သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ပလက္ဝပစ္ခတ္မႈ ေက်ာင္းသားႏွစ္ဦးေသဆုံးၿပီး ၃ ဦးဒဏ္ရာရ” AA ထုတ္ျပန္


ပလက္ဝ palatwa

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ မေန႔က ေန႔လယ္ပိုင္းက ေက်ာင္းသူေက်ာင္းသားေတြ စီးလာတဲ့စက္ေလွတစီးကို စစ္ေကာင္စီတပ္က ပစ္ခတ္ခဲ့တာေၾကာင့္ ေက်ာင္းသား ၂ ဦးေသဆုံးၿပီး ၃ ဦးဒဏ္ရရွိခဲ့တယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ထုတ္ျပန္ထားပါတယ္။ ဒီကေန႔မွာလည္း ပလက္ဝဘက္မွာ ပစ္ခတ္သံေတြ ၾကားေနတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ သတင္း ကို စံေက်ာ္က တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ရီးမဝေက်း႐ြာကေန တုံးမဝေက်း႐ြာကိုသြားတဲ့ စက္ေလွတစီးကို ပလက္ဝၿမိဳ႕နယ္ ႏွမဒါေက်း႐ြာ ေစတီကုန္းေတာင္မွာ စခန္းခ် တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္က ပစ္ခတ္ခဲ့တာေၾကာင့္ ရီးမဝေက်း႐ြာက အသက္ ၁၂ ႏွစ္အ႐ြယ္ ေက်ာင္းသားႏွစ္ဦးေသဆုံးၿပီး သုံးဦးဒဏ္ရာရရွိခဲ့တယ္ လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၾသဂုတ္လ ၂ ရက္ မေန႔ ေန႔လယ္က အပစ္ခံရတဲ့စက္ေလွမွာ ေက်ာင္းသူေက်ာင္းသားဆယ္ဦးေလာက္ပါဝင္ၿပီး ဒဏ္ရာရသြားတဲ့ ေက်ာင္းသားႏွစ္ဦးနဲ႔ ေက်ာင္းေစာင့္တဦးကေတာ့ ပလက္ဝေဆး႐ုံးမွာ ေဆးကုသမႈခံယူေနတယ္လို႔ ပလက္ဝေဒသခံ တဦးကေျပာပါတယ္။

“ ေက်ာင္းသားက ဆယ္ေယာက္ေလာက္ပါတယ္။ ေနာက္ ေက်ာင္းဝန္ထမ္း ေက်ာင္းေစာင့္တေယာက္ပါတယ္။ ငါးတန္းတေယာက္၊ ေလးတန္းတေယာက္က ထိၿပီးေသတာ။ သုံးေယာက္ကေတာ့ ဒဏ္ရာရတယ္၊ လက္ရွိကေတာ့ ဒဏ္ရာရသူေတြ ပလက္ဝၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာ ေဆးကုသမႈ ခံရေနပါတယ္။”

အခုလို ပစ္ခတ္မႈနဲ႔ ေက်ာင္းသားေက်ာင္းသားေတြ ေသဆုံးရတာနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီကို ျပင္းထန္စြာရႈတ္ခ်ေၾကာင္း ၾကားကာလ ခူးမီး (ခ်င္း) မ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ညႇိႏႈိင္းေရး ေကာင္စီကလည္း ထုတ္ျပန္ထားပါတယ္။ စက္ေလွပစ္ခတ္ခံရမႈနဲ႔ပတ္သက္လို႔ေတာ စစ္ေကာင္စီဖက္က တစုံတရာ တုံ႔ျပန္အတည္ျပဳ ေျပာဆိုတာမရွိပါဘူး။

ဒီလိုအေျခအေနေတြေၾကာင့္ ပလက္ဝၿမိဳ႕နယ္မွာေတာ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီၾကား စစ္ေရးတင္းမာေနပါတယ္။ ပလက္ဝၿမိဳ႕နယ္တြင္း စစ္ေကာင္စီဘက္က လုံၿခဳံေရးတိုးျမွင့္ထားသလို ေဒသခံေတြရဲ႕ ခရီးသြားလာခြင့္ေတြနဲ႔ ကုန္ပစၥည္းသယ္ယူခြင့္ေတြကို စစ္ေကာင္စီက ကန႔္သတ္ထားပါတယ္။ အင္တာနက္ဆက္သြယ္မႈေတြကိုလည္း ျဖတ္ေတာက္ထားပါတယ္။ ဒါေၾကာင့္မို႔ ပလက္ဝေဒသခံေတြအေနနဲ႔ စားဝတ္ေနေရး အခက္ႀကဳံေနရတဲ့ အျပင္ လုံၿခဳံေရးအတြက္ပါ စိုးရိမ္ေနၾကရတယ္လို႔ ပလက္ဝေဒသခံတဦးကေျပာပါတယ္။

“ ေဒသခံေတြ စိုးရိမ္ၾကတာေပါ့။ ညဘက္ဆိုရင္လည္း ဘယ္မွ မထြက္ရဘူး၊ စက္ေလွေတြလည္း ေကာင္းေကာင္းမသြားရဘူး။ ေက်ာက္ေတာ္ကေန ပလက္ဝ သြားမယ္ဆိုရင္လည္း စက္ေလွက မထြက္ဘူး၊ ဆန္ေဈးကတက္ေတာ့ စားဖို႔ ေသာက္ဖို႔လည္း ခက္၊ တရက္လုပ္မွတရက္စားရတဲ့သူေတြဆိုေတာ့ အခက္အခဲရွိတယ္။ လက္နက္သံေတြ ဟိုကၾကား ဒီကၾကားဆိုေတာ့ အလုပ္လည္း ထြက္လုပ္ လို႔မရ အခက္အခဲေတြ အမ်ားႀကီးရွိတာေပါ့ဗ်ာ။”

ဒီကေန႔ မနက္ပိုင္းကလည္း ပလက္ဝၿမိဳ႕နယ္မွာ လက္နက္ႀကီးပစ္ခတ္သံေတြၾကားေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ပလက္ဝၿမိဳ႕နယ္ ႏွမဒါေက်း႐ြာဘက္မွာလည္း ရခိုင္လက္နက္ကိုင္ AA အဖြဲနဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲျဖစ္တယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ ဒါေပမယ့္လည္း ဒီအျဖစ္အပ်က္ေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေရာ AA ေရာ ႏွစ္ဘက္စလုံးက တစုံတရာ အတည္ျပဳ ထုတ္ျပန္တာမ်ိဳးမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

“ပလက်ဝပစ်ခတ်မှု ကျောင်းသားနှစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ” AA ထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မနေ့က နေ့လယ်ပိုင်းက ကျောင်းသူကျောင်းသားတွေ စီးလာတဲ့စက်လှေတစီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရရှိခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မှာလည်း ပလက်ဝဘက်မှာ ပစ်ခတ်သံတွေ ကြားနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်း ကို စံကျော်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ရီးမဝကျေးရွာကနေ တုံးမဝကျေးရွာကိုသွားတဲ့ စက်လှေတစီးကို ပလက်ဝမြို့နယ် နှမဒါကျေးရွာ စေတီကုန်းတောင်မှာ စခန်းချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ရီးမဝကျေးရွာက အသက် ၁၂ နှစ်အရွယ် ကျောင်းသားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ် လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၂ ရက် မနေ့ နေ့လယ်က အပစ်ခံရတဲ့စက်လှေမှာ ကျောင်းသူကျောင်းသားဆယ်ဦးလောက်ပါဝင်ပြီး ဒဏ်ရာရသွားတဲ့ ကျောင်းသားနှစ်ဦးနဲ့ ကျောင်းစောင့်တဦးကတော့ ပလက်ဝဆေးရုံးမှာ ဆေးကုသမှုခံယူနေတယ်လို့ ပလက်ဝဒေသခံ တဦးကပြောပါတယ်။

“ ကျောင်းသားက ဆယ်ယောက်လောက်ပါတယ်။ နောက် ကျောင်းဝန်ထမ်း ကျောင်းစောင့်တယောက်ပါတယ်။ ငါးတန်းတယောက်၊ လေးတန်းတယောက်က ထိပြီးသေတာ။ သုံးယောက်ကတော့ ဒဏ်ရာရတယ်၊ လက်ရှိကတော့ ဒဏ်ရာရသူတွေ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံရနေပါတယ်။”

အခုလို ပစ်ခတ်မှုနဲ့ ကျောင်းသားကျောင်းသားတွေ သေဆုံးရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချကြောင်း ကြားကာလ ခူးမီး (ချင်း) မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေး ကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။ စက်လှေပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့တော စစ်ကောင်စီဖက်က တစုံတရာ တုံ့ပြန်အတည်ပြု ပြောဆိုတာမရှိပါဘူး။

ဒီလိုအခြေအနေတွေကြောင့် ပလက်ဝမြို့နယ်မှာတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေပါတယ်။ ပလက်ဝမြို့နယ်တွင်း စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားသလို ဒေသခံတွေရဲ့ ခရီးသွားလာခွင့်တွေနဲ့ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ထားပါတယ်။ အင်တာနက်ဆက်သွယ်မှုတွေကိုလည်း ဖြတ်တောက်ထားပါတယ်။ ဒါကြောင့်မို့ ပလက်ဝဒေသခံတွေအနေနဲ့ စားဝတ်နေရေး အခက်ကြုံနေရတဲ့ အပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်နေကြရတယ်လို့ ပလက်ဝဒေသခံတဦးကပြောပါတယ်။

“ ဒေသခံတွေ စိုးရိမ်ကြတာပေါ့။ ညဘက်ဆိုရင်လည်း ဘယ်မှ မထွက်ရဘူး၊ စက်လှေတွေလည်း ကောင်းကောင်းမသွားရဘူး။ ကျောက်တော်ကနေ ပလက်ဝ သွားမယ်ဆိုရင်လည်း စက်လှေက မထွက်ဘူး၊ ဆန်ဈေးကတက်တော့ စားဖို့ သောက်ဖို့လည်း ခက်၊ တရက်လုပ်မှတရက်စားရတဲ့သူတွေဆိုတော့ အခက်အခဲရှိတယ်။ လက်နက်သံတွေ ဟိုကကြား ဒီကကြားဆိုတော့ အလုပ်လည်း ထွက်လုပ် လို့မရ အခက်အခဲတွေ အများကြီးရှိတာပေါ့ဗျာ။”

ဒီကနေ့ မနက်ပိုင်းကလည်း ပလက်ဝမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပလက်ဝမြို့နယ် နှမဒါကျေးရွာဘက်မှာလည်း ရခိုင်လက်နက်ကိုင် AA အဖွဲနဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရော AA ရော နှစ်ဘက်စလုံးက တစုံတရာ အတည်ပြု ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

XS
SM
MD
LG