သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္း စဥ့္ကိုင္႐ြာတိုက္ပြဲ ဘုန္းေတာ္ႀကီးတပါး ပ်ံလြန္ေတာ္မူ


Sagaing စစ္ကိုင္း / စစ္ကိုင္းတုိင္း

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းအတြင္း ဝက္လက္ၿမိဳ႕နယ္နဲ႔ စစ္ကိုင္းၿမိဳ႕နယ္အၾကား စဥ့္ကိုင္႐ြာမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သု႔ကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲျဖစ္ၾကၿပီး စစ္ေကာင္စီရဲ႕လက္နက္ႀကီးေၾကာင့္ စဥ့္ကိုင္ေက်း႐ြာထဲက ဆရာေတာ္တပါး ပ်ံေတာ္မူၿပီး ေဒသခံ ျပည္သူတဦး ထိခိုက္ဒဏ္ရာရတယ္လို႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ဝင္တဦးက ေျပာပါတယ္။ ကန႔္ဘလူၿမိဳ႕နယ္ထဲ မီးရႈိ႕ဖ်က္ဆီးခံရတဲ့ က်ီစုေက်း႐ြာကို ျပန္လာၾကတဲ့ ေဒသခံေတြလည္း အခက္အခဲႀကဳံေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္း မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္နဲ႔ စစ္ကိုင္းၿမိဳ႕နယ္အစပ္ျဖစ္တဲ့ စဥ့္ကိုင္႐ြာမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြ ဇူလိုင္လ ၂၇ ရက္ေန႔က ထိေတြ႕တိုက္ပြဲ ျဖစ္ခဲ့ၾကတယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ဝင္ ကိုနဂါးေလးက ေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔အတူ လက္နက္ကိုင္ပ်ဴေစာထီးအဖြဲ႔ေတြလည္း ပါဝင္တိုက္ခိုက္ခဲ့ၾကၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးေၾကာင့္ စဥ့္ကိုင္႐ြာက အာဂႏၲဳဘုန္းႀကီးတပါး ပ်ံလြန္ေတာ္မူခဲ့တယ္လို႔ ကိုနဂါးေလးက ေျပာပါတယ္။

"၂၇ ရက္ေန႔ မနက္ခင္းမွာ ေရလည္ကြၽန္း႐ြာကို စကစ တပ္ေတြ ေရာက္လာတယ္။ ေရာက္လာၿပီးေတာ့ ဝက္လက္ၿမိဳ႕နယ္နဲ႔ စစ္ကိုင္းၿမိဳ႕နယ္ၾကားအစပ္မွာရွိတဲ့ စဥ့္ကိုင္႐ြာေလးကို စကစက ေတာင္ပစ္ ေျမာက္ပစ္နဲ႔ ပစ္ၿပီးလာတဲ့အခါမွာ ျ ေန႔ခင္း ၁၂ နာရီခြဲခန္႔ေလာက္ကေန ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ ေပါင္းၿပီးေတာ့မွ စကစနဲ႔ ထိပ္တိုက္ ထိေတြ႔တိုက္ပြဲျဖစ္ခဲ့ၾကတယ္။ ၃ နာရီေလာက္ၾကာတယ္။ အဲ့မွာ စကစဖက္က ပစ္လိုက္တဲ့ RPG ၃ လုံးက စဥ့္ကိုင္ေတာင္႐ြာဘုန္းႀကီးေက်ာင္းကို က်တယ္။ က်ၿပီးေတာ့မွ အဲ့မွာ အာဂႏၲဳဘုန္းႀကီးတပါး လက္နက္ႀကီးစမွန္သြားတယ္ဗ်။ အဲ့မွာ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ ၃ နာရီေလာက္ပစ္ခဲ့တဲ့ၾကားမွာ က်ေနာ္တို႔ဘက္က ဘုန္းႀကီးတပါးနဲ႔ ျပည္သူတဦးမွန္တယ္။ သူကေတာ့ ေဆး႐ုံကို ပို႔ထားဆဲပဲ။ ဘုန္းႀကီးကေတာ့ ဒီ၂၇ ရက္ေန႔ ည ၇ နာရီ ၃၀ မိနစ္ေလာက္ကပဲ ပ်ံလြန္ေတာ္မူသြားၿပီ။ ျပည္သူတဦးကေတာ့ ခုထိ ေဆးဆက္လက္ကုသ ခံယူဆဲပဲ။ ဆက္ၿပီးေတာ့ သူ႔ရဲ႕ က်န္းမာေရး အေနအထားေတာ့ မသိရေသးဘူးေပါ့ဗ်ာ။"

