သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္ျပည္နယ္တြင္းတိုက္ပြဲမ်ား စစ္ေကာင္စီေလေၾကာင္းသုံးတိုက္ခိုက္


ဖားကန္႔ၿမိဳ႕

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ KIA ၾကား တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားရာမွာ ဒီေန႔တရက္တည္း စစ္ေကာင္စီက ေလေၾကာင္းကေန ၃ ႀကိမ္ထက္မနည္း လာေရာက္တိုက္ခိုက္ခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဝိုင္းေမာ္ၿမိဳ႕နယ္ နန္ေဇာ္ယန္ဘက္မွာလည္း စစ္ေကာင္စီတပ္က KIA စခန္းဘက္ကိုလက္နက္ႀကီးနဲ႔ ဒီေန႔ ပစ္ခတ္တာေတြရွိခဲ့ေနသလို ဖားကန႔္ၿမိဳ႕နယ္ တႏိုင္း-လီဒိုလမ္းက မေန႔က တိုက္ပြဲ တႀကိမ္ျဖစ္ခဲ့ပါတယ္။ ကခ်င္ျပည္နယ္ဘက္က တိုက္ပြဲသတင္း ရန္ကုန္က ေပးပို႔ထားတာ ကိုၿငိမ္းခ်မ္းကတင္ျပေပးထားပါတယ္။

ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ KIA၊ PDF ပူးေပါင္းတပ္ေတြအၾကား ဒီလ ၁၆ ရက္ေန႔တည္းက တိုက္ပြဲေတြ ျဖစ္ေနရာမွာ ဒီေန႔မွာ စစ္ေကာင္စီဘက္က ေလေၾကာင္းသုံး တိုက္ခိုက္ခဲ့ပါတယ္။ စစ္ေကာင္စီရဲ႕ ေလေၾကာင္းသုံးတိုက္ခိုက္မႈေၾကာင့္ ေက်း႐ြာသားေတြ ေရွာင္တိမ္းၾကရတယ္လို႔ ေဒသခံ PDF တပ္ဖြဲ႕ေတြနဲ႔ နီးစပ္သူတဦးက VOA ကို ေျပာပါတယ္။

“အေျခအေနကေတာ့ ေတာ္ေတာ္ေလးဆိုးေနတယ္လို႔ ေျပာလို႔ ရတယ္ဗ်။ မနက္ ၅ နာရီက ၁ ႀကိမ္။ ၁၂ နာရီထိုး တႀကိမ္။ ၂ နာရီေက်ာ္ေက်ာ္ေလာက္က တႀကိမ္။ အခု တႀကိမ္။ ၄ ႀကိမ္ရွိသြားၿပီ သူတို႔ ဒီ မိုးညႇင္း၊ ေညာင္ကုန္းဘက္ကေနၿပီးမွ ေလယာဥ္သြား သြားခ်တာေလ။ ဆယ္ဇင္း႐ြာထဲကဟာေတြကို ႐ြာထဲမွာ မေနနဲ႔၊ ႐ြာထဲမွာ မေနနဲ႔၊ ႐ြာသားေတြကို ထြက္-ထြက္-ထြက္ အခုထြက္ဆို၊ ထြက္မလို႔ လုပ္ျပန္ၿပီ။ သူတို႔က ေလယာဥ္က လာခ်ျပန္ၿပီဆိုေတာ့ ပုန္းက်င္းထဲမွာ ေနရျပန္ၿပီ။ သူတို႔ေတာင္ ထြက္လို႔ မရဘူးတဲ့။”

ဆယ္ဇင္း႐ြာတိုက္ပြဲမွာ ဒီေန႔ပါဆို ေလေၾကာင္းက တိုက္ခိုက္တာ ၃ရက္ရွိၿပီ ျဖစ္တယ္လို႔ ေဒသခံကေျပာပါတယ္။ KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ ေျမျပင္တိုက္ပြဲရွိေပမယ့္ ျပင္းျပင္းထန္ထန္ေတာ့ မဟုတ္ဘူးလို႔ ေျပာပါတယ္။

“ဒီေန႔ကေတာ့ သိပ္ၿပီးေတာ့မွ ျပင္းထန္တဲ့သတင္းကေတာ့ မရွိဘူးခင္ဗ်။ ျဖစ္ေတာ့ျဖစ္ပါတယ္။ ဆက္ျဖစ္ပါတယ္။ တပ္မေတာ္ဘက္ကေန ေလေၾကာင္းကေန လာပစ္သြားတာလည္း ရွိပါတယ္။ ဒါေပမယ့္ ေျမျပင္ကေတာ့ သိပ္ျပင္းထန္တာေတာ့ မရွိဘူးခင္ဗ်။ တိုက္ပြဲကေတာ့ ျဖစ္ပါတယ္။ ဆယ္ဇင္းမွာပဲ။ ဆယ္ဇင္း အထက္နားမွာပဲျဖစ္တာ။ အဲဒီမွာေတာ့ ၃ ရက္ေလာက္ ရွိၿပီေပါ့ေနာ္။ ဆက္တိုက္ျဖစ္တာ။”

ဝိုင္းေမာ္ၿမိဳ႕နယ္ ဝါးေရွာင္႐ြာအနီးက နန္ေဇာ္ယန္ရွိ KIA တပ္ရင္း ၃ စခန္းကိုလည္း ဝိုင္းေမာ္ရွိ ခလရ ၅၈ က လက္နက္ႀကီးနဲ႔ပစ္ခတ္တာ ရွိတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။ ဝိုင္းေမာ္ေဒသခံတဦးက လတ္တေလာ ပစ္ခတ္တိုက္ခိုက္ေနတဲ့အေျခအေနကို VOA ကို အခုလို ေျပာပါတယ္။

“ဒီေန႔ကေတာ့ အခု ၁၁ နာရီခြဲေလာက္ကေန လက္နက္ႀကီးေတြ ပစ္ခတ္ေနတာ။ ၅၈ ကလား ။ ဝူယန္ ျပည္သူ႔စစ္ ဂိတ္ကလား မသိဘူး။ အခု ၈ ခ်က္ ပစ္ေနၿပီ။ အခု တခ်က္ ျပန္ျမည္ၿပီ။ ဟိုး ..နန္ေဇာ္ယန္ဘက္ကိုပဲ ပစ္တာ။ မေန႔ကေတာ့ ၁၀နာရီကေန ပစ္ခတ္တာ ၁၂ နာရီမွာ နားသြားတယ္။ အဲဒီ ၁၂ နာရီမွာ နားၿပီးမွ ညေန ၃ နာရီခြဲမွာ တခ်က္ျပန္ တိုက္ပြဲေတြ ျဖစ္တယ္။ မေန႔က ၂ ႀကိမ္ျဖစ္တာေပါ့။ ”

တိုက္ပြဲျဖစ္ပြားရာေနရာဟာ အနီးဝန္းက်င္ေက်း႐ြာေတြက လယ္ယာနဲ႔ ေတာင္ယာ စိုက္ပ်ိဳးၾကတဲ့ ေနရာေတြျဖစ္ၿပီး လက္ရွိ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ စပါးစိုက္ဖို႔ အခက္အခဲျဖစ္ေနေၾကာင္းလည္း သူက ေျပာပါတယ္။

“အခုခ်ိန္မွာေတာ့ ႐ြာသားေတြက ေတာ္ေတာ္ကို ဒုကၡေရာက္ေနတယ္။ တႏွစ္စာအတြက္ ဝမ္းစာဒီစပါးက အခု ဒီလမွာ မစိုက္လို႔ရွိရင္ ေနာက္က်သြားၿပီ။ မိုးလည္းကုန္မွာ။ ေနာက္ၿပီးေတာ့ စပါးမ်ိဳးျပန္ပြားမယ့္ဟာလည္း ေနာက္က်တယ္။ အဲဒါေၾကာင့္ ျပည္သူေတြက အဲဒီစပါးမစိုက္ရတာ ပူပင္ေသာက ေရာက္ေနၾကတာ။ တခ်ိဳ႕ကေတာ့ အုပ္ခ်ဳပ္ေရး႐ုံး ေထာက္ခံစာယူၿပီး သြားၾကတယ္။ သြားေပမယ့္ အခုလို လက္နက္ႀကီးေတြ ရမ္းပစ္ေနေတာ့ ျပည္သူေတြ စပါးစိုက္တာလည္း ေၾကာက္ေနၾကတယ္။”

ဝိုင္းေမာ္ၿမိဳ႕နယ္က တိုက္ပြဲဟာ ဒီလ ၁၀ ရက္ေန႔တည္းက စတင္ျဖစ္ပြားခဲ့ၿပီး ၁၁ ရက္ေန႔မွာေတာ့ ေလေၾကာင္းက တိုက္ခိုက္ခဲ့တာေတြ ရွိခဲ့ပါတယ္။

ဒီလ ၁၈ ရက္ေန႔ မနက္ပိုင္းကလည္း ဖားကန႔္ၿမိဳ႕နယ္ တႏိုင္း- လီဒိုလမ္းက ရွဒူဇြပ္႐ြာအနီးမွာလည္း KIA စခန္းတစ္ခုကို ေဒသခံျပည္သူ႔စစ္ေတြက သြားေရာက္ တိုက္ခိုက္တာေတြ ရွိခဲ့ပါတယ္။ ဒီတိုက္ပြဲမွာ KIA ဘက္က ၂ ဦးက်ဆုံးခဲ့ေၾကာင္း ေဒသခံတဦးက ေျပာပါတယ္။

“ မနက္ ၄ နာရီခန႔္ေပါ့။ ျပည္သူ႔စစ္နဲ႔ တပ္ဘက္က ေပါင္းၿပီးေတာ့ ေတာဘက္က Post ေပါ့။ စခန္းအေသးေပါ့။ အဲဒီမွာ တပ္သားက ၈ ေယာက္ေလာက္ပဲရွိတယ္။ လူအင္အားနည္းတယ္ဆိုတဲ့ အဲဒီအားနည္းခ်က္ကို သိလို႔ သြားတယ္ထင္တယ္။ အဲဒီမွာ ေသတာက ၂ ဦးနဲ႔ ဒဏ္ရာရတာက ၂ ဦးတဲ့။ ေသတဲ့ထဲမွာ အရာခံဗိုလ္ ၁ ဦးနဲ႔ တပ္ၾကပ္ႀကီး ၁ ဦးတဲ့။ ”

ရွဒူဇြပ္မွာအေျခစိုက္တဲ့ တပ္စခန္းဟာ တႏိုင္းေဒသဘက္မွာ အေျခစိုက္တဲ့ KIA အမွတ္ ၁၄ တပ္ရင္း ျဖစ္ပါ တယ္။

ကခ်င္ျပည္နယ္အေျခစိုက္ The 74 Media ကေတာ့ ဒီေန႔ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္း႐ြာအနီးတိုက္ပြဲမွာ စစ္ေကာင္စီဘက္က ေန႔ခင္း ၁ နာရီေလာက္က ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္တာရွိေၾကာင္း၊ စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕နယ္ ေ႐ႊတြင္းေက်း႐ြာအုပ္စုအတြင္းမွာ စစ္ကူလာတဲ့ SNA ရွမ္းနီအမ်ိဳးသားတပ္ကို KIA က ၾကားျဖတ္တိုက္ခိုက္တာရွိေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

KIO ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ စစ္ကိုင္းတိုင္းအတြင္း တိုက္ ပြဲျဖစ္ပြားတာကို အတည္ျပဳေျပာဆိုတာ မရွိပါဘူး။ ကခ်င္ျပည္နယ္အတြင္း တိုက္ ပြဲေတြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ကချင်ပြည်နယ်တွင်းတိုက်ပွဲများ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားရာမှာ ဒီနေ့တရက်တည်း စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဝိုင်းမော်မြို့နယ် နန်ဇော်ယန်ဘက်မှာလည်း စစ်ကောင်စီတပ်က KIA စခန်းဘက်ကိုလက်နက်ကြီးနဲ့ ဒီနေ့ ပစ်ခတ်တာတွေရှိခဲ့နေသလို ဖားကန့်မြို့နယ် တနိုင်း-လီဒိုလမ်းက မနေ့က တိုက်ပွဲ တကြိမ်ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်ဘက်က တိုက်ပွဲသတင်း ရန်ကုန်က ပေးပို့ထားတာ ကိုငြိမ်းချမ်းကတင်ပြပေးထားပါတယ်။

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြား ဒီလ ၁၆ ရက်နေ့တည်းက တိုက်ပွဲတွေ ဖြစ်နေရာမှာ ဒီနေ့မှာ စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ကျေးရွာသားတွေ ရှောင်တိမ်းကြရတယ်လို့ ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက VOA ကို ပြောပါတယ်။

“အခြေအနေကတော့ တော်တော်လေးဆိုးနေတယ်လို့ ပြောလို့ ရတယ်ဗျ။ မနက် ၅ နာရီက ၁ ကြိမ်။ ၁၂ နာရီထိုး တကြိမ်။ ၂ နာရီကျော်ကျော်လောက်က တကြိမ်။ အခု တကြိမ်။ ၄ ကြိမ်ရှိသွားပြီ သူတို့ ဒီ မိုးညှင်း၊ ညောင်ကုန်းဘက်ကနေပြီးမှ လေယာဉ်သွား သွားချတာလေ။ ဆယ်ဇင်းရွာထဲကဟာတွေကို ရွာထဲမှာ မနေနဲ့၊ ရွာထဲမှာ မနေနဲ့၊ ရွာသားတွေကို ထွက်-ထွက်-ထွက် အခုထွက်ဆို၊ ထွက်မလို့ လုပ်ပြန်ပြီ။ သူတို့က လေယာဉ်က လာချပြန်ပြီဆိုတော့ ပုန်းကျင်းထဲမှာ နေရပြန်ပြီ။ သူတို့တောင် ထွက်လို့ မရဘူးတဲ့။”

ဆယ်ဇင်းရွာတိုက်ပွဲမှာ ဒီနေ့ပါဆို လေကြောင်းက တိုက်ခိုက်တာ ၃ရက်ရှိပြီ ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မြေပြင်တိုက်ပွဲရှိပေမယ့် ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒီနေ့ကတော့ သိပ်ပြီးတော့မှ ပြင်းထန်တဲ့သတင်းကတော့ မရှိဘူးခင်ဗျ။ ဖြစ်တော့ဖြစ်ပါတယ်။ ဆက်ဖြစ်ပါတယ်။ တပ်မတော်ဘက်ကနေ လေကြောင်းကနေ လာပစ်သွားတာလည်း ရှိပါတယ်။ ဒါပေမယ့် မြေပြင်ကတော့ သိပ်ပြင်းထန်တာတော့ မရှိဘူးခင်ဗျ။ တိုက်ပွဲကတော့ ဖြစ်ပါတယ်။ ဆယ်ဇင်းမှာပဲ။ ဆယ်ဇင်း အထက်နားမှာပဲဖြစ်တာ။ အဲဒီမှာတော့ ၃ ရက်လောက် ရှိပြီပေါ့နော်။ ဆက်တိုက်ဖြစ်တာ။”

ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီးက နန်ဇော်ယန်ရှိ KIA တပ်ရင်း ၃ စခန်းကိုလည်း ဝိုင်းမော်ရှိ ခလရ ၅၈ က လက်နက်ကြီးနဲ့ပစ်ခတ်တာ ရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ဝိုင်းမော်ဒေသခံတဦးက လတ်တလော ပစ်ခတ်တိုက်ခိုက်နေတဲ့အခြေအနေကို VOA ကို အခုလို ပြောပါတယ်။

“ဒီနေ့ကတော့ အခု ၁၁ နာရီခွဲလောက်ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာ။ ၅၈ ကလား ။ ဝူယန် ပြည်သူ့စစ် ဂိတ်ကလား မသိဘူး။ အခု ၈ ချက် ပစ်နေပြီ။ အခု တချက် ပြန်မြည်ပြီ။ ဟိုး ..နန်ဇော်ယန်ဘက်ကိုပဲ ပစ်တာ။ မနေ့ကတော့ ၁၀နာရီကနေ ပစ်ခတ်တာ ၁၂ နာရီမှာ နားသွားတယ်။ အဲဒီ ၁၂ နာရီမှာ နားပြီးမှ ညနေ ၃ နာရီခွဲမှာ တချက်ပြန် တိုက်ပွဲတွေ ဖြစ်တယ်။ မနေ့က ၂ ကြိမ်ဖြစ်တာပေါ့။ ”

တိုက်ပွဲဖြစ်ပွားရာနေရာဟာ အနီးဝန်းကျင်ကျေးရွာတွေက လယ်ယာနဲ့ တောင်ယာ စိုက်ပျိုးကြတဲ့ နေရာတွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စပါးစိုက်ဖို့ အခက်အခဲဖြစ်နေကြောင်းလည်း သူက ပြောပါတယ်။

“အခုချိန်မှာတော့ ရွာသားတွေက တော်တော်ကို ဒုက္ခရောက်နေတယ်။ တနှစ်စာအတွက် ဝမ်းစာဒီစပါးက အခု ဒီလမှာ မစိုက်လို့ရှိရင် နောက်ကျသွားပြီ။ မိုးလည်းကုန်မှာ။ နောက်ပြီးတော့ စပါးမျိုးပြန်ပွားမယ့်ဟာလည်း နောက်ကျတယ်။ အဲဒါကြောင့် ပြည်သူတွေက အဲဒီစပါးမစိုက်ရတာ ပူပင်သောက ရောက်နေကြတာ။ တချို့ကတော့ အုပ်ချုပ်ရေးရုံး ထောက်ခံစာယူပြီး သွားကြတယ်။ သွားပေမယ့် အခုလို လက်နက်ကြီးတွေ ရမ်းပစ်နေတော့ ပြည်သူတွေ စပါးစိုက်တာလည်း ကြောက်နေကြတယ်။”

ဝိုင်းမော်မြို့နယ်က တိုက်ပွဲဟာ ဒီလ ၁၀ ရက်နေ့တည်းက စတင်ဖြစ်ပွားခဲ့ပြီး ၁၁ ရက်နေ့မှာတော့ လေကြောင်းက တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီလ ၁၈ ရက်နေ့ မနက်ပိုင်းကလည်း ဖားကန့်မြို့နယ် တနိုင်း- လီဒိုလမ်းက ရှဒူဇွပ်ရွာအနီးမှာလည်း KIA စခန်းတစ်ခုကို ဒေသခံပြည်သူ့စစ်တွေက သွားရောက် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ KIA ဘက်က ၂ ဦးကျဆုံးခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ မနက် ၄ နာရီခန့်ပေါ့။ ပြည်သူ့စစ်နဲ့ တပ်ဘက်က ပေါင်းပြီးတော့ တောဘက်က Post ပေါ့။ စခန်းအသေးပေါ့။ အဲဒီမှာ တပ်သားက ၈ ယောက်လောက်ပဲရှိတယ်။ လူအင်အားနည်းတယ်ဆိုတဲ့ အဲဒီအားနည်းချက်ကို သိလို့ သွားတယ်ထင်တယ်။ အဲဒီမှာ သေတာက ၂ ဦးနဲ့ ဒဏ်ရာရတာက ၂ ဦးတဲ့။ သေတဲ့ထဲမှာ အရာခံဗိုလ် ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးတဲ့။ ”

ရှဒူဇွပ်မှာအခြေစိုက်တဲ့ တပ်စခန်းဟာ တနိုင်းဒေသဘက်မှာ အခြေစိုက်တဲ့ KIA အမှတ် ၁၄ တပ်ရင်း ဖြစ်ပါ တယ်။

ကချင်ပြည်နယ်အခြေစိုက် The 74 Media ကတော့ ဒီနေ့ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က နေ့ခင်း ၁ နာရီလောက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာရှိကြောင်း၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စုအတွင်းမှာ စစ်ကူလာတဲ့ SNA ရှမ်းနီအမျိုးသားတပ်ကို KIA က ကြားဖြတ်တိုက်ခိုက်တာရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကိုင်းတိုင်းအတွင်း တိုက် ပွဲဖြစ်ပွားတာကို အတည်ပြုပြောဆိုတာ မရှိပါဘူး။ ကချင်ပြည်နယ်အတွင်း တိုက် ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG