သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းျပည္ ဖယ္ခုံအေရွ႕ျခမ္း တိုက္ပြဲျပင္းထန္ေန


ရွမ္းျပည္နယ္အတြင္းက စစ္ေဘးေရွာင္ျပည္သူမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]


ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္း ေဆာင္နန္းခဲေက်း႐ြာတဝိုက္မွာ စစ္ေကာင္စီနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႕ေတြအၾကား ေမလ ၁၂ ရက္ေန႔ေနာက္ပိုင္းကေန ဒီေန႔ ၁၈ ရက္အထိ ရက္ဆက္ တိုက္ပြဲျပင္ထန္ေနပါတယ္။ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ အဆမတန္အသုံးျပဳ ပစ္ခတ္ေနၿပီး အရပ္သားေသဆုံးမႈေတြရွိေနပါတယ္။ ရန္ကုန္ေပးပို႔တဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္း ေဆာင္နန္းခဲေက်း႐ြာနဲ႔ လြယ္ေပါေက်း႐ြာေတြတဝိုက္မွာ ေမလ ၁၂ ရက္ေန႔က စ တိုက္ပြဲျဖစ္ခဲ့ၿပီး အခု ေမလ ၁၈ ရက္ မနက္အေစာပိုင္းကေတာ့ ေဆာင္နန္းခဲေက်း႐ြာနဲ႔ ၅ မိုင္ေလာက္ေဝတဲ့ ဆီမီးေလာ့ေက်း႐ြာနားမွာ တိုက္ပြဲျဖစ္ေနတာလို႔ ဆီမီးေလာ့႐ြာခံ တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ေမလ ၁၂ ေန႔ကစေပါ့ေနာ္၊ ဒီေဆာင္နန္းခဲဆိုတဲ့ ႐ြာနားေဘးစၿပီးေတာ့ တိုက္ပြဲျဖစ္တာ ေနာက္ ၁၈ ရက္ေန႔ ဒီရက္အထိပဲေပါ့ေနာ္၊ ဒီေဆာင္နန္းခဲ႐ြာထိစတဲ့ ဒီမွာ ၁၈ ရက္ေန႔က ဒီကေန႔အထိေပါ့ ဆီမီးေလာ့ ႐ြာမွာလည္း တိုက္ပြဲျဖစ္တုန္းပဲ။ အခုလည္း ျဖစ္တုန္းပဲေပါ့ေနာ္။ လက္နက္ႀကီးေရာ၊ လက္နက္ငယ္ေရာ အသံၾကားေနရတယ္ေပါ့။ က်ေနာ္တို႔ေနတဲ့ စစ္ေရွာင္ေဘးေနတဲ့ စခန္းနဲ႔ တမိုင္ေလာက္ပဲ ကြာတာေပါ့ေနာ္။ ဒီေန႔ ၇ နာရီကတည္းက စျဖစ္တာ အခုထိပဲ။ တေနကုန္ျဖစ္ႏိုင္တယ္။”

တိုက္ပြဲကာလအတြင္း စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ အလြန္အကြၽံအသုံးျပဳၿပီး ဦးတည္ရာမရွိ ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဖယ္ခုံ-ေညာင္ေ႐ႊနယ္စပ္ ေညာင္ေ႐ႊၿမိဳ႕နယ္ ေတာင္ပို႔ကြဲေက်း႐ြာမွာ မေန႔ညက လက္နက္ႀကီးက်ေရာက္လို႔ အရပ္သားျပည္သူ ၃ ဦးေသဆုံးၿပီး တဦးဒဏ္ရာရရွိသြားပါတယ္။ ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္း လြယ္ပန္းစုံေက်း႐ြာဘက္လည္း ဘုန္းႀကီးေက်ာင္းမွာလည္း မေန႔ညက လက္နက္ႀကီးက်လို႔ အရပ္သားျပည္သူ ၂ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ဖယ္ခုံနယ္ ဆီမီးေလာ့ေက်း႐ြာ ဒီေန႔ တိုက္ပြဲအတြင္းမွာလည္း စားနပ္ရိကၡာျပန္လာယူတဲ့ စစ္ေရွာင္ျပည္သူတဦး လက္နက္ႀကီးထိမွန္ၿပီး ထိခိုက္ ဒဏ္ရာရရွိသြားတယ္လို႔ ေျပာပါတယ္။

“စစ္ေကာင္စီက ေတာ္ေတာ္ပစ္တာ။ လက္နက္ႀကီး၊ ဖယ္ခုံကေနလွမ္းၿပီးေတာ့ ထုတာတို႔၊ ေနာက္ၿပီးေတာ့ လြိဳင္ေကာ္ကေနလွမ္းၿပီးေတာ့ ပစ္တာတို႔ ရွိတာေလ။ အဲ့ဒါအခုလည္း ပစ္တုန္းပဲ။ အသံအက်ယ္ႀကီး က်ေနာ္တို႔ေနတဲ့ စစ္ေဘးစခန္းေတာင္မွ ေျမႀကီးေတြ တုန္ခါေနတယ္။ ၿပီးခဲ့တဲ့မေန႔ညက ေတာင္ပို႔ကြဲမွာ ဒီလက္နက္ႀကီးက်ၿပီးေတာ့ ဒီလူ ၃ေယာက္ေသၿပီးေတာ့ တေယာက္ ဒဏ္ရာရတယ္။ ဒီကေန႔က်ေတာ့ ဆီမီးေလာ့တိုက္ပြဲမွာ ျပည္သူတေယာက္ ထိခိုက္ဒဏ္ရာရတယ္။ လက္နက္ႀကီး၊ စစ္ေရွာင္ရင္းထိသြားတာ ရိကၡာျပန္ယူရင္း ထိသြားတာ။”

ေက်း႐ြာေတြမွာ လက္နက္ႀကီးက်လို႔ ေနအိမ္ပ်က္စီးမႈေတြရွိခဲ့ပါတယ္။ ဒါ့အျပင္ ေမလ ၁၆ ရက္ေန႔က စစ္ေကာင္စီတပ္ေတြဟာ အိမ္ေျခ ၄၀ ဝန္းက်င္ေလာက္ရွိတဲ့ ေဆာင္နန္းခဲေက်း႐ြာကို မီးရႈိ႕သြားတယ္လို႔ ေဒသခံနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ဗြီအိုေအကို အခိုင္အမာ ေျပာဆိုပါတယ္။ ဒါေပမယ့္ ေမလ ၁၇ ရက္ေန႔ထုတ္ ျမန္မာ့အလင္းသတင္းစာမွာေတာ့ ေဆာင္နန္းခဲေက်း႐ြာကို PDF က ဝင္ေရာက္မီးရႈိ႕တယ္ဆိုၿပီး စစ္ေကာင္စီဘက္က တန္ျပန္ စြပ္စြဲထားပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္ေန႔ကလည္း စစ္ေကာင္စီတပ္နဲ႔ ပအိုဝ္းျပည္သူ႔စစ္ PNO အဖြဲ႔တို႔ တပ္စြဲေနရာယူထားတဲ့ ေညာင္ေ႐ႊၿမိဳ႕နယ္ ထီရိေက်း႐ြာ ထီရိဂိတ္စခန္းကို ေဒသခံျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ေတြက သြားေရာက္တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တိုက္ပြဲအတြင္းမွာ လက္နက္ခဲယမ္းမ်ားနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ ၅ ဦး အရွင္ဖမ္းမိခဲ့တယ္လို႔ ကာကြယ္ေရးအဖြဲ႔ေတြဘက္က ေျပာပါတယ္။

အဲ့ဒီေနာက္ပိုင္းေတာ့ စစ္ေကာင္စီတပ္ေတြဟာ ဖယ္ခုံၿမိဳ႕နယ္ဘက္ကို အင္းအာအလုံးအရင္းနဲ႔ ထိုးစစ္ဆင္ လာၿပီး နယ္ေျမရွင္းလင္းေရးလုပ္လာတာေၾကာင့္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႔နဲ႔ ဒီေန႔အထိ ေန႔စဥ္ရက္ ဆက္ တိုက္ပြဲျပင္းထန္ ျဖစ္ပြားေနတာလို႔ ဖယ္ခုံၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရး တပ္ရင္း (၂) ေျပာေရးဆိုခြင့္ရွိသူ တဦးက ဗြီအိုေအကို ေျပာပါတယ္။

“အဲ့လိုျဖစ္ၿပီးေတာ့ စစ္ေၾကာင္းထိုးလိုက္လာၿပီးေတာ့ ၁၃ ရက္ေန႔ကတည္းကေပါ့။ တိုက္ပြဲကေတာ့ ၁၂ ေန႔ ေနာက္ပိုင္းဆိုလို႔ရွိရင္ ေတာက္ေလွ်ာက္ေန႔တိုင္းျဖစ္ေနတယ္ဗ်။ ဒီေဒသခံေတြလည္း ဒီဘက္မွာ မရွိေတာ့ဘူး။ ေရွာင္ေျပးကုန္ၾကတယ္ဗ်။ ၁၆ ရက္ေန႔ကေတာ့ ဒီေဆာင္နန္းခဲ႐ြာကို စစ္တပ္ကဝင္ၿပီးေတာ့ သူတို႔ ႐ြာအကုန္လုံး မီးရႈိ႕သြားတယ္ဗ်။ မေန႔ညက ၁၇ ရက္ည ၁၁ နာရီေလာက္ရွိတဲ့အခ်ိန္က်ေတာ့ အင္းလယ္က လြယ္ပန္းစုံ႐ြာကို သူက လက္နက္ႀကီးနဲ႔ထုလိုက္တာ လက္နက္ႀကီး ၄ လုံးက်ေတာ့ၿပီးေတာ့ အဲ့ဒီဘုန္းႀကီးေက်ာင္း စာသင္ေက်ာင္းထဲမွာ က်တဲ့အခါက်ေတာ့ အဲ့ဘုန္းႀကီးေက်ာင္းမွာ ေနေနတဲ့ ႐ြာသား ႏွစ္ေယာက္ေတာ့ ဒဏ္ရာရသြားတယ္ဗ်။”

လက္နက္ႀကီးပစ္ခတ္မႈနဲ႔ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြဟာ ေဘးလြတ္ရာ ေတာထဲေတာင္ၾကားမွာ ပုန္းခိုေနၾကရၿပီး က်န္းမာေရးျပသနာေတြနဲ႔ စားေရးေသာက္ေရးအခက္အခဲ ျဖစ္ေနတယ္လို႔ စစ္ေရွာင္တဦးက အခုလို ေျပာပါတယ္။

“ေတာ္ေတာ္ေလး အခက္အခဲရွိတယ္ေပါ့ေနာ္။ အိမ္လည္း ေတာ္ေတာ္နဲ႔ မျပန္ရဘူးေပါ့ေနာ္။ ေဆာက္ထားတဲ့ အိမ္ အိုးေတြက်လည္း လက္နက္ႀကီးေတြ ရမ္းသမ္းက်တဲ့အခါက်ေတာ့ ဟိုထိ ဒီထိလိုက္နဲ႔ ပ်က္လည္း ပ်က္ေနၾကတယ္။ ေနာက္ စားဝတ္ေနေရးကလည္း ေတာင္ယာ လယ္ယာလည္း ေကာင္းေကာင္းမလုပ္ရတဲ့ အခါက်ေတာ့ အခက္အခဲေတာ့ အမ်ိဳးမ်ိဳးႀကဳံေနရပါတယ္။ က်န္းမာေရးအေျခအေနက်လည္း တခ်ိဳ႕လူလည္း အဲ့မွာ စစ္ေရွာင္နဲ႔ ေသသြားတဲ့လူ အဲ့လိုမ်ိဳးလည္းရွိၾကတယ္ေပါ့ေလး။ ေနာက္ၿပီးေတာ့ ကေလးေတြက် ပိုဆိုးတယ္ေပါ့ေနာ္။ အခုက သူတို႔ ေတာထဲမွာေတာင္ထဲမွာ က်န္းမာေရး ဝမ္းေလွ်ာဝမ္းပ်က္တာတို႔ ရွိေနၾကပါတယ္။”

ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္းမွာ ယာယီစစ္ေဘးေရွာင္စခန္း ၇ ခုရွိၿပီး စစ္ေျပးဒုကၡသည္ တေသာင္းေက်ာ္ ခုံလႈံေန ရပါတယ္။ ယခင္ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနရသူေတြျဖစ္သလို အခု လတ္တေလာျဖစ္တဲ့ တိုက္ပြဲေၾကာင့္လည္း အိုးအိမ္ပစ္ေျပးလာရသူေတြရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]


ရှမ်းပြည် ဖယ်ခုံအရှေ့ခြမ်း တိုက်ပွဲပြင်းထန်နေ


ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာတဝိုက်မှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား မေလ ၁၂ ရက်နေ့နောက်ပိုင်းကနေ ဒီနေ့ ၁၈ ရက်အထိ ရက်ဆက် တိုက်ပွဲပြင်ထန်နေပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆမတန်အသုံးပြု ပစ်ခတ်နေပြီး အရပ်သားသေဆုံးမှုတွေရှိနေပါတယ်။ ရန်ကုန်ပေးပို့တဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာနဲ့ လွယ်ပေါကျေးရွာတွေတဝိုက်မှာ မေလ ၁၂ ရက်နေ့က စ တိုက်ပွဲဖြစ်ခဲ့ပြီး အခု မေလ ၁၈ ရက် မနက်အစောပိုင်းကတော့ ဆောင်နန်းခဲကျေးရွာနဲ့ ၅ မိုင်လောက်ဝေတဲ့ ဆီမီးလော့ကျေးရွာနားမှာ တိုက်ပွဲဖြစ်နေတာလို့ ဆီမီးလော့ရွာခံ တဦးက ဗွီအိုအေကို ပြောပါတယ်။

“ပြီးခဲ့တဲ့ မေလ ၁၂ နေ့ကစပေါ့နော်၊ ဒီဆောင်နန်းခဲဆိုတဲ့ ရွာနားဘေးစပြီးတော့ တိုက်ပွဲဖြစ်တာ နောက် ၁၈ ရက်နေ့ ဒီရက်အထိပဲပေါ့နော်၊ ဒီဆောင်နန်းခဲရွာထိစတဲ့ ဒီမှာ ၁၈ ရက်နေ့က ဒီကနေ့အထိပေါ့ ဆီမီးလော့ ရွာမှာလည်း တိုက်ပွဲဖြစ်တုန်းပဲ။ အခုလည်း ဖြစ်တုန်းပဲပေါ့နော်။ လက်နက်ကြီးရော၊ လက်နက်ငယ်ရော အသံကြားနေရတယ်ပေါ့။ ကျနော်တို့နေတဲ့ စစ်ရှောင်ဘေးနေတဲ့ စခန်းနဲ့ တမိုင်လောက်ပဲ ကွာတာပေါ့နော်။ ဒီနေ့ ၇ နာရီကတည်းက စဖြစ်တာ အခုထိပဲ။ တနေကုန်ဖြစ်နိုင်တယ်။”

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အလွန်အကျွံအသုံးပြုပြီး ဦးတည်ရာမရှိ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖယ်ခုံ-ညောင်ရွှေနယ်စပ် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာမှာ မနေ့ညက လက်နက်ကြီးကျရောက်လို့ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး တဦးဒဏ်ရာရရှိသွားပါတယ်။ ဖယ်ခုံမြို့နယ်အရှေ့ခြမ်း လွယ်ပန်းစုံကျေးရွာဘက်လည်း ဘုန်းကြီးကျောင်းမှာလည်း မနေ့ညက လက်နက်ကြီးကျလို့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဖယ်ခုံနယ် ဆီမီးလော့ကျေးရွာ ဒီနေ့ တိုက်ပွဲအတွင်းမှာလည်း စားနပ်ရိက္ခာပြန်လာယူတဲ့ စစ်ရှောင်ပြည်သူတဦး လက်နက်ကြီးထိမှန်ပြီး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီက တော်တော်ပစ်တာ။ လက်နက်ကြီး၊ ဖယ်ခုံကနေလှမ်းပြီးတော့ ထုတာတို့၊ နောက်ပြီးတော့ လွိုင်ကော်ကနေလှမ်းပြီးတော့ ပစ်တာတို့ ရှိတာလေ။ အဲ့ဒါအခုလည်း ပစ်တုန်းပဲ။ အသံအကျယ်ကြီး ကျနော်တို့နေတဲ့ စစ်ဘေးစခန်းတောင်မှ မြေကြီးတွေ တုန်ခါနေတယ်။ ပြီးခဲ့တဲ့မနေ့ညက တောင်ပို့ကွဲမှာ ဒီလက်နက်ကြီးကျပြီးတော့ ဒီလူ ၃ယောက်သေပြီးတော့ တယောက် ဒဏ်ရာရတယ်။ ဒီကနေ့ကျတော့ ဆီမီးလော့တိုက်ပွဲမှာ ပြည်သူတယောက် ထိခိုက်ဒဏ်ရာရတယ်။ လက်နက်ကြီး၊ စစ်ရှောင်ရင်းထိသွားတာ ရိက္ခာပြန်ယူရင်း ထိသွားတာ။”

ကျေးရွာတွေမှာ လက်နက်ကြီးကျလို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် မေလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်တွေဟာ အိမ်ခြေ ၄၀ ဝန်းကျင်လောက်ရှိတဲ့ ဆောင်နန်းခဲကျေးရွာကို မီးရှို့သွားတယ်လို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗွီအိုအေကို အခိုင်အမာ ပြောဆိုပါတယ်။ ဒါပေမယ့် မေလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ဆောင်နန်းခဲကျေးရွာကို PDF က ဝင်ရောက်မီးရှို့တယ်ဆိုပြီး စစ်ကောင်စီဘက်က တန်ပြန် စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့ တပ်စွဲနေရာယူထားတဲ့ ညောင်ရွှေမြို့နယ် ထီရိကျေးရွာ ထီရိဂိတ်စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ လက်နက်ခဲယမ်းများနဲ့ စစ်ကောင်စီတပ်ဖွဲ့ ၅ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

အဲ့ဒီနောက်ပိုင်းတော့ စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံမြို့နယ်ဘက်ကို အင်းအာအလုံးအရင်းနဲ့ ထိုးစစ်ဆင် လာပြီး နယ်မြေရှင်းလင်းရေးလုပ်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ ဒီနေ့အထိ နေ့စဉ်ရက် ဆက် တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတာလို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၂) ပြောရေးဆိုခွင့်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

“အဲ့လိုဖြစ်ပြီးတော့ စစ်ကြောင်းထိုးလိုက်လာပြီးတော့ ၁၃ ရက်နေ့ကတည်းကပေါ့။ တိုက်ပွဲကတော့ ၁၂ နေ့ နောက်ပိုင်းဆိုလို့ရှိရင် တောက်လျှောက်နေ့တိုင်းဖြစ်နေတယ်ဗျ။ ဒီဒေသခံတွေလည်း ဒီဘက်မှာ မရှိတော့ဘူး။ ရှောင်ပြေးကုန်ကြတယ်ဗျ။ ၁၆ ရက်နေ့ကတော့ ဒီဆောင်နန်းခဲရွာကို စစ်တပ်ကဝင်ပြီးတော့ သူတို့ ရွာအကုန်လုံး မီးရှို့သွားတယ်ဗျ။ မနေ့ညက ၁၇ ရက်ည ၁၁ နာရီလောက်ရှိတဲ့အချိန်ကျတော့ အင်းလယ်က လွယ်ပန်းစုံရွာကို သူက လက်နက်ကြီးနဲ့ထုလိုက်တာ လက်နက်ကြီး ၄ လုံးကျတော့ပြီးတော့ အဲ့ဒီဘုန်းကြီးကျောင်း စာသင်ကျောင်းထဲမှာ ကျတဲ့အခါကျတော့ အဲ့ဘုန်းကြီးကျောင်းမှာ နေနေတဲ့ ရွာသား နှစ်ယောက်တော့ ဒဏ်ရာရသွားတယ်ဗျ။”

လက်နက်ကြီးပစ်ခတ်မှုနဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ တောထဲတောင်ကြားမှာ ပုန်းခိုနေကြရပြီး ကျန်းမာရေးပြသနာတွေနဲ့ စားရေးသောက်ရေးအခက်အခဲ ဖြစ်နေတယ်လို့ စစ်ရှောင်တဦးက အခုလို ပြောပါတယ်။

“တော်တော်လေး အခက်အခဲရှိတယ်ပေါ့နော်။ အိမ်လည်း တော်တော်နဲ့ မပြန်ရဘူးပေါ့နော်။ ဆောက်ထားတဲ့ အိမ် အိုးတွေကျလည်း လက်နက်ကြီးတွေ ရမ်းသမ်းကျတဲ့အခါကျတော့ ဟိုထိ ဒီထိလိုက်နဲ့ ပျက်လည်း ပျက်နေကြတယ်။ နောက် စားဝတ်နေရေးကလည်း တောင်ယာ လယ်ယာလည်း ကောင်းကောင်းမလုပ်ရတဲ့ အခါကျတော့ အခက်အခဲတော့ အမျိုးမျိုးကြုံနေရပါတယ်။ ကျန်းမာရေးအခြေအနေကျလည်း တချို့လူလည်း အဲ့မှာ စစ်ရှောင်နဲ့ သေသွားတဲ့လူ အဲ့လိုမျိုးလည်းရှိကြတယ်ပေါ့လေး။ နောက်ပြီးတော့ ကလေးတွေကျ ပိုဆိုးတယ်ပေါ့နော်။ အခုက သူတို့ တောထဲမှာတောင်ထဲမှာ ကျန်းမာရေး ဝမ်းလျှောဝမ်းပျက်တာတို့ ရှိနေကြပါတယ်။”

ဖယ်ခုံမြို့နယ်အရှေ့ခြမ်းမှာ ယာယီစစ်ဘေးရှောင်စခန်း ၇ ခုရှိပြီး စစ်ပြေးဒုက္ခသည် တသောင်းကျော် ခုံလှုံနေ ရပါတယ်။ ယခင် တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေဖြစ်သလို အခု လတ်တလောဖြစ်တဲ့ တိုက်ပွဲကြောင့်လည်း အိုးအိမ်ပစ်ပြေးလာရသူတွေရှိပါတယ်။

================

XS
SM
MD
LG