သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီပဲယင္းမွာ ေလေၾကာင္းစစ္ဆင္မႈေၾကာင့္ ေဒသခံေတြေဘးလြတ္ရာေရွာင္


ဒီပဲယင္းၿမိဳ႕

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ အေရွ႕ျခမ္းေက်း႐ြာေတြကို စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္လို႔ ေဒသခံေတြထိခိုက္ဒဏ္ရာရမႈရွိတယ္လို႔ သိရပါတယ္။ ေက်း႐ြာေတြက ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြလည္း ေဘးလြတ္ရာတိမ္းေရွာင္ၾကရပါတယ္။ ရန္ကုန္ကေနသတင္းေပးပို႔တာကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ဒီပဲယင္းၿမိဳ႕ အေရွ႕ျခမ္းက ေက်း႐ြာေတြျဖစ္တဲ့ နမ်ား ၊ ယဥ္ေက်း၊ ေညာင္လွ၊ မရကန္ ေက်း႐ြာေတြကို ဇူလိုင္ ၁၄ ရက္ မနက္ပိုင္းက စၿပီး စစ္ေကာင္စီက ရဟတ္ယာဥ္ေတြ အသုံးျပဳၿပီး ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တာေၾကာင့္ နမ်ားေက်း႐ြာမွာ ေဒသခံတဦးေသဆုံးၿပီး ၄ ဦးဒဏ္ရာရရွိတယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြဘက္က ေျပာပါတယ္။ စစ္ေေကာင္စီတပ္ေတြဝင္ေရာက္ခ်ိန္မွာ ေဒသခံတပ္က မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီးေနာက္၊ စစ္ေကာင္စီက ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာလို႔ ဒီပဲယင္းေဒသခံကာကြယ္ရးတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။

“ေညာင္လွပတ္ဝန္းက်င္ ၊ နမ်ား၊ မရကန္ စစ္ေၾကာင္းတေၾကာင္းရွိတယ္။ မရကန္က ၂ မိုင္ေလာက္အကြာ တနယ္႐ြာမွာ စစ္ေၾကာင္းတေၾကာင္းရွိတယ္။ သူတို႔စစ္ေၾကာင္းက ထြက္မရလို႔ေနမွာေပါ့။ ဒီေန႔ေတာ့ ခုနကေျပာသလို Battle ႀကီးပုံစံေတာ့မရွိဘူး။ သြားတဲ့အခ်ိန္ မိုင္းဆြဲလိုက္ ျပန္ထြက္လိုက္ေပါ့။ ႐ြာေတြကိုပစ္တာေပါ့ နမ်ား၊ ယဥ္ေက်း၊ ေညာင္လွနား ပတ္ဝန္းက်င္မွာပဲ မရကန္တို႔၊ နမ်ားတို႔မွာေတာ့ ျပည္သူတေယာက္ ပြဲခ်င္းၿပီးေသသြားတယ္။ စုစုေပါင္း ၄ ေယာက္ဒဏ္ရာရတယ္။”

ဒီပဲယင္းက အခု လက္ရွိေလေၾကာင္းစစ္ဆင္မႈနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တရားဝင္ ထုတ္ျပန္တာမရွိေသးေပမယ့္ နယ္ေျမရွင္းလင္းေရးမွာ လိုအပ္လာရင္ ေလေၾကာင္း အသုံးျပဳသြားမယ္လို႔ စစ္ေကာင္စီက ေျပာဆိုဖူးပါတယ္။ အခုတေခါက္မွာလည္း ရဟတ္ယာဥ္ေတြသုံးၿပီး နယ္ေျမအတြင္း စစ္အင္အားေတြ ျဖည့္တင္းေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီအတြက္လည္း ဒီပဲယင္း အေရွ႕ျခမ္းေက်း႐ြာ ၂၀ နီးပါးက လူဦးေရ ေသာင္းဂဏန္း ေဘးလြတ္ရာတိမ္းေရွာင္ေနၾကတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ဒီပဲယင္းအေရွ႕ျခမ္းမွာက ေညာင္လွတို႔ ဝဲႀကီးတို႔ ယဥ္ေက်း အဲ့ဘက္က ႐ြာေတာ္ေတာ္မ်ားမ်ား ထြက္ေျပးေနရတယ္။ ခန႔္မွန္းေျခ စစ္ေၾကာင္းက ၂ ေၾကာင္းျဖစ္တဲ့အခါက်ေတာ့ ခန႔္မွန္းေျခ ႐ြာ ၂၀ ဝန္းက်င္ ႐ြာ ၂၀ ေလာက္ရွိမယ္။ လူဦးေရ ဘယ္ေလာက္ေလာက္မ်ား ထြက္ေျပးေနရလည္းဆိုရင္ ႐ြာေပါင္း ၂၀ ဝန္းက်င္က ေျပးေနရမွာဆိုေတာ့ လူဦးေရ ၁ ေသာင္းေက်ာ္ေလာက္ေတာ့ရွိမယ္။ မရကန္တို႔ ေညာင္လွတို႔၊ ယဥ္ေက်းတို႔ဆိုတာလည္း ႐ြာႀကီးေတြပဲေလ။ လူဦးေရ အမ်ားအျပားေတာ့ ေျပးေနရမွာပဲ။ အဓိက-က ေညာင္လွရယ္၊ ဝဲႀကီးရယ္၊ ယဥ္ေက်း႐ြာ ၊ ဒီ ၃ ႐ြာကို ပတ္ၿပီး ပစ္တဲ့သေဘာ လူခ်ခ်င္လို႔ေပါ့။ လူခ်ခ်င္လို႔ ပစ္တဲ့သေဘာ သူက MI 35 ၂ စီးေပါ့။ ပစ္တာက ၁ စီး ဝဲေပးတာက ၁ စီး လူခ်သြားတာက ႐ိုး႐ိုးပုဇဥ္းက ၂ စီးေပါ့။”

