သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆို၊ ဖ႐ူဆိုနဲ႔ ေဘာ္လခဲေဒသတြင္း တိုက္ပြဲမ်ားျဖစ္ပြား


IDPs camp in Kayah State

[[Zawgyi/Unicode]]

ဇူလိုင္လ ဒုတိယပတ္အတြင္း ကယား (ကရင္နီ) ျပည္နယ္က ၿမိဳ႕နယ္ ၃ ခုမွာ တိုက္ ပြဲ ၄ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း KNDF က ဒီေန႔ထုတ္ျပန္ထားပါတယ္။ ေဘာ္လခဲနယ္တိုက္ပြဲမွာ စစ္ေကာင္စီဘက္က ေလေၾကာင္း တိုက္ခိုက္လို႔ ေဒသခံေတြ တိမ္းေရွာင္ၾကရၿပီး အခက္အခဲႀကဳံေနၾကတယ္လို႔လည္း ေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း မေအးသႏၲာေက်ာ္က တင္ျပေပးထားပါတယ္။

ဇူလိုင္ ၁၄ ရက္ မေန႔ညေနပိုင္းေလာက္က ဒီးေမာ့ဆိုၿမိဳ႕နယ္ အူးခူရီေက်း႐ြာအနီးမွာ ကရင္နီပူးေပါင္းတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီအၾကား ႏွစ္ဘက္အျပန္အလွန္ တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့တယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္က ေျပာဆိုပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ ေဒသခံ ေနအိမ္ေတြမွာ တပ္စြဲေနထိုင္ေနတာေၾကာင့္၊ အခ်ိန္မေ႐ြးတိုက္ပြဲျဖစ္ႏိုင္တဲ့အေျခအေနျဖစ္တယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံတဦးက ေျပာပါတယ္။

“တိုက္ပြဲကေတာ့ အခ်ိန္မေရြး ျဖစ္ႏိုင္ပါတယ္။ ဘာျဖစ္လဲဆိုေတာ့ ဒီအၾကမ္းဖက္စစ္ေကာင္စီလည္း ကင္းပုန္းေတြခ်ထားရွိတယ္။ ေနာက္႐ြာထဲမွာေပါ့ ျပည္သူ အိုးအိမ္မွာေနထားတာရွိတယ္။ တိုက္ပြဲကေတာ့ ႀကိဳ႕ၾကားႀကိဳ႕ၾကားေတာ့ အၿမဲတမ္း လိုလိုျဖစ္တယ္။ တခါတေလ စႏိုက္ပါနဲ႔ သြားေခ်ာင္းပစ္တာတို႔ ဘာတို႔ေပါ့ေနာ္ က်ေနာ္တို႔ဘက္က။ ဒါေပမယ့္ ဒီလိုင္းေပၚမွာေတာ့ သိပ္မတင္ဘူးေပါ့ေနာ္။”

ဇူလိုင္ ၁၄ ရက္ မေန႔ မြန္းလြဲပိုင္းမွာ ဖ႐ူဆိုၿမိဳ႕နယ္တြင္း တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ညေနပိုင္းမွာေတာ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ အူးခူရီေက်း႐ြာအနားမွာ တိုက္ပြဲျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။ ဇူလိုင္ ၁၂ ရက္ မနက္ပိုင္းကေတာ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါင္ခါးေက်း ႐ြာကေန ပူဖားေက်း႐ြာဘက္ ဦးတည္လာတဲ့ စစ္ေကာင္စီ ေထာက္ပို႔ယာဥ္ ႏွစ္စီး ကို ေဒသခံကာကြယ္​ေရးတပ္ေတြက ၾကားျဖတ္တိုက္ခိုက္ခဲ့ပါတယ္။ အလားတူ ဇူလိုင္ ၁၁ ရက္ ညေနပိုင္းမွာ ေသးဆူးလဲေက်း႐ြာတဝိုက္ ထိေတြ႕မႈ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ဇူလိုင္ ၈ ရက္ေန႔က ေဘာလခဲၿမိဳ႕နယ္ နန္းဖဲေက်း႐ြာအနီး စစ္ေကာင္စီရဲ႕ မက္စေလာင္းေတာင္ ကုန္းစခန္းကို ကရင္နီတပ္မေတာ္ (KA)နဲ႔ (KNDF) တို႔က တိုက္ခိုက္ခဲ့တယ္လို႔ဆိုပါတယ္။ အဲ့ဒီတိုက္ပြဲအတြင္းမွာေတာ့ စစ္ေကာင္စီဘက္ ထိခိုက္မႈမ်ားတာေၾကာင့္ စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ ေလေၾကာင္းအသုံးျပဳၿပီး တိုက္ခိုက္ခဲ့တယ္လို႔ KNDF ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဘာ္လခဲၿမိဳ႕နယ္ နန္းဖဲေက်း႐ြာအနီးတဝိုက္ တိုက္ပြဲေတြေၾကာင့္ ေက်း႐ြာ ၄ ႐ြာ က ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေနရပ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတာလည္း အခုဆို ၇ လရွိလာပါၿပီ။ စစ္ေျပးေရွာင္ေတြအတြက္ အလႉရွင္ေတြ မရွိလို႔ စားဝတ္ေနေရး အခက္အခဲျဖစ္ေနတယ္လို႔ နန္းဖဲ႐ြာခံ စစ္ေရွာင္တဦးက ေျပာပါတယ္။

“က်မတို႔ဘက္ကေတာ့ ျဖစ္ေနတုန္းပဲ။ ဒီတရက္ ႏွစ္ရက္မွ နားတယ္။ က်မတို႔ ေျပးလာတာက ၇ လရွိသြားၿပီ။ မျပန္ႏိုင္ဘူးဆိုတာက နန္းဖဲ႐ြာမွာက်ေတာ့ တိုက္ပြဲရက္ျခားရက္ျခား ျဖစ္တယ္ေလ။ ႐ြာထဲမွာကျဖစ္ေနေတာ့။ အခက္အခဲေတာ့ ရွိတာေပါ့ စားဝတ္ေနေရးပါ။ လိုအပ္တာေတာ့ အစုံပဲေပါ့၊ အခုက်မတို႔ ဘယ္လိုေျပာရမလဲ ေအာက္ဘက္က အေရွ႕ဘက္ပိုင္းကိုေျပးတာေပါ့။ အဲ့မွာေတာ့ ပိုခက္ခဲတယ္။ အလႉရွင္ေတြလည္း မလာႏိုင္ၾကဘူး။ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ နန္းဖဲကို ေက်ာ္ျဖတ္လာရတာ အဆင္မေျပဘူးေပါ့ေနာ္။”

ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားတာဝန္ခံကေတာ့ သူတို႔ဆီအကူအညီေတာင္းလာတဲ့ စစ္ေျပးေရွာင္ေတြကို စာရင္းျပဳစုၿပီး အလႉခံေျဖရွင္းေပးတာမ်ိဳး ရွိတယ္လို႔ ေျပာပါတယ္။ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြအေနနဲ႔ စစ္ေဘးဒုကၡသည္ေတြအတြက္ က်န္းမာေရး၊ ပညာေရးနဲ႔ စားဝတ္ေနေရးေတြအတြက္ တတ္ႏိုင္သေလာက္ ကူညီေဆာင္႐ြက္ေပးေနတယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘော်လခဲဒေသတွင်း တိုက်ပွဲများဖြစ်ပွား

ဇူလိုင်လ ဒုတိယပတ်အတွင်း ကယား (ကရင်နီ) ပြည်နယ်က မြို့နယ် ၃ ခုမှာ တိုက် ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNDF က ဒီနေ့ထုတ်ပြန်ထားပါတယ်။ ဘော်လခဲနယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်လို့ ဒေသခံတွေ တိမ်းရှောင်ကြရပြီး အခက်အခဲကြုံနေကြတယ်လို့လည်း ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ဇူလိုင် ၁၄ ရက် မနေ့ညနေပိုင်းလောက်က ဒီးမော့ဆိုမြို့နယ် အူးခူရီကျေးရွာအနီးမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေသခံ နေအိမ်တွေမှာ တပ်စွဲနေထိုင်နေတာကြောင့်၊ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေဖြစ်တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီအကြမ်းဖက်စစ်ကောင်စီလည်း ကင်းပုန်းတွေချထားရှိတယ်။ နောက်ရွာထဲမှာပေါ့ ပြည်သူ အိုးအိမ်မှာနေထားတာရှိတယ်။ တိုက်ပွဲကတော့ ကြို့ကြားကြို့ကြားတော့ အမြဲတမ်း လိုလိုဖြစ်တယ်။ တခါတလေ စနိုက်ပါနဲ့ သွားချောင်းပစ်တာတို့ ဘာတို့ပေါ့နော် ကျနော်တို့ဘက်က။ ဒါပေမယ့် ဒီလိုင်းပေါ်မှာတော့ သိပ်မတင်ဘူးပေါ့နော်။”

ဇူလိုင် ၁၄ ရက် မနေ့ မွန်းလွဲပိုင်းမှာ ဖရူဆိုမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ ဒီးမော့ဆိုမြို့နယ် အူးခူရီကျေးရွာအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဇူလိုင် ၁၂ ရက် မနက်ပိုင်းကတော့ ဒီးမော့ဆိုမြို့နယ် ဒေါင်ခါးကျေး ရွာကနေ ပူဖားကျေးရွာဘက် ဦးတည်လာတဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ် နှစ်စီး ကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာ သေးဆူးလဲကျေးရွာတဝိုက် ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၈ ရက်နေ့က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး စစ်ကောင်စီရဲ့ မက်စလောင်းတောင် ကုန်းစခန်းကို ကရင်နီတပ်မတော် (KA)နဲ့ (KNDF) တို့က တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက် ထိခိုက်မှုများတာကြောင့် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအနီးတဝိုက် တိုက်ပွဲတွေကြောင့် ကျေးရွာ ၄ ရွာ က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာလည်း အခုဆို ၇ လရှိလာပါပြီ။ စစ်ပြေးရှောင်တွေအတွက် အလှူရှင်တွေ မရှိလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ နန်းဖဲရွာခံ စစ်ရှောင်တဦးက ပြောပါတယ်။

“ကျမတို့ဘက်ကတော့ ဖြစ်နေတုန်းပဲ။ ဒီတရက် နှစ်ရက်မှ နားတယ်။ ကျမတို့ ပြေးလာတာက ၇ လရှိသွားပြီ။ မပြန်နိုင်ဘူးဆိုတာက နန်းဖဲရွာမှာကျတော့ တိုက်ပွဲရက်ခြားရက်ခြား ဖြစ်တယ်လေ။ ရွာထဲမှာကဖြစ်နေတော့။ အခက်အခဲတော့ ရှိတာပေါ့ စားဝတ်နေရေးပါ။ လိုအပ်တာတော့ အစုံပဲပေါ့၊ အခုကျမတို့ ဘယ်လိုပြောရမလဲ အောက်ဘက်က အရှေ့ဘက်ပိုင်းကိုပြေးတာပေါ့။ အဲ့မှာတော့ ပိုခက်ခဲတယ်။ အလှူရှင်တွေလည်း မလာနိုင်ကြဘူး။ အခက်အခဲအမျိုးမျိုးကြောင့် နန်းဖဲကို ကျော်ဖြတ်လာရတာ အဆင်မပြေဘူးပေါ့နော်။”

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားတာဝန်ခံကတော့ သူတို့ဆီအကူအညီတောင်းလာတဲ့ စစ်ပြေးရှောင်တွေကို စာရင်းပြုစုပြီး အလှူခံဖြေရှင်းပေးတာမျိုး ရှိတယ်လို့ ပြောပါတယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးတွေအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG