သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္း တမူးၿမိဳ႕အနီး တိုက္ပြဲျပင္းထန္


tamu တမူးၿမဳိ႕

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕အနီးမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေနတဲ့ စစ္ကိုင္းတိုင္းက ၿမိဳ႕နယ္ အခ်ိဳ႕မွာလည္း တယ္လီဖုန္းဆက္သြယ္ေခၚဆိုမႈလိုင္းေတြ ေခတၱျပတ္ေတာက္ေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ေမလ ၂၄ ရက္ မနက္ ၆ နာရီက စၿပီး စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕နဲ႔ ၃ မိုင္ ေဝးတဲ့ေနရာမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ပြားေနတာပါ။ ႏွစ္ဘက္ အျပန္အလွန္ အျပင္းအထန္ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီက လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္တယ္လို႔ တမူးေဒသခံကာကြယ္ေရးတပ္ဖြဲ႔ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ မနက္ ၆ နာရီကေန စျဖစ္တာ မနက္ေစာေစာစီးစီးေပါ့ေနာ္။ ၿမိဳ႕ျပင္ဘက္ တမူးၿမိဳ႕ ျပင္ဘက္ ၃ မိုင္ေလာက္ ဝန္းက်င္ေပါ့ေနာ္။ တိုက္ပြဲကေတာ့ ဒီေန႔က ေတာ္ေတာ္ေတာ့ျပင္းထန္တယ္။ ၾကာလည္းၾကာတယ္ေပါ့။ မနက္ ၆ နာရီကေန ၁၂ အထိကို တိုက္ပြဲျဖစ္ၾကတယ္။ ဟိုဘက္က စစ္ေၾကာင္းထိုးတာ ဒီသိရသေလာက္ သူတို႔ညကတည္းက ကင္းပုန္းဝပ္ၾကတာေပါ့။ သူတို႔လက္နက္သုံးတာက ေတာ္ေတာ္ကို လက္နက္ႀကီးေတြနဲ႔ လွမ္းထုတာေပါ့။ RPG လည္းပါတယ္။ 60 mm လည္းပါတယ္။ RPG ဆိုရင္ ၇ လုံး ၈ လုံးေလာက္ ပစ္ထည့္တာေပါ့။ က်ေနာ္တို႔ဘက္ကို အခုေတာ့ က်ေနာ္တို႔ ခဏေတာ့ ၿငိမ္ထားတယ္။ ဒီေလာက္နဲ႔ေတာ့ ရပ္တန႔္မယ္လို႔ က်ေနာ္တို႔ မထင္ဘူးေပါ့။”

တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ ဒါက တမူးၿမိဳ႕ဘက္က တိုက္ပြဲေတြ ျပင္းထန္ေနတဲ့အေျခအေနပါ။ စစ္ကိုင္းတိုင္းထဲက စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ ၿမိဳ႕နယ္အခ်ိဳ႕မွာလည္း ေမ ၂၄ ရက္ မနက္ပိုင္းကစလို႔ ေန႔လယ္ပိုင္းအထိ မိုဘိုင္းဖုန္းေခၚဆို ဆက္သြယ္မႈလိုင္းေတြ ျပတ္ေတာက္သြားပါတယ္။ ဖုန္းလိုင္း ျပတ္ေတာက္တာနဲ႔ ပတ္သက္လို႔ စစ္ကိုင္းတိုင္းေဒသခံတဦးက အခုလို ေျပာပါတယ္။

“ဖုန္းလိုင္းက မနက္တုန္းက ျဖတ္တယ္။ ေန႔လယ္ခင္းက်ေတာ့ ဖုန္းလိုင္းေတြ ျပန္ရသြားတယ္။ ဖုန္းလိုင္း ျပတ္တာက ကန႔္ဘလူ၊ ကြၽန္းလွက မနက္ ၆ နာရီ ၅၅ မိနစ္ကတည္းက ဖုန္းလိုင္းေတြျပတ္ သြားတယ္။ ဖုန္းလိုင္းေတြ ျပန္ျပတ္ၿပီးေတာ့ ေန႔လယ္ ၁ နာရီမွာ ဖုန္းလိုင္းေတြျပန္ရတယ္။ မနက္ ၇ နာရီမွာ ပ်က္ၿပီး ေန႔လည္ ၁ နာရီမွာ ျပန္ရတယ္။”

ခင္ဦးၿမိဳ႕နယ္နဲ႔ ေရဦး ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာလည္း တယ္လီဖုန္းလိုင္းေတြ ျပတ္ေတာက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေရဦးၿမိဳ႕နယ္ထဲက ေဒသခံ ၂ ဦးထက္မနည္းကို ေမ ၂၃ ရက္ ညေနပိုင္းမွာ ဗြီအိုေအက ဖုန္းေခၚဆို ဆက္သြယ္ျပဳလုပ္ခ်ိန္မွာလည္း တယ္လီဖုန္းေတြ ဆက္သြယ္မရျဖစ္ခဲ့ပါတယ္။

မင္းကင္းၿမိဳ႕ေအာက္ပိုင္း ေက်း႐ြာေတြမွာဆိုရင္လည္း ဒီကေန႔ မနက္ပိုင္းကတည္းကစလို႔ တယ္လီဖုန္းလိုင္းေတြ ျပတ္ေတာက္သြားတယ္လို႔လည္း မင္းကင္း ေဒသခံတဦးက ေျပာပါတယ္။

“အခုဆို သံေပါက္ ကမ္းတက္ ေလာင္းျပည္တို႔ဘက္မွာ ဖုန္းလိုင္းေတြျပတ္ေနတယ္။ မင္းကင္းရဲ႕ေအာက္ဘက္ အကုန္လုံးလိုလိုပဲ အဲ့အရပ္ေဒသေတြကို ဖုန္းဆက္လို႔ကိုမရဘူး။”

စစ္ကိုင္းတိုင္းက ၿမိဳ႕ႀကီး ၄ ၿမိဳ႕ျဖစ္တဲ့ စစ္ကိုင္း၊ ေ႐ႊဘို၊ မုံ႐ြာ၊ ကေလးတို႔ကလြဲၿပီး က်န္ၿမိဳ႕နယ္ေတြထဲက ေက်း႐ြာေတြကို မတ္လ ၃ ရက္ ည ၁၁ နာရီကစလို႔ မိုဘိုင္းအင္တာနက္ေတြကို ျဖတ္ေတာက္ထားၿပီး တခ်ိဳ႕ေက်း႐ြာေတြမွာေတာ့ ျမန္ႏႈန္နိမ့္ 2G ဝန္ေဆာင္မႈသာ ေပးထားပါတယ္။ မိုဘိုင္းအင္တာနက္ေတြ ျပတ္ေတာက္တာ ဖုန္းလိုင္းေတြ ျပတ္ေတာက္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ ျပန္တာေတာ့မရွိေသးပါဘူး။

စစ္ကိုင္း တမူးၿမိဳ႕အနီး တိုက္ပြဲျပင္းထန္
please wait

No media source currently available

0:00 0:03:05 0:00
တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

စစ်ကိုင်း တမူးမြို့အနီး တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့အနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီက နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် အချို့မှာလည်း တယ်လီဖုန်းဆက်သွယ်ခေါ်ဆိုမှုလိုင်းတွေ ခေတ္တပြတ်တောက်နေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

မေလ ၂၄ ရက် မနက် ၆ နာရီက စပြီး စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နဲ့ ၃ မိုင် ဝေးတဲ့နေရာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။ နှစ်ဘက် အပြန်အလှန် အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တယ်လို့ တမူးဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ မနက် ၆ နာရီကနေ စဖြစ်တာ မနက်စောစောစီးစီးပေါ့နော်။ မြို့ပြင်ဘက် တမူးမြို့ ပြင်ဘက် ၃ မိုင်လောက် ဝန်းကျင်ပေါ့နော်။ တိုက်ပွဲကတော့ ဒီနေ့က တော်တော်တော့ပြင်းထန်တယ်။ ကြာလည်းကြာတယ်ပေါ့။ မနက် ၆ နာရီကနေ ၁၂ အထိကို တိုက်ပွဲဖြစ်ကြတယ်။ ဟိုဘက်က စစ်ကြောင်းထိုးတာ ဒီသိရသလောက် သူတို့ညကတည်းက ကင်းပုန်းဝပ်ကြတာပေါ့။ သူတို့လက်နက်သုံးတာက တော်တော်ကို လက်နက်ကြီးတွေနဲ့ လှမ်းထုတာပေါ့။ RPG လည်းပါတယ်။ 60 mm လည်းပါတယ်။ RPG ဆိုရင် ၇ လုံး ၈ လုံးလောက် ပစ်ထည့်တာပေါ့။ ကျနော်တို့ဘက်ကို အခုတော့ ကျနော်တို့ ခဏတော့ ငြိမ်ထားတယ်။ ဒီလောက်နဲ့တော့ ရပ်တန့်မယ်လို့ ကျနော်တို့ မထင်ဘူးပေါ့။”

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒါက တမူးမြို့ဘက်က တိုက်ပွဲတွေ ပြင်းထန်နေတဲ့အခြေအနေပါ။ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မြို့နယ်အချို့မှာလည်း မေ ၂၄ ရက် မနက်ပိုင်းကစလို့ နေ့လယ်ပိုင်းအထိ မိုဘိုင်းဖုန်းခေါ်ဆို ဆက်သွယ်မှုလိုင်းတွေ ပြတ်တောက်သွားပါတယ်။ ဖုန်းလိုင်း ပြတ်တောက်တာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသခံတဦးက အခုလို ပြောပါတယ်။

“ဖုန်းလိုင်းက မနက်တုန်းက ဖြတ်တယ်။ နေ့လယ်ခင်းကျတော့ ဖုန်းလိုင်းတွေ ပြန်ရသွားတယ်။ ဖုန်းလိုင်း ပြတ်တာက ကန့်ဘလူ၊ ကျွန်းလှက မနက် ၆ နာရီ ၅၅ မိနစ်ကတည်းက ဖုန်းလိုင်းတွေပြတ် သွားတယ်။ ဖုန်းလိုင်းတွေ ပြန်ပြတ်ပြီးတော့ နေ့လယ် ၁ နာရီမှာ ဖုန်းလိုင်းတွေပြန်ရတယ်။ မနက် ၇ နာရီမှာ ပျက်ပြီး နေ့လည် ၁ နာရီမှာ ပြန်ရတယ်။”

ခင်ဦးမြို့နယ်နဲ့ ရေဦး မြို့နယ်ထဲက ကျေးရွာတွေမှာလည်း တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့နယ်ထဲက ဒေသခံ ၂ ဦးထက်မနည်းကို မေ ၂၃ ရက် ညနေပိုင်းမှာ ဗွီအိုအေက ဖုန်းခေါ်ဆို ဆက်သွယ်ပြုလုပ်ချိန်မှာလည်း တယ်လီဖုန်းတွေ ဆက်သွယ်မရဖြစ်ခဲ့ပါတယ်။

မင်းကင်းမြို့အောက်ပိုင်း ကျေးရွာတွေမှာဆိုရင်လည်း ဒီကနေ့ မနက်ပိုင်းကတည်းကစလို့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်လို့လည်း မင်းကင်း ဒေသခံတဦးက ပြောပါတယ်။

“အခုဆို သံပေါက် ကမ်းတက် လောင်းပြည်တို့ဘက်မှာ ဖုန်းလိုင်းတွေပြတ်နေတယ်။ မင်းကင်းရဲ့အောက်ဘက် အကုန်လုံးလိုလိုပဲ အဲ့အရပ်ဒေသတွေကို ဖုန်းဆက်လို့ကိုမရဘူး။”

စစ်ကိုင်းတိုင်းက မြို့ကြီး ၄ မြို့ဖြစ်တဲ့ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကလေးတို့ကလွဲပြီး ကျန်မြို့နယ်တွေထဲက ကျေးရွာတွေကို မတ်လ ၃ ရက် ည ၁၁ နာရီကစလို့ မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ထားပြီး တချို့ကျေးရွာတွေမှာတော့ မြန်နှုန်နိမ့် 2G ဝန်ဆောင်မှုသာ ပေးထားပါတယ်။ မိုဘိုင်းအင်တာနက်တွေ ပြတ်တောက်တာ ဖုန်းလိုင်းတွေ ပြတ်တောက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ် ပြန်တာတော့မရှိသေးပါဘူး။
============

XS
SM
MD
LG