သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီပဲယင္း မဲအိုးေက်း႐ြာေနအိမ္တခ်ိဳ႕ မီးရႈိ႕ဖ်က္ဆီးခံရ


ဒီပဲယင္းၿမိဳ႕


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ေဒသႀကီး ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းမႈေတြလုပ္စဥ္အတြင္း ဒီပဲယင္းၿမိဳ႕အနီးက မဲအိုးေက်း႐ြာက ေနအိမ္ေတြ မီးရႈိ႕ခံရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္မွာလည္း ေနာက္ထပ္ေက်း႐ြာက ေနအိမ္ေတြ မီးေလာင္ကြၽမ္းခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ မိုးႀကီး ေလႀကီးက်လို႔ ေဘးလြတ္ရာခိုလႈံေနၾကရသူေတြ ဒုကၡေရာက္ေနၾကပါတယ္။ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းဘက္က အေျခအေနအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ဒီပဲယင္းၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းကို စစ္ေကာင္စီက ဧၿပီ ၁၈ ရက္ကစလို႔ နယ္ေျမရွင္းလင္းေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဧၿပီ ၁၉ ရက္ အဂၤါေန႔ ေန႔လယ္ပိုင္းမွာေတာ့ ဒီပဲယင္းၿမိဳ႕နဲ႔ ေရဦးၿမိဳ႕ၾကားက မဲအိုးရြာကို စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ မီးရိႈ႕သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီေနရာေတြမွာ တိုက္ပြဲျဖစ္တာမ႐ွိဘဲ ေက်း႐ြာေတြထဲဝင္ၿပီး႐ႈိ႕သြားတာျဖစ္တယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“မေန႔ ၁၈ ရက္ကတည္းက စစ္ေၾကာင္းေတြထိုးလာတယ္။ ထိုးလာၿပီးေတာ့ တိုက္ပြဲျဖစ္တာမ်ိဳးဘာမ်ိဳးမရွိဘူး။ ဒီလိုပဲထိုးလာၿပီးေတာ့ ဒီပဲယင္းဘက္ကလည္း ထြက္လာတယ္။ ေရဦးဘက္ကလည္း ထြက္ၿပီးေတာ့ ဒီပဲယင္းနဲ႔ ေရဦးၾကားမွာရွိတဲ့ ေအာင္သာက်းရြာကေန ဒီပဲယင္းၿမိဳ႕နယ္ထဲက မဲအိုးေက်းရြာအုပ္စု မဲအိုးေက်းရြာကို ဝင္ၿပီးေတာ့ အခု မီးခိုးေတြလည္း ျမင္ေနရတယ္။ အရင္က စစ္ေကာင္စီက ဝင္မီးရိႈ႕တာေတြလည္း မျဖစ္ဘူးဖူးဗ်။ သူတို႔က ဒီလိုပဲ ေအးေဆးေနတဲ့ရြာဗ်။ အဲ့ဒါမီးရိႈ႕ေနတာကို က်ေနာ္တို႔ျမင္ေနရတယ္။ ဘယ္ႏွစ္အိမ္ မီးရိႈ႕ခံရတယ္ဆိုတာေတာ့ မေျပာႏိုင္ဘူး။ မၾကည့္ရဲဘူး။ အဲ့အနီးအနားေက်းရြာေတြ အကုန္လံုးေတာ့ ေရွာင္ေနၾကရၿပီေပါ့။”

စစ္ေကာင္စီကတပ္ေတြ စစ္ေရးလႈပ္႐ွားေနတာေၾကာင့္ မဲအိုးေက်းရြာအပါအဝင္ လက္ယက္ကုန္း ၊ ေညာင္ႀကီးကုန္း၊ မူးကတြင္း စတဲ့ ေက်းရြာေတြက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြက ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကပါတယ္။ မဲအိုးေက်းရြာအနီးက ေညာင္လွေက်းရြာကို ၂၀၂၁ ႏို၀င္ဘာလတုန္းက စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တဲ့အတြက္ ေဒသခံအခ်ိဳ႕ေသဆံုးခဲ့ရဖူးပါတယ္။

စစ္ေကာင္စီတပ္ေတြ စစ္ကိုင္းတိုင္းထဲမွာ ခုလိုနယ္ေျမ႐ွင္းေနၾကသလို မေကြးတုိင္းထဲက ပခုကၠဴခ႐ိုင္ထဲမွာလည္း တ႐ြာဝင္တ႐ြာထြက္ နယ္ေျမ႐ွင္းလင္းေရးလုပ္ေနၾကပါတယ္။ ဧၿပီ ၇ ရက္ကတည္းက ေဒသခံကာကြယ္ေရးအဖဲြ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြတိုက္ပြဲျဖစ္ပြားေနၿပီး စစ္ေရးတင္းမာေနတဲ့ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာလည္း ေက်းရြာေတြ မီး႐ႈိ႕႐ွင္းလင္းခံေနၾကရပါတယ္။ ဧၿပီ ၁၈ ရက္ ညပိုင္းနဲ႔ ဧၿပီ ၁၉ ရက္ မနက္ပိုင္းတို႔မွာ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းက ေခ်ာင္းဇံုေက်းရြာက ေနအိမ္ေတြကို မီးရိႈ႕သြားတယ္လို႔ ေခ်ာင္းဇံု ေက်းရြာသားတဦးက အခုလိုေျပာပါတယ္။

“ညတုန္းက ၇ နာရီခြဲမွာ စစ္ေကာင္စီတပ္က အေနာက္ကေန စစ္ေၾကာင္းထိုးၿပီးအျပန္ က်ေနာ္တို႔ရြာကို ဝင္ၿပီးေတာ့မွ စေရာက္ေရာက္ခ်င္းပဲ မီးရိႈ႕သြားတယ္ခင္ဗ်။ စစ္ဝတ္ စစ္စံုေတြနဲ႔ပါ။ သူတို႔ ဝင္တဲ့ရြာတိုင္းကို မီးရိႈ႕ေနတာဆိုေတာ့ သူတို႔ စစ္ေၾကာင္းထိုးလာၿပီဆိုတာသိလို႔ က်ေနာ္တို႔ ျပည္သူေတြအကုန္လံုးက ေရွာင္ေနပါတယ္။ အနီးကပ္ရွိတဲ့ ကမ္းပါးတေနရာကေန သူတို႔ဝင္လာတဲ့လမ္းကို ေစာင့္ၾကည့္ေနေတာ့ သူတို႔ရြာကို ဝင္ဝင္ခ်င္း ေတာက္ေလွ်ာက္ တန္းၿပီး ၾကက္ေတြဖမ္းတယ္။ အိမ္ေတြ လိုက္ေမႊတယ္။ မေတြ႔ေ ေတာ့ မီးရိႈ႕သြားပါတယ္။
...ညတုန္းကလည္း သူတို႔ ရြာမွာေနၿပီးေတာ့ ၾကက္ေတြ ဝက္ေတြကို ခ်က္ျပဳတ္စားေသာက္ၿပီးေနတယ္။ ေနၿပီး မီးရိႈ႕တယ္။ ရိႈ႕ၿပီး မနက္က်ေတာ့ က်န္တဲ့အိမ္ေတြကို ရိႈ႕ၿပီး ထြက္သြားတယ္ခင္ဗ်။ သူတို႔က ညကေျမာက္ပိုင္းကို ဝင္ရိႈ႕ၿပီး ေတာင္ပိုင္းကိုထြက္ေတာ့ က်ေနာ္တို႔ ဝင္လု႔ိရသေလာက္ ဝင္ၿပီးၿငိမ္းတယ္။ ၿငိွမ္းလို႔ ရတဲ့ ၄/၅ လံုးေလာက္ အိမ္ေတြကို သူတို႔မနက္က်ေတာ့ ျပန္ရိႈ႕တာပဲခင္ဗ်။”

ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ စစ္တပ္ေတြ ဝင္ေရာက္နယ္ေျမ႐ွင္းေနလို႔ ေက်း႐ြာ ၁၀ ႐ြာထက္မနည္းက ႐ြာသူ႐ြာသားေတြ ေဘးလြတ္ရာေနရာေတြမွာ ပုန္းခိုေနေနၾကရပါတယ္။ အခုရက္ပိုင္း အဲဒီေနရာေတြမွာ ရက္ဆက္ မိုးသည္းထန္ေနတာေၾကာင့္ ပုန္းခိုေနသူေတြ အေတာ္ေလး အခက္ေတြ႔ေနၾကတယ္လို႔ ေဒသခံတဦးက အခုလုိေျပာပါတယ္။

