးေတြလည္း ရွိတယ္။ ေနာက္တခုက မူးယစ္ေဆးဝါးပဲ။ မူးယစ္ေဆးဝါးကေတာ့ လမ္းေပၚမွာေတာင္မွ အလြယ္တကူရႏိုင္တဲ့အေနအထားမ်ိဳးေပါ့။ မူးယစ္ေဆးဝါးသုံးစြဲသူေတြက အဖြဲ႕ဖြဲ႕ၿပီးမွာ လုယက္တာေတြလည္း ရွိတယ္ေလ။ အရပ္သားေတြက ကိုယ့္ကိုယ္ကိုယ္ပဲ လုံၿခဳံေရး ယူရတဲ့ အေနအထားမ်ိဳးရွိေနတာေပါ့။ ”

စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲေတြေၾကာင့္ လက္နက္ႀကီးထိမွန္တာေတြ ရွိသလို ဖားကန႔္ၿမိဳ႕နယ္မွာ ေမလ ၂၇ ရက္ေန႔ကလည္း စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲျဖစ္ပြားၿပီး အရပ္သားတဦး လက္နက္ႀကီးက်ည္ထိမွန္ခဲ့သလို ၂၃ ရက္ေန႔ကေတာ့ စစ္ေကာင္စီတပ္က ဆိုင္ကယ္ရပ္ခိုင္းတာကို မရပ္တဲ့အတြက္ အရပ္သားတဦး ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရပါတယ္။ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ဒလန္လို႔ စြပ္စြဲခံရသူေတြလည္း မၾကာခန သတ္ျဖတ္ခံရတာေတြ ရွိေနပါတယ္။

#MyanmarViolence #Phakant #Kachin #VOABurmese #ကခ်င္ဖားကန္႔ #၄ေလာင္းေတြ႔ #ဆြတ္ေအာင္ရြာ #ဆိပ္မူအုပ္စု #ဗီြအိုေအ
==========

[[Unicode]]

ဖားကန့်မှာ ဦးခေါင်းသေနတ်ပစ်ခံရတဲ့ အလောင်း ၄ လောင်းတွေ့ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအစွန်မှာ လက်နောက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ထားတဲ့ လူငယ်အလောင်း ၄ လောင်းကို ဒီကနေ့မနက်က တွေ့ရှိခဲ့ပါတယ်။ သတ်ဖြတ်ခံရသူနဲ့ သတ်ဖြတ်သွားသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲရှိပါတယ်။ ဖားကန့်ဒေသ မှာ တိုက်ပွဲဖြစ်ပွားပြီး အရပ်သားထိခိုက်သေဆုံးတာနဲ့ တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် ဒေသခံတွေဟာ သူတို့လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ဖားကန့်မြိုု့နယ် ဆိပ်မူကျေးရွာအုပ်စု ဆွတ်အောင်ရွာအထွက် တံတားအောက်မှာ တွေ့ခဲ့တာပါ။ မျက်မြင်တွေ့ရှိသူ တဦးက ရုပ်အလောင်းတွေဟာ ကြိုးတုပ်ပြီး ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ ဖြစ်ကြောင်း ပြောပါတယ်။

“တံတားလေးနားမှာလေး အခု ဒီမနက်မှ တွေ့လိုက်ကြတာတဲ့။ ၄ ယောက်။ သေနေတာပေါ့။ ဒဏ်ရာကတော့ ဦးခေါင်းမှာ ထိထားတာပဲ။ အနေအထားတွေကတော့။ Gun Shot အနေအထားနေမှာပေါ့။ နောက်မှာတော့ လက်ပြန်ကြိုးတုပ်ထားတယ်။ အဲလိုအနေအထားတွေနဲ့ တွေ့ရတယ်။ သေတဲ့သူတွေအနေအထားတွေတော့ အမည်နာမ မသိ။ ဘယ်အရပ် ဘယ်ရွာကနေဆိုတာ မသိဘူး။ ဒီအနီးအနား ရွာထဲကဟာတွေတော့ မဟုတ်ဘူး။ ခန့်မှန်းရသလောက်တော့ ဝေးဝေးကနေ ခေါ်လာပြီးမှ ဒီမှာလာပြီးတော့ လုပ်တဲ့ အနေအထား မျိုးတွေ ဖြစ်နေတာ။”

ရုပ်အလောင်းတွေ တွေ့ရှိပြီးနောက် ဒေသခံ လူမှုကူညီရေးအသင်းက ဖားကန့် ဆေးရုံကရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့က သတ်ဖြတ်တဲ့တရားခံကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြောပါတယ်။ ဖားကန့်ရဲစခန်းကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒေသခံ အမျိုးသမီးတဦးကတော့ ဖားကန့်ဒေသမှာ လုံခြုံမှုကင်းမဲ့နေကြောင်း အခုလို ပြောပါတယ်။

“လက်နက်ကြီးတွေက ရွာထဲ ကျတဲ့အခါလည်း ကျတာပေါ့နော။ အဲဒါမျိုးတွေဖြစ် တယ်။ ပြီးလို့ရှိရင်လည်း ဆိုင်ကယ် ရိုက်လုတာတို့ ဘာတို့ အဲဒါမျိုးတွေလည်း ရှိတယ်။ နောက်တခုက မူးယစ်ဆေးဝါးပဲ။ မူးယစ်ဆေးဝါးကတော့ လမ်းပေါ်မှာတောင်မှ အလွယ်တကူရနိုင်တဲ့အနေအထားမျိုးပေါ့။ မူးယစ်ဆေးဝါးသုံးစွဲသူတွေက အဖွဲ့ဖွဲ့ပြီးမှာ လုယက်တာတွေလည်း ရှိတယ်လေ။ အရပ်သားတွေက ကိုယ့်ကိုယ်ကိုယ်ပဲ လုံခြုံရေး ယူရတဲ့ အနေအထားမျိုးရှိနေတာပေါ့။ ”

စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေကြောင့် လက်နက်ကြီးထိမှန်တာတွေ ရှိသလို ဖားကန့်မြို့နယ်မှာ မေလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားပြီး အရပ်သားတဦး လက်နက်ကြီးကျည်ထိမှန်ခဲ့သလို ၂၃ ရက်နေ့ကတော့ စစ်ကောင်စီတပ်က ဆိုင်ကယ်ရပ်ခိုင်းတာကို မရပ်တဲ့အတွက် အရပ်သားတဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ဒလန်လို့ စွပ်စွဲခံရသူတွေလည်း မကြာခန သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။

#MyanmarViolence #Phakant #Kachin #VOABurmese #ကချင်ဖားကန့် #၄လောင်းတွေ့ #ဆွတ်အောင်ရွာ #ဆိပ်မူအုပ်စု #ဗွီအိုအေ
==========

XS
SM
MD
LG