စဥ့္ကိုင္ေက်း႐ြာမွာ ေတာင္ပိုင္း ေျမာက္ပိုင္းႏွစ္ပိုင္းရွိၿပီး ေဒသအေခၚအားျဖင့္ စဥ့္ကိုင္ေတာင္႐ြာ စဥ့္ကိုင္ေျမာက္႐ြာဆိုၿပီး သုံးႏႈံးၾကတာပါ။ စစ္ေကာင္စီနဲ႔ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ၾကားျဖစ္တဲ့ ဒီတိုက္ပြဲမွာ စစ္ေကာင္စီတပ္ေတြဘက္က ထိခိုက္က်ဆုံးမႈ မ်ားတယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ဝင္ ကိုနဂါးေလးက ခုလိုေျပာပါတယ္။

"၂၇ ရက္ေန႔က စကစေတြနဲ႔ ျဖစ္တဲ့ ထိေတြတိုက္ပြဲမွာ က်ေနာ္တို႔ ျပည္သူ႔ကာကြယ္ေရးဘက္က အထိအခိုက္ အက်မရွိဘဲနဲ႔ စကစဖက္က ၁၀ ေကာင္ထက္မနည္း က်ၿပီးေတာ့ အေကာင္ ၂၀ ေလာက္က အျပင္းအထန္ ဒဏ္ရာရတယ္။ ဒီေရလည္ ကြၽန္း႐ြာကိုလာတာ အင္အား ၅၂ ေယာက္လာတာ။ သူတို႔လာတဲ့ ကား ၂ စီးနားမွာ စကစ ၃ ေကာင္ပဲ ထားခဲ့ၿပီးေတာ့ ဒီဘက္ကို အကုန္လာတာ။ သူတို႔ ဒီကေန တိုက္ပြဲျဖစ္ၿပီး ေရလည္ကြၽန္း႐ြာကို ျပန္သြားတဲ့ခါမွာ အထမ္းနဲ႔ ၅ ထမ္း၊ လူဦးေရ ၃၀ ခန္႔ (ထိခိုက္မႈနဲ႔ ေသဆုံးမႈ စုစုေပါင္း) ထိခိုက္ဒဏ္ရာရရွိတာ။ က်ေနာ္တို႔ မ်က္ျမင္သက္ေသအရေျပာတာ။ အက်အဆုံးက် က်ေနာ္တို႔ ဒီဘက္က ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ကပစ္တဲ့ အကိုေတြ ေျပာတာက သူတို႔ ၄ ေယာက္ တၿပိဳင္တည္း ပစ္လိုက္တာကိုက အဲ့နားမွာတင္ စကစ ဖက္က ၆ ေကာင္ တၿပိဳင္တည္း လဲသြားတာ။"

စစ္ေကာင္စီတပ္ အင္အား ၅၀ ေက်ာ္ေလာက္ဟာ စဥ့္ကိုင္႐ြာထဲကို ဝင္ေရာက္ၿပီး ဖမ္းဆီးမႈတခ်ိဳ႕လည္း လုပ္ခဲ့တာေၾကာင့္ ေဒသခံ ၁,၀၀၀ ဝန္းက်င္ေလာက္ စစ္ေဘးေရွာင္ေနၾကရတယ္လို႔ ကိုနဂါးေလးက ေျပာပါတယ္။ ေဒသခံတခ်ိဳ႕ ဖမ္းဆီးခံရတယ္ဆိုေပမယ့္ အေရအတြက္ဘယ္ေလာက္နဲ႔ ဘယ္သူေတြအဖမ္းခံရလဲဆိုတာေတာ့ အတိအက် မသိရေသးပါဘူး။ စဥ့္ကိုင္႐ြာ တိုက္ပြဲအေျခအေနနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။

ဇူလိုင္ ၁၈ ရက္ေန႔က စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေရးလုပ္ မီးရႈိ႕ခဲ့တဲ့ ကန္႔ဘလူၿမိဳ႕နယ္ က်ီစုေက်း႐ြာမွာလည္း ေဒသခံ စစ္ေျပးဒုကၡသည္ ၄,၀၀၀ ေလာက္ဟာ လက္ရွိမွာ စားေသာက္ေရးအတြက္ ခက္ခဲေနၾကတယ္လို႔ က်ီစုေဒသခံ ပရဟိတအဖြဲ႔ ေခါင္းေဆာင္ဦးျမင့္ေအာင္က ေျပာပါတယ္။ အိမ္ေျခ ၈၀၀ ေက်ာ္ရွိတဲ့ က်ီစုေက်း႐ြာမွာ စစ္ေကာင္စီတပ္ေတြ မီးရႈိ႕လို႔ အိမ္ေျခ ၄၀၀ ေက်ာ္ေလာက္ မီးေလာင္ဆုံးရႈံးခဲ့ၿပီး ႐ြာသားတခ်ိဳ႕ အသတ္ခံခဲ့ရပါတယ္။ ခုလက္ရွိမွာေတာ့ ႐ြာထဲ မီးေလာင္ပ်က္စီးေနတာေတြနဲ႔ အေလာင္းေတြကို ရွင္းလင္းၿပီး ေဒသခံ ၂,၀၀၀ ဝန္းက်င္ေလာက္ဟာ ေက်း႐ြာကို ျပန္ဝင္လာေနၾကၿပီျဖစ္ေပမယ့္ စားေသာက္ေရးအတြက္ ရိကၡာမလုံမေလာက္ျဖစ္ေနၾကတယ္လို႔ ဦးျမင့္ေအာင္က ခုလိုေျပာပါတယ္။

"႐ြာထဲမွာ ျပန္ဝင္ေနၾကတဲ့ လူဦးေရေပါင္းက ၁,၅၀၀ ေက်ာ္ေလာက္ရွိသြားၿပီ။ အမ်ားႀကီးက်န္ေသးတယ္ဆိုေပမယ့္ သူတို႔က ကိုယ့္႐ြာနဲ႔ လက္တကမ္း ႐ြားနားနီးက ႐ြာေတြမွာပဲ ရွိေနတယ္။ သူတို႔လည္း ကိုယ့္ရပ္ကိုယ့္႐ြာကို ျပန္ၿပီးေတာ့ ႐ြာမွာရွိတဲ့သူေတြနဲ႔ ထပ္တူတပ္မွ် ပူးေပါင္းၿပီးေတာ့ ေနထိုင္ဖို႔ေတာ့ အကိုတို႔အေနနဲ႔ ကမ္းလွမ္းထားတယ္။ ေခၚထားတယ္။ စားေရးေသာက္ေရးကေတာ့ နီးရာ႐ြာေတြေပါ့၊ ကိုယ့္႐ြာနားနီးခ်င္းေလးေတြက ထမင္းထုပ္ေတြလည္း သူတို႔လာၿပီးေတာ့ ေဝေပးတယ္။ ဆန္ေတြဘာာေတြလည္း လႉေပးတယ္။ အကိုတို႔ကေတာ့ ပရဟိတေပါ့ အခု ရပ္႐ြာအတြက္ ပရဟိတ လုပ္ႏိုင္ရန္အဖြဲ႕အအစည္းေလးတရပ္ ထူေထာင္လိုုက္တယ္။ အဲ့လိုအဖြဲ႔ကေနၿပီးေတာ့ ခုေရာက္လာတဲ့ဟာေတြကို (ရိကၡာေတြ) အရင္ဆုံး ထမင္းအိုးတည္စရာ ဆန္မရွိဘူး ဆိုတဲ့သူေတြကို အရင္ ဦးစားေပးအေနနဲ႔ ၂ ျပည္ေပးရမယ့္သူကို ၁ ျပည္ေပါ့။ အဲ့လိုေပးၿပီး ေခြၽတာၿပီးေတာ့ ေဆာင္႐ြက္္ေနရတယ္။ အဓိကကေတာ့ ဆီဆန္ဆား မီးဖိုေခ်ာင္သုံးေပါ့။ အေျခာက္အျခမ္းေလးေတြေပါ့၊ အဲ့တာေတြကေတာ့ တကယ္လိုအပ္ေနေတာေပါ့။"

က်ီစု႐ြာမီးေဘးသင့္ဒုကၡသည္ေတြအတြက္ လတ္တေလာမွာ ျပန္လည္ထူေထာင္ေရးထက္ စားနပ္ရိကၡာ လုံေလာက္ဖို႔က အဓိက ျပသနာျဖစ္ေနတယ္လို႔ ဦးျမင့္ေအာင္က ေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္းမွာေတာ့ တိုင္းစစ္ဌာနခ်ဳပ္ထိုင္ရာ မုံ႐ြာၿမိဳ႕ ပတ္ပတ္လည္ျဖစ္တဲ့ ယင္းမာပင္၊ ပုလဲ၊ ေခ်ာင္းဦး၊ ျမင္းမူ၊ အရာေတာ္၊ ဝက္လက္၊ ေ႐ႊဘို စတဲ့ ေနရာေတြမွာ ေဒသခံကာကြယ္ေရးတပ္ ေတြနဲ႔စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲျဖစ္ခဲ့တာ တႏွစ္ဝန္းက်င္ရွိေနပါၿပီ။ PDF ကာကြယ္ေရးတပ္ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီး စစ္ေကာင္စီဘက္က နယ္ေျမရွင္းလင္းေရး စစ္ဆင္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]


စစ်ကိုင်း စဉ့်ကိုင်ရွာတိုက်ပွဲ ဘုန်းတော်ကြီးတပါး ပျံလွန်တော်မူ


စစ်ကိုင်းတိုင်းအတွင်း ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အကြား စဉ့်ကိုင်ရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သု့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ကြပြီး စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် စဉ့်ကိုင်ကျေးရွာထဲက ဆရာတော်တပါး ပျံတော်မူပြီး ဒေသခံ ပြည်သူတဦး ထိခိုက်ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ ကန့်ဘလူမြို့နယ်ထဲ မီးရှို့ဖျက်ဆီးခံရတဲ့ ကျီစုကျေးရွာကို ပြန်လာကြတဲ့ ဒေသခံတွေလည်း အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အစပ်ဖြစ်တဲ့ စဉ့်ကိုင်ရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဇူလိုင်လ ၂၇ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုနဂါးလေးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့အတူ လက်နက်ကိုင်ပျူစောထီးအဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် စဉ့်ကိုင်ရွာက အာဂန္တုဘုန်းကြီးတပါး ပျံလွန်တော်မူခဲ့တယ်လို့ ကိုနဂါးလေးက ပြောပါတယ်။

"၂၇ ရက်နေ့ မနက်ခင်းမှာ ရေလည်ကျွန်းရွာကို စကစ တပ်တွေ ရောက်လာတယ်။ ရောက်လာပြီးတော့ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်ကြားအစပ်မှာရှိတဲ့ စဉ့်ကိုင်ရွာလေးကို စကစက တောင်ပစ် မြောက်ပစ်နဲ့ ပစ်ပြီးလာတဲ့အခါမှာ ြ နေ့ခင်း ၁၂ နာရီခွဲခန့်လောက်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါင်းပြီးတော့မှ စကစနဲ့ ထိပ်တိုက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတယ်။ ၃ နာရီလောက်ကြာတယ်။ အဲ့မှာ စကစဖက်က ပစ်လိုက်တဲ့ RPG ၃ လုံးက စဉ့်ကိုင်တောင်ရွာဘုန်းကြီးကျောင်းကို ကျတယ်။ ကျပြီးတော့မှ အဲ့မှာ အာဂန္တုဘုန်းကြီးတပါး လက်နက်ကြီးစမှန်သွားတယ်ဗျ။ အဲ့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ၃ နာရီလောက်ပစ်ခဲ့တဲ့ကြားမှာ ကျနော်တို့ဘက်က ဘုန်းကြီးတပါးနဲ့ ပြည်သူတဦးမှန်တယ်။ သူကတော့ ဆေးရုံကို ပို့ထားဆဲပဲ။ ဘုန်းကြီးကတော့ ဒီ၂၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်လောက်ကပဲ ပျံလွန်တော်မူသွားပြီ။ ပြည်သူတဦးကတော့ ခုထိ ဆေးဆက်လက်ကုသ ခံယူဆဲပဲ။ ဆက်ပြီးတော့ သူ့ရဲ့ ကျန်းမာရေး အနေအထားတော့ မသိရသေးဘူးပေါ့ဗျာ။"

စဉ့်ကိုင်ကျေးရွာမှာ တောင်ပိုင်း မြောက်ပိုင်းနှစ်ပိုင်းရှိပြီး ဒေသအခေါ်အားဖြင့် စဉ့်ကိုင်တောင်ရွာ စဉ့်ကိုင်မြောက်ရွာဆိုပြီး သုံးနှုံးကြတာပါ။ စစ်ကောင်စီနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကြားဖြစ်တဲ့ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဘက်က ထိခိုက်ကျဆုံးမှု များတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုနဂါးလေးက ခုလိုပြောပါတယ်။

"၂၇ ရက်နေ့က စကစတွေနဲ့ ဖြစ်တဲ့ ထိတွေတိုက်ပွဲမှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက် အကျမရှိဘဲနဲ့ စကစဖက်က ၁၀ ကောင်ထက်မနည်း ကျပြီးတော့ အကောင် ၂၀ လောက်က အပြင်းအထန် ဒဏ်ရာရတယ်။ ဒီရေလည် ကျွန်းရွာကိုလာတာ အင်အား ၅၂ ယောက်လာတာ။ သူတို့လာတဲ့ ကား ၂ စီးနားမှာ စကစ ၃ ကောင်ပဲ ထားခဲ့ပြီးတော့ ဒီဘက်ကို အကုန်လာတာ။ သူတို့ ဒီကနေ တိုက်ပွဲဖြစ်ပြီး ရေလည်ကျွန်းရွာကို ပြန်သွားတဲ့ခါမှာ အထမ်းနဲ့ ၅ ထမ်း၊ လူဦးရေ ၃၀ ခန့် (ထိခိုက်မှုနဲ့ သေဆုံးမှု စုစုပေါင်း) ထိခိုက်ဒဏ်ရာရရှိတာ။ ကျနော်တို့ မျက်မြင်သက်သေအရပြောတာ။ အကျအဆုံးကျ ကျနော်တို့ ဒီဘက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပစ်တဲ့ အကိုတွေ ပြောတာက သူတို့ ၄ ယောက် တပြိုင်တည်း ပစ်လိုက်တာကိုက အဲ့နားမှာတင် စကစ ဖက်က ၆ ကောင် တပြိုင်တည်း လဲသွားတာ။"

စစ်ကောင်စီတပ် အင်အား ၅၀ ကျော်လောက်ဟာ စဉ့်ကိုင်ရွာထဲကို ဝင်ရောက်ပြီး ဖမ်းဆီးမှုတချို့လည်း လုပ်ခဲ့တာကြောင့် ဒေသခံ ၁,၀၀၀ ဝန်းကျင်လောက် စစ်ဘေးရှောင်နေကြရတယ်လို့ ကိုနဂါးလေးက ပြောပါတယ်။ ဒေသခံတချို့ ဖမ်းဆီးခံရတယ်ဆိုပေမယ့် အရေအတွက်ဘယ်လောက်နဲ့ ဘယ်သူတွေအဖမ်းခံရလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ စဉ့်ကိုင်ရွာ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ဇူလိုင် ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ် မီးရှို့ခဲ့တဲ့ ကန့်ဘလူမြို့နယ် ကျီစုကျေးရွာမှာလည်း ဒေသခံ စစ်ပြေးဒုက္ခသည် ၄,၀၀၀ လောက်ဟာ လက်ရှိမှာ စားသောက်ရေးအတွက် ခက်ခဲနေကြတယ်လို့ ကျီစုဒေသခံ ပရဟိတအဖွဲ့ ခေါင်းဆောင်ဦးမြင့်အောင်က ပြောပါတယ်။ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ကျီစုကျေးရွာမှာ စစ်ကောင်စီတပ်တွေ မီးရှို့လို့ အိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ရွာသားတချို့ အသတ်ခံခဲ့ရပါတယ်။ ခုလက်ရှိမှာတော့ ရွာထဲ မီးလောင်ပျက်စီးနေတာတွေနဲ့ အလောင်းတွေကို ရှင်းလင်းပြီး ဒေသခံ ၂,၀၀၀ ဝန်းကျင်လောက်ဟာ ကျေးရွာကို ပြန်ဝင်လာနေကြပြီဖြစ်ပေမယ့် စားသောက်ရေးအတွက် ရိက္ခာမလုံမလောက်ဖြစ်နေကြတယ်လို့ ဦးမြင့်အောင်က ခုလိုပြောပါတယ်။

"ရွာထဲမှာ ပြန်ဝင်နေကြတဲ့ လူဦးရေပေါင်းက ၁,၅၀၀ ကျော်လောက်ရှိသွားပြီ။ အများကြီးကျန်သေးတယ်ဆိုပေမယ့် သူတို့က ကိုယ့်ရွာနဲ့ လက်တကမ်း ရွားနားနီးက ရွာတွေမှာပဲ ရှိနေတယ်။ သူတို့လည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီးတော့ ရွာမှာရှိတဲ့သူတွေနဲ့ ထပ်တူတပ်မျှ ပူးပေါင်းပြီးတော့ နေထိုင်ဖို့တော့ အကိုတို့အနေနဲ့ ကမ်းလှမ်းထားတယ်။ ခေါ်ထားတယ်။ စားရေးသောက်ရေးကတော့ နီးရာရွာတွေပေါ့၊ ကိုယ့်ရွာနားနီးချင်းလေးတွေက ထမင်းထုပ်တွေလည်း သူတို့လာပြီးတော့ ဝေပေးတယ်။ ဆန်တွေဘာာတွေလည်း လှူပေးတယ်။ အကိုတို့ကတော့ ပရဟိတပေါ့ အခု ရပ်ရွာအတွက် ပရဟိတ လုပ်နိုင်ရန်အဖွဲ့အအစည်းလေးတရပ် ထူထောင်လိုက်တယ်။ အဲ့လိုအဖွဲ့ကနေပြီးတော့ ခုရောက်လာတဲ့ဟာတွေကို (ရိက္ခာတွေ) အရင်ဆုံး ထမင်းအိုးတည်စရာ ဆန်မရှိဘူး ဆိုတဲ့သူတွေကို အရင် ဦးစားပေးအနေနဲ့ ၂ ပြည်ပေးရမယ့်သူကို ၁ ပြည်ပေါ့။ အဲ့လိုပေးပြီး ချွေတာပြီးတော့ ဆောင်ရွက်နေရတယ်။ အဓိကကတော့ ဆီဆန်ဆား မီးဖိုချောင်သုံးပေါ့။ အခြောက်အခြမ်းလေးတွေပေါ့၊ အဲ့တာတွေကတော့ တကယ်လိုအပ်နေတောပေါ့။"

ကျီစုရွာမီးဘေးသင့်ဒုက္ခသည်တွေအတွက် လတ်တလောမှာ ပြန်လည်ထူထောင်ရေးထက် စားနပ်ရိက္ခာ လုံလောက်ဖို့က အဓိက ပြသနာဖြစ်နေတယ်လို့ ဦးမြင့်အောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ တိုင်းစစ်ဌာနချုပ်ထိုင်ရာ မုံရွာမြို့ ပတ်ပတ်လည်ဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ရွှေဘို စတဲ့ နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ် တွေနဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တာ တနှစ်ဝန်းကျင်ရှိနေပါပြီ။ PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG