[[Zawgyi/Unicode]]
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဖားျပင္႐ြာနဲ႔ ဂ်န္ကပ္႐ြာအနီးမွာ ၾကာသပေတးေန႔က သတ္ျဖတ္ခံ ထားရတဲ့ ႐ုပ္အေလာင္း ၂ ေလာင္း ထပ္မံေတြ႕ရွိခဲ့ပါတယ္။ ဖားကန႔္ေဒသမွာ ဒီလ ၃ ရက္အတြင္း သတ္ျဖတ္ခံရသူ ၆ ေယာက္ရွိေနၿပီး တရားခံကို ေဖာ္ထုတ္ႏိုင္တာ မရွိေသးပါဘူး။ ဖားကန႔္ေဒသ အတြင္း လူသတ္မႈေတြ ခပ္စိပ္စိပ္ျဖစ္လာေနတဲ့အေၾကာင္း ရန္ကုန္က ေပးပို႔လာတဲ့သတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စုအတြင္းမွာ ဒီလ ၁ ရက္ေန႔က ဦးေခါင္းမွာ ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးေနတဲ့ အေလာင္း ၄ ေလာင္းေတြ႕ရွိခဲ့ၿပီး ၂ ရက္ေန႔ကေတာ့ ေနာက္ထပ္ သတ္ျဖတ္ခံထားရတဲ့ အေလာင္း ၂ ေလာင္း ထပ္မံ ေတြ႕ရွိခဲ့တာပါ။
စြန႔္ပစ္ထားတဲ့ ႐ုပ္အေလာင္းေတြ ေတြ႕ရွိတဲ့အေျခအေနကို ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူ႐ြာသားတဦးက VOA ကို အခုလို ေျပာပါတယ္။
“အေလာင္းက မေန႔က ႏွစ္ေလာင္း ေတြ႕တာ။ တေလာင္းက ဖားျပင္ ကူးတို႔ဆိပ္နားေလးမွာ သံတိုင္နဲ႔ ထိုးသတ္ထားတာ။ ေနာက္ တေလာင္းကေတာ့ ဂ်န္ကပ္၊ ဖားကန႔္ မရွီကေထာင္အုပ္စုအပိုင္ေပါ့ဗ်ာ။ အဲဒီနား ဂ်န္ကပ္နဲ႔ ႐ြာေဟာင္းၾကားထဲက သခၤ်ဳိင္းကုန္းနားေလးမွာ လက္ျပန္ႀကိဳးတုပ္ထားၿပီးမွ သတ္ ထားတာ တေလာင္းေတြ႕တယ္ဗ်။ အဲဒီလက္ျပန္ႀကိဳးတုပ္ထားတဲ့ဟာကေတာ့ နမ့္ေမွာ္ကလို႔ပဲ ၾကားတယ္။ ဖားျပင္နားေလးက သံတိုင္နဲ႔ထိုးသတ္တာကေတာ့ ဘယ္ကမွန္းမသိဘူး။”
ဒီ႐ုပ္အေလာင္းေတြကိုေတာ့ ေဒသတြင္းအေျခစိုက္ လူမႈကူညီေရးအသင္းေတြက ဖားကန႔္ၿမိဳ႕နယ္ ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိအခ်ိန္ထိ သတ္ျဖတ္တဲ့တရားခံ ဘယ္သူဆိုတာ မသိရေသး ေၾကာင္းလည္း ေျပာပါတယ္။ ဒီလ ၁ ရက္ေန႔ကေတာ့ ဆိပ္မူေက်း႐ြာအုပ္စု ဆြတ္ေအာင္႐ြာအထြက္မွာ လက္ျပန္ႀကိဳးတုပ္ၿပီး ဦးေခါင္းမွာ ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးေနတဲ့ ႐ုပ္အေလာင္း ၄ ေလာင္း ေတြ႔ခဲ့ပါတယ္။
ဒီသတ္ျဖတ္ခံရသူေတြဟာ မက္လင္ေခ်ာင္ေက်း႐ြာက အုပ္ခ်ဳပ္ေရးမႉးေဟာင္းနဲ႔ ေဆြမ်ိဳးေတာ္စပ္သူ ျဖစ္ေၾကာင္းေဒသခံေတြက ေျပာဆိုေပမဲ့ သတ္ျဖတ္တဲ့ တရားခံကိုေတာ့ ေဖာ္ထုတ္ႏိုင္တာ မရွိေသးပါဘူး။
ဖားကန႔္ၿမိဳ႕ခံတဦးကလည္း ဖားကန႔္ေဒသက လက္ရွိ အေျခအေနကို အခုလို ေျပာပါတယ္။
“ဖားကန႔္ကေတာ့ ဒီ ၃ ရက္အေတာအတြင္းမွာတင္ လူ ၆ ေယာက္ေလာက္ ပစ္သတ္ခံရတဲ့ အေန အထားက်ေတာ့။ ေသနတ္နဲ႔ပစ္သတ္ခံရတာ ၅ ေလာင္းေပါ့ေလ။ လူမႈေရးအရ ရန္ျဖစ္တဲ့ဟာကေတာ့ တေလာင္းေပါ့။ မေန႔က။ ဖားကန႔္သမိုင္း အဆက္ဆက္မွာေတာ့ လူတဦးတေယာက္ လုပ္ႀကံခံရတယ္
ဆို ဘယ္အဖြဲ႔က လုပ္တယ္ဆိုတာ မေျပာႏိုင္ဘူး။ ဒီမွာ လက္နက္ကိုင္ေတြက ၃ ဖြဲ႔၊ ၄ ဖြဲ႔ေလာက္ ရွိတယ္ဆိုေတာ့ ဘယ္တဖြဲ႔လုပ္တယ္ဆိုတာ မသိဘူး။ တရားခံလည္း ဘယ္ေတာ့မွ မေပၚတဲ့ ေဒသျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔လည္း မေျပာႏိုင္ဘူး။ ဒီရက္ပိုင္းမွာေတာ့ ထူးထူးျခားျခား လူသတ္မႈက ခပ္စိပ္စိပ္ျဖစ္ေနတာေပါ့ေနာ္။”
ဖားကန႔္ေဒသမွာ ဒီလို သတ္ျဖတ္တာေတြရွိသလို လုယက္တာေတြ လည္း မၾကာခန ျဖစ္ေနတာ ေၾကာင့္ ျပည္သူေတြဟာ စိုးရိမ္ေၾကာင့္ၾကေနၾကေၾကာင္း အခုလို ဆက္ေျပာပါတယ္။
“အဲဒီသတင္းၾကားၿပီးေနာက္ ည ၈ နာရီဟိုဘက္မွာ ထြက္ေလ့ထြက္ထ သိပ္မရွိၾကေတာ့ဘူး။ တဘက္မွာ မူးယစ္ေဆးဝါးကလည္းရွိ။ ၿပီးလို႔ရွိရင္ ခိုးဆိုးလုႏႈိက္ေတြကလည္း ခါတိုင္းထက္ ထူေျပာလာတဲ့ အေနအထား ရွိတဲ့အခါက်ေတာ့ ေတာ္ေတာ္ေလးေတာ့ သတိထားေနရတဲ့ အေနအထားျဖစ္ေနတာ။ လက္ရွိ လူထုကေတာ့ေနာ္။”
ဖားကန႔္ေဒသမွာ ၿပီးခဲ့တဲ့ လကုန္ပိုင္းက စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေမလ ၂၃ ရက္ေန႔က ဆိုင္ကယ္ရပ္မေပးတဲ့ အရပ္သားတဦးကို စစ္တပ္က ေသနတ္နဲ႔ ပစ္ခတ္တာေၾကာင့္ ေသဆုံးခဲ့သလို ၂၅ ရက္ေန႔ကေတာ့ ဆန္းႂကြယ္႐ြာက အုပ္ခ်ဳပ္ေရးမႉးတဦးကို အမည္မသိ လက္နက္ကိုင္ေတြက သတ္ျဖတ္ခဲ့ပါတယ္။
ေဒသတြင္း သတင္းမီဒီယာတခ်ိဳ႕က ဒီရက္ပိုင္းသတ္ျဖတ္ခံရသူေတြဟာ အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ ေဒသအေခၚ ပ်ဴေစာထီးဆိုသူေတြ ပါဝင္ေၾကာင္း ေဖာ္ျပေပမဲ့ VOA က သီးျခား အတည္မျပဳႏိုင္ေသး ပါဘူး။
===========
[[Unicode]]
သတ်ဖြတ်ခံရတယ်လို့ယူဆရတဲ့ ရုပ်အလောင်းများ ဖားကန့်မှာထပ်တွေ့
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားပြင်ရွာနဲ့ ဂျန်ကပ်ရွာအနီးမှာ ကြာသပတေးနေ့က သတ်ဖြတ်ခံ ထားရတဲ့ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဖားကန့်ဒေသမှာ ဒီလ ၃ ရက်အတွင်း သတ်ဖြတ်ခံရသူ ၆ ယောက်ရှိနေပြီး တရားခံကို ဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။ ဖားကန့်ဒေသ အတွင်း လူသတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့အကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းမှာ ဒီလ ၁ ရက်နေ့က ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၄ လောင်းတွေ့ရှိခဲ့ပြီး ၂ ရက်နေ့ကတော့ နောက်ထပ် သတ်ဖြတ်ခံထားရတဲ့ အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိခဲ့တာပါ။
စွန့်ပစ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ရှိတဲ့အခြေအနေကို ဖားကန့်မြို့နယ် ဆိပ်မူရွာသားတဦးက VOA ကို အခုလို ပြောပါတယ်။
“အလောင်းက မနေ့က နှစ်လောင်း တွေ့တာ။ တလောင်းက ဖားပြင် ကူးတို့ဆိပ်နားလေးမှာ သံတိုင်နဲ့ ထိုးသတ်ထားတာ။ နောက် တလောင်းကတော့ ဂျန်ကပ်၊ ဖားကန့် မရှီကထောင်အုပ်စုအပိုင်ပေါ့ဗျာ။ အဲဒီနား ဂျန်ကပ်နဲ့ ရွာဟောင်းကြားထဲက သင်္ချိုင်းကုန်းနားလေးမှာ လက်ပြန်ကြိုးတုပ်ထားပြီးမှ သတ် ထားတာ တလောင်းတွေ့တယ်ဗျ။ အဲဒီလက်ပြန်ကြိုးတုပ်ထားတဲ့ဟာကတော့ နမ့်မှော်ကလို့ပဲ ကြားတယ်။ ဖားပြင်နားလေးက သံတိုင်နဲ့ထိုးသတ်တာကတော့ ဘယ်ကမှန်းမသိဘူး။”
ဒီရုပ်အလောင်းတွေကိုတော့ ဒေသတွင်းအခြေစိုက် လူမှုကူညီရေးအသင်းတွေက ဖားကန့်မြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်ထိ သတ်ဖြတ်တဲ့တရားခံ ဘယ်သူဆိုတာ မသိရသေး ကြောင်းလည်း ပြောပါတယ်။ ဒီလ ၁ ရက်နေ့ကတော့ ဆိပ်မူကျေးရွာအုပ်စု ဆွတ်အောင်ရွာအထွက်မှာ လက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၄ လောင်း တွေ့ခဲ့ပါတယ်။
ဒီသတ်ဖြတ်ခံရသူတွေဟာ မက်လင်ချောင်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်ကြောင်းဒေသခံတွေက ပြောဆိုပေမဲ့ သတ်ဖြတ်တဲ့ တရားခံကိုတော့ ဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။
ဖားကန့်မြို့ခံတဦးကလည်း ဖားကန့်ဒေသက လက်ရှိ အခြေအနေကို အခုလို ပြောပါတယ်။
“ဖားကန့်ကတော့ ဒီ ၃ ရက်အတောအတွင်းမှာတင် လူ ၆ ယောက်လောက် ပစ်သတ်ခံရတဲ့ အနေ အထားကျတော့။ သေနတ်နဲ့ပစ်သတ်ခံရတာ ၅ လောင်းပေါ့လေ။ လူမှုရေးအရ ရန်ဖြစ်တဲ့ဟာကတော့ တလောင်းပေါ့။ မနေ့က။ ဖားကန့်သမိုင်း အဆက်ဆက်မှာတော့ လူတဦးတယောက် လုပ်ကြံခံရတယ်
ဆို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မပြောနိုင်ဘူး။ ဒီမှာ လက်နက်ကိုင်တွေက ၃ ဖွဲ့၊ ၄ ဖွဲ့လောက် ရှိတယ်ဆိုတော့ ဘယ်တဖွဲ့လုပ်တယ်ဆိုတာ မသိဘူး။ တရားခံလည်း ဘယ်တော့မှ မပေါ်တဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လည်း မပြောနိုင်ဘူး။ ဒီရက်ပိုင်းမှာတော့ ထူးထူးခြားခြား လူသတ်မှုက ခပ်စိပ်စိပ်ဖြစ်နေတာပေါ့နော်။”
ဖားကန့်ဒေသမှာ ဒီလို သတ်ဖြတ်တာတွေရှိသလို လုယက်တာတွေ လည်း မကြာခန ဖြစ်နေတာ ကြောင့် ပြည်သူတွေဟာ စိုးရိမ်ကြောင့်ကြနေကြကြောင်း အခုလို ဆက်ပြောပါတယ်။
“အဲဒီသတင်းကြားပြီးနောက် ည ၈ နာရီဟိုဘက်မှာ ထွက်လေ့ထွက်ထ သိပ်မရှိကြတော့ဘူး။ တဘက်မှာ မူးယစ်ဆေးဝါးကလည်းရှိ။ ပြီးလို့ရှိရင် ခိုးဆိုးလုနှိုက်တွေကလည်း ခါတိုင်းထက် ထူပြောလာတဲ့ အနေအထား ရှိတဲ့အခါကျတော့ တော်တော်လေးတော့ သတိထားနေရတဲ့ အနေအထားဖြစ်နေတာ။ လက်ရှိ လူထုကတော့နော်။”
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းက စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ ၂၃ ရက်နေ့က ဆိုင်ကယ်ရပ်မပေးတဲ့ အရပ်သားတဦးကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့သလို ၂၅ ရက်နေ့ကတော့ ဆန်းကြွယ်ရွာက အုပ်ချုပ်ရေးမှူးတဦးကို အမည်မသိ လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့ပါတယ်။
ဒေသတွင်း သတင်းမီဒီယာတချို့က ဒီရက်ပိုင်းသတ်ဖြတ်ခံရသူတွေဟာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသအခေါ် ပျူစောထီးဆိုသူတွေ ပါဝင်ကြောင်း ဖော်ပြပေမဲ့ VOA က သီးခြား အတည်မပြုနိုင်သေး ပါဘူး။
===========