“မေန႔ကလည္းသည္းတယ္။ မေန႔က မိုးသီးေတြေကာက်တာ။ ဒီေန႔က မိုးသီးေတာ့မပါဘူး။ ေလက မေန႔ ကထက္ ပိုၾကမ္းတယ္ခင္ဗ်။ မိုးကလည္း ေတာ္ေတာ္ရြာတယ္။ ေခ်ာင္းေရေတြလည္း လာေနတာ။ ဒုကၡသည္အေျခအေနက တဲေတြက ေလလွန္သြားတာေပါ့ဗ်ာ။ မိုးေတြေကာ ေလေတြေကာ ဟိုကလွည့္ပက္ ဒီကလွည့္ပက္နဲ႔ ရွိသမွ်ဟာေလးေတြအကုန္စို မိုးကာနဲ႔ေနရတဲ့ လူေတြက ပိုဆိုးတာေပါ့။ ေနစရာေတြက မရွိဘူး။ နဂိုကမွ တဲေလးေတြက ငယ္ငယ္ေလးေတြ အဲ့ဒါကို ေလလွန္တာေတြ ျဖစ္တာေပါ့။ စပါးတို႔ ပစၥည္းေတြက တေနရာသြားထားရတာဗ်။ တကယ္လို႔ ေျပးလို႔ရွိရင္ လူလြတ္ေျပးရေအာင္လို႔ ပစၥည္းေတြကို ပုန္းလွ်ိဳကြယ္ၾကားမွာ စင္ေလးေတြထိုးၿပီးမွ ဆန္အိတ္စပါးအိတ္ေတြကို တင္ထားရတာ။ အဲ့ဒါေတြပါ မိုးစိုတာေပါ့။”
ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ ဧၿပီ ၇ ရက္ကစလို႔ စစ္ေကာင္စီ နယ္ေျမရွင္းလင္းမႈေတြအတြင္း အရပ္သား ၈ ဦးထက္ မနည္းေသဆံုးခဲ့ပါတယ္။ ေတာင္ခ်ဳိေက်း႐ြာမွာ သက္ႀကီး႐ြယ္အုိ အဖြား ၁ ဦး မီးေလာင္ေသဆံုးခဲ့သလို တစူးေက်း႐ြာမွာေတာ့ စစ္ေကာင္စီရဲ႕ လက္နက္ႀကီးက်ည္က်လို႔ ေက်းရြာသား ၇ ဦး ေသဆံုးခဲ့ပါတယ္။ နယ္ေျမရွင္းလင္းမႈအတြင္း စစ္ေကာင္စီက မီးရိႈ႕တာေၾကာင့္ ေပါက္ၿမိဳ႕ေတာင္ပိုင္းက ေက်းရြာ ၁၂ ရြာ၊ ေနအိမ္ ၄၀၀ ေက်ာ္မီးေလာင္ကြ်မ္းခဲ့ၿပီး ေဒသခံ ၁ ေသာင္း ၁ ေထာင္ေက်ာ္ဟာ ေဘးလြတ္ရာေနရာေတြမွာ တိမ္းေရွာင္ေနၾကရပါတယ္။

#MyanmarViolence #SagaingFighting #VOABurmese #ဒီပဲယင္း #မဲအိုးေက်းရြာ #စစ္ေကာင္စီ #မီး႐ိႈ႕ #ဗီြအိုေအ
==============

[[Unicode]]

ဒီပဲယင်း မဲအိုးကျေးရွာနေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ


စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေလုပ်စဉ်အတွင်း ဒီပဲယင်းမြို့အနီးက မဲအိုးကျေးရွာက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း နောက်ထပ်ကျေးရွာက နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ မိုးကြီး လေကြီးကျလို့ ဘေးလွတ်ရာခိုလှုံနေကြရသူတွေ ဒုက္ခရောက်နေကြပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်က အခြေအနေအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက ဧပြီ ၁၈ ရက်ကစလို့ နယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၁၉ ရက် အင်္ဂါနေ့ နေ့လယ်ပိုင်းမှာတော့ ဒီပဲယင်းမြို့နဲ့ ရေဦးမြို့ကြားက မဲအိုးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက် မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေထဲဝင်ပြီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနေ့ ၁၈ ရက်ကတည်းက စစ်ကြောင်းတွေထိုးလာတယ်။ ထိုးလာပြီးတော့ တိုက်ပွဲဖြစ်တာမျိုးဘာမျိုးမရှိဘူး။ ဒီလိုပဲထိုးလာပြီးတော့ ဒီပဲယင်းဘက်ကလည်း ထွက်လာတယ်။ ရေဦးဘက်ကလည်း ထွက်ပြီးတော့ ဒီပဲယင်းနဲ့ ရေဦးကြားမှာရှိတဲ့ အောင်သာကျးရွာကနေ ဒီပဲယင်းမြို့နယ်ထဲက မဲအိုးကျေးရွာအုပ်စု မဲအိုးကျေးရွာကို ဝင်ပြီးတော့ အခု မီးခိုးတွေလည်း မြင်နေရတယ်။ အရင်က စစ်ကောင်စီက ဝင်မီးရှို့တာတွေလည်း မဖြစ်ဘူးဖူးဗျ။ သူတို့က ဒီလိုပဲ အေးဆေးနေတဲ့ရွာဗျ။ အဲ့ဒါမီးရှို့နေတာကို ကျနော်တို့မြင်နေရတယ်။ ဘယ်နှစ်အိမ် မီးရှို့ခံရတယ်ဆိုတာတော့ မပြောနိုင်ဘူး။ မကြည့်ရဲဘူး။ အဲ့အနီးအနားကျေးရွာတွေ အကုန်လုံးတော့ ရှောင်နေကြရပြီပေါ့။”

စစ်ကောင်စီကတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် မဲအိုးကျေးရွာအပါအဝင် လက်ယက်ကုန်း ၊ ညောင်ကြီးကုန်း၊ မူးကတွင်း စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ မဲအိုးကျေးရွာအနီးက ညောင်လှကျေးရွာကို ၂၀၂၁ နိုဝင်ဘာလတုန်းက စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တဲ့အတွက် ဒေသခံအချို့သေဆုံးခဲ့ရဖူးပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းထဲမှာ ခုလိုနယ်မြေရှင်းနေကြသလို မကွေးတိုင်းထဲက ပခုက္ကူခရိုင်ထဲမှာလည်း တရွာဝင်တရွာထွက် နယ်မြေရှင်းလင်းရေးလုပ်နေကြပါတယ်။ ဧပြီ ၇ ရက်ကတည်းက ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့ ပေါက်မြို့နယ် တောင်ပိုင်းမှာလည်း ကျေးရွာတွေ မီးရှို့ရှင်းလင်းခံနေကြရပါတယ်။ ဧပြီ ၁၈ ရက် ညပိုင်းနဲ့ ဧပြီ ၁၉ ရက် မနက်ပိုင်းတို့မှာ ပေါက်မြို့နယ် တောင်ပိုင်းက ချောင်းဇုံကျေးရွာက နေအိမ်တွေကို မီးရှို့သွားတယ်လို့ ချောင်းဇုံ ကျေးရွာသားတဦးက အခုလိုပြောပါတယ်။

“ညတုန်းက ၇ နာရီခွဲမှာ စစ်ကောင်စီတပ်က အနောက်ကနေ စစ်ကြောင်းထိုးပြီးအပြန် ကျနော်တို့ရွာကို ဝင်ပြီးတော့မှ စရောက်ရောက်ချင်းပဲ မီးရှို့သွားတယ်ခင်ဗျ။ စစ်ဝတ် စစ်စုံတွေနဲ့ပါ။ သူတို့ ဝင်တဲ့ရွာတိုင်းကို မီးရှို့နေတာဆိုတော့ သူတို့ စစ်ကြောင်းထိုးလာပြီဆိုတာသိလို့ ကျနော်တို့ ပြည်သူတွေအကုန်လုံးက ရှောင်နေပါတယ်။ အနီးကပ်ရှိတဲ့ ကမ်းပါးတနေရာကနေ သူတို့ဝင်လာတဲ့လမ်းကို စောင့်ကြည့်နေတော့ သူတို့ရွာကို ဝင်ဝင်ချင်း တောက်လျှောက် တန်းပြီး ကြက်တွေဖမ်းတယ်။ အိမ်တွေ လိုက်မွှေတယ်။ မတွေ့ေ တော့ မီးရှို့သွားပါတယ်။
...ညတုန်းကလည်း သူတို့ ရွာမှာနေပြီးတော့ ကြက်တွေ ဝက်တွေကို ချက်ပြုတ်စားသောက်ပြီးနေတယ်။ နေပြီး မီးရှို့တယ်။ ရှို့ပြီး မနက်ကျတော့ ကျန်တဲ့အိမ်တွေကို ရှို့ပြီး ထွက်သွားတယ်ခင်ဗျ။ သူတို့က ညကမြောက်ပိုင်းကို ဝင်ရှို့ပြီး တောင်ပိုင်းကိုထွက်တော့ ကျနော်တို့ ဝင်လု့ိရသလောက် ဝင်ပြီးငြိမ်းတယ်။ ငြှိမ်းလို့ ရတဲ့ ၄/၅ လုံးလောက် အိမ်တွေကို သူတို့မနက်ကျတော့ ပြန်ရှို့တာပဲခင်ဗျ။”

ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်တွေ ဝင်ရောက်နယ်မြေရှင်းနေလို့ ကျေးရွာ ၁၀ ရွာထက်မနည်းက ရွာသူရွာသားတွေ ဘေးလွတ်ရာနေရာတွေမှာ ပုန်းခိုနေနေကြရပါတယ်။ အခုရက်ပိုင်း အဲဒီနေရာတွေမှာ ရက်ဆက် မိုးသည်းထန်နေတာကြောင့် ပုန်းခိုနေသူတွေ အတော်လေး အခက်တွေ့နေကြတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနေ့ကလည်းသည်းတယ်။ မနေ့က မိုးသီးတွေကောကျတာ။ ဒီနေ့က မိုးသီးတော့မပါဘူး။ လေက မနေ့ ကထက် ပိုကြမ်းတယ်ခင်ဗျ။ မိုးကလည်း တော်တော်ရွာတယ်။ ချောင်းရေတွေလည်း လာနေတာ။ ဒုက္ခသည်အခြေအနေက တဲတွေက လေလှန်သွားတာပေါ့ဗျာ။ မိုးတွေကော လေတွေကော ဟိုကလှည့်ပက် ဒီကလှည့်ပက်နဲ့ ရှိသမျှဟာလေးတွေအကုန်စို မိုးကာနဲ့နေရတဲ့ လူတွေက ပိုဆိုးတာပေါ့။ နေစရာတွေက မရှိဘူး။ နဂိုကမှ တဲလေးတွေက ငယ်ငယ်လေးတွေ အဲ့ဒါကို လေလှန်တာတွေ ဖြစ်တာပေါ့။ စပါးတို့ ပစ္စည်းတွေက တနေရာသွားထားရတာဗျ။ တကယ်လို့ ပြေးလို့ရှိရင် လူလွတ်ပြေးရအောင်လို့ ပစ္စည်းတွေကို ပုန်းလျှိုကွယ်ကြားမှာ စင်လေးတွေထိုးပြီးမှ ဆန်အိတ်စပါးအိတ်တွေကို တင်ထားရတာ။ အဲ့ဒါတွေပါ မိုးစိုတာပေါ့။”
ပေါက်မြို့နယ်တောင်ပိုင်းမှာ ဧပြီ ၇ ရက်ကစလို့ စစ်ကောင်စီ နယ်မြေရှင်းလင်းမှုတွေအတွင်း အရပ်သား ၈ ဦးထက် မနည်းသေဆုံးခဲ့ပါတယ်။ တောင်ချိုကျေးရွာမှာ သက်ကြီးရွယ်အို အဖွား ၁ ဦး မီးလောင်သေဆုံးခဲ့သလို တစူးကျေးရွာမှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျလို့ ကျေးရွာသား ၇ ဦး သေဆုံးခဲ့ပါတယ်။ နယ်မြေရှင်းလင်းမှုအတွင်း စစ်ကောင်စီက မီးရှို့တာကြောင့် ပေါက်မြို့တောင်ပိုင်းက ကျေးရွာ ၁၂ ရွာ၊ နေအိမ် ၄၀၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ ၁ သောင်း ၁ ထောင်ကျော်ဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

#MyanmarViolence #SagaingFighting #VOABurmese #ဒီပဲယင်း #မဲအိုးကျေးရွာ #စစ်ကောင်စီ #မီးရှို့ #ဗွီအိုအေ
==============

XS
SM
MD
LG