[[Zawgyi/Unicode]]
စစ္ကိုင္းေဒသ စစ္ေကာင္စီနယ္ေျမရွင္းလင္းမႈ အရပ္သားထိခိုက္ေသဆုံး
စစ္ကိုင္းတိုင္းေဒသႀကီး ခင္ဦးၿမိဳ႕နယ္ အင္တိုင္းေတာင္႐ြာကို စစ္ေကာင္စီက နယ္ေျမရွင္းလင္း ဝင္ေရာက္ပစ္ခတ္တာေၾကာင့္ လူသုံးဦးေသဆုံးၿပီး အိမ္ေျခ ၂၀၀ နီးပါး မီးေလာင္ကြၽမ္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေရဦးၿမိဳ႕နယ္နဲ႔ ဒီပဲယင္းၿမိဳ႕နယ္အစပ္မွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးစစ္ဆင္မႈေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈေတြရွိခဲ့ပါတယ္။ ရန္ကုန္ သတင္ေပးပို႔ထားပါတယ္။
စစ္ကိုင္းတိုင္း ေဒသႀကီး ခင္ဦးၿမိဳ႕နယ္ အင္တိုင္း ေတာင္႐ြာကို ေမ ၂၀ ရက္ ညေနပိုင္းက စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္စီးနင္းပစ္ခတ္တာေၾကာင့္ လူ သုံးဦးေသဆုံးၿပီး ႏွစ္ဦးဒဏ္ရာရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေနအိမ္ေတြကို မီးရႈိ႕တာေၾကာင့္ အိမ္ေျခ ၂၀၀ နီးပါး မီးေလာင္ကြၽမ္းခဲ့တယ္လို႔ ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။
“ခင္ဦးၿမိဳ႕နယ္ အင္တိုင္းေတာင္႐ြာကိုဝင္ၿပီး ေတာက္ေလွ်ာက္ရႈိ႕သြားတာ။ ဒီေန႔ ညေန ၄ နာရီေလာက္မွာ။ အိမ္ေျခ ၁၅၀ - ၂၀၀ နီးပါးေလာက္ပါသြားတယ္။ တိုက္ပြဲမျဖစ္ဘူး။ ဘာတိုက္ပြဲမွမျဖစ္ဘူး။ ဒီတိုင္း သက္သက္ မီးရႈိ႕တာ။ ႐ြာကိုဝင္တယ္။ မီးရႈိ႕တယ္။ ဘာမွမလုပ္ေတာ့ဘူး။ ေျပာမယ္ဆိုရင္ ႐ြာလုံးကြၽတ္ကို မီးရႈိ႕တာ။ ေက်း႐ြာသားေတြက တေယာက္မွ မရွိေတာ့ဘူး။ အကုန္ထြက္ေျပးရတာ။ သူတို႔လာၿပီဆိုကတည္းက အကုန္ထြက္ေျပးရတာ။ မထြက္ေျပးရင္ ပစ္သတ္တယ္။ ပစ္သတ္ၿပီး မီးနဲ႔ရႈိ႕တယ္ဆိုေတာ့ တေယာက္မွ မေနရဲေတာ့ဘူး။”
ေမ ၁၉ ရက္ ေန႔လယ္ပိုင္းကလည္း ဒီပဲယင္းနဲ႔ ေရဦးနယ္စပ္ ေရဦးၿမိဳ႕နယ္ တာတိုင္းေက်း႐ြာ မူးကြၽန္း (မူးျမစ္ေရလယ္ကြၽန္း)မွာ စစ္ေကာင္စီလက္နက္ႀကီး ပစ္ခတ္လို႔ စစ္ေျပးဒုကၡသည္ ၅ ဦးေသဆုံးၿပီး ၅ ဦး ဒဏ္ရရတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။
“မေန႔ကဆိုေတာ့ ၁၉ ရက္ေန႔ေပါ့ေနာ္။ ၁၉ ရက္ေန႔လယ္၂ နာရီ ၃ နာရီေလာက္မွာ သူတို႔ (စစ္ေကာင္စီ) ပစ္ခတ္လို႔ ဒီပဲယင္း ေရဦးနယ္စပ္ ေပါက္သာ နဲ႔ အေရွ႕ဘက္ကမ္း တာတိုင္နဲ႔ၾကား မူးကြၽန္းထဲမွာ လွမ္းပစ္ခံရတာ။ ၿခဳံေလးေတြတို႔ တဲေလးေတြတို႔ သစ္ပင္ရိပ္ေအာက္မွာ သူတို႔ေရွာင္ၾကတိမ္းၾကတဲ့ စစ္ေရွာင္ကို လွမ္းၿပီးေတာ့ ပစ္ခံရတာ။ ေသဆုံးတာ ၅ ဦးရွိသြားၿပီ။ ၅ ဦးက ထိခိုက္ဒဏ္ရာေတြနဲ႔ ကုသစဲလို႔ေျပာေပမယ့္ ကုသဖို႔ရာခက္ခဲတယ္။ ပိတ္မိေနတယ္။”
ဒီပဲယင္း ေရဦး ခင္ဦး ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ေနၿပီး ေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြဟာလည္း ေတာေတာင္ေတြထဲ တိမ္းေရွာင္ေနရပါတယ္။ ဒါေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။
ကနီနယ္ထဲမွာဆိုရင္လည္း ေမ ၁၆ ရက္ကတည္းက နယ္ေျမရွင္းလင္းေရးဝင္လာတဲ့ စစ္ေကာင္စီ စစ္ေၾကာင္းနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားၿပီး၊ ေမ ၂၀ ရက္ေန႔ အထိ ေနအိမ္ေတြကို မီးရႈိ႕ခံေနရပါတယ္။ စစ္ေကာင္စီတပ္ဟာ ခ်င္းတြင္းျမစ္ေဘးက ေက်း ႐ြာေတြကို နယ္ေျမရွင္းလင္းေနတာျဖစ္ၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြဘက္ကေတာ့ ေက်ာက္စိမ္းနဲ႔ရိကၡာတင္ သေဘၤာေတြ ျဖတ္သန္းသြားလာဖို႔ နယ္ေျမစိုးမိုးမႈ လုပ္ေဆာင္ေနတာလို႔ ယူဆေနပါတယ္။ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး ေနအိမ္ေတြ မီးရႈိ႕ခံေနရတဲ့အတြက္ ေက်း႐ြာေတာ္ေတာ္မ်ားမ်ားက ေထာင္နဲ႔ခ်ီတဲ့ အရပ္သားေတြ ေဘးလြတ္ရာမွာ တိမ္းေရွာင္ေနရပါတယ္။ ဒီရက္ပိုင္းအတြင္း မိုး႐ြာသြန္းတာေၾကာင့္ ဒုကၡသည္ေတြ အခက္ပိုႀကဳံေနရတယ္လို႔ သိရပါတယ္။
#MyanmarViolence #SagaingFighting #VOABurmese #စစ္ကိုင္းတိုင္း #အင္တိုင္းေတာင္ရြာ #ဗီြအိုေအ #စစ္ေကာင္စီမီး႐ိႈ႕
============
[[Zawgyi/Unicode]]
စစ်ကိုင်းဒေသ စစ်ကောင်စီနယ်မြေရှင်းလင်းမှု အရပ်သားထိခိုက်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အင်တိုင်းတောင်ရွာကို စစ်ကောင်စီက နယ်မြေရှင်းလင်း ဝင်ရောက်ပစ်ခတ်တာကြောင့် လူသုံးဦးသေဆုံးပြီး အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးစစ်ဆင်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ ရန်ကုန် သတင်ပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် အင်တိုင်း တောင်ရွာကို မေ ၂၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပစ်ခတ်တာကြောင့် လူ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်တွေကို မီးရှို့တာကြောင့် အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“ခင်ဦးမြို့နယ် အင်တိုင်းတောင်ရွာကိုဝင်ပြီး တောက်လျှောက်ရှို့သွားတာ။ ဒီနေ့ ညနေ ၄ နာရီလောက်မှာ။ အိမ်ခြေ ၁၅၀ - ၂၀၀ နီးပါးလောက်ပါသွားတယ်။ တိုက်ပွဲမဖြစ်ဘူး။ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ဒီတိုင်း သက်သက် မီးရှို့တာ။ ရွာကိုဝင်တယ်။ မီးရှို့တယ်။ ဘာမှမလုပ်တော့ဘူး။ ပြောမယ်ဆိုရင် ရွာလုံးကျွတ်ကို မီးရှို့တာ။ ကျေးရွာသားတွေက တယောက်မှ မရှိတော့ဘူး။ အကုန်ထွက်ပြေးရတာ။ သူတို့လာပြီဆိုကတည်းက အကုန်ထွက်ပြေးရတာ။ မထွက်ပြေးရင် ပစ်သတ်တယ်။ ပစ်သတ်ပြီး မီးနဲ့ရှို့တယ်ဆိုတော့ တယောက်မှ မနေရဲတော့ဘူး။”
မေ ၁၉ ရက် နေ့လယ်ပိုင်းကလည်း ဒီပဲယင်းနဲ့ ရေဦးနယ်စပ် ရေဦးမြို့နယ် တာတိုင်းကျေးရွာ မူးကျွန်း (မူးမြစ်ရေလယ်ကျွန်း)မှာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်လို့ စစ်ပြေးဒုက္ခသည် ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရရတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“မနေ့ကဆိုတော့ ၁၉ ရက်နေ့ပေါ့နော်။ ၁၉ ရက်နေ့လယ်၂ နာရီ ၃ နာရီလောက်မှာ သူတို့ (စစ်ကောင်စီ) ပစ်ခတ်လို့ ဒီပဲယင်း ရေဦးနယ်စပ် ပေါက်သာ နဲ့ အရှေ့ဘက်ကမ်း တာတိုင်နဲ့ကြား မူးကျွန်းထဲမှာ လှမ်းပစ်ခံရတာ။ ခြုံလေးတွေတို့ တဲလေးတွေတို့ သစ်ပင်ရိပ်အောက်မှာ သူတို့ရှောင်ကြတိမ်းကြတဲ့ စစ်ရှောင်ကို လှမ်းပြီးတော့ ပစ်ခံရတာ။ သေဆုံးတာ ၅ ဦးရှိသွားပြီ။ ၅ ဦးက ထိခိုက်ဒဏ်ရာတွေနဲ့ ကုသစဲလို့ပြောပေမယ့် ကုသဖို့ရာခက်ခဲတယ်။ ပိတ်မိနေတယ်။”
ဒီပဲယင်း ရေဦး ခင်ဦး မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကနီနယ်ထဲမှာဆိုရင်လည်း မေ ၁၆ ရက်ကတည်းက နယ်မြေရှင်းလင်းရေးဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး၊ မေ ၂၀ ရက်နေ့ အထိ နေအိမ်တွေကို မီးရှို့ခံနေရပါတယ်။ စစ်ကောင်စီတပ်ဟာ ချင်းတွင်းမြစ်ဘေးက ကျေး ရွာတွေကို နယ်မြေရှင်းလင်းနေတာဖြစ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကတော့ ကျောက်စိမ်းနဲ့ရိက္ခာတင် သင်္ဘောတွေ ဖြတ်သန်းသွားလာဖို့ နယ်မြေစိုးမိုးမှု လုပ်ဆောင်နေတာလို့ ယူဆနေပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေပြီး နေအိမ်တွေ မီးရှို့ခံနေရတဲ့အတွက် ကျေးရွာတော်တော်များများက ထောင်နဲ့ချီတဲ့ အရပ်သားတွေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရပါတယ်။ ဒီရက်ပိုင်းအတွင်း မိုးရွာသွန်းတာကြောင့် ဒုက္ခသည်တွေ အခက်ပိုကြုံနေရတယ်လို့ သိရပါတယ်။
#MyanmarViolence #SagaingFighting #VOABurmese #စစ်ကိုင်းတိုင်း #အင်တိုင်းတောင်ရွာ #ဗွီအိုအေ #စစ်ကောင်စီမီးရှို့
============