စစ္ကိုင္းတိုင္း ဒီပဲယင္းတဝိုက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ေတြအၾကား မၾကာမၾကာတိုက္ပြဲေတြရွိေနၿပီး၊ စစ္ေကာင္စီဖက္က ေလေၾကာင္းက တိုက္ခိုက္မႈေတြ အရင္ကလည္း ရွိခဲ့ဖူးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒီပဲယင်းမှာ လေကြောင်းစစ်ဆင်မှုကြောင့် ဒေသခံတွေဘေးလွတ်ရာရှောင်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်လို့ ဒေသခံတွေထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ သိရပါတယ်။ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ကြရပါတယ်။ ရန်ကုန်ကနေသတင်းပေးပို့တာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့ အရှေ့ခြမ်းက ကျေးရွာတွေဖြစ်တဲ့ နများ ၊ ယဉ်ကျေး၊ ညောင်လှ၊ မရကန် ကျေးရွာတွေကို ဇူလိုင် ၁၄ ရက် မနက်ပိုင်းက စပြီး စစ်ကောင်စီက ရဟတ်ယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် နများကျေးရွာမှာ ဒေသခံတဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ စစ်ေကောင်စီတပ်တွေဝင်ရောက်ချိန်မှာ ဒေသခံတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်၊ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဒီပဲယင်းဒေသခံကာကွယ်ရးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ညောင်လှပတ်ဝန်းကျင် ၊ နများ၊ မရကန် စစ်ကြောင်းတကြောင်းရှိတယ်။ မရကန်က ၂ မိုင်လောက်အကွာ တနယ်ရွာမှာ စစ်ကြောင်းတကြောင်းရှိတယ်။ သူတို့စစ်ကြောင်းက ထွက်မရလို့နေမှာပေါ့။ ဒီနေ့တော့ ခုနကပြောသလို Battle ကြီးပုံစံတော့မရှိဘူး။ သွားတဲ့အချိန် မိုင်းဆွဲလိုက် ပြန်ထွက်လိုက်ပေါ့။ ရွာတွေကိုပစ်တာပေါ့ နများ၊ ယဉ်ကျေး၊ ညောင်လှနား ပတ်ဝန်းကျင်မှာပဲ မရကန်တို့၊ နများတို့မှာတော့ ပြည်သူတယောက် ပွဲချင်းပြီးသေသွားတယ်။ စုစုပေါင်း ၄ ယောက်ဒဏ်ရာရတယ်။”

ဒီပဲယင်းက အခု လက်ရှိလေကြောင်းစစ်ဆင်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်တာမရှိသေးပေမယ့် နယ်မြေရှင်းလင်းရေးမှာ လိုအပ်လာရင် လေကြောင်း အသုံးပြုသွားမယ်လို့ စစ်ကောင်စီက ပြောဆိုဖူးပါတယ်။ အခုတခေါက်မှာလည်း ရဟတ်ယာဉ်တွေသုံးပြီး နယ်မြေအတွင်း စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအတွက်လည်း ဒီပဲယင်း အရှေ့ခြမ်းကျေးရွာ ၂၀ နီးပါးက လူဦးရေ သောင်းဂဏန်း ဘေးလွတ်ရာတိမ်းရှောင်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီပဲယင်းအရှေ့ခြမ်းမှာက ညောင်လှတို့ ဝဲကြီးတို့ ယဉ်ကျေး အဲ့ဘက်က ရွာတော်တော်များများ ထွက်ပြေးနေရတယ်။ ခန့်မှန်းခြေ စစ်ကြောင်းက ၂ ကြောင်းဖြစ်တဲ့အခါကျတော့ ခန့်မှန်းခြေ ရွာ ၂၀ ဝန်းကျင် ရွာ ၂၀ လောက်ရှိမယ်။ လူဦးရေ ဘယ်လောက်လောက်များ ထွက်ပြေးနေရလည်းဆိုရင် ရွာပေါင်း ၂၀ ဝန်းကျင်က ပြေးနေရမှာဆိုတော့ လူဦးရေ ၁ သောင်းကျော်လောက်တော့ရှိမယ်။ မရကန်တို့ ညောင်လှတို့၊ ယဉ်ကျေးတို့ဆိုတာလည်း ရွာကြီးတွေပဲလေ။ လူဦးရေ အများအပြားတော့ ပြေးနေရမှာပဲ။ အဓိက-က ညောင်လှရယ်၊ ဝဲကြီးရယ်၊ ယဉ်ကျေးရွာ ၊ ဒီ ၃ ရွာကို ပတ်ပြီး ပစ်တဲ့သဘော လူချချင်လို့ပေါ့။ လူချချင်လို့ ပစ်တဲ့သဘော သူက MI 35 ၂ စီးပေါ့။ ပစ်တာက ၁ စီး ဝဲပေးတာက ၁ စီး လူချသွားတာက ရိုးရိုးပုဇဉ်းက ၂ စီးပေါ့။”

စစ်ကိုင်းတိုင်း ဒီပဲယင်းတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား မကြာမကြာတိုက်ပွဲတွေရှိနေပြီး၊ စစ်ကောင်စီဖက်က လေကြောင်းက တိုက်ခိုက်မှုတွေ အရင်ကလည်း ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG